[Zawgyi] 





Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Galaxy Note 9 အတွက် ပထမဦးဆုံး Video Teaser ထွက်လာပြီ

Galaxy Note 9 ကတော့ ၂၀၁၈ အတွက် Note Seres Fan တွေအတွက် မျှောင်လင့်ရဆုံး ဖုန်းတစ်လုံးပါ။ မကြာခင်မှာ မိတ်ဆက်တော့မယ်ဆိုတာကို Samsung က အတိအကျကြေညာတဲ့အနေနဲ့ Teaser Video တစ်ခုကို YouTube မှာတင်ခဲ့ပါတယ်။ Samsung Newsroom က တင်ထားတာဖြစ်ပြီး Video ကို အကြောင်းပြချက်မရှိပဲ ပြန်ဖျက်ခဲ့ပါတယ်။ 

Video Removed From Samsung Newsroom YouTube Channel

လာမယ့် သြဂုတ်လ ၉  ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်တယ်လို့ဖော်ပြသွားပါတယ်။ Video မှာတော့ Note 9 မှာပါဝင်လာမယ့် S Pen အသစ်ကို ပြသွားတာတွေ့ရပါတယ်။ ထွက်ဖူးသမျှ Galaxy ဖုန်းတွေနဲ့ မတူတဲ့ အရောင်သစ်ကိုတွေ့ရတာကြောင့် Note 9 က ဘယ်လို အရောင်အသစ်တွေနဲ့လာမလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါပြီ။ S Pen အသစ်ကို Design ပြောင်းထားပေမယ့် S Pen တစ်ခုလုံးကို Video မှာ ပြမသွားပါဘူး။ 

Note 9 မှာတော့ လက်ရှိထွက်ထားတဲ့ Galaxy S9 ဖုန်းတွေမှာလိုပဲ Dolby Atmos ပါတဲ့ Stereo Speaker နဲ့ ပိုကောင်းတဲ့ Hardware အသစ်တွေကိုတွေ့ရမယ်ဆိုတာပဲ သိရပါတယ်။ Flagship ဖုန်းဖြစ်တာနဲ့အညီ Specification တွေကတော့ ဒီနှစ်အတွင်း ထွက်ထားတဲ့ Flagship ဖုန်းတွေနဲ့ အများကြီးကွာခြားမှာမဟုတ်ပါဘူး။ အရင်က Note 8 နဲ့မတူတော့မယ့် Design အပြောင်းအလဲတချို့ ကိုတွေ့ရနိုင်ပြီး Note ရဲ့ အနှစ်သာရအပြည့်ဖြစ်စေဖို့ S Pen ကိုလည်း အဆင့်မြှင့်ထားတယ်ဆိုတာ ဒီ Video က သက်သေပါပဲ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။