[Zawgyi]

ပရီးမီးယားလိဂ္မွာ VAR စနစ္ က်င့္သုံးဖုိ႔ လုိေနၿပီလား

႐ုပ္သံအကူဒုိင္စနစ္ (VAR)ဆုိတာက ေဘာလုံးေလာကမွာ အျငင္းပြားစရာ သြင္းဂုိးေတြ၊ ျပစ္ဒဏ္ေဘာေတြ၊ လူမွားယြင္း အေရးယူခံရမႈေတြ မျဖစ္ေအာင္ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္ (FIFA)က ဖန္တီးခဲ့တဲ့ နည္းစနစ္တစ္ခုပါ။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ က်င့္သုံးခဲ့ၿပီး ေ၀ဖန္မႈေတြ ရွိခဲ့သလုိ၊ အားေပးေထာက္ခံမႈေတြလည္း ရရွိခဲ့တယ္။

Referee-Watching-VAR

Referee-Watching-VAR

VAR စနစ္ကုိ ေ၀ဖန္မႈေတြ ဘယ္လုိပဲရွိပါေစ လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒစ္လီဂါ စတဲ့ၿပိဳင္ပဲြေတြမွာ အသုံးျပဳေနၿပီျဖစ္သလုိ ျပင္သစ္လိဂ္ဖလား၊ ၿပီးခဲ့တဲ့ရာသီက FA ဖလား ၿပိဳင္ပဲြေတြမွာလည္း အသုံးျပဳခဲ့ၾကတယ္။ Technology ထက္ လူသားစြမး္ေဆာင္ရည္ကုိ ပုိႏွစ္သက္ပါတယ္လုိ႔ ေၾကြးေၾကာ္ခဲ့ဖူးတဲ့ UEFA ေတာင္ အခုရာသီ ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္က စၿပီး VAR စနစ္ အသုံးျပဳေတာ့မယ့္ အရိပ္အေယာင္ေတြ ျမင္ေတြ႕လာရၿပီ။

VAR-Teams

VAR-Teams

ပရီးမီးယားလိဂ္မွာေရာ VAR စနစ္လုိေနၿပီလား။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ပရီးမီးယားလိဂ္အဖဲြ႕ခ်ဳပ္ဥကၠဌ စကူဒါမုိး Scudamore ကေတာ့ VAR စနစ္ဟာ ပရီးမီးယားလိဂ္မွာ မျဖစ္မေန က်င့္သုံးရမွာျဖစ္တယ္လုိ႔ ဆုိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ မဟုတ္ေသးပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ္စတင္တာ ပဲြစဥ္(၃)ပဲရွိပါေသးတယ္။ ဒါေပမဲ့ Controversial ျဖစ္ရပ္ေတြကေတာ့ ဆက္တိုက္ ထြက္လာပါၿပီ။ ၿပီးခဲ့တဲ့ပဲြစဥ္ (၃) ၀ုလ္ဗ္-မန္စီးတီးတို႔ တစ္ဂုိးစီသေရက်ခ့ဲတဲ့ပဲြတုန္းက ၀ုလ္ဗ္အသင္းေနာက္ခံလူ ဘုိလီ Boly ရဲ႕ဂုိးက ေဘာလုံးကုိ သိသိသာသာ လက္နဲ႔ပုတ္ၿပီး သြင္းယူခဲ့တာျဖစ္ေပမယ့္ ဒုိင္လူႀကီးက ဂုိးေပးခဲ့တယ္။ ဒီျဖစ္ရပ္ဟာ ႐ုတ္တရက္ဆုိရင္ေတာ့ မသိသာပါဘူး။ ဒါေပမဲ့ ႐ုပ္သံျပကြက္ေတြ ျပန္ၾကည့္ရင္ ေတာ္ေတာ္ေလးကုိ ထင္ရွားတယ္။ တကယ္လုိ႔ VAR စနစ္သာရွိမယ္ဆုိရင္ ဒီျဖစ္ရပ္ကုိ ဂုိးအျဖစ္ ေပးပါ့မလား။

Boly-handball-denies-City

Boly-handball-denies-City

အဲဒီပဲြမွာပဲ မန္စီးတီးကြင္းလယ္ တိုက္စစ္ကစားသမား ေဒးဗစ္ေဆးလ္ဗား David Silva ကုိ ၀ုလ္ဗ္ကစားသမားတစ္ဦး ပယ္နယ္တီဧရိယာထဲမွာ သိသိသာသာကုိ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္။ ဒါေပမဲ့ ဒုိင္လူႀကီးက ပယ္နယ္တီ မေပးခဲ့ဘူး။ အဲဒီပဲြအၿပီးမွာ VAR စနစ္ကုိ က်င့္သုံးသင့္ေနၿပီလုိ႔ ေတာင္းဆုိသံေတြ ထြက္လာေတာ့တာပဲ။ အဲဒီပဲြအၿပီး ေနာက္တစ္ေန႔(တနဂၤေႏြ)မွာ နယူးကာဆယ္-ခ်ယ္လ္ဆီးပဲြ ကစားပါတယ္။ ခ်ယ္လ္ဆီး ရရွိခဲ့တဲ့ ပယ္နယ္တီက အျငင္းပြားစရာဆုိၿပီး ေနာက္ခံစကားေျပာ Commentator ေတြက သုံးသပ္ခဲ့တယ္။ ႐ုပ္သံျပကြက္ေတြကုိ ျပန္ၾကည့္ရင္လည္း နယူးကာဆယ္ေနာက္ခံလူ ေဖဘီယန္ရွား Fabian Schar ဟာ ေဘာလုံးကုိ ရည္ရြယ္ဖ်က္ထုတ္ခဲ့တာျဖစ္ၿပီး လူကုိ မရည္ရြယ္ခဲ့ဘူးဆုိတာ ေတြ႕ရမွာပါ။ ေနာက္ၿပီး နယူးကာဆယ္ဘက္က သြင္းယူခဲ့တဲ့ဂုိးကလည္း အျငင္းပြားစရာပါပဲ။ နယူးကာဆယ္ ေနာက္ခံလူ ယက္ဒ္လင္ Yedlin ဟာ ခ်ယ္လ္ဆီးတိုက္စစ္မွဴး ဂ်႐ူး Giroud ရဲ႕ မ်က္ႏွာကုိ တံေတာင္နဲ႔ သိသိသာသာ ႐ုိက္ခဲ့ေပမယ့္ ဒုိင္လူႀကီးက ျပစ္ဒဏ္ေဘာ မေပးခဲ့လုိ႔ ယက္ဒ္လင္က ဂုိးေရွ႕ျဖတ္တင္၊ အဲဒီေဘာလုံးကုိ ဟုိေဆးလူ Joselu က ေခါင္းတိုက္ သြင္းယူခဲ့တာျဖစ္ပါတယ္။

Yedlin-against-Giroud

Yedlin-against-Giroud

ပရီးမီးယားလိဂ္ဟာ အခုမွ ရာသီအစပဲ ရွိပါေသးတယ္။ ဒါေပမဲ့ အျငင္းပြားစရာ ျဖစ္ရပ္ေတြကေတာ့ ရွိလာပါၿပီ။ ဘာပဲျဖစ္ျဖစ္ ပရီးမီးယားလိဂ္အဖဲြ႕ခ်ဳပ္ကေတာ့ VAR ကုိ ဒီရာသီမွာ အသုံးမျပဳေသးဖူးလုိ႔ ဆုိထားလုိ႔ ေနာက္ထပ္ အျငင္းပြားစရာ ျဖစ္ရပ္ေတြက ဆက္ျဖစ္လာဦးမွာပါပဲ။ VAR ဟာ ပရီးမီးယားလိဂ္မွာ မျဖစ္မေန အသုံးျပဳဖုိ႔ လုိေနၿပီလုိ႔ ယတိျပတ္ေျပာလုိ႔မရေသးေပမယ့္ Controversial ျဖစ္ရပ္ေတြ ေနာက္ထပ္ မရွိလာႏုိင္ဖုိ႔အတြက္ VAR လုိအပ္ပါတယ္လုိ႔ပဲ ဆုိရေတာ့မွာပါ . . . .

Photo:New York Red Bulls,.nyunews.com,Dream Team,football-tribe.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ VAR စနစ် ကျင့်သုံးဖို့ လိုနေပြီလား

ရုပ်သံအကူဒိုင်စနစ် (VAR)ဆိုတာက ဘောလုံးလောကမှာ အငြင်းပွားစရာ သွင်းဂိုးတွေ၊ ပြစ်ဒဏ်ဘောတွေ၊ လူမှားယွင်း အရေးယူခံရမှုတွေ မဖြစ်အောင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ဖန်တီးခဲ့တဲ့ နည်းစနစ်တစ်ခုပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကျင့်သုံးခဲ့ပြီး ဝေဖန်မှုတွေ ရှိခဲ့သလို၊ အားပေးထောက်ခံမှုတွေလည်း ရရှိခဲ့တယ်။

Referee-Watching-VAR

Referee-Watching-VAR

VAR စနစ်ကို ဝေဖန်မှုတွေ ဘယ်လိုပဲရှိပါစေ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ စတဲ့ပြိုင်ပွဲတွေမှာ အသုံးပြုနေပြီဖြစ်သလို ပြင်သစ်လိဂ်ဖလား၊ ပြီးခဲ့တဲ့ရာသီက FA ဖလား ပြိုင်ပွဲတွေမှာလည်း အသုံးပြုခဲ့ကြတယ်။ Technology ထက် လူသားစွမ်းဆောင်ရည်ကို ပိုနှစ်သက်ပါတယ်လို့ ကြွေးကြော်ခဲ့ဖူးတဲ့ UEFA တောင် အခုရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က စပြီး VAR စနစ် အသုံးပြုတော့မယ့် အရိပ်အယောင်တွေ မြင်တွေ့လာရပြီ။

VAR-Teams

VAR-Teams

ပရီးမီးယားလိဂ်မှာရော VAR စနစ်လိုနေပြီလား။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဌ စကူဒါမိုး Scudamore ကတော့ VAR စနစ်ဟာ ပရီးမီးယားလိဂ်မှာ မဖြစ်မနေ ကျင့်သုံးရမှာဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် ဒီရာသီမှာတော့ မဟုတ်သေးပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ်စတင်တာ ပွဲစဉ်(၃)ပဲရှိပါသေးတယ်။ ဒါပေမဲ့ Controversial ဖြစ်ရပ်တွေကတော့ ဆက်တိုက် ထွက်လာပါပြီ။ ပြီးခဲ့တဲ့ပွဲစဉ် (၃) ဝုလ်ဗ်-မန်စီးတီးတို့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက ဝုလ်ဗ်အသင်းနောက်ခံလူ ဘိုလီ Boly ရဲ့ဂိုးက ဘောလုံးကို သိသိသာသာ လက်နဲ့ပုတ်ပြီး သွင်းယူခဲ့တာဖြစ်ပေမယ့် ဒိုင်လူကြီးက ဂိုးပေးခဲ့တယ်။ ဒီဖြစ်ရပ်ဟာ ရုတ်တရက်ဆိုရင်တော့ မသိသာပါဘူး။ ဒါပေမဲ့ ရုပ်သံပြကွက်တွေ ပြန်ကြည့်ရင် တော်တော်လေးကို ထင်ရှားတယ်။ တကယ်လို့ VAR စနစ်သာရှိမယ်ဆိုရင် ဒီဖြစ်ရပ်ကို ဂိုးအဖြစ် ပေးပါ့မလား။

Boly-handball-denies-City

Boly-handball-denies-City

အဲဒီပွဲမှာပဲ မန်စီးတီးကွင်းလယ် တိုက်စစ်ကစားသမား ဒေးဗစ်ဆေးလ်ဗား David Silva ကို ဝုလ်ဗ်ကစားသမားတစ်ဦး ပယ်နယ်တီဧရိယာထဲမှာ သိသိသာသာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ ဒိုင်လူကြီးက ပယ်နယ်တီ မပေးခဲ့ဘူး။ အဲဒီပွဲအပြီးမှာ VAR စနစ်ကို ကျင့်သုံးသင့်နေပြီလို့ တောင်းဆိုသံတွေ ထွက်လာတော့တာပဲ။ အဲဒီပွဲအပြီး နောက်တစ်နေ့(တနင်္ဂနွေ)မှာ နယူးကာဆယ်-ချယ်လ်ဆီးပွဲ ကစားပါတယ်။ ချယ်လ်ဆီး ရရှိခဲ့တဲ့ ပယ်နယ်တီက အငြင်းပွားစရာဆိုပြီး နောက်ခံစကားပြော Commentator တွေက သုံးသပ်ခဲ့တယ်။ ရုပ်သံပြကွက်တွေကို ပြန်ကြည့်ရင်လည်း နယူးကာဆယ်နောက်ခံလူ ဖေဘီယန်ရှား Fabian Schar ဟာ ဘောလုံးကို ရည်ရွယ်ဖျက်ထုတ်ခဲ့တာဖြစ်ပြီး လူကို မရည်ရွယ်ခဲ့ဘူးဆိုတာ တွေ့ရမှာပါ။ နောက်ပြီး နယူးကာဆယ်ဘက်က သွင်းယူခဲ့တဲ့ဂိုးကလည်း အငြင်းပွားစရာပါပဲ။ နယူးကာဆယ် နောက်ခံလူ ယက်ဒ်လင် Yedlin ဟာ ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူး Giroud ရဲ့ မျက်နှာကို တံတောင်နဲ့ သိသိသာသာ ရိုက်ခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘော မပေးခဲ့လို့ ယက်ဒ်လင်က ဂိုးရှေ့ဖြတ်တင်၊ အဲဒီဘောလုံးကို ဟိုဆေးလူ Joselu က ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။

Yedlin-against-Giroud

Yedlin-against-Giroud

ပရီးမီးယားလိဂ်ဟာ အခုမှ ရာသီအစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အငြင်းပွားစရာ ဖြစ်ရပ်တွေကတော့ ရှိလာပါပြီ။ ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ VAR ကို ဒီရာသီမှာ အသုံးမပြုသေးဖူးလို့ ဆိုထားလို့ နောက်ထပ် အငြင်းပွားစရာ ဖြစ်ရပ်တွေက ဆက်ဖြစ်လာဦးမှာပါပဲ။ VAR ဟာ ပရီးမီးယားလိဂ်မှာ မဖြစ်မနေ အသုံးပြုဖို့ လိုနေပြီလို့ ယတိပြတ်ပြောလို့မရသေးပေမယ့် Controversial ဖြစ်ရပ်တွေ နောက်ထပ် မရှိလာနိုင်ဖို့အတွက် VAR လိုအပ်ပါတယ်လို့ပဲ ဆိုရတော့မှာပါ . . . .

Photo:New York Red Bulls,.nyunews.com,Dream Team,football-tribe.com
Naing Linn(Akhayar)
www.akhayar.com