[Zawgyi]

အာရွတစ္ခြင္မွာရွိတဲ႔ အေက်ာ္ၾကားဆံုး ပဲြေတာ္မ်ား

ယခုခ်ိန္ခါမွာ ျမန္မာႏိုင္ငံမွာ ျမန္မာႏွစ္သစ္ကူးပဲြေတာ္ဆင္ႏႊဲသလိုမ်ဳိး အာရွတစ္ခြင္မွာရွိတဲ႔ ႏိုင္ငံတိုင္းမွာလည္း ႏိုင္ငံအလိုက္ ဆင္ႏႊဲၾကတဲ႔ ပဲြေတာ္ေတြရွိပါတယ္။ျမန္မာႏိုင္ငံအပါအဝင္ အာရွတစ္ခြင္မွာက်င္းပေလ႔ရွိတဲ႔ ပဲြေတာ္ေတြကလည္း အမ်ားအားျဖင္႔ ကေလးေတြေက်ာင္းပိတ္တဲ႔ရာသီ လူႀကီးေတြအလုပ္ပိတ္တဲ႔အခ်ိန္အခါေတြနဲ႔ တိုက္ဆိုင္ေနတာေတြ႔ရလို႔ အာရွတစ္ခြင္မွာရွိတဲ႔ ပဲြေတာ္ကို ပါဝင္ဆင္ႏႊဲျပီး သူတို႔ရဲ႕ ယဥ္ေက်းမႈထံုးတမ္းစဥ္လာေတြကို ေလ႔လာၿပီး ေပ်ာ္ရႊင္စြာ ပါဝင္ဆင္ႏႊဲလို႔ရပါတယ္။ ခရီးသြားရတာ ႏွစ္သက္သူေတြအတြက္လည္း အေတြ႔အႀကံဳေကာင္းေလးေတြ ရႏိုင္တဲ႔ ခရီးစဥ္ေကာင္းျဖစ္လို႔ လက္မလြတ္သင္႔ဘဲ ခရီးထြက္ရင္း အာရွတစ္ခြင္ရွိ ပဲြေတာ္ေတြကို ပါဝင္ဆင္ႏႊဲၾကည္႔သင္႔ပါတယ္။ အဲလိုပါဝင္ဆင္ႏဲႊဲႏိုင္ဖို႔အတြက္ အာရွတစ္ခြင္မွာ က်င္းပေလ႔ရွိတဲ႔ ပဲြေတာ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

တရုတ္ႏွစ္သစ္ကူူးပဲြေတာ္

တရုတ္ႏိုင္ငံမွာ ျခိမ့္ျခိမ့္သဲက်င္းပတဲ႔ ပဲြေတာ္တစ္ခုကေတာ႔ တရုတ္ႏွစ္သစ္ကူးပဲြေတာ္ပဲ ျဖစ္ပါတယ္။ တရုတ္ႏွစ္သစ္ကူးပဲြေတာ္ကို Spring Festival လို႔လည္း ေခၚၾကပါေသးတယ္။တရုတ္ႏွစ္သစ္ကူးပဲြေတာ္ကို မ်ားေသာအားျဖင္႔ January လနဲ႔ February လအေတာအတြင္းမွာ က်င္းပေလ႔ရွိပါတယ္။ တရုတ္ႏွစ္သစ္ကူးပဲြေတာ္ခ်ိန္ေရာက္ၿပီဆို ႏိုင္ငံအသီးသီးမွာ အလုပ္လုပ္ကိုင္ေနၾကတဲ႔သူေတြက ေမြးရပ္ဌာနီကိုျပန္လာၾကၿပီး မိသားစုနဲ႔ေတြ႔ဆံုကာ ႏွစ္သစ္ကူးပဲြေတာ္ကို အတူတကြက်င္းပၾကပါတယ္။မိသားစုေတြ အတူတကြလက္ဆံုထမင္းစားၾကၿပီး ႏွစ္သစ္ကူးအခ်ိန္အခါမွာသာ က်င္းပတဲ႔႔ နဂါးအကနဲ႔ ျခေသၤ့အကအလွၿပိဳင္ပဲြေတြကို သြားေရာက္ၾကည္႔ရႈ အားေပးၾကပါတယ္။ ညဘက္အခ်ိန္အခါမွာေတာ႔ မီးပံုေလးေတြ စီတန္းထားတဲ႔ လမ္းတစ္ေလ်ွာက္ကို ျဖတ္ေလ်ွာက္ၿပီး မီးေရာင္စံုထဲရွိ ညေနခင္းအလွအပကို ေအးေအးလူလူခံစားႏိုင္သလို ဓာတ္ဖမ္းခ်င္တဲ႔သူေတြအေနနဲ႔လည္း ေနေအးေအးမွာ ရႈခင္းလွလွေတြကို ေနာက္ခံထားၿပီး တစ္ဝႀကီး ဓာတ္ဖမ္းလို႔ရပါတယ္။ ခရီးသြားဧည္႔သည္မ်ားအေနနဲ႔လည္း ဒီလိုအခ်ိန္မွာ တရုတ္ျပည္ကို အလည္အပတ္ေရာက္ရွိေနရင္ တရုတ္ႏွစ္သစ္ကူးပဲြေတာ္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပါဝင္ဆင္ႏႊဲလို႔ရသလို တရုတ္ရုိးရာမုန္႔ေတြကိုလည္း တဝႀကီးျမည္းစမ္းကာ အျပန္လက္ေဆာင္ေတြပါ ဝယ္သြားႏိုင္ပါတယ္။ခရီးသြားရတာ ႏွစ္သက္သူေတြအေနနဲ႔ တရုတ္ႏွစ္သစ္ကူးပဲြေတာ္ကို ပါဝင္ဆင္ႏႊဲၿပီး အေတြ႔အၾကံဳသစ္ေတြ ရွာေဖြခ်င္တယ္ဆိုရင္ အဲဒီလအေတာအတြင္း အမီသြားကာ ပါဝင္ဆင္ႏဲႊႏိုင္ပါတယ္။

Chinese New Year

Chinese New Year

ဗီယက္နမ္ႏွစ္သစ္ကူးပဲြေတာ္

ဗီယက္နမ္ႏွစ္သစ္ကူးပဲြေတာ္က ဗီယက္နမ္ယဥ္ေက်းမႈအရ အေရးပါဆံုး ပဲြေတာ္တစ္ခုျဖစ္ပါတယ္။ ဗီယက္နမ္ႏွစ္သစ္ကူးပဲြေတာ္က တရုတ္ႏွစ္သစ္ကူးပဲြေတာ္နဲ႔ အမ်ားအားျဖင့္ဆင္တူၿပီး က်င္းပတဲ႔လကလည္း ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလအေတာအတြင္းမွာ က်င္းပၾကပါတယ္။တရုတ္ႏွစ္သစ္ကူးပဲြေတာ္နဲ႔ ဗီယက္နမ္ႏွစ္သစ္ကူးပဲြေတာ္ရဲ႕ ကြားျခားခ်က္ကေတာ႔ အခ်ိန္ကြာျခားမႈအရ တစ္နာရီေလာက္သာကြာျခားမႈရွိၿပီး ႏွစ္သစ္ကူးပဲြေတာ္ခ်ိန္နဲ႔ နီးကပ္လာၿပီီဆိုရင္ အိမ္သန္႔ရွင္းေရးေတြ ႀကိဳတင္လုပ္ေဆာင္ကာ ႏွစ္သစ္ကို ႀကိဳဆိုၾကပါတယ္။ျခေသၤ့အက၊ နဂါးအကနဲ႔ မီးရွဴးမီးပန္းေတြ ေဖာက္တာကလည္း တရုတ္ႏွစ္သစ္ကူူးပဲြေတာ္နဲ႔ ဆင္တူတဲ႔ ဗီယက္နမ္ႏွစ္သစ္ကူးပဲြေတာ္ရဲ႕ အေလ႔အထပဲ ျဖစ္ပါတယ္။ ဒါအျပင္ ကေလးေတြနဲ႔ သက္ႀကီးရြယ္အိုေတြကို ကံေကာင္းေအာင္ မုန္ဖိုးေပးတဲ႔ အေလ႔အထကိုလည္း ျပဳလုပ္တတ္ၾကပါတယ္။ အသစ္သစ္ေတြကို လိုလားတဲ႔ ခရီသြားေတြအေနနဲ႔လည္း ဗီယက္နမ္ကို အလည္အပတ္သြားရင္း သူတို႔ရဲ႕ရုိးရာယဥ္ေက်းမႈေတြကို စီးေျမာခံစားရင္း ခရီးသြားခံစားမႈအသစ္ေတြ ရယူလိုက္ပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ထိုင္းႏွစ္သစ္ကူးပဲြေတာ္

ထိုင္းႏွစ္သစ္ကူးပဲြေတာ္က်င္းပပံုက ျမန္မာရုိးရာႏွစ္သစ္ကူးပဲြေတာ္က်င္းပပံုနဲ႔ ဆင္တူပါတယ္။ ထိုင္းရုိးရာႏွစ္သစ္ကူးပဲြေတာ္ကို Songkran လို႔လည္း ေခၚၾကပါေသးတယ္။ ထိုင္းႏွစ္သစ္ကူးပဲြေတာ္ကို ဓေလ့ထံုးစံနဲ႔အညီ ဧၿပီလမွာက်င္းပေလ႔ရွိၿပီး မေကာင္းမႈဒုစရုိက္ေတြကို ပယ္ေဖ်ာက္ဖို႔အတြက္ ရည္ရြယ္ၿပီး ဘုရားဆင္းတုေတာ္မွာ ေရပူေဇာ္ၾကသလို ဘုန္းႀကီးေက်ာင္းေတြမွာ စားေသာက္ဖြယ္ရာေတြနဲ႔ လႈဖြယ္ဝတၱဴေတြကို ဆပ္ကပ္လွဴဒါန္းၾကပါတယ္။ဒါအျပင္ ထင္ရွားတဲ႔ ထိုင္းလမ္းမေတြမွာ ေရသဘင္ပဲြေတာ္ကို ႏိုင္ငံျခားခရီးသြားဧည္႔သည္မ်ားႏွင္႔ ေဒသခံထိုင္းလူမ်ဳိးေတြပါ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ပါဝင္ဆင္ႏဲႊၾကပါတယ္။ ထိုင္းႏွစ္သစ္ကူးပဲြက်င္းပေနတဲ႔အခ်ိန္ ထိုင္းဘက္ကို အခါအခြင္႔သင္႔လို႔ ေရာက္ရွိေနရင္ ျမန္မာေရသဘင္ပဲြေတာ္ႏွင္႔ ဘာကြာျခားမႈရွိလဲဆိုတာ သိႏိုင္ဖို႔ ပါဝင္ဆင္ႏႊဲၾကည္႔သင္႔ပါတယ္။

Songkran

Songkran

ျမန္မာႏွစ္သစ္ကူးပဲြေတာ္

ထိုင္းရုိးရာႏွစ္သစ္ကူးပဲြေတာ္နဲ႔ဆင္တူတဲ႔ ျမန္မာရုိးရာႏွစ္သစ္ကူးပဲြေတာ္ကိုလည္း ဧၿပီလမွာ က်င္းပေလ႔ရွိပါတယ္။ျမန္မာႏွစ္သစ္ကူးေရသဘင္ပဲြေတာ္ကို အႀကိဳ၊ အက်၊ အၾကတ္၊ အတက္ဆိုၿပီး ေလးရက္တာက်င္းပၿပီး ႏွစ္ဆန္းတစ္ရက္ေန႔မွာ သက္ႀကီးဝါႀကီးေတြကို ေခါင္းေဆးမဂၤလာက်င္းပေပးျခင္း၊ ေျခသည္းလက္သည္းညွပ္ေပးျခင္းျဖင္႔ ကုသိုလ္ယူၾကပါတယ္။ဒါအျပင္ ေရကစားသူမ်ားကို မုန့္လံုးေရေပၚေကၽြးျခင္း၊ ေရႊရင္ေအးတိုက္ေကၽြးျခင္း အစရွိသျဖင္႔ မုန္႔မ်ဳိးစံုလုပ္ကာ စတုဒီသာေကၽြးၾကတာကလည္း ျမန္မာတို႔ရဲ႕ ခ်စ္စရာအေလ႔အထျဖစ္ပါတယ္။ေနာက္ထပ္ထူးျခားခ်က္တစ္ခုကေတာ႔ သႀကၤန္အခ်ိန္အခါမွာသာ ပြင္႔တဲ႔ ပိေတာက္ပန္းကို ဘုရားမွာဆပ္ကပ္ပူေဇာ္ၾကသလို ျမန္အမ်ဳိးသမီးေတြကိုယ္တိုင္လည္း ျမတ္ျမတ္ႏိုးႏိုး ပန္ဆင္ၾကျခင္းျဖစ္ပါတယ္။ ဝါဝါထိန္ထိန္ပိေတာက္ပန္းေလးေတြနဲ႔ လူမ်ဳိးဘာသာမေရြး ေရကစားၾကတဲ႔ ျမန္မာရုိးရာ ေရသဘင္ပဲြေတာ္ကလည္း အရမ္းခ်စ္စရာေကာင္းလို႔ ႏိုင္ငံျခား ခရီးသြားဧည့္သည္မ်ား သႀကၤန္ခ်ိန္ခါ ျမန္မာျပည္မွာရွိေနရင္ မျဖစ္မေနပါဝင္ဆင္ႏဲႊၾကည္႔သင္႔တဲ႔ ပဲြေတာ္တစ္ခုပဲ ျဖစ္ပါတယ္။

အိႏၵိယဟိုလီပဲြ

ေနာက္ထပ္အာရွတစ္ခြင္မွာရွိတဲ႔ ထင္ရွားတဲ႔ပဲြေတာ္ေတြအေၾကာင္းေျပာမယ္ဆိုရင္ အိႏၵိယႏိုင္ငံမွာက်င္းပတဲ့ ဟိုလီပဲြေတာ္ကို ခ်န္ထားလို႔မရပါဘူး။ဟိုလီပဲြေတာ္ကို အမ်ားအားျဖင္႔ ေဖေဖာ္ဝါရီလကုန္ခါနီး မတ္လအလယ္ေလာက္မွာ က်င္းပေလ႔ရွိပါတယ္။ ဟိုလီပဲြေတာ္က ေရွးေဟာင္း Hindu ဘာသာေရးပဲြေတာ္အျဖစ္ ေက်ာ္ၾကားရာကေန အျခားေသာ ေတာင္အာရွႏိုင္ငံေတြကိုပါ ေရာက္ရွိလာျခင္း ျဖစ္ပါတယ္။ ဟိုလီပဲြေတာ္ကို ညဘက္မွာစတင္က်င္းပၿပီး လူေတြက မီးပံုပတ္ပတ္လည္မွာ စုေဝးေရာက္ရွိေနကာ သီခ်င္းေတြသီဆိုရင္း ကခုန္ၾကပါတယ္။ေနာက္တစ္ေန႔မွာေတာ႔ ေပါင္ဒါမုန္႔၊ ေဆးေရာင္စံု၊ အေရာင္ပါတဲ႔ေရေတြနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္သုတ္လိမ္းကာ လမ္းမေတြ ပန္းျခံေတြနဲ႔ ဘုရားေက်ာင္းအျပင္ဘက္ေတြမွာ ဟိုလီပဲြကို ေပ်ာ္ရႊင္စြာက်င္းပၾကပါတယ္။ အိႏၵိယဟိုလီပဲြကို ပါဝင္ဆင္ႏဲႊဖို႔အတြက္ ဟိုလီပဲြက်င္းပတဲ႔အခ်ိန္ကို အမီသြားကာ အေရာင္ေတြၾကားကေန ခရီးသြားရင္း ေပ်ာ္ရႊင္မႈအသစ္ကို ရွာေဖြၾကည္႔သင္႔ပါတယ္။

Holi Festival

Holi Festival

Japan Hanami ပဲြ

Japan ႏိုင္ငံက အလွေတြနဲ႔ စုေဝးေနတဲ႔ ႏိုင္ငံျဖစ္ၿပီး အမ်ားအားျဖင္႔ မတ္လကေန ေမလအေစာအပိုင္းအထိအခ်ိန္က ဆာကူယာပန္းေတြ ပြင္႔တဲ႔အခ်ိန္ျဖစ္လို႔ သာမန္အခ်ိန္ေတြထက္ ပိုလို႔ေတာင္ လွပေနပါေသးတယ္။ ဆာကူယာပန္းေတြပြင္႔တဲ႔အခ်ိန္မွာ Hanami ပဲြေတာ္ကို က်င္းပေလ႔ရွိပါတယ္။ Hanami ရဲ႕အဓိပၸာယ္ကို ဘာသာျပန္ရမယ္ဆိုရင္ ပန္းၾကည္႔ျခင္းလို႔ အဓိပၸာယ္ရပါတယ္။ Hanami ပဲြေတာ္က ဂ်ပန္ရုိးရာယဥ္ေက်းမႈပဲြေတာ္ျဖစ္ၿပီး ခ်ယ္ရီ ဆာကူယာပန္းအလွေတြၾကားမွာ ေပ်ာ္ရႊင္စြာ ဆင္ႏဲႊၾကပါတယ္။ ဆာကူယာပန္းပြင္႔မယ္အခ်ိန္ကို ႀကိဳတင္ခန့္မွန္းေပးေလ့ရွိၿပီး ခန္႔မွန္းေပးတဲ႔ရက္နဲ႔လည္း အနည္းငယ္သာျခားၿပီး ပြင္႔ေလ႔ရွိပါတယ္။ ဆာကူယာပန္းပြင္႔တဲ႔အခ်ိန္က ခရီးသြားဧည္႔သည္ေတြ အလာမ်ားကာ ဆာကူယာပန္းအလွကို ခံစားၾကပါတယ္။ ဆာကူယာပန္းပြင္႔တဲ႔အခ်ိန္ဆို ခရီးသြားဧည့္သည္ေတြနဲ႔ ျပည္႔ေနသလို ဂ်ပန္လူမ်ဳိးေတြကလည္း ဆာကူယာပန္းပြင္႔တဲ႔ အပင္ေအာက္မွာ ေပ်ာ္ပဲြရႊင္ပဲြ၊ ေတြ႔ဆံုပဲြေတြကို ေနေရာညပါ က်င္းပျပဳလုပ္ၾကပါတယ္။ ပန္းေရာင္လႊမ္းတဲ႔ ဆာကူယာပန္းေတြေဝေနတဲ႔ မီးေရာင္ေအာက္မွာ စားၾကေသာက္ၾက ေပ်ာ္ၾကပါးၾကရင္း သဘာဝအလွကို ခံစားေနတဲ႔ ဂ်ပန္လူမ်ဳိးေတြရဲ႕ ပန္းၾကည္႔ပဲြေတာ္ကလည္း အျခားဘယ္ႏိုင္ငံနဲ႔မွ မတူတဲ႔ ရုိးရာပဲြေတာ္တစ္ခုျဖစ္လို႔ ပါဝင္ဆင္ႏဲႊၾကည္႔သင္႔ပါတယ္။

Hanami Festival

Hanami Festival

အထက္ပါ အာရွတစ္ခြင္မွာရွိတဲ႔ ပဲြေတာ္ေတြထဲက တစ္ခုမဟုတ္တစ္ခုကို ပါဝင္ဆင္ႏဲႊၾကည္႔ကာ ဆန္းျပားၿပီးတစ္မူထူးျခားတဲ႔ ခရီးသြားအေတြ႔အႀကံဳသစ္ကို ရွာေဖြၾကည္႔ခ်င္တယ္ဆိုရင္ေတာ႔ ပဲြေတာ္က်င္းပမယ္႔ရက္ကို ေသခ်ာစစ္ေဆးၿပီးမွ ပဲြေတာ္ခ်ိန္ကို အေရာက္သြားကာ ပါဝင္ဆင္ႏႊဲဖို႔ အႀကံျပဳလိုက္ပါရေစေနာ္။

H.H (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အာရှတစ်ခွင်မှာရှိတဲ့ အကျော်ကြားဆုံး ပွဲတော်များ

ယခုချိန်ခါမှာ မြန်မာနိုင်ငံမှာ မြန်မာနှစ်သစ်ကူးပွဲတော်ဆင်နွှဲသလိုမျိုး အာရှတစ်ခွင်မှာရှိတဲ့ နိုင်ငံတိုင်းမှာလည်း နိုင်ငံအလိုက် ဆင်နွှဲကြတဲ့ ပွဲတော်တွေရှိပါတယ်။မြန်မာနိုင်ငံအပါအဝင် အာရှတစ်ခွင်မှာကျင်းပလေ့ရှိတဲ့ ပွဲတော်တွေကလည်း အများအားဖြင့် ကလေးတွေကျောင်းပိတ်တဲ့ရာသီ လူကြီးတွေအလုပ်ပိတ်တဲ့အချိန်အခါတွေနဲ့ တိုက်ဆိုင်နေတာတွေ့ရလို့ အာရှတစ်ခွင်မှာရှိတဲ့ ပွဲတော်ကို ပါဝင်ဆင်နွှဲပြီး သူတို့ရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေကို လေ့လာပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလို့ရပါတယ်။ ခရီးသွားရတာ နှစ်သက်သူတွေအတွက်လည်း အတွေ့အကြုံကောင်းလေးတွေ ရနိုင်တဲ့ ခရီးစဉ်ကောင်းဖြစ်လို့ လက်မလွတ်သင့်ဘဲ ခရီးထွက်ရင်း အာရှတစ်ခွင်ရှိ ပွဲတော်တွေကို ပါဝင်ဆင်နွှဲကြည့်သင့်ပါတယ်။ အဲလိုပါဝင်ဆင်နွဲှဲနိုင်ဖို့အတွက် အာရှတစ်ခွင်မှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

တရုတ်နှစ်သစ်ကူူးပွဲတော်

တရုတ်နိုင်ငံမှာ ခြိမ့်ခြိမ့်သဲကျင်းပတဲ့ ပွဲတော်တစ်ခုကတော့ တရုတ်နှစ်သစ်ကူးပွဲတော်ပဲ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို Spring Festival လို့လည်း ခေါ်ကြပါသေးတယ်။တရုတ်နှစ်သစ်ကူးပွဲတော်ကို များသောအားဖြင့် January လနဲ့ February လအတောအတွင်းမှာ ကျင်းပလေ့ရှိပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ချိန်ရောက်ပြီဆို နိုင်ငံအသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့သူတွေက မွေးရပ်ဌာနီကိုပြန်လာကြပြီး မိသားစုနဲ့တွေ့ဆုံကာ နှစ်သစ်ကူးပွဲတော်ကို အတူတကွကျင်းပကြပါတယ်။မိသားစုတွေ အတူတကွလက်ဆုံထမင်းစားကြပြီး နှစ်သစ်ကူးအချိန်အခါမှာသာ ကျင်းပတဲ့ နဂါးအကနဲ့ ခင်္သြေ့အကအလှပြိုင်ပွဲတွေကို သွားရောက်ကြည့်ရှု အားပေးကြပါတယ်။ ညဘက်အချိန်အခါမှာတော့ မီးပုံလေးတွေ စီတန်းထားတဲ့ လမ်းတစ်လျှောက်ကို ဖြတ်လျှောက်ပြီး မီးရောင်စုံထဲရှိ ညနေခင်းအလှအပကို အေးအေးလူလူခံစားနိုင်သလို ဓာတ်ဖမ်းချင်တဲ့သူတွေအနေနဲ့လည်း နေအေးအေးမှာ ရှုခင်းလှလှတွေကို နောက်ခံထားပြီး တစ်ဝကြီး ဓာတ်ဖမ်းလို့ရပါတယ်။ ခရီးသွားဧည့်သည်များအနေနဲ့လည်း ဒီလိုအချိန်မှာ တရုတ်ပြည်ကို အလည်အပတ်ရောက်ရှိနေရင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲလို့ရသလို တရုတ်ရိုးရာမုန့်တွေကိုလည်း တဝကြီးမြည်းစမ်းကာ အပြန်လက်ဆောင်တွေပါ ဝယ်သွားနိုင်ပါတယ်။ခရီးသွားရတာ နှစ်သက်သူတွေအနေနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ပါဝင်ဆင်နွှဲပြီး အတွေ့အကြုံသစ်တွေ ရှာဖွေချင်တယ်ဆိုရင် အဲဒီလအတောအတွင်း အမီသွားကာ ပါဝင်ဆင်နွဲှနိုင်ပါတယ်။

Chinese New Year

Chinese New Year

ဗီယက်နမ်နှစ်သစ်ကူးပွဲတော်

ဗီယက်နမ်နှစ်သစ်ကူးပွဲတော်က ဗီယက်နမ်ယဉ်ကျေးမှုအရ အရေးပါဆုံး ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်နှစ်သစ်ကူးပွဲတော်က တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ အများအားဖြင့်ဆင်တူပြီး ကျင်းပတဲ့လကလည်း ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတောအတွင်းမှာ ကျင်းပကြပါတယ်။တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ ဗီယက်နမ်နှစ်သစ်ကူးပွဲတော်ရဲ့ ကွားခြားချက်ကတော့ အချိန်ကွာခြားမှုအရ တစ်နာရီလောက်သာကွာခြားမှုရှိပြီး နှစ်သစ်ကူးပွဲတော်ချိန်နဲ့ နီးကပ်လာပြီဆိုရင် အိမ်သန့်ရှင်းရေးတွေ ကြိုတင်လုပ်ဆောင်ကာ နှစ်သစ်ကို ကြိုဆိုကြပါတယ်။ခင်္သြေ့အက၊ နဂါးအကနဲ့ မီးရှူးမီးပန်းတွေ ဖောက်တာကလည်း တရုတ်နှစ်သစ်ကူူးပွဲတော်နဲ့ ဆင်တူတဲ့ ဗီယက်နမ်နှစ်သစ်ကူးပွဲတော်ရဲ့ အလေ့အထပဲ ဖြစ်ပါတယ်။ ဒါအပြင် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကံကောင်းအောင် မုန်ဖိုးပေးတဲ့ အလေ့အထကိုလည်း ပြုလုပ်တတ်ကြပါတယ်။ အသစ်သစ်တွေကို လိုလားတဲ့ ခရီသွားတွေအနေနဲ့လည်း ဗီယက်နမ်ကို အလည်အပတ်သွားရင်း သူတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကို စီးမြောခံစားရင်း ခရီးသွားခံစားမှုအသစ်တွေ ရယူလိုက်ပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ထိုင်းနှစ်သစ်ကူးပွဲတော်

ထိုင်းနှစ်သစ်ကူးပွဲတော်ကျင်းပပုံက မြန်မာရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပပုံနဲ့ ဆင်တူပါတယ်။ ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို Songkran လို့လည်း ခေါ်ကြပါသေးတယ်။ ထိုင်းနှစ်သစ်ကူးပွဲတော်ကို ဓလေ့ထုံးစံနဲ့အညီ ဧပြီလမှာကျင်းပလေ့ရှိပြီး မကောင်းမှုဒုစရိုက်တွေကို ပယ်ဖျောက်ဖို့အတွက် ရည်ရွယ်ပြီး ဘုရားဆင်းတုတော်မှာ ရေပူဇော်ကြသလို ဘုန်းကြီးကျောင်းတွေမှာ စားသောက်ဖွယ်ရာတွေနဲ့ လှုဖွယ်ဝတ္တူတွေကို ဆပ်ကပ်လှူဒါန်းကြပါတယ်။ဒါအပြင် ထင်ရှားတဲ့ ထိုင်းလမ်းမတွေမှာ ရေသဘင်ပွဲတော်ကို နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ဒေသခံထိုင်းလူမျိုးတွေပါ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲှကြပါတယ်။ ထိုင်းနှစ်သစ်ကူးပွဲကျင်းပနေတဲ့အချိန် ထိုင်းဘက်ကို အခါအခွင့်သင့်လို့ ရောက်ရှိနေရင် မြန်မာရေသဘင်ပွဲတော်နှင့် ဘာကွာခြားမှုရှိလဲဆိုတာ သိနိုင်ဖို့ ပါဝင်ဆင်နွှဲကြည့်သင့်ပါတယ်။

Songkran

Songkran

မြန်မာနှစ်သစ်ကူးပွဲတော်

ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်နဲ့ဆင်တူတဲ့ မြန်မာရိုးရာနှစ်သစ်ကူးပွဲတော်ကိုလည်း ဧပြီလမှာ ကျင်းပလေ့ရှိပါတယ်။မြန်မာနှစ်သစ်ကူးရေသဘင်ပွဲတော်ကို အကြို၊ အကျ၊ အကြတ်၊ အတက်ဆိုပြီး လေးရက်တာကျင်းပပြီး နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးဝါကြီးတွေကို ခေါင်းဆေးမင်္ဂလာကျင်းပပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်းဖြင့် ကုသိုလ်ယူကြပါတယ်။ဒါအပြင် ရေကစားသူများကို မုန့်လုံးရေပေါ်ကျွေးခြင်း၊ ရွှေရင်အေးတိုက်ကျွေးခြင်း အစရှိသဖြင့် မုန့်မျိုးစုံလုပ်ကာ စတုဒီသာကျွေးကြတာကလည်း မြန်မာတို့ရဲ့ ချစ်စရာအလေ့အထဖြစ်ပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ သင်္ကြန်အချိန်အခါမှာသာ ပွင့်တဲ့ ပိတောက်ပန်းကို ဘုရားမှာဆပ်ကပ်ပူဇော်ကြသလို မြန်အမျိုးသမီးတွေကိုယ်တိုင်လည်း မြတ်မြတ်နိုးနိုး ပန်ဆင်ကြခြင်းဖြစ်ပါတယ်။ ဝါဝါထိန်ထိန်ပိတောက်ပန်းလေးတွေနဲ့ လူမျိုးဘာသာမရွေး ရေကစားကြတဲ့ မြန်မာရိုးရာ ရေသဘင်ပွဲတော်ကလည်း အရမ်းချစ်စရာကောင်းလို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ သင်္ကြန်ချိန်ခါ မြန်မာပြည်မှာရှိနေရင် မဖြစ်မနေပါဝင်ဆင်နွဲှကြည့်သင့်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

အိန္ဒိယဟိုလီပွဲ

နောက်ထပ်အာရှတစ်ခွင်မှာရှိတဲ့ ထင်ရှားတဲ့ပွဲတော်တွေအကြောင်းပြောမယ်ဆိုရင် အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ ဟိုလီပွဲတော်ကို ချန်ထားလို့မရပါဘူး။ဟိုလီပွဲတော်ကို အများအားဖြင့် ဖေဖော်ဝါရီလကုန်ခါနီး မတ်လအလယ်လောက်မှာ ကျင်းပလေ့ရှိပါတယ်။ ဟိုလီပွဲတော်က ရှေးဟောင်း Hindu ဘာသာရေးပွဲတော်အဖြစ် ကျော်ကြားရာကနေ အခြားသော တောင်အာရှနိုင်ငံတွေကိုပါ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ဟိုလီပွဲတော်ကို ညဘက်မှာစတင်ကျင်းပပြီး လူတွေက မီးပုံပတ်ပတ်လည်မှာ စုဝေးရောက်ရှိနေကာ သီချင်းတွေသီဆိုရင်း ကခုန်ကြပါတယ်။နောက်တစ်နေ့မှာတော့ ပေါင်ဒါမုန့်၊ ဆေးရောင်စုံ၊ အရောင်ပါတဲ့ရေတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်သုတ်လိမ်းကာ လမ်းမတွေ ပန်းခြံတွေနဲ့ ဘုရားကျောင်းအပြင်ဘက်တွေမှာ ဟိုလီပွဲကို ပျော်ရွှင်စွာကျင်းပကြပါတယ်။ အိန္ဒိယဟိုလီပွဲကို ပါဝင်ဆင်နွဲှဖို့အတွက် ဟိုလီပွဲကျင်းပတဲ့အချိန်ကို အမီသွားကာ အရောင်တွေကြားကနေ ခရီးသွားရင်း ပျော်ရွှင်မှုအသစ်ကို ရှာဖွေကြည့်သင့်ပါတယ်။

Holi Festival

Holi Festival

Japan Hanami ပွဲ

Japan နိုင်ငံက အလှတွေနဲ့ စုဝေးနေတဲ့ နိုင်ငံဖြစ်ပြီး အများအားဖြင့် မတ်လကနေ မေလအစောအပိုင်းအထိအချိန်က ဆာကူယာပန်းတွေ ပွင့်တဲ့အချိန်ဖြစ်လို့ သာမန်အချိန်တွေထက် ပိုလို့တောင် လှပနေပါသေးတယ်။ ဆာကူယာပန်းတွေပွင့်တဲ့အချိန်မှာ Hanami ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ Hanami ရဲ့အဓိပ္ပာယ်ကို ဘာသာပြန်ရမယ်ဆိုရင် ပန်းကြည့်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ Hanami ပွဲတော်က ဂျပန်ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်ပြီး ချယ်ရီ ဆာကူယာပန်းအလှတွေကြားမှာ ပျော်ရွှင်စွာ ဆင်နွဲှကြပါတယ်။ ဆာကူယာပန်းပွင့်မယ်အချိန်ကို ကြိုတင်ခန့်မှန်းပေးလေ့ရှိပြီး ခန့်မှန်းပေးတဲ့ရက်နဲ့လည်း အနည်းငယ်သာခြားပြီး ပွင့်လေ့ရှိပါတယ်။ ဆာကူယာပန်းပွင့်တဲ့အချိန်က ခရီးသွားဧည့်သည်တွေ အလာများကာ ဆာကူယာပန်းအလှကို ခံစားကြပါတယ်။ ဆာကူယာပန်းပွင့်တဲ့အချိန်ဆို ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နေသလို ဂျပန်လူမျိုးတွေကလည်း ဆာကူယာပန်းပွင့်တဲ့ အပင်အောက်မှာ ပျော်ပွဲရွှင်ပွဲ၊ တွေ့ဆုံပွဲတွေကို နေရောညပါ ကျင်းပပြုလုပ်ကြပါတယ်။ ပန်းရောင်လွှမ်းတဲ့ ဆာကူယာပန်းတွေဝေနေတဲ့ မီးရောင်အောက်မှာ စားကြသောက်ကြ ပျော်ကြပါးကြရင်း သဘာဝအလှကို ခံစားနေတဲ့ ဂျပန်လူမျိုးတွေရဲ့ ပန်းကြည့်ပွဲတော်ကလည်း အခြားဘယ်နိုင်ငံနဲ့မှ မတူတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်လို့ ပါဝင်ဆင်နွဲှကြည့်သင့်ပါတယ်။

Hanami Festival

Hanami Festival

အထက်ပါ အာရှတစ်ခွင်မှာရှိတဲ့ ပွဲတော်တွေထဲက တစ်ခုမဟုတ်တစ်ခုကို ပါဝင်ဆင်နွဲှကြည့်ကာ ဆန်းပြားပြီးတစ်မူထူးခြားတဲ့ ခရီးသွားအတွေ့အကြုံသစ်ကို ရှာဖွေကြည့်ချင်တယ်ဆိုရင်တော့ ပွဲတော်ကျင်းပမယ့်ရက်ကို သေချာစစ်ဆေးပြီးမှ ပွဲတော်ချိန်ကို အရောက်သွားကာ ပါဝင်ဆင်နွှဲဖို့ အကြံပြုလိုက်ပါရစေနော်။

H.H (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။