ခုနောက်ပိုင်း မိန်းကလေးတော်တော်များများ အလှအပကို အလေးထား ဂရုစိုက်လာတာနဲ့အမျှ Sheet Mask တွေကလည်း အလှအပရေးရာတွေမှာ နေရာယူလို့လာပါတယ်။ Sheet Mask တွေဟာ အသားအရေလှပအောင် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့ အရာ ဖြစ်ပါတယ်။ Sheet Mask တွေကို တွင်တွင်ကျယ်ကျယ်စတင်အသုံးပြုတာကတော့ ကိုရီးယားလူမျိုးတွေဖြစ်ကြပြီး အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် စတင်အသုံးပြုခဲ့ရာကနေ ကောင်းကျိုးတွေ အမြောက်အမြားရှိတာကို သိရှိလာပြီး ကမ္ဘာ့တစ်ဝှမ်းလုံးကလူတွေ နောက်ပိုင်းမှာ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

Sheet Mask လို့ပြောနေကြတာတော့ ဟုတ်ပါပြီ။ Sheet Mask ဆိုတာက ဘယ်လိုအရာကြီးလဲ မသိတဲ့သူတွေအတွက် မြင်သာအောင်ပြောပြရမယ်ဆိုရင် အသားအရေအတွက် အကျိုးရှိစေမယ့် အဆီအနှစ်တွေ ပါဝင်အောင် ပြုလုပ်ထားတဲ့ တစ်ရှုးစက္ကူလို ပါးပါးလျလျ မျက်နှာဖုံးပုံစံ အချပ်ပဲ ဖြစ်ပါတယ်။ Sheet Mask တွေဟာ မတူညီတဲ့ အသားအရေအမျိုးအစားတွေ ထိန်းသိမ်းနိုင်ဖို့အတွက် အမျိုးအစား စုံစုံလင်လင် ထုတ်လုပ်ထားပါတယ်။ သူတို့ကို ကပ်လိုက်ရင် လန်းဆန်းစေခြင်း၊ ရေဓာတ်ပြည့်စေခြင်း၊ အသားအရေဝင်းပလာခြင်းနဲ့ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းစေခြင်း စတဲ့ အကျိုးအာနိသင်တွေ ရရှိစေပါတယ်။ Sheet Mask ဟာ သာမန် Mask တွေနဲ့ မတူ ကွဲခြားတာကတော့ အငွေ့မပြန်လွယ်ဘဲ Mask ပေါ်ရှိ အဆီအနှစ်တွေကို အသားအရေ အတွင်းပိုင်းအထိ ထိုးဖောက်ရောက်ရှိစေအောင် ကူညီပေးနိုင်တာပဲ ဖြစ်ပါတယ်။

Sheet Mask

Sheet Mask

ခြောက်သွေ့ပြီး သန့်ရှင်းတဲ့အသားအရေပေါ် Sheet Mask လေးကပ်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိထားပေးပါ။ အချိန်အနည်းငယ်ကြာအောင် ကပ်ထားလို့ရပေမယ့် တချို့ Sheet Mask တွေကို အချိန်ကြာကြာကပ်ထားမိရင် အသားအရေ ခြောက်သွေ့တာမျိုး ဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ Sheet Mask ကပ်ရင် ၂၅ မိနစ်(သို့) ၃၀ မိနစ်လောက်အထိသာ ကပ်ထားသင့်ပါတယ်။ Sheet Mask ကို တစ်ညလုံးကပ်ပြီး အိပ်တာမျိုး မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို တစ်ညလုံးကပ်ပြီး အိပ်မိရင် မနက်ရောက်တဲ့အခါမှာ အသားအရေအလွန်အမင်းခြောက်သွေ့တာမျိုး ဖြစ်စေနိုင်လို့ပါ။

Sheet Mask ကပ်မယ့်ဆိုရင် မကပ်ခင် အသားအရေကို သန့်စင်အောင် သေချာဆေးကြောပြီး ခြောက်သွေ့အောင်ပြုလုပ်ထားပါ။

Clean your face

Clean your face

ဆဲလ်သေတဲ့ ဖယ်ရှားဖို့ အစီအစဉ်ရှိခဲ့ရင် Mask မကပ်ခင် အရင်ပြုလုပ်ထားသင့်ပါတယ်။ အဲဒီလို အရင်ပြုလုပ်ထားမှသာ မျက်နှာလည်းသန့်စင်ပြီး အညစ်အကြေးတွေလည်း ဖယ်ရှားပြီးသားဖြစ်ကာ Mask ပေါ်ရှိ အဆီအနှစ်တွေကိုလည်း ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။

တချို့တွေက Sheet Mask ကပ်ပြီးလို့ ခွာလိုက်တဲ့အခါမှာ ဒီတိုင်းထားတတ်ကြသလို မျက်နှာသစ်လိုက်ကြတာမျိုးတွေလည်း ရှိပါတယ်။ အမှန်တော့ Sheet Mask ကပ်ပြီးလို့ ခွာလိုက်တဲ့အချိန်မျိုးမှာ Mask ပေါ်ရှိ အဆီအနှစ်တွေ အသားအရေပေါ်မှာ ကပ်ကျန်နေတတ်လို့ အသားထဲစိမ့်ဝင်သွားအောင် ပုတ်ပေးပါ။ မျက်နှာပြန်မသစ်ဖြစ်ဖို့က အရေးကြီးဆုံး အချက်ပါပဲ။ မျက်နှာသစ်လိုက်ရင် ကျန်ရှိနေတဲ့ အဆီအနှစ်တွေအကုန်လုံး ရေနဲ့ မျောပါသွားတဲ့ အတွက်ကြောင့်ပါ။ အကယ်၍ Sheet Mask ကပ်ပြီးလို့ စေးကပ်ကပ်ဖြစ်တယ်လို့ ခံစားရရင် တခြား Mask တစ်ခုကို ပြောင်းသုံးကြည့်သင့်ပါတယ်။

Sheet Mask

Sheet Mask

ကဲ…….ဒီလောက်ဆိုရင်တော့ Sheet Mask က ဘာလဲ၊ Sheet Mask မကပ်ခင် ဘာတွေပြုလုပ်ထားရမလဲ ကပ်ပြီးရင်လည်း ဘယ်လိုနေထိုင်ရမလဲဆိုတာ ကောင်းကောင်းသိသွားလောက်ပြီလို့ ထင်ပါတယ်။ Sheet Mask လေးတွေကပ်ပြီး နူးညံ့အိထွေးတဲ့ ဘေဘီ Skin လိုမျိုး အသားအရေလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com