[Zawgyi]

ကုမၸဏီကုိ တည္ေထာင္ခဲ့ေပမယ့္ အလုပ္ထုတ္ခံရတဲ့ လုပ္ငန္းရွင္ (၅) ဦး

လူတစ္ေယာက္ဟာ ကုမၸဏီတစ္ခုကုိ တည္ေထာင္လုိက္ေပမယ့္ ရင္းႏွီးျမွဳပ္ႏွံသူေတြ ဝင္လာၿပီးေနာက္ပုိင္းမွာ သူတစ္ေယာက္တည္း လုပ္ပုိင္ခြင့္မရွိေတာ့ပါဘူး။ ဒီအခ်ိန္မွာ ရင္းႏွီးျမွဳပ္ႏွံသူေတြက သူ႕ရဲ႕လုပ္ပုိင္ခြင့္ေတြကုိ ဝင္ေရာက္စြက္ဖက္တတ္ၾကၿပီး ကုမၸဏီရဲ႕တည္ေထာင္သူေတြကုိေတာင္ အလုပ္ထုတ္ပစ္တတ္ၾကပါတယ္။ ကဲ . . . ကုမၸဏီကုိ တည္ေထာင္ခဲ့ေပမယ့္ ေနာက္ပုိင္းမွာ အလုပ္ထုတ္ခံရတဲ့ လုပ္ငန္းရွင္ေတြအေၾကာင္းကုိ ေဖာ္ျပလုိက္ပါတယ္။

(၁) ေဒးဗစ္ နယ္လီမန္း (David Neeleman)

ဘရာဇီးလုပ္ငန္းရွင္ ေဒးဗစ္ နယ္လီမန္း (David Neeleman) က ၁၉၉၈ခုႏွစ္ ၾသဂုတ္လမွာ JetBlue ေလေၾကာင္းလုိင္းကုိ တည္ေထာင္လုိက္ပါတယ္။ ၂ဝဝ၂ခုႏွစ္မွာ CEO အျဖစ္ တာဝန္ယူခဲ့ၿပီး သူ႕လစာ ေဒၚလာ၂သိန္း (ဆုေၾကး ေဒၚလာ၉ေသာင္း) ကုိ ဝန္ထမ္းေတြအတြက္ ရံပုံေငြအျဖစ္ လွဴဒါန္းတယ္။ ေနာက္ပုိင္းမွာ ေလေၾကာင္းလုိင္းဟာ ကေမာက္ကမျဖစ္ကုန္ၿပီး ၂ဝဝ၇ခုႏွစ္မွာ ‘ေဒးဗစ္ နယ္လီမန္း’ လည္း အလုပ္ထုတ္ခံလုိက္ရပါတယ္။

David Neeleman

David Neeleman

(၂) ေဂ်ာ့ ဇင္းမား (George Zimmer)

ေဂ်ာ့ ဇင္းမား (George Zimmer) ဟာ ကမၻာေက်ာ္အမ်ိဳးသားအဝတ္အထည္ကုမၸဏီ ‘Men’s Wearhouse’ ကုိ ၁၉၇၃ခုႏွစ္မွာ တည္ေထာင္လုိက္ပါတယ္။ တည္ေထာင္သူအေနနဲ႔ CEO တာဝန္ေရာ ဥကၠဌတာဝန္ပါ ပူးတြဲထမ္းေဆာင္ခဲ့ပါတယ္။ ကုမၸဏီဟာ အမ်ားပုိင္ျဖစ္သြားေပမယ့္ သူဟာ အျပည့္အဝထိန္းခ်ဳပ္ခ်င္ၿပီး ဘုတ္အဖြဲ႕ဝင္ေတြနဲ႔ မသင့္ျမတ္ျဖစ္ကာ ၂ဝ၁၁ခုႏွစ္မွာ အလုပ္ထုတ္ခံလုိက္ရပါတယ္။

George Zimmer

George Zimmer

(၃) ဆန္ဒီလာနာ (Sandy Lerner)

ကြန္ပ်ဴတာပညာရွင္ ဆန္ဒီလာနာ (Sandy Lerner) ဟာ နည္းပညာကုမၸဏီျဖစ္တဲ့ ‘Cisco Systems’ ကုိ ၁၉၈၄ခုႏွစ္မွာ တည္ေထာင္ခဲ့တယ္။ ၁၉၉ဝခုႏွစ္မွာ ရင္းႏွီးျမွဳပ္ႏွံသူေတြရဲ႕ဖိအားေၾကာင့္ သူမကုိ ဘုတ္အဖြဲ႕က ထုတ္ပယ္လုိက္ၾကတယ္။ သူမ ပုိင္တဲ့ရွယ္ယာေတြကုိ ေရာင္းခ်ၿပီး ကုမၸဏီကေန ထြက္သြားခဲ့တယ္။

Sandy Lerner

Sandy Lerner

(၄) ဂ်က္ေဒၚစီ (Jack Dorsey)

ကြန္ပ်ဴတာပညာရွင္ ဂ်က္ေဒၚစီ (Jack Dorsey) ဟာ ၂ဝဝ၆ခုႏွစ္မွာ သူငယ္ခ်င္းျဖစ္တဲ့ ႏုိအာ ဂလက္စ္ (Noah Glass) ဘစ္ဇ္စတုန္း (Biz Stone) နဲ႔ အီဗန္ဝီလ်ံ (Evan Williams) တုိ႔နဲ႔ လူမႈကြန္ရက္ ‘Twitter’ ကုိ တည္ေထာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက သူ႕အသက္ (၂ဝ) ျပည့္ဖုိ႔ လပုိင္းေလာက္ လုိပါေသးတယ္။ သူဟာ ‘Twitter’ ကုမၸဏီမွာ CEO အေနနဲ႔ တာဝန္ယူခဲ့ေပမယ့္ လူငယ္ပီပီ အလုပ္ကုိအာရုံမစုိက္ဘဲ ဖက္ရွင္၊ ဒီဇုိင္းနဲ႔ ေယာဂက်င့္စဥ္ေတြအေပၚမွာ အာရုံစုိက္လြန္းတဲ့အတြက္ ကုမၸဏီက ၂ဝဝ၈ခုႏွစ္မွာ ထုတ္ပယ္ခဲ့ပါတယ္။ သူဟာ ‘Twitter’ က ထြက္သြားၿပီး ‘Square Inc’ ကုမၸဏီကုိ ၂ဝဝ၉ခုႏွစ္မွာ တည္ေထာင္လုိက္ျပန္တယ္။ ၂ဝ၁၁ခုႏွစ္မွာ Twitter ရဲ႕ ဥကၠဌအျဖစ္ တာဝန္ျပန္ယူၿပီး ၂ဝ၁၅ခုႏွစ္ ေအာက္တုိဘာလ (၅) ရက္ေန႔မွာ CEO ျပန္ျဖစ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ’ Twitter’ နဲ႔ ‘Square Inc’ ကုမၸဏီရဲ႕ CEO တစ္ေယာက္ျဖစ္ေနပါၿပီ။

Jack Dorsey

Jack Dorsey

(၅) စတိဗ္ေဂ်ာ့ (Steve Jobs)

စတိဗ္ေဂ်ာ့ (Steve Jobs) ၊ စတိဗ္ေဝါ့ဇ္နီးယက္ခ္ (Steve Wozniak) နဲ႔  ေရာ္နယ္ဝိန္း (Ronald Wayne) တုိ႔က ၁၉၇၆ခုႏွစ္ ဧၿပီလ (၁) ရက္ေန႔မွာ Apple ကုိ တည္ေထာင္ခဲ့ပါတယ္။ ၁၉၈၅ခုႏွစ္မွာ ဘုတ္အဖြဲ႕က ‘စတိဗ္ေဂ်ာ့’ ကုိ ကုမၸဏီရဲ႕စီမံခန္႔ခြဲမႈအပုိင္းမွာ မပါေစဘဲ ‘New Product Development’ ပုိင္းကုိသာ လုပ္ေစပါတယ္။ ဒီအတုိင္းဆုိရင္ ‘စတိဗ္ေဂ်ာ့’ ဟာ ‘Apple’ မွာ အေရးမပါေတာ့တဲ့သေဘာပါ။ ဒါ့ေၾကာင့္ ‘စတိဗ္ေဂ်ာ့’ ဟာ CEO ျဖစ္တဲ့ ဂြ်န္စကူေလ (John Sculley) ကုိ ကုမၸဏီကေန ထြက္ခြာေအာင္ ဝန္ထမ္းေတြနဲ႔ ၾကံစည္ခဲ့တဲ့သတင္းကုိ ဘုတ္အဖြဲ႕က သိသြားၿပီး ၁၉၈၅ခုႏွစ္ စက္တင္ဘာလ (၁၇) ရက္ေန႔မွာ ထုတ္ပယ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ‘စတိဗ္ေဂ်ာ့’ ကလည္း သူ႕ေျခသူ႕လက္ကုိ စိတ္တုိင္းက်ျခယ္လွယ္ႏုိင္မယ့္ ကုမၸဏီတစ္ခုကုိ တည္ေထာင္ခဲ့ပါတယ္။ အဲဒါကေတာ့ ‘NeXT’ ဆုိတဲ့ ကြန္ပ်ဴတာကုမၸဏီပါ။

Steve Jobs

Steve Jobs

၁၉၉၆ခုႏွစ္မွာ Apple ရဲ႕ CEO ျဖစ္တဲ့ ေဂးလ္ အာမီလီယုိ (Gil Amelio) ဟာ Copland လုိ႔ေခၚတဲ့ ကြန္ပ်ဴတာသစ္ တီထြင္ရာမွာ ေဆာ့ဖ္ဝဲလ္ပုိင္း အခက္အခဲနဲ႔ ရင္ဆုိင္ခဲ့ရလုိ႔ NeXT ကုိ ေဒၚလာ ၄၂၇သန္းနဲ႔ ဝယ္ယူခဲ့ရပါတယ္။ သေဘာတူစာခ်ဳပ္အေနနဲ႔ Copland အတြက္ လုိအပ္တဲ့ NeXtSTEP ေဆာ့ဖ္ဝဲလ္ေတြကုိ Apple အတြက္ ေထာက္ပံ့ေပးရမွာျဖစ္သလုိ စတိဗ္ေဂ်ာ့ဟာ Apple ရဲ႕ CEO အျဖစ္ ပါဝင္ရမယ္လုိ႔ ခ်ဳပ္ဆုိခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ၁၉၉၇ခုႏွစ္မွာ CEO အေနနဲ႔ ျပန္လာခဲ့ၿပီး သူ႕ကုိ အလုပ္ထုတ္ခဲ့တဲ့ ဘုတ္အဖြဲ႕ဝင္ေတြကုိ ျပန္အလုပ္ထုတ္ခဲ့ပါတယ္။

 ကဲ . . . ဒါေတြက ကုမၸဏီႀကီးတစ္ခုကုိ စတင္တည္ေထာင္ခဲ့ေပမယ့္ ေနာက္ပုိင္းမွာ ဘုတ္အဖြဲ႕ဝင္၊ ရွင္းႏွီးျမွဳပ္ႏွံသူနဲ႔ ဝန္ထမ္းေတြနဲ႔ အဆင္မေျပျဖစ္ၿပီး အလုပ္ထုတ္ခံရတဲ့ လုပ္ငန္းရွင္ႀကီးေတြပါ။ ဝန္ထမ္းတုိင္း လုပ္ငန္းခြင့္မွာ ေပ်ာ္ရႊင္ၾကပါေစလုိ႔ ဆုေတာင္းလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကုမ္ပဏီကို တည်ထောင်ခဲ့ပေမယ့် အလုပ်ထုတ်ခံရတဲ့ လုပ်ငန်းရှင် (၅) ဦး

လူတစ်ယောက်ဟာ ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာပြီးနောက်ပိုင်းမှာ သူတစ်ယောက်တည်း လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ဒီအချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေက သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို ဝင်ရောက်စွက်ဖက်တတ်ကြပြီး ကုမ္ပဏီရဲ့တည်ထောင်သူတွေကိုတောင် အလုပ်ထုတ်ပစ်တတ်ကြပါတယ်။ ကဲ . . . ကုမ္ပဏီကို တည်ထောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အလုပ်ထုတ်ခံရတဲ့ လုပ်ငန်းရှင်တွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၁) ဒေးဗစ် နယ်လီမန်း (David Neeleman)

ဘရာဇီးလုပ်ငန်းရှင် ဒေးဗစ် နယ်လီမန်း (David Neeleman) က ၁၉၉၈ခုနှစ် သြဂုတ်လမှာ JetBlue လေကြောင်းလိုင်းကို တည်ထောင်လိုက်ပါတယ်။ ၂ဝဝ၂ခုနှစ်မှာ CEO အဖြစ် တာဝန်ယူခဲ့ပြီး သူ့လစာ ဒေါ်လာ၂သိန်း (ဆုကြေး ဒေါ်လာ၉သောင်း) ကို ဝန်ထမ်းတွေအတွက် ရံပုံငွေအဖြစ် လှူဒါန်းတယ်။ နောက်ပိုင်းမှာ လေကြောင်းလိုင်းဟာ ကမောက်ကမဖြစ်ကုန်ပြီး ၂ဝဝ၇ခုနှစ်မှာ ‘ဒေးဗစ် နယ်လီမန်း’ လည်း အလုပ်ထုတ်ခံလိုက်ရပါတယ်။

David Neeleman

David Neeleman

(၂) ဂျော့ ဇင်းမား (George Zimmer)

ဂျော့ ဇင်းမား (George Zimmer) ဟာ ကမ္ဘာကျော်အမျိုးသားအဝတ်အထည်ကုမ္ပဏီ ‘Men’s Wearhouse’ ကို ၁၉၇၃ခုနှစ်မှာ တည်ထောင်လိုက်ပါတယ်။ တည်ထောင်သူအနေနဲ့ CEO တာဝန်ရော ဥက္ကဌတာဝန်ပါ ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ အများပိုင်ဖြစ်သွားပေမယ့် သူဟာ အပြည့်အဝထိန်းချုပ်ချင်ပြီး ဘုတ်အဖွဲ့ဝင်တွေနဲ့ မသင့်မြတ်ဖြစ်ကာ ၂ဝ၁၁ခုနှစ်မှာ အလုပ်ထုတ်ခံလိုက်ရပါတယ်။

George Zimmer

George Zimmer

(၃) ဆန်ဒီလာနာ (Sandy Lerner)

ကွန်ပျူတာပညာရှင် ဆန်ဒီလာနာ (Sandy Lerner) ဟာ နည်းပညာကုမ္ပဏီဖြစ်တဲ့ ‘Cisco Systems’ ကို ၁၉၈၄ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ ၁၉၉ဝခုနှစ်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ဖိအားကြောင့် သူမကို ဘုတ်အဖွဲ့က ထုတ်ပယ်လိုက်ကြတယ်။ သူမ ပိုင်တဲ့ရှယ်ယာတွေကို ရောင်းချပြီး ကုမ္ပဏီကနေ ထွက်သွားခဲ့တယ်။

Sandy Lerner

Sandy Lerner

(၄) ဂျက်ဒေါ်စီ (Jack Dorsey)

ကွန်ပျူတာပညာရှင် ဂျက်ဒေါ်စီ (Jack Dorsey) ဟာ ၂ဝဝ၆ခုနှစ်မှာ သူငယ်ချင်းဖြစ်တဲ့ နိုအာ ဂလက်စ် (Noah Glass) ဘစ်ဇ်စတုန်း (Biz Stone) နဲ့ အီဗန်ဝီလျံ (Evan Williams) တို့နဲ့ လူမှုကွန်ရက် ‘Twitter’ ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက် (၂ဝ) ပြည့်ဖို့ လပိုင်းလောက် လိုပါသေးတယ်။ သူဟာ ‘Twitter’ ကုမ္ပဏီမှာ CEO အနေနဲ့ တာဝန်ယူခဲ့ပေမယ့် လူငယ်ပီပီ အလုပ်ကိုအာရုံမစိုက်ဘဲ ဖက်ရှင်၊ ဒီဇိုင်းနဲ့ ယောဂကျင့်စဉ်တွေအပေါ်မှာ အာရုံစိုက်လွန်းတဲ့အတွက် ကုမ္ပဏီက ၂ဝဝ၈ခုနှစ်မှာ ထုတ်ပယ်ခဲ့ပါတယ်။ သူဟာ ‘Twitter’ က ထွက်သွားပြီး ‘Square Inc’ ကုမ္ပဏီကို ၂ဝဝ၉ခုနှစ်မှာ တည်ထောင်လိုက်ပြန်တယ်။ ၂ဝ၁၁ခုနှစ်မှာ Twitter ရဲ့ ဥက္ကဌအဖြစ် တာဝန်ပြန်ယူပြီး ၂ဝ၁၅ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့မှာ CEO ပြန်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူဟာ’ Twitter’ နဲ့ ‘Square Inc’ ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်နေပါပြီ။

Jack Dorsey

Jack Dorsey

(၅) စတိဗ်ဂျော့ (Steve Jobs)

စတိဗ်ဂျော့ (Steve Jobs) ၊ စတိဗ်ဝေါ့ဇ်နီးယက်ခ် (Steve Wozniak) နဲ့  ရော်နယ်ဝိန်း (Ronald Wayne) တို့က ၁၉၇၆ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ Apple ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာ ဘုတ်အဖွဲ့က ‘စတိဗ်ဂျော့’ ကို ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုအပိုင်းမှာ မပါစေဘဲ ‘New Product Development’ ပိုင်းကိုသာ လုပ်စေပါတယ်။ ဒီအတိုင်းဆိုရင် ‘စတိဗ်ဂျော့’ ဟာ ‘Apple’ မှာ အရေးမပါတော့တဲ့သဘောပါ။ ဒါ့ကြောင့် ‘စတိဗ်ဂျော့’ ဟာ CEO ဖြစ်တဲ့ ဂျွန်စကူလေ (John Sculley) ကို ကုမ္ပဏီကနေ ထွက်ခွာအောင် ဝန်ထမ်းတွေနဲ့ ကြံစည်ခဲ့တဲ့သတင်းကို ဘုတ်အဖွဲ့က သိသွားပြီး ၁၉၈၅ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မှာ ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ‘စတိဗ်ဂျော့’ ကလည်း သူ့ခြေသူ့လက်ကို စိတ်တိုင်းကျခြယ်လှယ်နိုင်မယ့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒါကတော့ ‘NeXT’ ဆိုတဲ့ ကွန်ပျူတာကုမ္ပဏီပါ။

Steve Jobs

Steve Jobs

၁၉၉၆ခုနှစ်မှာ Apple ရဲ့ CEO ဖြစ်တဲ့ ဂေးလ် အာမီလီယို (Gil Amelio) ဟာ Copland လို့ခေါ်တဲ့ ကွန်ပျူတာသစ် တီထွင်ရာမှာ ဆော့ဖ်ဝဲလ်ပိုင်း အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရလို့ NeXT ကို ဒေါ်လာ ၄၂၇သန်းနဲ့ ဝယ်ယူခဲ့ရပါတယ်။ သဘောတူစာချုပ်အနေနဲ့ Copland အတွက် လိုအပ်တဲ့ NeXtSTEP ဆော့ဖ်ဝဲလ်တွေကို Apple အတွက် ထောက်ပံ့ပေးရမှာဖြစ်သလို စတိဗ်ဂျော့ဟာ Apple ရဲ့ CEO အဖြစ် ပါဝင်ရမယ်လို့ ချုပ်ဆိုခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၉၉၇ခုနှစ်မှာ CEO အနေနဲ့ ပြန်လာခဲ့ပြီး သူ့ကို အလုပ်ထုတ်ခဲ့တဲ့ ဘုတ်အဖွဲ့ဝင်တွေကို ပြန်အလုပ်ထုတ်ခဲ့ပါတယ်။

 ကဲ . . . ဒါတွေက ကုမ္ပဏီကြီးတစ်ခုကို စတင်တည်ထောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘုတ်အဖွဲ့ဝင်၊ ရှင်းနှီးမြှုပ်နှံသူနဲ့ ဝန်ထမ်းတွေနဲ့ အဆင်မပြေဖြစ်ပြီး အလုပ်ထုတ်ခံရတဲ့ လုပ်ငန်းရှင်ကြီးတွေပါ။ ဝန်ထမ်းတိုင်း လုပ်ငန်းခွင့်မှာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com