[Zawgyi]

ေကာင္မေလးေတြ ခရီးသြားရင္ ေမ့မေနဖို႔

အခုတေလာ ပိတ္ရက္ေတြကလည္း ဆက္တိုက္ျဖစ္ေနတယ္။ မိုးရာသီကလည္း ေက်ာ္သြားၿပီဆိုေတာ့ ခရီးထြက္လို႔ တျဖည္းျဖည္းေကာင္းလာပါၿပီ။ ကမ္းေျခမွာ အပန္းေျဖမလား၊ စြန္႔စြန္႔စားစား Adventure သြားမလား၊ ကုသိုလ္ျဖစ္ ဘုရားဖူးခရီးပဲ ပတ္မလား။ ဒီအခ်ိန္က အေကာင္းဆံုးလို႔ ထင္ပါတယ္။ ဒီတစ္ေခါက္ ေျပာျပခ်င္တာကေတာ့ မိန္းကေလးေတြ ခရီးသြားေတာ့မယ္ဆိုရင္ မွတ္သားထားရမယ့္အခ်က္ေတြပဲျဖစ္ပါတယ္။

Sunscreen ကို မေမ့ပါနဲ႔

အလွအပဂုရုႀကီးေတြဆို မိုးအံု႔တဲ့ေန႔မွာေတာင္ Sunscreen လိမ္းဖို႔ အႀကံေပးၾကပါတယ္။ ဒီေတာ့ ေနေရာင္က ဘယ္ေလာက္ ကိုယ့္ကိုယ္ အက်ိဳးသက္ေရာက္မႈရွိလဲ ေတြးၾကည့္လို႔ရပါတယ္။ ခရီးသြားမယ္ဆိုရင္ ေနဒဏ္၊ ေလဒဏ္နဲ႔ ေရဒဏ္ေတြကို ခံရမွာ အေသအခ်ာပဲမို႔လို႔ Sunscreen ကို ေမ့ခဲ့လို႔ေတာ့ လံုး၀မျဖစ္ပါဘူး။

Sunscreens

Sunscreens

အ၀တ္အစားစံုလင္ဖို႔ ဂရုစိုက္ပါ

ေနာက္ၿပီး အ၀တ္အစားေတြေရြးခ်ယ္ထည့္သြားတဲ့အခါ ကိုယ္လိုခ်င္တဲ့ပံုစံမ်ိဳးေတြပဲ ေရြးထည့္သြားတာထက္စာရင္ ပံုစံစံုလင္ေအာင္ ထည့္သြားဖို႔က ပိုအေရးႀကီးပါတယ္။ လက္တို၊ လက္ရွည္၊ ေဘာင္းဘီတိုနဲ႔ အရွည္ ၿပီးေတာ့ စကပ္ စသည္ျဖင့္ အစံုအလင္ထည့္သြားလိုက္မယ္ဆိုရင္ေတာ့ ရုတ္တရက္ ရာသီဥတုေျပာင္းလဲသြားရင္ပဲျဖစ္ျဖစ္၊ အေျခအေနေတြက ကိုယ္မွန္းထားတာနဲ႔ မတိုက္ဆုိင္ရင္ဘဲျဖစ္ျဖစ္ ေရြးခ်ယ္ခြင့္ရသြားမွာပါ။

Various Type of Clothes

Various Type of Clothes

ေဆးေတြပါပါေစ

ေပ်ာ္ရႊင္လန္းဆန္းက်န္းမာေနေပမယ့္လည္း ခရီးပန္းၿပီး ေနမေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေထြေထြအသံုးလိုမယ့္ေဆးေလးေတြကိုေတာ့ မေမ့ခဲ့ပါနဲ႔။ ကမ္းေျခသြားမယ္ဆို ပိုဆိုးပါတယ္။ ထိခိုက္ရွနာေပ်ာက္ေဆးေတြ၊ အစာေၾကေဆးေတြနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြေလာက္ေတာ့ ပါသြားမွာျဖစ္ပါမွာ။ တခ်ိဳ႕ေဒသေတြဟာ အေကာင္ေတြေပါမ်ားတဲ့အတြက္ ယားနာေပ်ာက္ေဆးေလးပါ ထည့္သြားေနာ္။

Medicines

Medicines

Memory Card အပိုထည့္သြားပါ

ခရီးသြားတယ္ဆိုတာ ဓာတ္ပံုရိုက္ဖို႔ ၅၀ ရာခိုင္ႏႈန္းပါတယ္ဆိုတာ မျငင္းလိုက္ပါနဲ႔ေနာ္။ ဒါလည္း အဓိကကိစၥပဲ ဆိုေတာ့ေလ။ ဒီေတာ့ ဖုန္း Memory ျပည့္သြားရင္ ဂြမ္းၿပီဆိုေတာ့ Memory Card အပိုေတြ၊ Hard Disk အပိုေတြယူသြားဖို႔ေတာ့ မေမ့ပါနဲ႔ဦး။ ဒါမွ Video ေတြ၊ Photo ေတြကို စိတ္ခ်လက္ခ်ရိုက္ႏုိင္မွာပါေနာ္။

Memory Cards

Memory Cards

ဒီ ေလးမ်ိဳးကေတာ့ ခရီးသြားမယ့္ေကာင္မေလးေတြ ဘယ္ေတာ့မွ ခ်န္ထားခဲ့လို႔မရေတာ့ပါဘူးေနာ္။ ခရီးသြားရတာ ေပ်ာ္စရာႀကီးပါ။ ေပ်ာ္စရာအခ်ိန္ေလးေတြကို စိတ္အေႏွာင့္အယွက္ကင္းကင္းနဲ႔ ကုန္ဆံုးႏိုင္ဖို႔ အေရးႀကီးပါတယ္ေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ကောင်မလေးတွေ ခရီးသွားရင် မေ့မနေဖို့

အခုတလော ပိတ်ရက်တွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ မိုးရာသီကလည်း ကျော်သွားပြီဆိုတော့ ခရီးထွက်လို့ တဖြည်းဖြည်းကောင်းလာပါပြီ။ ကမ်းခြေမှာ အပန်းဖြေမလား၊ စွန့်စွန့်စားစား Adventure သွားမလား၊ ကုသိုလ်ဖြစ် ဘုရားဖူးခရီးပဲ ပတ်မလား။ ဒီအချိန်က အကောင်းဆုံးလို့ ထင်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ မိန်းကလေးတွေ ခရီးသွားတော့မယ်ဆိုရင် မှတ်သားထားရမယ့်အချက်တွေပဲဖြစ်ပါတယ်။

Sunscreen ကို မမေ့ပါနဲ့

အလှအပဂုရုကြီးတွေဆို မိုးအုံ့တဲ့နေ့မှာတောင် Sunscreen လိမ်းဖို့ အကြံပေးကြပါတယ်။ ဒီတော့ နေရောင်က ဘယ်လောက် ကိုယ့်ကိုယ် အကျိုးသက်ရောက်မှုရှိလဲ တွေးကြည့်လို့ရပါတယ်။ ခရီးသွားမယ်ဆိုရင် နေဒဏ်၊ လေဒဏ်နဲ့ ရေဒဏ်တွေကို ခံရမှာ အသေအချာပဲမို့လို့ Sunscreen ကို မေ့ခဲ့လို့တော့ လုံးဝမဖြစ်ပါဘူး။

Sunscreens

Sunscreens

အဝတ်အစားစုံလင်ဖို့ ဂရုစိုက်ပါ

နောက်ပြီး အဝတ်အစားတွေရွေးချယ်ထည့်သွားတဲ့အခါ ကိုယ်လိုချင်တဲ့ပုံစံမျိုးတွေပဲ ရွေးထည့်သွားတာထက်စာရင် ပုံစံစုံလင်အောင် ထည့်သွားဖို့က ပိုအရေးကြီးပါတယ်။ လက်တို၊ လက်ရှည်၊ ဘောင်းဘီတိုနဲ့ အရှည် ပြီးတော့ စကပ် စသည်ဖြင့် အစုံအလင်ထည့်သွားလိုက်မယ်ဆိုရင်တော့ ရုတ်တရက် ရာသီဥတုပြောင်းလဲသွားရင်ပဲဖြစ်ဖြစ်၊ အခြေအနေတွေက ကိုယ်မှန်းထားတာနဲ့ မတိုက်ဆိုင်ရင်ဘဲဖြစ်ဖြစ် ရွေးချယ်ခွင့်ရသွားမှာပါ။

Various Type of Clothes

Various Type of Clothes

ဆေးတွေပါပါစေ

ပျော်ရွှင်လန်းဆန်းကျန်းမာနေပေမယ့်လည်း ခရီးပန်းပြီး နေမကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထွေထွေအသုံးလိုမယ့်ဆေးလေးတွေကိုတော့ မမေ့ခဲ့ပါနဲ့။ ကမ်းခြေသွားမယ်ဆို ပိုဆိုးပါတယ်။ ထိခိုက်ရှနာပျောက်ဆေးတွေ၊ အစာကြေဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေလောက်တော့ ပါသွားမှာဖြစ်ပါမှာ။ တချို့ဒေသတွေဟာ အကောင်တွေပေါများတဲ့အတွက် ယားနာပျောက်ဆေးလေးပါ ထည့်သွားနော်။

Medicines

Medicines

Memory Card အပိုထည့်သွားပါ

ခရီးသွားတယ်ဆိုတာ ဓာတ်ပုံရိုက်ဖို့ ၅၀ ရာခိုင်နှုန်းပါတယ်ဆိုတာ မငြင်းလိုက်ပါနဲ့နော်။ ဒါလည်း အဓိကကိစ္စပဲ ဆိုတော့လေ။ ဒီတော့ ဖုန်း Memory ပြည့်သွားရင် ဂွမ်းပြီဆိုတော့ Memory Card အပိုတွေ၊ Hard disk  အပိုတွေယူသွားဖို့တော့ မမေ့ပါနဲ့ဦး။ ဒါမှ Video တွေ၊ Photo တွေကို စိတ်ချလက်ချရိုက်နိုင်မှာပါနော်။

Memory Cards

Memory Cards

ဒီ လေးမျိုးကတော့ ခရီးသွားမယ့်ကောင်မလေးတွေ ဘယ်တော့မှ ချန်ထားခဲ့လို့မရတော့ပါဘူးနော်။ ခရီးသွားရတာ ပျော်စရာကြီးပါ။ ပျော်စရာအချိန်လေးတွေကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ ကုန်ဆုံးနိုင်ဖို့ အရေးကြီးပါတယ်နော်။

Moethaesay (Akhayar)

www.akhayar.com