This Football update is proudly sponsored by Telenor Myanmar.
[Zawgyi]
နေမာ Neymar ဟာ ဒိုင်ဗင်ထိုးကျွမ်းကျင်သူ၊ ဟန်ဆောင်လှဲချတတ်သူများလား
REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။
[Unicode]
နေမာ Neymar ဟာ ဒိုင်ဗင်ထိုးကျွမ်းကျင်သူ၊ ဟန်ဆောင်လဲှချတတ်သူများလား
ဘောလုံးအားကစားဆိုတာ တစ်သင်းကို တစ်သင်းအနိုင်ရဖို့ ခွန်အားစိုက်ထုတ်ကစားရတဲ့ အားကစားနည်းဖြစ်တာကြောင့် ဘောလုံးသမားတွေ တစ်ဦးနဲ့တစ်ဦး Physically အရ တွန်းတိုက်ကစားရတာမျိုးတွေ ရှိတတ်တာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ အားပြိုင်ကြတာကြောင့် ပြစ်ဒဏ်ကျူးလွန်တာတွေကတော့ မကြာခဏဖြစ်တတ်တာပါ။ ဒါပေမဲ့ ကစားသမားတွေရဲ့ မလိုလားအပ်တဲ့ ဟန်ဆောင်လှချမှုတွေ၊ နည်းနည်းဆို များများလုပ်ပြတတ်တာတွေက ဘောလုံးပွဲရဲ့ရသကို ပျက်စီးစေတဲ့အကြောင်းရင်းထဲက တစ်ခုလို့ ဆိုရမယ်။
ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာ Neymar ဟာ Skillful Player ၊ World Class စာရင်းဝင်ကစားသမားတစ်ဦးဆိုတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ သူ့ရဲ့ Attitude ကတော့ လက်ရှိအချိန်မှာ မေးခွန်းထုတ်စရာကောင်းနေတယ်။ အခု ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေမာဟာ ဟန်ဆောင်လဲှချတတ်သူ၊ အမူအရာပိုလွန်းသူ Exaggerating Manner လို့ ပရိသတ်တွေက ဝေဖန်ကြနေတယ်။ အထူးသဖြင့် ဗြိတိန်ဘောလုံးပရိသတ်တွေပေါ့။ အခု ဆွစ်ဇာလန်ရုပ်သံဌာနတစ်ခုဖြစ်တဲ့ RTS က ကွင်းထဲမှာ နေမာ လူးလိမ့်တာ၊ ဟန်ဆောင်လဲှချတာတွေကြောင့် ကြာမြင့်ခဲ့တဲ့အချိန်ကို လူသိရှင်ကြားထုတ်ပြန်ကြေညာခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံးဂုဏ်ပုဒ်ကို ရယူဖို့ ခြေလှမ်းပြင်နေတဲ့ နေမာအတွက် အရှက်ရစရာဖြစ်ခဲ့တယ်။
diving-cheating-Neymar-has-spent-on-the-ground-at-World-Cup
diving-cheating-Neymar-has-spent-on-the-ground-at-World-Cup
ဘရာဇီးလ်အသင်းဟာ အခုလောလောဆယ်အထိ (၄)ပွဲကစားခဲ့ပြီးပါပြီ။ မိနစ်အားဖြင့် (၃၆၀)မိနစ်ဆိုပါတော့။ အဲဒီ(၄)ပွဲအတွင်း နေမာ ဟန်ဆောင်လှဲချတာ၊ လူးလိမ့်နေတာတွေကြောင့် ကြာမြင့်ချိန်က (၁၄)မိနစ်အထိရှိတယ်လို့ RTS က ဖော်ထုတ်ခဲ့ပြီး ဒါက တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ပျမ်းမျှပြန်တွက်ရရင် တစ်ပွဲကို (၃)မိနစ်ခွဲ၊ ဒါမှမဟုတ် (၁၂၀)စက္ကန့်အထိရှိနေတာပါ။ အဆိုးရွားဆုံးက မက္ကဆီကိုနဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲတုန်းက ကွင်းထဲမှာ နေမာ လူးလိမ့်နေတဲ့စုစုပေါင်းကြာချိန်က (၅)မိနစ်နဲ့ စက္ကန့်(၃၀)ကြာတယ်လို့လည်း RTS က ထုတ်ပြန်ခဲ့တယ်။ လက်ရှိအချိန်မှာလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နေမာရဲ့ ပုံရိပ်တွေကို Troll ထားတဲ့ ရုပ်သံဖိုင်၊ ဓာတ်ပုံတွေက ပြန့်နှံ့လို့နေပါပြီ။
Neymar-was-ridiculed-for-his-extravagant-diving-against-Mexico
Neymar-was-ridiculed-for-his-extravagant-diving-against-Mexico
အပေါ်မှာ ရေးထားသလိုပဲ နေမာဟာ World Class Player တစ်ဦးဆိုတာ ပရိသတ်တွေ အားလုံး လက်ခံထားကြတယ်။ ဒါပေမဲ့ ဆွာရက်ဇ် Suarez လို ၊ အက်ရှ်လေယန်း Ashley Young လို ဟန်ဆောင်လဲှချတတ်သူအဖြစ် ပရိသတ်တွေရဲ့စိတ်ထဲ သတ်မှတ်ထားသလို နေမာကိုလည်း အဲဒီ့ကစားသမားတွေစာရင်းထဲမှာ တစ်တန်းစားတည်း မပါဝင်စေချင်တာ အမှန်ပါပဲ။
REF:Daily Mail
Photo:.NY Daily News,Twitter,Yahoo Sport UK
Naing Linn(Akhayar)
www.akhayar.com