[Zawgyi]

ဘာလို႔ အသက္ထက္ အိုမင္းရင့္ေရာ္ေနရတာလဲ

လူသားေတြအတြက္ ေၾကာက္စရာအေကာင္းဆံုးျဖစ္ရပ္တစ္ခုကို ေျပာျပပါဆိုရင္ အိုမင္းရင့္ေရာ္လာတာကိုပဲ လက္ညွိဳးေျပးထိုးရေတာ့မွာပါပဲ။ အသက္ေတြႀကီးလာေလေလ အေရးအေၾကာင္းေတြနဲ႔ အိုမင္းရင့္ေရာ္လာရတာဟာ စိတ္ပ်က္စရာႀကီးပါေနာ္။ ဒါေပမယ့္ ဒါဟာလည္း သဘာ၀တရားႀကီးအတိုင္း လူတိုင္းျဖစ္ပ်က္ေနတာမို႔လို႔ လက္ခံရမွာ ျဖစ္ေပမယ့္လည္း ကိုယ္တစ္ေယာက္တည္းကြက္ၿပီး အသက္နဲ႔မလိုက္ေအာင္ အိုမင္းရင့္ေရာ္ေနတာကေတာ့ တစ္ခုခုမွားယြင္းေနပါၿပီ။ သူမ်ားေတြက် အသက္နဲ႔မလိုက္ေအာင္ ႏုဖတ္ေနၿပီး ကိုယ့္အလွည့္က်မွ အသက္ႏွစ္ဆေလာက္ အိုမင္းရင့္ေရာ္ေနတယ္ဆိုရင္ေတာ့ ဘာေတြမွားေနလဲ ျပန္စဥ္းစားၿပီး ျပဳျပင္ရပါေတာ့မယ္။

မီးဖုတ္ထားတဲ့မုန္႔ေတြေၾကာင့္လား

ဒီဘက္ေခတ္မွ မီးဖုတ္ထားတဲ့မုန္႔ေတြကို ႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္ အဲဒီလို စက္ပစၥည္းကိရိယာနဲ႔ မီးဖုတ္ၿပီး စားေသာက္တာဟာ က်န္းမာေရးျပႆနာေတြကို ျဖစ္ေစတာကို ေတြ႕ရပါတယ္။ ေနာက္ၿပီး ကၽြမ္းက်င္တဲ့ဆရာ၀န္ေတြက ေလ့လာျပတာကေတာ့ ဒီလိုမီးဖုတ္ၿပီးစားေသာက္တာကလည္း လူကို အိုမင္းရင့္ေရာ္ေစတယ္လို႔ ဆိုပါတယ္။

ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြေၾကာင့္လား

လူတစ္ေယာက္နဲ႔ တစ္ေယာက္ဟာ ဖြဲ႕စည္းတည္ေဆာက္ပံုခ်င္း မတူညီၾကပါဘူးေနာ္။ တခ်ိဳ႕ေတြကေတာ့ ႏို႔ေသာက္ရင္ အသားအရည္စိုျပည္လွပလာေပမယ့္ တခ်ိဳ႕ေတြၾကျပန္ေတာ့လည္း ႏွစ္သာေပါက္လာတယ္။ ဘာမွမထူးျခားဘူးဆိုတဲ့ အျဖစ္အပ်က္ေတြ တစ္ပံုႀကီးပါပဲ။ ဒါေၾကာင့္ အသားအေရကို တိုက္ရိုက္အက်ိဳးသက္ေရာက္မႈရွိတဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြဟာ တခ်ိဳ႕ေတြအတြက္ အရြယ္တင္ႏုပ်ိဳလွပေစေပမယ့္ တခ်ိဳ႕ေတြအတြက္ကေတာ့ အိုမင္းရင့္ေရာ္လာေစပါတယ္။

အဆီနဲ႔ ပရိုတင္းေတြေၾကာင့္လား

Bacon တို႔ Sausage တို႔က လူတိုင္းသေရယိုတဲ့ အစားအစာေတြပါ။ မစားခ်င္တဲ့သူ ဘယ္သူရွိလဲဆိုရင္ လက္ဆယ္ေခ်ာင္းေတာင္ျပည့္မယ္မထင္ပါဘူး။ ဒါေပမယ့္ အဆီနဲ႔ ပရိုတင္းမ်ားတဲ့ ဒီလိုအစားအစာေတြကို အမ်ားႀကီး စားမယ္ဆိုရင္ေတာ့ အသားအေရကို ထိခိုက္မႈရွိလာပါလိမ့္မယ္။ အစားမ်ားလာတာနဲ႔အမွ် ကိုလက္စေရာနဲ႔ ေသြးေပါင္ခ်ိန္ကို ေျပာင္းလဲမႈျဖစ္ေစၿပီး က်န္းမာေရးမထိခိုက္ေသးဘူးဆိုရင္ေတာင္ အရင္ဆံုး ၀ိတ္တက္လာၿပီး အိုမင္းရင့္ေရာ္လာမွာပါ။

အငန္ေတြေၾကာင့္လား

ျမန္မာလူမ်ိဳးေတြက အငန္ကို သည္းေျခႀကိဳက္ပါေနာ္။ ဒါေပမယ့္ ငန္တိုင္း သင့္အတြက္ အက်ိဳးမရွိပါဘူး။ အငန္ဓာတ္ဟာ ပံုမွန္စားေသာက္ေပးဖို႔ လိုအပ္ေပမယ့္လည္း တရားလြန္စားေသာက္ဖို႔ေတာ့ ခြင့္မျပဳႏုိင္ပါဘူးေနာ္။ အငန္ဓာတ္မ်ားတဲ့အစားအစာေတြကို စားေသာက္မိမယ္ဆိုရင္ေတာ့ ေသြးတိုးေရာဂါနဲ႔အတူ အိုမင္းရင့္ေရာ္လာမွာေတာ့ အမွန္အကန္ပါပဲ။

အရက္ေသစာေတြေၾကာင့္လား

ေမးမေနပါနဲ႔ေတာ့။ အရက္ေသာက္တဲ့လူေတြ ဘယ္ေလာက္ရုပ္ရင့္လဲဆိုတာကို အားလံုးသိမွာပါ။ ကိုယ္ခႏၶာလွပေက်ာ့ရွင္းဖို႔၊ အသားအေရ ၾကည္လင္ရွင္းသန္႔ဖို႔ ေရဓာတ္လိုအပ္ပါတယ္။ ေရဓာတ္ကို ရန္စတဲ့ ဒီ Alcohol ေတြက ဘယ္လိုလုပ္ၿပီး သင့္ကို လွပေအာင္ ကူညီႏုိင္မွာလဲ စဥ္းစားၾကည့္ပါဦး။ အရက္ေသာက္ေလေလ အိုမင္းရင့္ေရာ္ေလေလပါပဲ။

ဆီေၾကာ္ေတြေၾကာင့္လား

ဆီေလးနဲ႔မ်ား အိေနေအာင္ ေၾကာ္လိုက္ရင္ စားရတာ အရသာရွိလိုက္တာ။ ဒါေပမယ့္လည္း လူငယ္ဘ၀ရဲ႕ ရန္သူတစ္ေကာင္ကလည္း သူပါပဲ။ ဆီေၾကာ္ေတြဟာ အာဟာရတစ္စက္မွမရွိဘဲ အႏၱရာယ္ပဲ ရွိတာပါ။ အခါခါျပန္သံုးထားတဲ့ဆီေတြေၾကာင့္လည္း ကင္ဆာေရာဂါျဖစ္ပြားႏုိင္သလို ဆီေၾကာ္ေတြအစားမ်ားလာတာနဲ႔အမွ် ၀လာၿပီး အိုမင္းရင့္ေရာ္လာမွာပါ။

အခ်ိဳရည္ေတြေၾကာင့္လား

Soda နဲ႔ သၾကားေတြအမ်ားႀကီး ပါ၀င္ေနတဲ့ အခ်ိဳရည္ေတြကို ေရွာင္ဖို႔က ခက္ပါတယ္။ ေန႔စဥ္ဘ၀မွာ အေရးပါတဲ့ အစားအေသာက္အျဖစ္ ပါ၀င္ေနတာကိုေလေနာ္။ ဒါေပမယ့္ ရေအာင္ဖ်က္ႏုိင္မွ ရမွာပါေနာ္။ ဒီအခ်ိဳရည္ေတြက သြားေတြကိုလည္း ပ်က္စီးေစသလို လူကိုလည္း တစ္ေန႔တျခား အိုမင္းရင့္ေရာ္လာေစပါတယ္။ သၾကားကို လိုအပ္သေလာက္ပဲ သံုးစြဲပါေနာ္။

ဒီလိုေျပာျပလိုက္လို႔ စားစရာေသာက္စရာမရွိေတာ့ဘူးဆိုၿပီး စိတ္ညစ္ၿပီး အျပစ္တင္ေနၿပီလားဟင္။ ဒါေပမယ့္ ဒီက စိတ္ပူလြန္းလို႔ အားနာနာနဲ႔ အမွန္အတိုင္း ေျပာျပေနရတာပါ။ အားလံုးကို အရြယ္တင္ႏုပ်ိဳၿပီး လွပၾကြရြေနေစခ်င္တယ္ေနာ္။ အခုကစၿပီး အိုမင္းေစတဲ့အရာေတြအားလံုးကို ေရွာင္ၾကရွားၾကပါစို႔။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ဘာလို့ အသက်ထက် အိုမင်းရင့်ရော်နေရတာလဲ

လူသားတွေအတွက် ကြောက်စရာအကောင်းဆုံးဖြစ်ရပ်တစ်ခုကို ပြောပြပါဆိုရင် အိုမင်းရင့်ရော်လာတာကိုပဲ လက်ညှိုးပြေးထိုးရတော့မှာပါပဲ။ အသက်တွေကြီးလာလေလေ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်လာရတာဟာ စိတ်ပျက်စရာကြီးပါနော်။ ဒါပေမယ့် ဒါဟာလည်း သဘာဝတရားကြီးအတိုင်း လူတိုင်းဖြစ်ပျက်နေတာမို့လို့ လက်ခံရမှာ ဖြစ်ပေမယ့်လည်း ကိုယ်တစ်ယောက်တည်းကွက်ပြီး အသက်နဲ့မလိုက်အောင် အိုမင်းရင့်ရော်နေတာကတော့ တစ်ခုခုမှားယွင်းနေပါပြီ။ သူများတွေကျ အသက်နဲ့မလိုက်အောင် နုဖတ်နေပြီး ကိုယ့်အလှည့်ကျမှ အသက်နှစ်ဆလောက် အိုမင်းရင့်ရော်နေတယ်ဆိုရင်တော့ ဘာတွေမှားနေလဲ ပြန်စဉ်းစားပြီး ပြုပြင်ရပါတော့မယ်။

မီးဖုတ်ထားတဲ့မုန့်တွေကြောင့်လား

ဒီဘက်ခေတ်မှ မီးဖုတ်ထားတဲ့မုန့်တွေကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အဲဒီလို စက်ပစ္စည်းကိရိယာနဲ့ မီးဖုတ်ပြီး စားသောက်တာဟာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတာကို တွေ့ရပါတယ်။ နောက်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်တွေက လေ့လာပြတာကတော့ ဒီလိုမီးဖုတ်ပြီးစားသောက်တာကလည်း လူကို အိုမင်းရင့်ရော်စေတယ်လို့ ဆိုပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းတွေကြောင့်လား

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ဖွဲ့စည်းတည်ဆောက်ပုံချင်း မတူညီကြပါဘူးနော်။ တချို့တွေကတော့ နို့သောက်ရင် အသားအရည်စိုပြည်လှပလာပေမယ့် တချို့တွေကြပြန်တော့လည်း နှစ်သာပေါက်လာတယ်။ ဘာမှမထူးခြားဘူးဆိုတဲ့ အဖြစ်အပျက်တွေ တစ်ပုံကြီးပါပဲ။ ဒါကြောင့် အသားအရေကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ တချို့တွေအတွက် အရွယ်တင်နုပျိုလှပစေပေမယ့် တချို့တွေအတွက်ကတော့ အိုမင်းရင့်ရော်လာစေပါတယ်။

အဆီနဲ့ ပရိုတင်းတွေကြောင့်လား

Bacon တို့ Sausage တို့က လူတိုင်းသရေယိုတဲ့ အစားအစာတွေပါ။ မစားချင်တဲ့သူ ဘယ်သူရှိလဲဆိုရင် လက်ဆယ်ချောင်းတောင်ပြည့်မယ်မထင်ပါဘူး။ ဒါပေမယ့် အဆီနဲ့ ပရိုတင်းများတဲ့ ဒီလိုအစားအစာတွေကို အများကြီး စားမယ်ဆိုရင်တော့ အသားအရေကို ထိခိုက်မှုရှိလာပါလိမ့်မယ်။ အစားများလာတာနဲ့အမျှ ကိုလက်စရောနဲ့ သွေးပေါင်ချိန်ကို ပြောင်းလဲမှုဖြစ်စေပြီး ကျန်းမာရေးမထိခိုက်သေးဘူးဆိုရင်တောင် အရင်ဆုံး ဝိတ်တက်လာပြီး အိုမင်းရင့်ရော်လာမှာပါ။

အငန်တွေကြောင့်လား

မြန်မာလူမျိုးတွေက အငန်ကို သည်းခြေကြိုက်ပါနော်။ ဒါပေမယ့် ငန်တိုင်း သင့်အတွက် အကျိုးမရှိပါဘူး။ အငန်ဓာတ်ဟာ ပုံမှန်စားသောက်ပေးဖို့ လိုအပ်ပေမယ့်လည်း တရားလွန်စားသောက်ဖို့တော့ ခွင့်မပြုနိုင်ပါဘူးနော်။ အငန်ဓာတ်များတဲ့အစားအစာတွေကို စားသောက်မိမယ်ဆိုရင်တော့ သွေးတိုးရောဂါနဲ့အတူ အိုမင်းရင့်ရော်လာမှာတော့ အမှန်အကန်ပါပဲ။

အရက်သေစာတွေကြောင့်လား

မေးမနေပါနဲ့တော့။ အရက်သောက်တဲ့လူတွေ ဘယ်လောက်ရုပ်ရင့်လဲဆိုတာကို အားလုံးသိမှာပါ။ ကိုယ်ခန္ဓာလှပကျော့ရှင်းဖို့၊ အသားအရေ ကြည်လင်ရှင်းသန့်ဖို့ ရေဓာတ်လိုအပ်ပါတယ်။ ရေဓာတ်ကို ရန်စတဲ့ ဒီ Alcohol တွေက ဘယ်လိုလုပ်ပြီး သင့်ကို လှပအောင် ကူညီနိုင်မှာလဲ စဉ်းစားကြည့်ပါဦး။ အရက်သောက်လေလေ အိုမင်းရင့်ရော်လေလေပါပဲ။

ဆီကြော်တွေကြောင့်လား

ဆီလေးနဲ့များ အိနေအောင် ကြော်လိုက်ရင် စားရတာ အရသာရှိလိုက်တာ။ ဒါပေမယ့်လည်း လူငယ်ဘဝရဲ့ ရန်သူတစ်ကောင်ကလည်း သူပါပဲ။ ဆီကြော်တွေဟာ အာဟာရတစ်စက်မှမရှိဘဲ အန္တရာယ်ပဲ ရှိတာပါ။ အခါခါပြန်သုံးထားတဲ့ဆီတွေကြောင့်လည်း ကင်ဆာရောဂါဖြစ်ပွားနိုင်သလို ဆီကြော်တွေအစားများလာတာနဲ့အမျှ ဝလာပြီး အိုမင်းရင့်ရော်လာမှာပါ။

အချိုရည်တွေကြောင့်လား

Soda နဲ့ သကြားတွေအများကြီး ပါဝင်နေတဲ့ အချိုရည်တွေကို ရှောင်ဖို့က ခက်ပါတယ်။ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစားအသောက်အဖြစ် ပါဝင်နေတာကိုလေနော်။ ဒါပေမယ့် ရအောင်ဖျက်နိုင်မှ ရမှာပါနော်။ ဒီအချိုရည်တွေက သွားတွေကိုလည်း ပျက်စီးစေသလို လူကိုလည်း တစ်နေ့တခြား အိုမင်းရင့်ရော်လာစေပါတယ်။ သကြားကို လိုအပ်သလောက်ပဲ သုံးစွဲပါနော်။

ဒီလိုပြောပြလိုက်လို့ စားစရာသောက်စရာမရှိတော့ဘူးဆိုပြီး စိတ်ညစ်ပြီး အပြစ်တင်နေပြီလားဟင်။ ဒါပေမယ့် ဒီက စိတ်ပူလွန်းလို့ အားနာနာနဲ့ အမှန်အတိုင်း ပြောပြနေရတာပါ။ အားလုံးကို အရွယ်တင်နုပျိုပြီး လှပကြွရွနေစေချင်တယ်နော်။ အခုကစပြီး အိုမင်းစေတဲ့အရာတွေအားလုံးကို ရှောင်ကြရှားကြပါစို့။

Moethaesay (Akhayar)

www.akhayar.com