[Zawgyi]

ကေလးေတြကို ကယ္ဆယ္ေနတုန္း ၾသစေၾတးလ်ဆရာဝန္ၾကီး Richard Harris ရဲ႕ ဖခင္ေသဆံုး

ဂူထဲမွာ ပိတ္မိေနတဲ့ ထုိင္းေဘာလံုးအသင္းကို ကယ္ဆယ္ရာမွာ ပါဝင္ကူညီခဲ့တဲ့ ၾသစေၾတးလ်ဆရာဝန္ၾကီး ေဒါက္တာ Richard Harris ရဲ႕ အေဖဟာ ဂူထဲက ေနာက္ဆံုးကေလးေတြ အျပင္ထြက္လာႏိုင္တဲ့ ညမွာပဲ ေသဆံုးသြားခဲ့ပါတယ္။

Richard Harris

Richard Harris

ေမ့ေဆးဆရာဝန္ၾကီး ေဒါက္တာ Richard Harris ဟာ သူ႔ရဲ႕ ေဆးကုသမႈအေတြ႔အၾကံဳေတြေရာ၊ ေရငုပ္စြမ္းရည္ေတြေရာကိုပါ အသံုးခ်ျပီး ကေလးတစ္ေယာက္စီ ဘယ္အခ်ိန္မွာ ဂူထဲက ထြက္ရမယ္ဆိုတာကို ဆံံုးျဖတ္ေပးခဲ့တဲ့သူ ျဖစ္ပါတယ္။

ေဒါက္တာ Richard Harris နဲ႔ တျခား Navy SEALS ၃ ေယာက္ဟာလည္း ေဘာလံုးသမားကေလးေတြနဲ႔ သူတို႔ရဲ႕ နည္းျပတုိ႔ ဂူထဲက ထြက္ခြာႏုိင္ေအာင္ ကူညီကယ္ဆယ္ျပီးမွ ေနာက္ဆံုးမွ ထြက္လာလိုက္ၾကတာ ျဖစ္ပါတယ္။ ဒီလို ကယ္ဆယ္ေရး လုပ္ငန္းၾကီး ေအာင္ျမင္ျပီး သိပ္မၾကာခင္မွာပဲ ေဒါက္တာ Richard Harris တစ္ေယာက္ သူ႔အေဖရဲ႕ နာေရးသတင္းကို သိခဲ့ရတာ ျဖစ္ပါတယ္။

ေဒါက္တာ Richard Harris ရဲ႕ မိတ္ေဆြေတြ အေျပာအရေတာ့ ေဒါက္တာ Richard ဟာ သူ႔အိမ္ကို ျပန္လာေတာ့မွာ ျဖစ္ျပီး မိသားစုကို အခ်ိန္ေပးေတာ့မွာ ျဖစ္တယ္လို႔ ဆုိပါတယ္။

ေဒါက္တာ Harris ဟာ ၾသစေၾတးလ်လူမ်ိဳး အေယာက္ ၂၀ ပါဝင္တဲ့ ကယ္ဆယ္ေရးအဖြဲ႔ရဲ႕ အစိတ္အပုိင္းတစ္ခုျဖစ္ျပီး ဘယ္သူေတြကို အရင္ဆံုးကယ္ဆယ္မယ္၊ ဘယ္ခ်ိန္မွာ အျပင္ထြက္မယ္ဆုိတာကို ဆံုးျဖတ္ေပးရတဲ့ အေရးၾကီးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

အခုလို ကေလး ၁၂ ေယာက္နဲ႔ နည္းျပအဖြဲ႕ကို ကယ္ဆယ္ေနခ်ိန္မွာ တစ္ဖက္မွာေတာ့ ဖခင္အရင္းကို ဆံုးရႈံးလိုက္ရေပမယ့္ သူ႔ရဲ႕ ျမင့္ျမတ္တဲ့ စိတ္ထားနဲ႔ လုပ္ရပ္ေၾကာင့္ သူ႔ဖခင္ကလည္း တမလြန္ကေန ဂုဏ္ယူႏုိင္ပါလိမ့္မယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider
[Unicode]

ကလေးတွေကို ကယ်ဆယ်နေတုန်း သြစတြေးလျဆရာဝန်ကြီး Richard Harris ရဲ့ ဖခင်သေဆုံး

ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းဘောလုံးအသင်းကို ကယ်ဆယ်ရာမှာ ပါဝင်ကူညီခဲ့တဲ့ သြစတြေးလျဆရာဝန်ကြီး ဒေါက်တာ Richard Harris ရဲ့ အဖေဟာ ဂူထဲက နောက်ဆုံးကလေးတွေ အပြင်ထွက်လာနိုင်တဲ့ ညမှာပဲ သေဆုံးသွားခဲ့ပါတယ်။

Richard Harris

Richard Harris

မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ Richard Harris ဟာ သူ့ရဲ့ ဆေးကုသမှုအတွေ့အကြုံတွေရော၊ ရေငုပ်စွမ်းရည်တွေရောကိုပါ အသုံးချပြီး ကလေးတစ်ယောက်စီ ဘယ်အချိန်မှာ ဂူထဲက ထွက်ရမယ်ဆိုတာကို ဆံုံးဖြတ်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာ Richard Harris နဲ့ တခြား Navy SEALS ၃ ယောက်ဟာလည်း ဘောလုံးသမားကလေးတွေနဲ့ သူတို့ရဲ့ နည်းပြတို့ ဂူထဲက ထွက်ခွာနိုင်အောင် ကူညီကယ်ဆယ်ပြီးမှ နောက်ဆုံးမှ ထွက်လာလိုက်ကြတာ ဖြစ်ပါတယ်။ ဒီလို ကယ်ဆယ်ရေး လုပ်ငန်းကြီး အောင်မြင်ပြီး သိပ်မကြာခင်မှာပဲ ဒေါက်တာ Richard Harris တစ်ယောက် သူ့အဖေရဲ့ နာရေးသတင်းကို သိခဲ့ရတာ ဖြစ်ပါတယ်။

ဒေါက်တာ Richard Harris ရဲ့ မိတ်ဆွေတွေ အပြောအရတော့ ဒေါက်တာ Richard ဟာ သူ့အိမ်ကို ပြန်လာတော့မှာ ဖြစ်ပြီး မိသားစုကို အချိန်ပေးတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ Harris ဟာ သြစတြေးလျလူမျိုး အယောက် ၂၀ ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘယ်သူတွေကို အရင်ဆုံးကယ်ဆယ်မယ်၊ ဘယ်ချိန်မှာ အပြင်ထွက်မယ်ဆိုတာကို ဆုံးဖြတ်ပေးရတဲ့ အရေးကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အခုလို ကလေး ၁၂ ယောက်နဲ့ နည်းပြအဖွဲ့ကို ကယ်ဆယ်နေချိန်မှာ တစ်ဖက်မှာတော့ ဖခင်အရင်းကို ဆုံးရှုံးလိုက်ရပေမယ့် သူ့ရဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ရပ်ကြောင့် သူ့ဖခင်ကလည်း တမလွန်ကနေ ဂုဏ်ယူနိုင်ပါလိမ့်မယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider