[Zawgyi]

ပုိက္ဆံေတြကုိ ဘယ္လုိရွာၿပီး ဘယ္မွာသုံးလုိက္တာလဲ Mark Zuckerberg

ဘီလ်ံနာႀကီး ျဖစ္ေနေပမယ့္ ဘဝကုိ ရုိးရုိးရွင္းရွင္းပဲ ျဖတ္သန္းတတ္တဲ့ မက္ဇူကာဘတ္ (Mark Zuckerberg) ကုိေတာ့ လူတုိင္းက ခ်ီးက်ဴးၾကပါတယ္။ Facebook ဟာ အသုံးျပဳသူ သန္း (၅ဝ) ေက်ာ္ရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြကုိ ေပါက္ၾကားမႈနဲ႔ ပတ္သက္ၿပီး သတင္းေတြထြက္ေနတုန္းကမွာ ရွယ္ယာေစ်းႏႈန္းေတြ ထုိးက်သြားၿပီး  လက္ရွိအခ်ိန္မွာေတာ့ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၇၂.၃ ဘီလီယံရွိတယ္လုိ႔  Forbes မဂၢဇင္းရဲ႕အဆုိအရ သိရပါတယ္။
ကမၻာ့ပဥၥမေျမာက္အခ်မ္းသာဆုံးသူေဌးႀကီး မက္ဇူကာဘတ္ဟာ ပုိက္ဆံခ်မ္းသာသေလာက္ ဘယ္လုိအသုံးျပဳသလဲဆုိတာ ၾကည့္ရေအာင္။

Facebook CEO Mark Zuckerberg

Facebook CEO Mark Zuckerberg

မက္ဇူကာဘတ္က Facebook ကုိ ၂ဝဝ၄ခုႏွစ္ ေဖေဖာ္ဝါရီလ (၄) ရက္ေန႔မွာ တည္ေထာင္လုိက္တယ္၊ ၿပီးေတာ့ ငယ္ကြ်မ္းေဆြ ပရစ္ဆီလာခ်န္း (Priscilla Chan) နဲ႔ ၂ဝ၁၂ခုႏွစ္ ေမလ (၁၉) ရက္ေန႔မွာ လက္ထပ္လုိက္တယ္။ ၂ဝ၁၅ခုႏွစ္ ဒီဇင္ဘာလ (၁) ရက္ေန႔မွာ သမီးႀကီး မက္ဇ္ (Max) ကုိ ေမြးတယ္၊ ၿပီးေတာ့ ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၈) ရက္ေန႔မွာ သမီးငယ္ ၾသဂတ္စ္ (August) ကုိ ေမြးခဲ့ပါေသးတယ္။ ဆုိေတာ့ သမီးႏွစ္ေယာက္နဲ႔ သုိက္သုိက္ဝန္းဝန္းျဖစ္ေနတဲ့ မိသားစုေလးပါ။ တကၠသုိလ္ေက်ာင္းသားဘဝတည္းက ခ်စ္သူေတြျဖစ္ခဲ့ၾကလုိ႔ အတြင္းသိအစင္းသိေတြျဖစ္ေနပါတယ္။ ၿပီးေတာ့ ဘဝကုိ ရုိးရုိးစင္းစင္းနဲ႔ ျဖတ္သန္းခ်င္သူေတြပါ။

Mark Zuckerberg & Priscilla Chan

Mark Zuckerberg & Priscilla Chan

မက္ဇူကာဘတ္ဆုိရင္ (၃၃) ႏွစ္သာရွိေသးေပမယ့္ လူငယ္ပီပီ ၾကြားဝါခ်င္စိတ္ မရွိပါဘူး။ မီးခုိးေရာင္တီရွပ္၊ ဂ်င္းေဘာင္းဘီနဲ႔ Hoodie ေတြကုိသာ ဝတ္ဆင္သူပါ။ အေနာက္တုိင္းဝတ္စုံကုိ တကယ္လုိအပ္လာမွသာ ဝတ္ေလ့ရွိပါတယ္။ ၿပီးေတာ့ သူေဌးဆုိလုိ႔လည္း ၿပိဳင္ကားေတြ အမုိးဖြင့္ကားေတြ ဝယ္မစီးပါဘူး။ သူစီးတဲ့ Honda Fit ၊ Acura TSX နဲ႔ Volkswagen Hatchback ေတြဆုိတာက ေဒၚလာ ၃ေသာင္း (သိန္း ၄ဝဝ) မေက်ာ္ပါဘူး။ တကယ္ခ်မ္းသာတဲ့သူေတြက မၾကြားဝါတတ္ဖူးဆုိတာ သူ႕ကုိၾကည့္ၿပီး သံေဝဂယူႏုိင္ပါတယ္။

Simple Life of Mark Zuckerberg

Simple Life of Mark Zuckerberg

သူဟာ အိမ္ျခံေျမနဲ႔ ပတ္သက္ရင္ ပုိက္ဆံသုံးပါတယ္။ ၂ဝ၁၁ခုႏွစ္တုန္းက ေပၚလုိေအာ္တုိၿမိဳ႕ (Palo Alto) မွာ ၇သန္းတန္ အိမ္တစ္လုံး ဝယ္လုိက္တယ္။ စတုရန္းေပ ၅,ဝဝဝ သာရွိတဲ့ အိမ္တစ္လုံးကုိ ေစ်းႀကီးႀကီးေပးဝယ္တဲ့ မက္ဇူကာဘတ္ပါ။ ၂ဝ၁၂ ခုႏွစ္ေရာက္ေတာ့ သူ႕အိမ္ရဲ႕ဝန္းက်င္မွာရွိတဲ့ ျခံေတြကုိ အကုန္ဝယ္ပစ္တယ္၊ ေနာက္ထပ္ အိမ္ (၄) လုံး ထပ္ေဆာက္တယ္။ ဒါက သူ႕ရဲ႕လုံျခံဳေရးအရ ဝယ္တာျဖစ္ႏုိင္ပါတယ္။ အဲဒီအတြက္ သန္း ၃ဝ ေလာက္ ကုန္သြားတယ္။ ဒါေတာင္ ၂ဝ၁၃ခုႏွစ္တုန္းက ဆန္ဖရန္စစၥကုိၿမိဳ႕ (San Francisco) မွာ အိမ္တစ္လုံး ထပ္ဝယ္လုိက္ေသးတယ္။ Mission Dolores Park နားက စတုရန္းေပ ၅,၅ဝဝ ေက်ာ္ရွိတဲ့ အိမ္တစ္လုံးပါ။ ၿပီးေတာ့ အိမ္ကုိ ျပင္ဆင္လုိက္တာ ေနာက္ထပ္ ၁သန္းေက်ာ္ ထပ္ကုန္သြားပါေသးတယ္။

7 Millions House

7 Millions House

၂ဝ၁၄ခုႏွစ္မွာေတာ့ မက္ဇူကာဘတ္ဟာ ဟာဝုိင္အီျပည္နယ္ (Hawaii) က ကြ်န္းေတြဘက္ကုိ ေျခဦးလွည့္သြားတယ္။ ၃၅၇ ဧက က်ယ္ဝန္းတဲ့ ၾကံစုိက္ခင္းကြင္းေဟာင္း Kahu’aina Plantation နဲ႔ ၃၉၃ ဧကရွိတဲ့ ကမ္းေျခ Pila’a Beach ကုိ ဝယ္ခဲ့တာပါ။ ႏွစ္ခုစလုံးအတြက္ ေဒၚလာ သန္း ၁ဝဝ သုံးခဲ့ရတာပါ။ ကမ္းေျခဘက္က ေျမကြက္ေတြကုိ ဝယ္ေနရတာက သဘာဝပတ္ဝန္းက်င္ကုိ ထိန္းသိမ္းရတာ ဝါသနာႀကီးလုိ႔ပါလုိ႔ ဆုိသြားပါတယ္။ သူဟာ အေပ်ာ္ခရီးေတာ့ ထြက္ခဲပါတယ္။ အလုပ္ကိစၥနဲ႔ ခရီးထြက္တုိင္းမွာ ကုန္က်စရိတ္ေတြကုိ Facebook ကပဲ ရွင္းေပးရတာပါ။ ၂ဝ၁၅ခုႏွစ္အတြင္းမွာ မက္ဇူကာဘတ္ဟာ ခရီးသြားကုန္က်စရိတ္ ၅သန္း ကုန္က်ခဲ့ပါတယ္။ ဒါေပမယ့္ ေႏြရာသီမွာေတာ့ မေရာက္ဖူးေသးတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ျပည္နယ္ေတြကုိ အလည္သြားသူပါ။ သူဟာ ျပည္နယ္ (၅ဝ) ကုိ တစ္ႏွစ္အတြင္း အလည္အပတ္သြားမယ္လုိ႔ ဆုံးျဖတ္ထားသူပါ။

Pila'a Beach

Pila’a Beach

လူခ်မ္းသာေတြရဲ႕ ပုိင္ဆုိင္မႈအမ်ားစုကုိ ပရဟိတလုပ္ငန္းေတြကုိ လွဴဒါန္းျဖစ္ေအာင္ လႈံ႕ေဆာ္ေနတဲ့ ‘Giving Pledge’ အဖြဲ႕အစည္းထဲမွာ ပါဝင္သူပါ။ ဘီလ္ဂိတ္ (Bill Gates) နဲ႔ ဝါရင့္ဘန္႔ဖတ္ (Warren Buffett) တုိ႔က  ‘Giving Pledge’ တည္ေထာင္သူေတြျဖစ္ပါတယ္။ Facebook မွာ ပုိင္ဆုိင္သမ်ွ ရွယ္ယာ ၉၉ ရာခုိင္ႏႈန္းကုိ မေသခင္ ေရာင္းခ်လွဴဒါန္းမယ္လုိ႔ ဆုံးျဖတ္ခ်က္ခ်ထားသူပါ။

Facebook CEO Mark Zuckerberg

Facebook CEO Mark Zuckerberg

၂ဝ၁၅ခုႏွစ္ ဒီဇင္ဘာလ (၁) ရက္ေန႔မွာ ‘Chan Zuckerberg Initiative’ အဖြဲ႕အစည္းကုိ တည္ေထာင္ခဲ့ၿပီး ကမၻာတစ္လႊားမွ က်န္းမာေရး၊ လူမႈေရးနဲ႔ စြမ္းအင္ထုတ္လုပ္မႈ လုပ္ငန္းစဥ္ေတြကုိ ကူညီခဲ့ပါတယ္။ ၁၂ ဘီလီယံတန္ေၾကးရွိတဲ့ Facebook ရွယ္ယာယူနစ္ေပါင္း ၇၅သန္း ေက်ာ္ကုိ (၁၈) လအတြင္းမွာ ေရာင္းခ်ဖုိ႔ စီစဥ္ထားတယ္လုိ႔ ၂ဝ၁၇ခုႏွစ္ စက္တင္ဘာလတုန္းက ေျပာဆုိခဲ့ပါတယ္။ သူ ပုိင္ဆုိင္သမ်ွကုိ ‘Chan Zuckerberg Initiative’ ပရဟိတအဖြဲ႕ထဲမွာပဲ ထည့္ဝင္ဖုိ႔ ဆုံးျဖတ္ထားသူပါ။ ဒီအခ်က္ေတြဟာ Facebook ရဲ႕ CEO ျဖစ္တဲ့ မက္ဇူကာဘတ္ဟာ သူ႕ပုိင္ဆုိင္မႈေတြကုိ အသုံးျပဳတဲ့လုပ္ငန္းေတြပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ပိုက်ဆံတွေကို ဘယ်လိုရှာပြီး ဘယ်မှာသုံးလိုက်တာလဲ Mark Zuckerberg

ဘီလျံနာကြီး ဖြစ်နေပေမယ့် ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းတတ်တဲ့ မက်ဇူကာဘတ် (Mark Zuckerberg) ကိုတော့ လူတိုင်းက ချီးကျူးကြပါတယ်။ Facebook ဟာ အသုံးပြုသူ သန်း (၅ဝ) ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး သတင်းတွေထွက်နေတုန်းကမှာ ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားပြီး  လက်ရှိအချိန်မှာတော့ သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၇၂.၃ ဘီလီယံရှိတယ်လို့  Forbes မဂ္ဂဇင်းရဲ့အဆိုအရ သိရပါတယ်။
ကမ္ဘာ့ပဉ္စမမြောက်အချမ်းသာဆုံးသူဌေးကြီး မက်ဇူကာဘတ်ဟာ ပိုက်ဆံချမ်းသာသလောက် ဘယ်လိုအသုံးပြုသလဲဆိုတာ ကြည့်ရအောင်။

Facebook CEO Mark Zuckerberg

Facebook CEO Mark Zuckerberg

မက်ဇူကာဘတ်က Facebook ကို ၂ဝဝ၄ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှာ တည်ထောင်လိုက်တယ်၊ ပြီးတော့ ငယ်ကျွမ်းဆွေ ပရစ်ဆီလာချန်း (Priscilla Chan) နဲ့ ၂ဝ၁၂ခုနှစ် မေလ (၁၉) ရက်နေ့မှာ လက်ထပ်လိုက်တယ်။ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ သမီးကြီး မက်ဇ် (Max) ကို မွေးတယ်၊ ပြီးတော့ ၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ သမီးငယ် သြဂတ်စ် (August) ကို မွေးခဲ့ပါသေးတယ်။ ဆိုတော့ သမီးနှစ်ယောက်နဲ့ သိုက်သိုက်ဝန်းဝန်းဖြစ်နေတဲ့ မိသားစုလေးပါ။ တက္ကသိုလ်ကျောင်းသားဘဝတည်းက ချစ်သူတွေဖြစ်ခဲ့ကြလို့ အတွင်းသိအစင်းသိတွေဖြစ်နေပါတယ်။ ပြီးတော့ ဘဝကို ရိုးရိုးစင်းစင်းနဲ့ ဖြတ်သန်းချင်သူတွေပါ။

Mark Zuckerberg & Priscilla Chan

Mark Zuckerberg & Priscilla Chan

မက်ဇူကာဘတ်ဆိုရင် (၃၃) နှစ်သာရှိသေးပေမယ့် လူငယ်ပီပီ ကြွားဝါချင်စိတ် မရှိပါဘူး။ မီးခိုးရောင်တီရှပ်၊ ဂျင်းဘောင်းဘီနဲ့ Hoodie တွေကိုသာ ဝတ်ဆင်သူပါ။ အနောက်တိုင်းဝတ်စုံကို တကယ်လိုအပ်လာမှသာ ဝတ်လေ့ရှိပါတယ်။ ပြီးတော့ သူဌေးဆိုလို့လည်း ပြိုင်ကားတွေ အမိုးဖွင့်ကားတွေ ဝယ်မစီးပါဘူး။ သူစီးတဲ့ Honda Fit ၊ Acura TSX နဲ့ Volkswagen Hatchback တွေဆိုတာက ဒေါ်လာ ၃သောင်း (သိန်း ၄ဝဝ) မကျော်ပါဘူး။ တကယ်ချမ်းသာတဲ့သူတွေက မကြွားဝါတတ်ဖူးဆိုတာ သူ့ကိုကြည့်ပြီး သံဝေဂယူနိုင်ပါတယ်။

Simple Life of Mark Zuckerberg

Simple Life of Mark Zuckerberg

သူဟာ အိမ်ခြံမြေနဲ့ ပတ်သက်ရင် ပိုက်ဆံသုံးပါတယ်။ ၂ဝ၁၁ခုနှစ်တုန်းက ပေါ်လိုအော်တိုမြို့ (Palo Alto) မှာ ၇သန်းတန် အိမ်တစ်လုံး ဝယ်လိုက်တယ်။ စတုရန်းပေ ၅,ဝဝဝ သာရှိတဲ့ အိမ်တစ်လုံးကို ဈေးကြီးကြီးပေးဝယ်တဲ့ မက်ဇူကာဘတ်ပါ။ ၂ဝ၁၂ ခုနှစ်ရောက်တော့ သူ့အိမ်ရဲ့ဝန်းကျင်မှာရှိတဲ့ ခြံတွေကို အကုန်ဝယ်ပစ်တယ်၊ နောက်ထပ် အိမ် (၄) လုံး ထပ်ဆောက်တယ်။ ဒါက သူ့ရဲ့လုံခြုံရေးအရ ဝယ်တာဖြစ်နိုင်ပါတယ်။ အဲဒီအတွက် သန်း ၃ဝ လောက် ကုန်သွားတယ်။ ဒါတောင် ၂ဝ၁၃ခုနှစ်တုန်းက ဆန်ဖရန်စစ္စကိုမြို့ (San Francisco) မှာ အိမ်တစ်လုံး ထပ်ဝယ်လိုက်သေးတယ်။ Mission Dolores Park နားက စတုရန်းပေ ၅,၅ဝဝ ကျော်ရှိတဲ့ အိမ်တစ်လုံးပါ။ ပြီးတော့ အိမ်ကို ပြင်ဆင်လိုက်တာ နောက်ထပ် ၁သန်းကျော် ထပ်ကုန်သွားပါသေးတယ်။

7 Millions House

7 Millions House

၂ဝ၁၄ခုနှစ်မှာတော့ မက်ဇူကာဘတ်ဟာ ဟာဝိုင်အီပြည်နယ် (Hawaii) က ကျွန်းတွေဘက်ကို ခြေဦးလှည့်သွားတယ်။ ၃၅၇ ဧက ကျယ်ဝန်းတဲ့ ကြံစိုက်ခင်းကွင်းဟောင်း Kahu’aina Plantation နဲ့ ၃၉၃ ဧကရှိတဲ့ ကမ်းခြေ Pila’a Beach ကို ဝယ်ခဲ့တာပါ။ နှစ်ခုစလုံးအတွက် ဒေါ်လာ သန်း ၁ဝဝ သုံးခဲ့ရတာပါ။ ကမ်းခြေဘက်က မြေကွက်တွေကို ဝယ်နေရတာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရတာ ဝါသနာကြီးလို့ပါလို့ ဆိုသွားပါတယ်။ သူဟာ အပျော်ခရီးတော့ ထွက်ခဲပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးထွက်တိုင်းမှာ ကုန်ကျစရိတ်တွေကို Facebook ကပဲ ရှင်းပေးရတာပါ။ ၂ဝ၁၅ခုနှစ်အတွင်းမှာ မက်ဇူကာဘတ်ဟာ ခရီးသွားကုန်ကျစရိတ် ၅သန်း ကုန်ကျခဲ့ပါတယ်။ ဒါပေမယ့် နွေရာသီမှာတော့ မရောက်ဖူးသေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်တွေကို အလည်သွားသူပါ။ သူဟာ ပြည်နယ် (၅ဝ) ကို တစ်နှစ်အတွင်း အလည်အပတ်သွားမယ်လို့ ဆုံးဖြတ်ထားသူပါ။

Pila'a Beach

Pila’a Beach

လူချမ်းသာတွေရဲ့ ပိုင်ဆိုင်မှုအများစုကို ပရဟိတလုပ်ငန်းတွေကို လှူဒါန်းဖြစ်အောင် လှုံ့ဆော်နေတဲ့ ‘Giving Pledge’ အဖွဲ့အစည်းထဲမှာ ပါဝင်သူပါ။ ဘီလ်ဂိတ် (Bill Gates) နဲ့ ဝါရင့်ဘန့်ဖတ် (Warren Buffett) တို့က  ‘Giving Pledge’ တည်ထောင်သူတွေဖြစ်ပါတယ်။ Facebook မှာ ပိုင်ဆိုင်သမျှ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို မသေခင် ရောင်းချလှူဒါန်းမယ်လို့ ဆုံးဖြတ်ချက်ချထားသူပါ။

Facebook CEO Mark Zuckerberg

Facebook CEO Mark Zuckerberg

၂ဝ၁၅ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ‘Chan Zuckerberg Initiative’ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်လွှားမှ ကျန်းမာရေး၊ လူမှုရေးနဲ့ စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို ကူညီခဲ့ပါတယ်။ ၁၂ ဘီလီယံတန်ကြေးရှိတဲ့ Facebook ရှယ်ယာယူနစ်ပေါင်း ၇၅သန်း ကျော်ကို (၁၈) လအတွင်းမှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ၂ဝ၁၇ခုနှစ် စက်တင်ဘာလတုန်းက ပြောဆိုခဲ့ပါတယ်။ သူ ပိုင်ဆိုင်သမျှကို ‘Chan Zuckerberg Initiative’ ပရဟိတအဖွဲ့ထဲမှာပဲ ထည့်ဝင်ဖို့ ဆုံးဖြတ်ထားသူပါ။ ဒီအချက်တွေဟာ Facebook ရဲ့ CEO ဖြစ်တဲ့ မက်ဇူကာဘတ်ဟာ သူ့ပိုင်ဆိုင်မှုတွေကို အသုံးပြုတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com