[Zawgyi]

အၿပီးသတ္ (၂၃)ဦး စာရင္းကို ထုတ္ျပန္ေၾကညာခဲ့တဲ့ ျပင္သစ္အသင္း

ျပင္သစ္အသင္းရဲ႕ အၿပီးသတ္ (၂၃)ဦး စာရင္းကို နည္းျပ ဒက္စ္ခ်မ့္ Deschamps က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ မန္ယူ တိုက္စစ္ကစားသမား မာစီယဲလ္ Martial နဲ႔ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္ Lacazette တို႔ကေတာ့ အၿပီးသတ္ လူစာရင္းမွာ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ နည္းျပ ဒက္စ္ခ်မ့္ရဲ႕ အၿပီးသတ္လူစာရင္း ထုတ္ျပန္ေၾကညာတာကို ျပင္သစ္ရုပ္သံလိုင္းတစ္ခုျဖစ္တဲ့ TF1 ကေန တိုက္ရိုက္ထုတ္လႊင့္ခဲ့ပါတယ္။ ဒူးဒဏ္ရာေၾကာင့္ မန္စီးတီးအသင္းရဲ႕ ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့တဲ့ ေနာက္ခံလူ မန္ဒီ Mendy ကေတာ့ အၿပီးသတ္ လူစာရင္းမွာ အံ့အားသင့္ဖြယ္ ပါဝင္လာခဲ့ပါတယ္။ မာေဆးလ္အသင္းေခါင္းေဆာင္ ပါယက္ Payet လည္း ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ျပင္သစ္အသင္းဟာ ၾသစေၾတးလ်၊ ပီရူး၊ ဒိန္းမတ္အသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနၿပီး လာမယ့္ ဇြန္လ (၁၆)ရက္ေန႔မွာ ၾသစေၾတးလ်အသင္းနဲ႔ စတင္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

The-France-squad-for-the-World-Cup-was-confirmed-

The-France-squad-for-the-World-Cup-was-confirmed-

ျပင္သစ္အသင္း အၿပီးသတ္ ကစားသမား (၂၃)ဦး

ဂိုး – အာယုိလာ (PSG)၊ လိုရစ္ (စပါး)၊ မန္ဒန္ဒါ (မာေဆးလ္)
ေနာက္တန္း – လူးကပ္စ္ဟာနန္ဒက္ဇ္ (အက္သလက္တီကို)၊ ကင္ပန္ဘီ (PSG)၊ မန္ဒီ (မန္စီးတီး)၊ ပက္ဗာ (စတုဂတ္)၊ ရာမီ (မာေဆးလ္)၊ ဆီဒီဘီ (မိုနာကို)၊ အမ္တီတီ (ဘာစီလိုနာ)၊ ဗာရန္း (ရီးယဲလ္)
အလယ္တန္း – ကန္ေတ (ခ်ယ္လ္ဆီး)၊ မာတြီဒီ (ဂ်ဴဗင္တပ္စ္)၊ အန္ဇြန္ဇီ (ဆီဗီလာ)၊ ေပါ့ဘာ (မန္ယူ)၊ တိုလစ္ဆို (ဘိုင္ယန္ျမဴးနစ္)
ေရွ႕တန္း – ဒမ္ဘီလီ (ဘာစီလိုနာ)၊ ဖယ္ကီယာ (လိုင္ယြန္)၊ ဂ်ရူး (အာဆင္နယ္)၊ ဂရစ္ဇ္မန္း (အက္သလက္တီကို)၊ လီမာ (မိုနာကို)၊ ဘာေပ (PSG)၊ သာအူဗင္ (မာေဆးလ္)

REF:Daily Mail
Photo:Daily Mail, Mirror
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

အပြီးသတ် (၂၃)ဦး စာရင်းကို ထုတ်ပြန်ကြေညာခဲ့တဲ့ ပြင်သစ်အသင်း

ပြင်သစ်အသင်းရဲ့ အပြီးသတ် (၂၃)ဦး စာရင်းကို နည်းပြ ဒက်စ်ချမ့် Deschamps က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မန်ယူ တိုက်စစ်ကစားသမား မာစီယဲလ် Martial နဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက် Lacazette တို့ကတော့ အပြီးသတ် လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ နည်းပြ ဒက်စ်ချမ့်ရဲ့ အပြီးသတ်လူစာရင်း ထုတ်ပြန်ကြေညာတာကို ပြင်သစ်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TF1 ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ဒူးဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ် တော်တော်များများကို လွဲချော်ခဲ့တဲ့ နောက်ခံလူ မန်ဒီ Mendy ကတော့ အပြီးသတ် လူစာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။ မာဆေးလ်အသင်းခေါင်းဆောင် ပါယက် Payet လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး လာမယ့် ဇွန်လ (၁၆)ရက်နေ့မှာ သြစတြေးလျအသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

The-France-squad-for-the-World-Cup-was-confirmed-

The-France-squad-for-the-World-Cup-was-confirmed-

ပြင်သစ်အသင်း အပြီးသတ် ကစားသမား (၂၃)ဦး

ဂိုး – အာယိုလာ (PSG)၊ လိုရစ် (စပါး)၊ မန်ဒန်ဒါ (မာဆေးလ်)
နောက်တန်း – လူးကပ်စ်ဟာနန်ဒက်ဇ် (အက်သလက်တီကို)၊ ကင်ပန်ဘီ (PSG)၊ မန်ဒီ (မန်စီးတီး)၊ ပက်ဗာ (စတုဂတ်)၊ ရာမီ (မာဆေးလ်)၊ ဆီဒီဘီ (မိုနာကို)၊ အမ်တီတီ (ဘာစီလိုနာ)၊ ဗာရန်း (ရီးယဲလ်)
အလယ်တန်း – ကန်တေ (ချယ်လ်ဆီး)၊ မာတွီဒီ (ဂျူဗင်တပ်စ်)၊ အန်ဇွန်ဇီ (ဆီဗီလာ)၊ ပေါ့ဘာ (မန်ယူ)၊ တိုလစ်ဆို (ဘိုင်ယန်မြူးနစ်)
ရှေ့တန်း – ဒမ်ဘီလီ (ဘာစီလိုနာ)၊ ဖယ်ကီယာ (လိုင်ယွန်)၊ ဂျရူး (အာဆင်နယ်)၊ ဂရစ်ဇ်မန်း (အက်သလက်တီကို)၊ လီမာ (မိုနာကို)၊ ဘာပေ (PSG)၊ သာအူဗင် (မာဆေးလ်)

REF:Daily Mail
Photo:Daily Mail, Mirror
Aung Kyaw Wai(Akhayar)
www.akhayar.com