[Zawgyi] 

OnePlus အေနနဲ႔ေတာ့ သူတို႔ထုတ္တဲ့ဖုန္းေတြကို ျမန္ႏႈန္းနဲ႔ ပတ္သက္လာရင္အၿမဲတမ္း ဦးစားေပးၿပီး စဥ္းစားေလ့ရွိပါတယ္။ အဲ့တာေၾကာင့္လည္း OnePlus ဖုန္းေတြက တျခား Android ဖုန္းေတြနဲ႔ယွဥ္ရင္ အခ်ိန္အၾကာႀကီးပိုသံုးလို႔ေကာင္းတဲ့ ဖုန္းေတြအျဖစ္ ေတာ္ေတာ္မ်ားမ်ားက လက္ခံထားၾကပါတယ္။ 

OnePlus 6 ကို Design အသစ္နဲ႔ မိတ္ဆက္ေပးခဲ့ၿပီးေနာက္ပိုင္း OnePlus ပရိသတ္ၾကားမွာ ေအာင္ျမင္မႈေတြ အမ်ားႀကီးရခဲ့ပါတယ္။ အခုလည္း OnePlus ရဲ႕သြားေက်ပံုစံအတိုင္း OnePlus 6T ကုိ မၾကာခင္ မိတ္ဆက္ေပးသြားေတာ့မွာပါ။ OnePlus 6T အတြက္ Teaser ေတြကိုလည္း Instagram ၊ Facebook နဲ႔ Twitter ေတြမွာ ဆက္တိုက္တင္ေနၿပီး အခုေတာ့ ပထမဦးဆံုး Video Teaser တစ္ခု ထြက္လာပါၿပီ။ 

Video Teaser မွာေတာ့ Under Display Fingerprint Scanner ကိုပဲ အဓိကထားၿပီး ျပသြားတာျဖစ္သလို Unlock လုပ္တာက ဖုန္းတစ္လံုးမွာ အေရးပါတဲ့အခ်က္ျဖစ္ေနတာကို အဓိကထားေျပာသြားတာပါ။ 

အဲ့ဒီအခ်က္အျပင္ OnePlus အေနနဲ႔ Teaser ေတြမွာ Under Display Fingerprint Scanner ကိုပဲ ဦးစားေပးၿပီး လုပ္ေနတာေၾကာင့္ တကယ္ထြက္လာရင္ ဘယ္ေလာက္ျမန္မလဲဆိုတာ စိတ္ဝင္စားသူေတြ မ်ားေနေလာက္ပါၿပီ။ အဲ့ဒီလို စိတ္ဝင္စားေနသူေတြအတြက္ OnePlus ရဲ႕ CEO ျဖစ္သူ Pete Lau ကိုယ္တိုင္ OnePlus Forum မွာ OnePlus 6T အတြက္ Under DIsplay Fingerprint Scanner ကို ဘယ္လို ဖန္တီးေပးထားသလဲဆိုတာကို ရွင္းျပေပးထားပါတယ္။ 

OnePlus 6

OnePlus 6T မွာထည့္မယ့္ Under Display Fingerprint Scanner ကို Screen Unlock လို႔ နာမည္ေပးထားပါတယ္။ Screen Unlock ကို OnePlus 5T မွာ ထည့္ေပးဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ OnePlus က သူတို႔ဖုန္းေတြမွာ ထည့္ေပးႏုိင္ေလာက္ေအာင္ မျမန္တာေၾကာင့္ 5T မွာ သာမန္ Fingerprint Scanner ကိုပဲ ဖုန္းရဲ႕ေနာက္ေက်ာဖက္မွာ ထည့္ေပးလိုက္ရတာပါ။ OnePlus 6 ထြက္တဲ့အထိ Screen Unlock ကို ထည့္မေပးႏိုင္ေသးဘဲ တကယ္ျမန္ေအာင္၊ တိက်ေအာင္ Animation ကအစ သံုးရတာ စိတ္ေက်နပ္ဖို႔ေကာင္းေအာင္ ျပင္ဆင္ေနတာေၾကာင့္လို႔ ဆက္ၿပီးရွင္းျပထားပါတယ္။ 

Latest Twitter Tweet from OnePlus

အခုလို Screen Unlock ကို ပထမဦးစားေပးအေနနဲ႔ OnePlus 6T Teaser ေတြမွာ လုပ္ေနတာက ပိုလို႔ေတာင္ စိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။ လက္ရွိအခ်ိန္အထိ Under Display Fingerprint Scanner ပါတဲ့ဖုန္းေတြ မ်ားလာၿပီလို႔ေျပာလို႔ရေပမယ့္ ဘယ္ဟာမွ သာမန္ Fingerprint Scanner ေတြေလာက္ ျမန္တယ္လို႔ မခံစားရပါဘူး။ OnePlus 6T မွာ ပါလာမယ့္ Screen Unlock ကေရာ ဘယ္ေလာက္ပိုျမန္လာမွာလဲ၊ ဘယ္ေလာက္ ေမွ်ာ္လင့္လို႔ရမယ္ထင္သလဲ။ OnePlus Fan ေတြကေတာ့ စိတ္လႈပ္ရွားေနေလာက္ပါၿပီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

OnePlus 6T အတွက် Teaser Video ထွက်လာပြီ

OnePlus အနေနဲ့တော့ သူတို့ထုတ်တဲ့ဖုန်းတွေကို မြန်နှုန်းနဲ့ ပတ်သက်လာရင်အမြဲတမ်း ဦးစားပေးပြီး စဉ်းစားလေ့ရှိပါတယ်။ အဲ့တာကြောင့်လည်း OnePlus ဖုန်းတွေက တခြား Android ဖုန်းတွေနဲ့ယှဉ်ရင် အချိန်အကြာကြီးပိုသုံးလို့ကောင်းတဲ့ ဖုန်းတွေအဖြစ် တော်တော်များများက လက်ခံထားကြပါတယ်။ 

OnePlus 6 ကို Design အသစ်နဲ့ မိတ်ဆက်ပေးခဲ့ပြီးနောက်ပိုင်း OnePlus ပရိသတ်ကြားမှာ အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။ အခုလည်း OnePlus ရဲ့သွားကျေပုံစံအတိုင်း OnePlus 6T ကို မကြာခင် မိတ်ဆက်ပေးသွားတော့မှာပါ။ OnePlus 6T အတွက် Teaser တွေကိုလည်း Instagram ၊ Facebook နဲ့ Twitter တွေမှာ ဆက်တိုက်တင်နေပြီး အခုတော့ ပထမဦးဆုံး Video Teaser တစ်ခု ထွက်လာပါပြီ။ 

Video Teaser မှာတော့ Under Display Fingerprint Scanner ကိုပဲ အဓိကထားပြီး ပြသွားတာဖြစ်သလို Unlock လုပ်တာက ဖုန်းတစ်လုံးမှာ အရေးပါတဲ့အချက်ဖြစ်နေတာကို အဓိကထားပြောသွားတာပါ။ 

အဲ့ဒီအချက်အပြင် OnePlus အနေနဲ့ Teaser တွေမှာ Under Display Fingerprint Scanner ကိုပဲ ဦးစားပေးပြီး လုပ်နေတာကြောင့် တကယ်ထွက်လာရင် ဘယ်လောက်မြန်မလဲဆိုတာ စိတ်ဝင်စားသူတွေ များနေလောက်ပါပြီ။ အဲ့ဒီလို စိတ်ဝင်စားနေသူတွေအတွက် OnePlus ရဲ့ CEO ဖြစ်သူ Pete Lau ကိုယ်တိုင် OnePlus Forum မှာ OnePlus 6T အတွက် Under DIsplay Fingerprint Scanner ကို ဘယ်လို ဖန်တီးပေးထားသလဲဆိုတာကို ရှင်းပြပေးထားပါတယ်။ 

OnePlus 6

OnePlus 6T မှာထည့်မယ့် Under Display Fingerprint Scanner ကို Screen Unlock လို့ နာမည်ပေးထားပါတယ်။ Screen Unlock ကို OnePlus 5T မှာ ထည့်ပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် OnePlus က သူတို့ဖုန်းတွေမှာ ထည့်ပေးနိုင်လောက်အောင် မမြန်တာကြောင့် 5T မှာ သာမန် Fingerprint Scanner ကိုပဲ ဖုန်းရဲ့နောက်ကျောဖက်မှာ ထည့်ပေးလိုက်ရတာပါ။ OnePlus 6 ထွက်တဲ့အထိ Screen Unlock ကို ထည့်မပေးနိုင်သေးဘဲ တကယ်မြန်အောင်၊ တိကျအောင် Animation ကအစ သုံးရတာ စိတ်ကျေနပ်ဖို့ကောင်းအောင် ပြင်ဆင်နေတာကြောင့်လို့ ဆက်ပြီးရှင်းပြထားပါတယ်။ 

Latest Twitter Tweet from OnePlus

အခုလို Screen Unlock ကို ပထမဦးစားပေးအနေနဲ့ OnePlus 6T Teaser တွေမှာ လုပ်နေတာက ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ လက်ရှိအချိန်အထိ Under Display Fingerprint Scanner ပါတဲ့ဖုန်းတွေ များလာပြီလို့ပြောလို့ရပေမယ့် ဘယ်ဟာမှ သာမန် Fingerprint Scanner တွေလောက် မြန်တယ်လို့ မခံစားရပါဘူး။ OnePlus 6T မှာ ပါလာမယ့် Screen Unlock ကရော ဘယ်လောက်ပိုမြန်လာမှာလဲ၊ ဘယ်လောက် မျှော်လင့်လို့ရမယ်ထင်သလဲ။ OnePlus Fan တွေကတော့ စိတ်လှုပ်ရှားနေလောက်ပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။