MP3 ဆိုတဲ့ ဖုိင္ Format ကုိေတာ့ သင္သိမယ္ထင္ပါတယ္။ ဘာလုိ႔လဲဆုိေတာ့ MP3 ဆုိတာ ကမာၻႀကီးကုိေျပာင္းလဲေစခဲ့တဲ့ Format တစ္ခုလည္း ျဖစ္လုိ႔ပါပဲ။ MP3 ကုိ သီခ်င္းနဲ႔ ထိေတြ႔ဖူးသူတုိင္းသိမွာပါ။ အခု ဖုန္းထဲမွာ ထည့္သြင္းထားတဲ့ သီခ်င္းေတြအားလံုးလုိလုိဟာ MP3 Format နဲ႔ပါ။ ဒါေၾကာင့္ MP3 ဟာ Tech နဲ႔ မရင္းႏွီးရင္ေတာင္ လူတိုင္းနဲ႔ ထိေတြ႔ေနတဲ့ နည္းပညာတစ္ခုျဖစ္ပါတယ္။

Apple က ျပဳလုပ္ခဲ့တဲ့ Analog ကေန Digital Beat ေတြကုိ ေျပာင္းလဲခဲ့တဲ့ အခ်ိန္ကစလုိ႔ တစ္ဟုန္ထုိးေက်ာ္ၾကားခဲ့တဲ့ နည္းပညာကုိ တီထြင္သူေတြက အနားေပးေတာ့မယ္လုိ႔ သိရပါတယ္။

MP3 ဆိုတာ MPEG-2 Audio Layer III (MPEG-3 မဟုတ္) ရဲ႕ အတုိေကာက္ျဖစ္ၿပီး ပထမဆံုးအေနနဲ႔ ၁၉၉၃ခုႏွစ္မွာ မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီ Format ကို တကယ္အသံုးမ်ားခဲ့တာကေတာ့ Digital Music ေလာကဘက္ေရာက္လာေတာ့မွပါ။

MP3 ရဲ႕ Developer ေတြဟာ Format ဟာ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ၾကာ အလုပ္လုပ္ခဲ့ၿပီးေနာက္ လုိင္စင္ပရုိဂရမ္ကုိ ရပ္နားေတာ့မွာ ျဖစ္တယ္လုိ႔ တနလၤာေန႔တုန္းက ေၾကညာခဲ့ပါတယ္။

Fraunhofer Institute for Integrated Circuit ဆုိတာကေတာ့ MP3 စနစ္ကုိ ရွာေဖြေတြ႔ရွိ မူပုိင္ခြင့္တင္ခဲ့တဲ့ ဂ်ာမန္သုေတသီဌာနတစ္ခုျဖစ္ၿပီး သံုးစြဲသူေတြအၾကားမွာ ေက်ာ္ၾကားေနဆဲ နည္းပညာ အေၾကာင္း ေဖာ္ျပခ်က္တစ္ရပ္ထုတ္ျပန္ခဲ့တာပါ။ “ဒီေန႔မွာ ပုိမုိထိေရာက္တဲ့ Audio Codec ေတြနဲ႔ လုပ္ေဆာင္ခ်က္ ျမင့္ျမင့္ေတြကုိ ရႏုိင္ေနပါၿပီ” လုိ႔ ဆုိခဲ့ပါတယ္။

တကယ္လည္း MP3 ရဲ႕ Successor ျဖစ္တဲ့ Advanced Audio Coding (AAC) ဟာ YouTube, iTunes တုိ႔အပါအဝင္ တျခား Music Streaming ဝန္ေဆာင္မႈေတြမွာ Default Audio Format အေနနဲ႔ ထည့္သြင္းထားၿပီး ျဖစ္ပါတယ္။ ဒီ Format ဟာ မ်ားျပားတဲ့ ေဒတာေတြကုိ အရည္အေသြး ထိခုိက္မႈမရွိပဲ အရြယ္အစားေသးႏုိင္သမွ်ေသးေအာင္ ခ်ံဳ႕ႏုိင္တာေၾကာင့္ လူႀကိဳက္မ်ားတဲ့ Format တစ္ခု ျဖစ္လာပါတယ္။ သီခ်င္းေထာင္ေပါင္းမ်ားစြာကုိ ဆုိက္ေသးေသးေလးနဲ႔ ပစၥည္းတစ္ခုထဲမွာ ထည့္သြင္းထားႏုိင္ေလာက္တဲ့ အရည္အေသြးရွိပါတယ္။

MP3 ဟာ CD, ကတ္ဆက္တိတ္ေခြနဲ႔ Vinyl ေတြလုိ အုိေဟာင္းတဲ့ စာရင္းဝင္တစ္ခု ျဖစ္လာေတာမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔လည္း MP3 Format ကုိ သံုးေနဆဲ ျဖစ္သလုိ User ေတြၾကားထဲမွာလည္း က်ယ္ျပန္႔ေနဆဲ Format တစ္ခု ျဖစ္တာေၾကာင့္ ဒီသတင္းကေတာ့ စိတ္မေကာင္းစရာ သတင္းတစ္ခုလုိ႔ ေျပာႏုိင္ပါတယ္။

Joker (Akhayar)

Ref: The Atlantic, Slash Gear

================

[Unicode]

MP3 တွေ နေဝင်ချိန်

MP3 ဆိုတဲ့ ဖိုင် Format ကိုတော့ သင်သိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ MP3 ဆိုတာ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ Format တစ်ခုလည်း ဖြစ်လို့ပါပဲ။ MP3 ကို သီချင်းနဲ့ ထိတွေ့ဖူးသူတိုင်းသိမှာပါ။ အခု ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ သီချင်းတွေအားလုံးလိုလိုဟာ MP3 Format နဲ့ပါ။ ဒါကြောင့် MP3 ဟာ Tech နဲ့ မရင်းနှီးရင်တောင် လူတိုင်းနဲ့ ထိတွေ့နေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

Apple က ပြုလုပ်ခဲ့တဲ့ Analog ကနေ Digital Beat တွေကို ပြောင်းလဲခဲ့တဲ့ အချိန်ကစလို့ တစ်ဟုန်ထိုးကျော်ကြားခဲ့တဲ့ နည်းပညာကို တီထွင်သူတွေက အနားပေးတော့မယ်လို့ သိရပါတယ်။

MP3 ဆိုတာ MPEG-2 Audio Layer III (MPEG-3 မဟုတ်) ရဲ့ အတိုကောက်ဖြစ်ပြီး ပထမဆုံးအနေနဲ့ ၁၉၉၃ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ Format ကို တကယ်အသုံးများခဲ့တာကတော့ Digital Music လောကဘက်ရောက်လာတော့မှပါ။

MP3 ရဲ့ Developer တွေဟာ Format ဟာ ဆယ်စုနှစ်နှစ်ခုကျော်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် လိုင်စင်ပရိုဂရမ်ကို ရပ်နားတော့မှာ ဖြစ်တယ်လို့ တနင်္လာနေ့တုန်းက ကြေညာခဲ့ပါတယ်။

Fraunhofer Institute for Integrated Circuit ဆိုတာကတော့ MP3 စနစ်ကို ရှာဖွေတွေ့ရှိ မူပိုင်ခွင့်တင်ခဲ့တဲ့ ဂျာမန်သုတေသီဌာနတစ်ခုဖြစ်ပြီး သုံးစွဲသူတွေအကြားမှာ ကျော်ကြားနေဆဲ နည်းပညာ အကြောင်း ဖော်ပြချက်တစ်ရပ်ထုတ်ပြန်ခဲ့တာပါ။ “ဒီနေ့မှာ ပိုမိုထိရောက်တဲ့ Audio Codec တွေနဲ့ လုပ်ဆောင်ချက် မြင့်မြင့်တွေကို ရနိုင်နေပါပြီ” လို့ ဆိုခဲ့ပါတယ်။

တကယ်လည်း MP3 ရဲ့ Successor ဖြစ်တဲ့ Advanced Audio Coding (AAC) ဟာ YouTube, iTunes တို့အပါအဝင် တခြား Music Streaming ဝန်ဆောင်မှုတွေမှာ Default Audio Format အနေနဲ့ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ ဒီ Format ဟာ များပြားတဲ့ ဒေတာတွေကို အရည်အသွေး ထိခိုက်မှုမရှိပဲ အရွယ်အစားသေးနိုင်သမျှသေးအောင် ချုံ့နိုင်တာကြောင့် လူကြိုက်များတဲ့ Format တစ်ခု ဖြစ်လာပါတယ်။ သီချင်းထောင်ပေါင်းများစွာကို ဆိုက်သေးသေးလေးနဲ့ ပစ္စည်းတစ်ခုထဲမှာ ထည့်သွင်းထားနိုင်လောက်တဲ့ အရည်အသွေးရှိပါတယ်။

MP3 ဟာ CD, ကတ်ဆက်တိတ်ခွေနဲ့ Vinyl တွေလို အိုဟောင်းတဲ့ စာရင်းဝင်တစ်ခု ဖြစ်လာတောမှာပါ။ ဒါပေမယ့် ကျွန်တော်တို့လည်း MP3 Format ကို သုံးနေဆဲ ဖြစ်သလို User တွေကြားထဲမှာလည်း ကျယ်ပြန့်နေဆဲ Format တစ်ခု ဖြစ်တာကြောင့် ဒီသတင်းကတော့ စိတ်မကောင်းစရာ သတင်းတစ်ခုလို့ ပြောနိုင်ပါတယ်။

Joker (Akhayar)

Ref: The Atlantic, Slash Gear