[Zawgyi]

သားသမီးေတြအတြက္ မိဘေတြက ဘာေတြကို စဥ္ဆက္မျပတ္ သိေနရမွာလဲ

မိဘေတြဟာ ကေလးေလးေတြအတြက္ မပ်က္မကြက္ျပဳလုပ္ေပးသင့္တဲ့အရာေတြရွိပါတယ္ေနာ္။ ေကာင္းမြန္တဲ့အေလ့အက်င့္ရွိေအာင္ ျပဳစုပ်ိဳးေထာင္ေပးတာ၊ ရင္အုပ္မကြာေစာင့္ေရွာက္ခ်စ္ခင္ေပးတာနဲ႔ ကေလးငယ္ေတြနဲ႔ သက္ဆိုင္တဲ့အရာတိုင္းကို လက္တစ္ကမ္းမွာရွိေနေစတာေတြက အေရးအႀကီးဆံုးပါပဲ။ ဒီေတာ့ မိဘေတြခ်စ္ခင္ႏွစ္သက္ရၿပီး ရတနာေလးေတြလို တန္ဖိုးထားရတဲ့ကေလးေလးေတြအတြက္ ဘာေတြလုပ္သင့္လဲ အႀကံေပးပါရေစ။

ကေလးေတြနဲ႔ပတ္သက္လို႔ အားလံုးသိေနၾကားေနျမင္ေနပါေစ

သူတို႔ေလးေတြရဲ႕ အႀကိဳက္ေတြ၊ အေလ့အက်င့္ေတြကေနစလို႔ လက္ရွိသူတို႔ေလးေတြ ဘာေတြလုပ္ေနလဲ၊ ေက်ာင္းမွာအဆင္ေျပရဲ႕လား၊ သူတို႔ေလးေတြရဲ႕ သူငယ္ခ်င္းေတြက ဘယ္သူေတြလဲ စတာေတြအားလံုးကို မ်က္ေခ်မျပတ္သိေနေအာင္ ႀကိဳးစားရပါလိမ့္မယ္ေနာ္။ ဘယ္ေလာက္ပဲအလုပ္ရႈပ္ရႈပ္ပါ။ ပစ္ထားတာမ်ိဳးေတာ့ လံုး၀မလုပ္ေစခ်င္ပါဘူးေနာ္။

ကေလးေတြကို ဘယ္သူနဲ႔မွ မယံုၾကည္လိုက္ပါနဲ႔

အေဒၚအရင္းပဲျဖစ္ျဖစ္၊ ဦးေလးအရင္းပဲျဖစ္ျဖစ္ ဘယ္သူမဆို ဘယ္သူနဲ႔မွ ယံုၾကည္စိတ္ခ်ၿပီး ကိုယ့္ရဲ႕ သားသမီးေလးကို မထားခဲ့ပါနဲ႔။ အျပင္ကို ထည့္လည္းမထည့္လိုက္ပါနဲ႔။ ကိုယ့္ရင္ခြင္ထဲမွာပဲ ရွိေနပါေစေနာ္။ အျပင္ပဲသြားသြား၊ အိမ္မွာပဲေနေန ကိုယ့္ရဲ႕ သားသမီးကို ကိုယ့္ရဲ႕ မ်က္စိေအာက္က အေပ်ာက္မခံပါနဲ႔ေနာ္။ ေက်ာင္းမွာထားခဲ့ရင္လည္း ကိုယ္ကိုယ္တိုင္ႀကိဳပို႔လုပ္ဖို႔ သတိထားေပးပါဦး။

ခ်စ္ျခင္းေမတၱာနဲ႔ ေပ်ာ္ရႊင္မႈအေၾကာင္း သင္ၾကားေပးဖို႔ မေမ့ပါနဲ႔

ဘ၀မွာ အေရးအႀကီးဆံုးက ဂုဏ္ေတြ၊ ေရႊေတြ၊ စည္းစိမ္ဥစၥာေတြ မဟုတ္ပါဘူး။ ခ်စ္ျခင္းေမတၱာနဲ႔ ေပ်ာ္ရႊင္မႈပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ေလးေတြကို သင္ၾကားျပသေပးရမယ့္ ပထမဆံုးအရာကိုျပပါဆိုရင္ေတာ့ ခ်စ္ျခင္းေမတၱာနဲ႔ ေပ်ာ္ရႊင္မႈပဲျဖစ္ပါတယ္။ ခ်စ္တတ္ေအာင္ သင္ၾကားေပးပါ။ ေပ်ာ္ရႊင္တတ္ေအာင္ ေလ့က်င့္ေပးပါ။ အသက္အရြယ္ႀကီးျပင္းတဲ့အထိ လူလူခ်င္း စာနာတတ္တဲ့ လူသားေလးေတြ ျဖစ္ေအာင္ မိဘေတြမွာ တာ၀န္ရွိပါတယ္။

ကေလးေတြကို ခ်ီးက်ဴးဖို႔ မေမ့ပါနဲ႔

မိဘေတာ္ေတာ္မ်ားမ်ားဟာ အျပစ္တင္သာေစာၾကတာ။ တစ္ခုခုမ်ား ေအာင္ျမင္လာလို႔၊ ေတာ္လာလို႔ဆိုရင္ ခ်ီးက်ဴးဖို႔ ၀န္ေလးၾကပါတယ္။ “ခ်စ္ရင္ အိပ္ခါမွနမ္း” ဆိုတဲ့စကားေတြက ေခတ္ေနာက္က်က်န္ေနခဲ့ပါၿပီ။ ခ်ီးက်ဴးျခင္းဟာ သူတို႔ကို ပိုၿပီး ယံုၾကည္မႈရွိလာေစတယ္။ ပိုၿပီး ေပ်ာ္ရႊင္လာေစတယ္။ ဒီလိုေကာင္းတဲ့စိတ္ဓာတ္ေတြ သူ႔အလိုလို စီး၀င္ဖို႔ဆိုတဲ့အခါ မိဘေတြရဲ႕ ခ်ီးက်ဴးစကားကေနပဲ ျဖစ္လာေစပါတယ္။

ကေလးနဲ႔သက္ဆိုင္တဲ့အရာတိုင္းကို လက္လွမ္းမွီေနပါေစ

ကေလးေတြနဲ႔ သက္ဆိုင္တဲ့အခမ္းအနားေလးေတြ၊ ေတြ႕ဆံုပြဲေလးေတြနဲ႔ ေပ်ာ္ပြဲရႊင္ပြဲေလးေတြကိုလည္း လက္လွမ္းမွီဖို႔ လိုအပ္ပါတယ္ေနာ္။ အိမ္ထဲမွာအၿမဲတမ္းေနတဲ့ကေလးေတြက ေပါင္းသင္းဆက္ဆံေရးမွာ ျပႆနာရွိတတ္ပါတယ္။ မၾကာခဏအျပင္ကို ေခၚလည္ေပးပါ။ ကေလးေလးေတြနဲ႔ သက္ဆိုင္တဲ့ ေပ်ာ္ပြဲရႊင္ပြဲေလးေတြမွာလည္း သူတို႔ကို လိုက္ပါေပ်ာ္ရႊင္ပါေစ။ သူတို႔ရဲ႕ ဘ၀မွာ အေရးပါလာမယ့္ ကိစၥတစ္ခုကေတာ့ ပညာေရးတင္မကပါဘူး။ ေပါင္းသင္းဆက္ဆံေရးလည္း ပါပါတယ္။ ဥပမာ လာမယ့္ေအာက္တိုဘာလ ၇ရက္ေန႔မွာဆို Nestle က က်င္းပတဲ့ Lactogrow 3 အသစ္ မိတ္ဆက္ပြဲေလးရွိပါတယ္။ ေန႔လည္ ၂နာရီကေန ၅နာရီအထိ Melia Hotel မွာပါ။ ဒါမ်ိဳးဆိုရင္လည္း ဘယ္ေန႔ဘယ္အခ်ိန္မွာ ဘယ္ေနရာမွာ ကေလးေတြနဲ႔သက္ဆိုင္တဲ့ပစၥည္းသစ္မိတ္ဆက္ပြဲရွိတယ္ဆိုၿပီး ကိုယ္က သိေနမွပဲ ကေလးေတြအတြက္ အေကာင္းဆံုးအရာေတြကို ရွာေဖြဖန္တီးေပးႏိုင္မွာေနာ္။

မိဘေတြဟာ မွန္ကန္တဲ့ထိန္းေက်ာင္းမႈနဲ႔ ကေလးေလးေတြကိုထိန္းေက်ာင္းႏုိင္မွပဲ စံျပမိဘေတြ၊ စံျပကေလးေလးေတြ ျဖစ္လာၿပီး ဘ၀တစ္ေလွ်ာက္ေပ်ာ္ရႊင္စြာ ေနထိုင္သြားႏုိင္မွာပါ။ ကေလးေတြ ဘာေၾကာင့္ပ်က္စီးသလဲဆိုတာဟာလည္း ငယ္စဥ္က မိဘေတြဟာ ကေလးေတြအေပၚ ဘယ္လိုထိန္းေက်ာင္းခဲ့လဲဆိုတာနဲ႔ အမ်ားႀကီးသက္ဆိုင္ေနလို႔ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘ၀ေလးကို ဖန္တီးႏုိင္ဖို႔ သားသမီးေလးေတြကို ေကာင္းမြန္စြာ ေစာင့္ေရွာက္ၾကရေအာင္ေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

သားသမီးတွေအတွက် မိဘတွေက ဘာတွေကို စဉ်ဆက်မပြတ် သိနေရမှာလဲ

မိဘတွေဟာ ကလေးလေးတွေအတွက် မပျက်မကွက်ပြုလုပ်ပေးသင့်တဲ့အရာတွေရှိပါတယ်နော်။ ကောင်းမွန်တဲ့အလေ့အကျင့်ရှိအောင် ပြုစုပျိုးထောင်ပေးတာ၊ ရင်အုပ်မကွာစောင့်ရှောက်ချစ်ခင်ပေးတာနဲ့ ကလေးငယ်တွေနဲ့ သက်ဆိုင်တဲ့အရာတိုင်းကို လက်တစ်ကမ်းမှာရှိနေစေတာတွေက အရေးအကြီးဆုံးပါပဲ။ ဒီတော့ မိဘတွေချစ်ခင်နှစ်သက်ရပြီး ရတနာလေးတွေလို တန်ဖိုးထားရတဲ့ကလေးလေးတွေအတွက် ဘာတွေလုပ်သင့်လဲ အကြံပေးပါရစေ။

ကလေးတွေနဲ့ပတ်သက်လို့ အားလုံးသိနေကြားနေမြင်နေပါစေ

သူတို့လေးတွေရဲ့ အကြိုက်တွေ၊ အလေ့အကျင့်တွေကနေစလို့ လက်ရှိသူတို့လေးတွေ ဘာတွေလုပ်နေလဲ၊ ကျောင်းမှာအဆင်ပြေရဲ့လား၊ သူတို့လေးတွေရဲ့ သူငယ်ချင်းတွေက ဘယ်သူတွေလဲ စတာတွေအားလုံးကို မျက်ချေမပြတ်သိနေအောင် ကြိုးစားရပါလိမ့်မယ်နော်။ ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်ပါ။ ပစ်ထားတာမျိုးတော့ လုံးဝမလုပ်စေချင်ပါဘူးနော်။

ကလေးတွေကို ဘယ်သူနဲ့မှ မယုံကြည်လိုက်ပါနဲ့

အဒေါ်အရင်းပဲဖြစ်ဖြစ်၊ ဦးလေးအရင်းပဲဖြစ်ဖြစ် ဘယ်သူမဆို ဘယ်သူနဲ့မှ ယုံကြည်စိတ်ချပြီး ကိုယ့်ရဲ့ သားသမီးလေးကို မထားခဲ့ပါနဲ့။ အပြင်ကို ထည့်လည်းမထည့်လိုက်ပါနဲ့။ ကိုယ့်ရင်ခွင်ထဲမှာပဲ ရှိနေပါစေနော်။ အပြင်ပဲသွားသွား၊ အိမ်မှာပဲနေနေ ကိုယ့်ရဲ့ သားသမီးကို ကိုယ့်ရဲ့ မျက်စိအောက်က အပျောက်မခံပါနဲ့နော်။ ကျောင်းမှာထားခဲ့ရင်လည်း ကိုယ်ကိုယ်တိုင်ကြိုပို့လုပ်ဖို့ သတိထားပေးပါဦး။

ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုအကြောင်း သင်ကြားပေးဖို့ မမေ့ပါနဲ့

ဘဝမှာ အရေးအကြီးဆုံးက ဂုဏ်တွေ၊ ရွှေတွေ၊ စည်းစိမ်ဥစ္စာတွေ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့လေးတွေကို သင်ကြားပြသပေးရမယ့် ပထမဆုံးအရာကိုပြပါဆိုရင်တော့ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။ ချစ်တတ်အောင် သင်ကြားပေးပါ။ ပျော်ရွှင်တတ်အောင် လေ့ကျင့်ပေးပါ။ အသက်အရွယ်ကြီးပြင်းတဲ့အထိ လူလူချင်း စာနာတတ်တဲ့ လူသားလေးတွေ ဖြစ်အောင် မိဘတွေမှာ တာဝန်ရှိပါတယ်။

ကလေးတွေကို ချီးကျူးဖို့ မမေ့ပါနဲ့

မိဘတော်တော်များများဟာ အပြစ်တင်သာစောကြတာ။ တစ်ခုခုများ အောင်မြင်လာလို့၊ တော်လာလို့ဆိုရင် ချီးကျူးဖို့ ဝန်လေးကြပါတယ်။ “ချစ်ရင် အိပ်ခါမှနမ်း” ဆိုတဲ့စကားတွေက ခေတ်နောက်ကျကျန်နေခဲ့ပါပြီ။ ချီးကျူးခြင်းဟာ သူတို့ကို ပိုပြီး ယုံကြည်မှုရှိလာစေတယ်။ ပိုပြီး ပျော်ရွှင်လာစေတယ်။ ဒီလိုကောင်းတဲ့စိတ်ဓာတ်တွေ သူ့အလိုလို စီးဝင်ဖို့ဆိုတဲ့အခါ မိဘတွေရဲ့ ချီးကျူးစကားကနေပဲ ဖြစ်လာစေပါတယ်။

ကလေးနဲ့သက်ဆိုင်တဲ့အရာတိုင်းကို လက်လှမ်းမှီနေပါစေ

ကလေးတွေနဲ့ သက်ဆိုင်တဲ့အခမ်းအနားလေးတွေ၊ တွေ့ဆုံပွဲလေးတွေနဲ့ ပျော်ပွဲရွှင်ပွဲလေးတွေကိုလည်း လက်လှမ်းမှီဖို့ လိုအပ်ပါတယ်နော်။ အိမ်ထဲမှာအမြဲတမ်းနေတဲ့ကလေးတွေက ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာရှိတတ်ပါတယ်။ မကြာခဏအပြင်ကို ခေါ်လည်ပေးပါ။ ကလေးလေးတွေနဲ့ သက်ဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲလေးတွေမှာလည်း သူတို့ကို လိုက်ပါပျော်ရွှင်ပါစေ။ သူတို့ရဲ့ ဘဝမှာ အရေးပါလာမယ့် ကိစ္စတစ်ခုကတော့ ပညာရေးတင်မကပါဘူး။ ပေါင်းသင်းဆက်ဆံရေးလည်း ပါပါတယ်။ ဥပမာ လာမယ့်အောက်တိုဘာလ ၇ရက်နေ့မှာဆို Nestle က ကျင်းပတဲ့ Lactogrow 3 အသစ် မိတ်ဆက်ပွဲလေးရှိပါတယ်။ နေ့လည် ၂နာရီကနေ ၅နာရီအထိ Melia Hotel မှာပါ။ ဒါမျိုးဆိုရင်လည်း ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ကလေးတွေနဲ့သက်ဆိုင်တဲ့ပစ္စည်းသစ်မိတ်ဆက်ပွဲရှိတယ်ဆိုပြီး ကိုယ်က သိနေမှပဲ ကလေးတွေအတွက် အကောင်းဆုံးအရာတွေကို ရှာဖွေဖန်တီးပေးနိုင်မှာနော်။

မိဘတွေဟာ မှန်ကန်တဲ့ထိန်းကျောင်းမှုနဲ့ ကလေးလေးတွေကိုထိန်းကျောင်းနိုင်မှပဲ စံပြမိဘတွေ၊ စံပြကလေးလေးတွေ ဖြစ်လာပြီး ဘဝတစ်လျှောက်ပျော်ရွှင်စွာ နေထိုင်သွားနိုင်မှာပါ။ ကလေးတွေ ဘာကြောင့်ပျက်စီးသလဲဆိုတာဟာလည်း ငယ်စဉ်က မိဘတွေဟာ ကလေးတွေအပေါ် ဘယ်လိုထိန်းကျောင်းခဲ့လဲဆိုတာနဲ့ အများကြီးသက်ဆိုင်နေလို့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးနိုင်ဖို့ သားသမီးလေးတွေကို ကောင်းမွန်စွာ စောင့်ရှောက်ကြရအောင်နော်။

Moethaesay (Akhayar)

www.akhayar.com