[Zawgyi]

ေယာက်ာ္းေလးေတြ အသားအေရစိုေျပေစမယ့္ နည္းလမ္း ၄ ခု

အသားအေရစိုေျပဖို႔ဆုိတာ မိန္းကေလးေတြအတြက္တင္မဟုတ္ပဲ ေယာက်ာ္းေလးေတြအတြက္လည္း လိုအပ္လို႔ေနပါေသးတယ္။ အသားအေရစိုေျပေနတဲ့မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ ဘယ္သူကိုမဆို ေငးမၾကည့္ပဲ မေနႏိုင္ၾကပါဘူး။ ဝတ္ေကာင္းစားလွေတြကို ဝတ္ေနဖို႔ထက္ မ်က္ႏွာအသားအေရေလး စိုေျပေနဖို႔က ပိုအေရးႀကီးလွပါတယ္။ မ်က္ႏွာအသားအေရေလးလွေနတဲ့အခါ အမ်ားရဲ႕ ခ်စ္ခင္ျခင္းကိုအလိုလိုေနရင္း ခံရမယ္။ ေလးစားသမူကိုလည္းရရွိေစပါတယ္။ ဒီအတြက္ ကြီးတို႔မ်က္ႏွာေလးေတြ စိုေျပေနေစဖို႔ အသားအေရထိန္းသိမ္းနည္းေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

CTM

CTM Steps

CTM Steps

အသားအေရထိန္းသိမ္းတဲ့ေနရာမွာ မိန္းကေလးေတြက စံထားရေလာက္ေအာင္ နည္းက်လြန္းတဲ့အတြက္ သူတို႔လိုပဲ CTM Steps ေတြကို ျပဳလုပ္ဖို႔လိုအပ္ပါတယ္။ CTM Steps ဆိုတာ Cleansing ၊ Toning နဲ႔ Moisture Steps ေတြကိုဆိုလိုတာျဖစ္ပါတယ္။ ေယာက်ာ္းေလးေတြက မိန္းကေလးေတြထက္ပိုၿပီး ေလထုညစ္ညမ္းျခင္းေတြ၊ ကားကေနထုတ္လႊတ္တဲ့ အခိုးအေငြ႕ေတြနဲ႔ ေဆးလိပ္အေငြ႕ေတြ စတဲ့ Carbon Dioxide ေတြကို ပိုၿပီးထိေတြ႕ေနရတဲ့အတြက္ ဒီ CTM Steps က လိုကိုလိုအပ္ပါတယ္။ ကိုယ့္မ်က္ႏွာနဲ႔လိုက္ဖက္မယ့္ Skincare Products မ်ားကို ကြ်မ္းက်င္သူမ်ားနဲ႔တိုင္ပင္ၿပီးမွ ဝယ္ယူဖို႔အၾကံေပးလိုပါတယ္။

Sunscreen

Sunscreen

Sunscreen

ေယာက်ာ္းေလးအမ်ားစုက Sunscreen က ေယာက်ာ္းေလးေတြလိမ္းအပ္တဲ့ Skincare Product မဟုတ္ဘူးလို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ေနေရာင္ျခည္ကေနထုတ္လႊတ္ေနတဲ့ ခရမ္းလြန္ေရာင္ျခည္ကို က်ား မ မေရြးထိေတြ႕ေနရတာပါ။ အဲဒီအတြက္ Sunscreen လိမ္းဖို႔လိုအပ္ပါတယ္ေနာ္။ SPF အမ်ားဆံုးပါဝင္တဲ့ Sunscreen တို႔ကိုဝယ္ယူမွသာ ခရမ္းလြန္ေရာင္ျခည္ကို အျပည့္အဝကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ အျပင္မထြက္ခင္ ၁၅မိနစ္အလိုမွာ Sunscreen ကို လိမ္းေပးပါ။ ၿပီးမွသာ အျပင္ထြက္ေပးပါ။ အဲဒီလိုလုပ္ျခင္းအားျဖင့္ Sunscreen ရဲ႕ အာနိသင္ကို ပိုၿပီး ျပည့္ျပည့္ခံစားရေစမွာျဖစ္ပါတယ္။

Exfoliate

Exfoliate

Exfoliate

ကိုယ့္ရဲ႕ မ်က္ႏွာစိုေျပေနဖို႔ဆိုရင္ မလိုအပ္တဲ့အဆီအႀကိတ္ေတြနဲ႔ မ်က္ႏွာအတြင္းမွာရွိေနတဲ့ ေခြ်းေတြနဲ႔ ဖုန္မႈန္႔ေတြကို ဖယ္ရွားပစ္ဖို႔လိုအပ္ပါတယ္။ ဒီအတြက္ Exfoliate ျပဳလုပ္ေပးရပါမယ္။ တစ္ရက္ျခားတစ္ခါေလာက္ ျပဳလုပ္ေပးရပါမယ္။ Exfoliate လုပ္တဲ့အခါမွာ Facial Scrub ကို အေသအခ်ာေရြးခ်ယ္ဖို႔လိုအပ္ပါတယ္။ အဆီအရမ္းျပန္ေလ့ရွိတဲ့သူေတြအတြက္ဆိုရင္ေတာ့ Cream Type Facial Scrub ကိုအသံုးျပဳေပးပါ။ မ်က္ႏွာအတြင္းထဲမွာပိတ္ေနတဲ့သူေတြအတြက္ဆိုရင္ေတာ့ Gel Type Facial Scrub ေတြကို အသံုးျပဳေပးႏိုင္ပါတယ္။

Water

Drink Water

Drink Water

မ်က္ႏွာအသားအေရၾကည္လင္ၿပီးစိုေျပဖို႔အတြက္ဆိုရင္ ေရဓာတ္ျပည့္ဖို႔က အရမ္းကိုအေရးႀကီးပါတယ္။ Skincare ေတြအသံုးျပဳေသာ္လည္းပဲ ခႏၶာကိုယ္အေသြးအသားက အဆိပ္အေတာက္ေတြနဲ႔သန္႔စင္ေနမွ မ်က္ႏွာအသားအေရက စိုေျပေနမွာျဖစ္ပါတယ္။ ဒီအတြက္ တစ္ေန႔ကို ႐ိုး႐ိုးေရ ၂လီတာျပည့္ေအာင္ ေသာက္သံုးဖို႔လိုအပ္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီနည္းလမး္ ၄ခုနဲ႔ စိုေျပတဲ့ မ်က္ႏွာအသားအေရကို ရရွိနုိင္ပါျပီ။ နည္းလမ္းကလည္း လြယ္ကူတဲ့အတြက္ တစ္စိုက္မတ္မတ္နဲ႔ အေပၚမွာေျပာျပခဲ့တဲ့အတိုင္း တစ္ဆင့္ျပီး တစ္ဆင့္လုပ္သြားမယ္ဆိုရင္ေတာ့ စိုေျပတဲ့မ်က္ႏွာအသားအေရကို အခ်ိန္တုိအတြင္းရရွိႏိုင္မွာျဖစ္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ယောကျာ်းလေးတွေ အသားအရေစိုပြေစေမယ့် နည်းလမ်း ၄ ခု

အသားအရေစိုပြေဖို့ဆိုတာ မိန်းကလေးတွေအတွက်တင်မဟုတ်ပဲ ယောကျာ်းလေးတွေအတွက်လည်း လိုအပ်လို့နေပါသေးတယ်။ အသားအရေစိုပြေနေတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ဘယ်သူကိုမဆို ငေးမကြည့်ပဲ မနေနိုင်ကြပါဘူး။ ဝတ်ကောင်းစားလှတွေကို ဝတ်နေဖို့ထက် မျက်နှာအသားအရေလေး စိုပြေနေဖို့က ပိုအရေးကြီးလှပါတယ်။ မျက်နှာအသားအရေလေးလှနေတဲ့အခါ အများရဲ့ ချစ်ခင်ခြင်းကိုအလိုလိုနေရင်း ခံရမယ်။ လေးစားသမူကိုလည်းရရှိစေပါတယ်။ ဒီအတွက် ကွီးတို့မျက်နှာလေးတွေ စိုပြေနေစေဖို့ အသားအရေထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

CTM

CTM Steps

CTM Steps

အသားအရေထိန်းသိမ်းတဲ့နေရာမှာ မိန်းကလေးတွေက စံထားရလောက်အောင် နည်းကျလွန်းတဲ့အတွက် သူတို့လိုပဲ CTM Steps တွေကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ CTM Steps ဆိုတာ Cleansing ၊ Toning နဲ့ Moisture Steps တွေကိုဆိုလိုတာဖြစ်ပါတယ်။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက်ပိုပြီး လေထုညစ်ညမ်းခြင်းတွေ၊ ကားကနေထုတ်လွှတ်တဲ့ အခိုးအငွေ့တွေနဲ့ ဆေးလိပ်အငွေ့တွေ စတဲ့ Carbon Dioxide တွေကို ပိုပြီးထိတွေ့နေရတဲ့အတွက် ဒီ CTM Steps က လိုကိုလိုအပ်ပါတယ်။ ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် Skincare Products များကို ကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီးမှ ဝယ်ယူဖို့အကြံပေးလိုပါတယ်။

Sunscreen

Sunscreen

Sunscreen

ယောကျာ်းလေးအများစုက Sunscreen က ယောကျာ်းလေးတွေလိမ်းအပ်တဲ့ Skincare Product မဟုတ်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ နေရောင်ခြည်ကနေထုတ်လွှတ်နေတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကျား မ မရွေးထိတွေ့နေရတာပါ။ အဲဒီအတွက် Sunscreen လိမ်းဖို့လိုအပ်ပါတယ်နော်။ SPF အများဆုံးပါဝင်တဲ့ Sunscreen တို့ကိုဝယ်ယူမှသာ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝကာကွယ်နိုင်မှာဖြစ်ပါတယ်။ အပြင်မထွက်ခင် ၁၅မိနစ်အလိုမှာ Sunscreen ကို လိမ်းပေးပါ။ ပြီးမှသာ အပြင်ထွက်ပေးပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် Sunscreen ရဲ့ အာနိသင်ကို ပိုပြီး ပြည့်ပြည့်ခံစားရစေမှာဖြစ်ပါတယ်။

Exfoliate

Exfoliate

Exfoliate

ကိုယ့်ရဲ့ မျက်နှာစိုပြေနေဖို့ဆိုရင် မလိုအပ်တဲ့အဆီအကြိတ်တွေနဲ့ မျက်နှာအတွင်းမှာရှိနေတဲ့ ချွေးတွေနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။ ဒီအတွက် Exfoliate ပြုလုပ်ပေးရပါမယ်။ တစ်ရက်ခြားတစ်ခါလောက် ပြုလုပ်ပေးရပါမယ်။ Exfoliate လုပ်တဲ့အခါမှာ Facial Scrub ကို အသေအချာရွေးချယ်ဖို့လိုအပ်ပါတယ်။ အဆီအရမ်းပြန်လေ့ရှိတဲ့သူတွေအတွက်ဆိုရင်တော့ Cream Type Facial Scrub ကိုအသုံးပြုပေးပါ။ မျက်နှာအတွင်းထဲမှာပိတ်နေတဲ့သူတွေအတွက်ဆိုရင်တော့ Gel Type Facial Scrub တွေကို အသုံးပြုပေးနိုင်ပါတယ်။

Water

Drink Water

Drink Water

မျက်နှာအသားအရေကြည်လင်ပြီးစိုပြေဖို့အတွက်ဆိုရင် ရေဓာတ်ပြည့်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ Skincare တွေအသုံးပြုသော်လည်းပဲ ခန္ဓာကိုယ်အသွေးအသားက အဆိပ်အတောက်တွေနဲ့သန့်စင်နေမှ မျက်နှာအသားအရေက စိုပြေနေမှာဖြစ်ပါတယ်။ ဒီအတွက် တစ်နေ့ကို ရိုးရိုးရေ ၂လီတာပြည့်အောင် သောက်သုံးဖို့လိုအပ်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဒီနည်းလမ်း ၄ခုနဲ့ စိုပြေတဲ့ မျက်နှာအသားအရေကို ရရှိနိုင်ပါပြီ။ နည်းလမ်းကလည်း လွယ်ကူတဲ့အတွက် တစ်စိုက်မတ်မတ်နဲ့ အပေါ်မှာပြောပြခဲ့တဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့်လုပ်သွားမယ်ဆိုရင်တော့ စိုပြေတဲ့မျက်နှာအသားအရေကို အချိန်တိုအတွင်းရရှိနိုင်မှာဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။