[Zawgyi]

Cleanser တစ္ခုနဲ႔တစ္ခုဘယ္လုိကြာျခားလဲ ေသေသခ်ာခ်ာေလးသိေစဖုိ႔

မိန္းကေလးေတြအေနနဲ႔ လွလွပပေလးျဖစ္ဖို႔အတြက္ အျပင္ထြက္တဲ႔အခါမွာ မိတ္ကပ္ေတြလိမ္း ႏႈတ္ခမ္းနီေလးေတြဆိုးၿပီး ျပင္ဆင္ျခယ္သတတ္ၾကပါတယ္။ ဒီလိုျပင္ဆင္ျခယ္သထားတဲ႔ မိတ္ကပ္ေတြ၊ အညစ္အေၾကးေတြနဲ႔ အဆီေတြေပါင္းစပ္သြားတဲ႔အခါမွာ မ်က္ႏွာအလွကို ဖ်က္တဲ႔ ဆားဝက္ျခံ၊ အဆီက်ိတ္အဆီဖုေတြနဲ႔ ဝက္ျခံဖုႀကီးေတြ ျဖစ္ေပၚလာပါေတာ့တယ္။ ဒါေၾကာင္႔လည္း အိမ္ျပန္ေရာက္လာရင္မိတ္ကပ္လိမ္းထားတဲ႔မ်က္ႏွာကို Step by Step Cleansing လုပ္ဖုိ႔လုိတာပါ။ ဒီလို ေသေသခ်ာခ်ာ သန္႔စင္ႏိုင္ပါမွ ၾကည္လင္တဲ႔ မ်က္ႏွာအသားအေရကိုမထိခိုက္မွာျဖစ္ပါတယ္။ ဒီဘက္ေခတ္မွာ မိန္းကေလးတုိင္းက Cleansing ရဲ႕အေရးၾကီးပံုကို သိရွိလက္ခံထားၾကတာမို႔ မတူညီတဲ႔ Cleansing Product ေတြကိုဘယ္လုိေရြးခ်ယ္မလဲ၊ ကိုယ္႔ Skin နဲ႔အသင္႔ေတာ္ဆံုးကဘာေတြလဲ၊ မိတ္ကပ္ဖ်က္တာခ်င္းအတူတူ ဘာေတြကြာျခားလဲဆိုတာသိရွိေစဖုိ႔ မွ်ေဝေပးလုိက္ပါတယ္ေနာ္။

Cleansing Wipe

Cleansing Wipe က အလုပ္မ်ားတဲ့အမ်ဳိးသမီးေတြအတြက္ အဆင္ေျပေစသလို ေစ်းလည္း အရမ္းမႀကီးတဲ႔အတြက္ ဆယ္စုႏွစ္တစ္စုၾကာေအာင္ အမ်ဳိးသမီးထုေတြၾကားထဲမွာ ေရပန္းစားေနတဲ႔ Cleanser တစ္ခုျဖစ္ပါတယ္။ ဒီလို Cleanser ေတြက အခ်ိန္ကုန္လည္းသက္သာေစၿပီး သံုးရတာလည္း လြယ္ကူတဲ႔အတြက္ အျခား Cleanser ေတြထက္ပိုၿပီး အသံုးျပဳၾကတာျဖစ္တယ္လို႔ ေလဆာနဲ႔အေရျပားအထူးအကုကၽြမ္းက်င္ဆရာဝန္ Dr.Tan က ေျပာထားပါတယ္။ Cleansing Wipe က အေရျပားကို က်ိန္းစပ္စပ္ျဖစ္ေစႏိုင္တဲ႔အတြက္ တစ္ခါအသံုးျပဳရင္ တစ္ရြက္ပဲ အသံုးျပဳေပးပါလို႔ Dr.Tan က အၾကံျပဳထားပါတယ္။ မ်က္ႏွာကို Cleaning လုပ္ဖုိ႔အတြက္ Facial Wipe ကို ေရြးခ်ယ္တဲ႔အခါမွာ Alcohol မပါဝင္ဘဲ အသားအေရကို ႏူးညံစြာနဲ႔ သန္႔စင္ေပးႏိုင္တဲ႔ အမ်ဳိးအစားကိုသာ ေရြးခ်ယ္သင္႔ပါတယ္။ Cleaning Wipe သံုးၿပီးတဲ႔အခါမွာလည္း မ်က္ႏွာကို ေရနဲ႔ေသခ်ာျပန္ေဆးၿပီး Moisturizer ျပန္သံုးေပးသင့္ပါတယ္္။ အမ်ားစုေသာ Cleansing Wipe ေတြက သဘာဝပတ္ဝန္းက်င္နဲ႔ ေရထုကိုညစ္ညမ္းေစႏိုင္တဲ႔အတြက္ သဘာဝအတိုင္းျပန္လည္ေဆြးျမည္႔ပ်က္စီးေစႏိုင္တဲ႔ Biodegradable Wipe ေတြကို အသံုးျပဳေပးျခင္းျဖင္႔ သဘာဝပတ္ဝန္းက်င္ကို ကူညီထိန္းသိမ္းေပးသင့္ပါတယ္။

Oil Cleanser

မ်က္ႏွာမွာရွိတဲ႔မိတ္ကပ္နဲ႔ အညစ္အေၾကးေတြ သန္႔စင္ဖို႔အတြက္ Oil Cleanser အသံုးျပဳတာထူးဆန္းတယ္လို႔ ထင္ေကာင္းထင္ပါလိမ္႔မည္။ ထူးဆန္းတာမွန္ေပမယ္႔လည္း Oil Cleanser မွာပါဝင္တဲ႔ အဆီက မ်က္ႏွာမွာရွိတဲ႔ အဆီ၊ မိတ္ကပ္နဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးပါတယ္။ အဆီနဲ႔သန္႔စင္ျခင္းက အေရျပားကို သန္႔စင္သြားေစတဲ႔အျပင္ ေရဓာတ္ကိုလည္း လံုေလာက္စြာျဖည္႔တင္းေပးတဲ႔အတြက္ အထူးသျဖင္႔ ေျခာက္ေသြ႔တဲ႔ အသားအေရပိုင္ရွင္ေတြ အသံုးျပဳဖို႔ သင္႔ေတာ္ပါတယ္။ ေစ်းကြက္ထဲမွာ မတူကဲြျပားတဲ႔ အသားအေရေတြအတြက္ Oil Cleanser မ်ဳိးစံုကို ရရွိေနၿပီျဖစ္တဲ႔အတြက္ ကိုယ္အေရျပားနဲ႔ကိုက္ညီတဲ႔ Cleanser ကို ေရြးခ်ယ္အသံုးျပဳေပးလို႔ ရပါတယ္။ Oily Skin ေတြနဲ႔ ဝက္ျခံမၾကာခဏထြက္လြယ္သူေတြအေနနဲ႔ေတာ့ Oil Cleanser ကို အသံုးမျပဳတာအေကာင္းဆံုးပါပဲလို႔ အေရျပားေရာဂါအထူးကုဆရာဝန္ျဖစ္တဲ႔ Dr.Cheong က ေျပာပါတယ္။ Oil Cleanser ေတြကို အနည္းငယ္ပဲအသံုးျပဳရင္ အသားအေရကို အက်ဳိးရွိေစေပမယ္႔ မၾကာခဏမ်ားမ်ားသံုးမိရင္ေတာ့ ေခၽြးေပါက္ေတြပိတ္ဆို႔ကာ ဝက္ျခံနဲ႔ အျခားမလိုလားအပ္တဲ႔ ေဘးထြက္ဆိုးက်ဳိးေတြ ျဖစ္ေစႏိုင္ပါတယ္။

Oil Cleanser

Oil Cleanser

Cleansing Milk

Cleansing Milk က အသားအေရကို ျဖဴဝင္းေစတဲ႔ Formula နဲ႔ျပဳလုပ္ထားတာျဖစ္ၿပီး အဆီနဲ႔ေရေပါင္းစပ္ပါဝင္တဲ့ Emulsion မ်ဳိးျဖစ္ကာ ေပါ့ပါးႏူးညံစြာနဲ႔ အသားအေရကို သန္႔စင္ေပးပါတယ္။ ဒီ Cleansing အမ်ဳိးအစားကုိ သာမန္အသားအေရရွိတဲ႔သူနဲ႔ ေပါင္းစပ္အသားအေရရွိတဲ႔သူေတြ အသံုးျပဳဖို႔ သင္႔ေတာ္ပါတယ္လို႔ Dr.Tan က ေျပာပါတယ္။ Cleansing Milk က Oil Cleanser နဲ႔မတူဘဲ အသားအေရမွာရွိတဲ႔ အညစ္အေၾကးအၾကြင္းအက်န္ေတြ အနည္းဆံုးျဖစ္သြားေအာင္ သန္႔စင္ေပးပါတယ္။ Milk Cleanser ျဖစ္တဲ႔အတြက္ အျခား Cleanser ေတြလို အရမ္းမျပင္းဘဲ မိတ္ကပ္ေတြကို ေကာင္းမြန္စြာ ဖယ္ရွားေပးပါတယ္။

Cleansing Milk

Cleansing Milk

Micellar Water

Micellar Water ကို Cotton Pad ထဲထည္႔ၿပီး အသားအေရေပၚရွိ မိတ္ကပ္၊ အဆီနဲ႔ အညစ္အေၾကးေတြကို အျမန္ပြတ္ဆဲြၿပီး သန္႔စင္လို႔ရပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ့ Micelles က အလြန္ေသးငယ္တဲ႔ Cleansing Oil Molecules အျဖစ္ျပဳမူေပးကာ သံလိုက္လိုမ်ဳိး အညစ္အေၾကးေတြကို တစ္ခ်က္တည္းနဲ႔ ဆဲြဖယ္သန္႔စင္ေပးလို႔ပဲ ျဖစ္ပါတယ္။ ဒီ Micelles က မိတ္ကပ္ေတြကို သန္႔စင္ဖယ္ရွားေပးတဲ႔အျပင္ ေရစိုုခံ Mascara ေတြ၊ အေရျပားမွာရွိတဲ႔ အဆီနဲ႔ အညစ္အေၾကးေတြကို ျပင္းထန္တဲ႔ Chemical ေတြ ထိေတြ႔မႈမရွိဘဲ ဖယ္ရွားေပးပါတယ္။ Micellar Water က အသံုးျပဳရလြယ္ကူတဲ႔အျပင္ ေရျပန္ေဆးစရာမလိုဘဲ ညင္ညင္သာသာနဲ႔ အညစ္အေၾကးေတြကို သန္႔စင္ေပးပါတယ္။ ဒါအျပင္ ခရီးသြားတဲ႔အခါမ်ဳိးမွာလည္း အသံုးျပဳဖို႔ သင္႔ေတာ္ပါတယ္။ ဒါေပမဲ႔ မိတ္ကပ္အရမ္းအထူႀကီးနဲ႔ Full Makeup လိုပံုစံမ်ဳိးျပင္ဆင္ထားရင္ေတာ့ Micellar Water တစ္ခုတည္းအသံုးျပဳၿပီး Cleansing လုပ္မယ္ဆိုရင္ေတာ့ မလံုေလာက္ပါဘူး။

Micellar Water

Micellar Water

Double Cleansing လုပ္ဖို႔ လုိအပ္လား

Double Cleansing လုပ္တဲ႔အခါမွာ ပထမအဆင္႔အေနနဲ႔ Cleansing Oil လိုမ်ဳိး Cleansing Product နဲ႔ မိတ္ကပ္၊ အညစ္အေၾကးေတြကို အရင္သန္႔စင္ဖယ္ရွားေပးၿပီး Deeper Cleanser(Micellar Water) နဲ႔ က်န္ရွိေနတဲ႔ မိတ္ကပ္အၾကြင္းအက်န္နဲ႔ အဆီေတြကို ဖယ္ရွားသန္႔စင္လိုက္ပါ။ Double Cleansing က ပူၿပီး စိုထုိင္းတဲ႔ ပတ္ဝန္းက်င္ရွိတဲ႔ ေနရာမ်ဳိးမွာ ေနထိုင္တဲ႔သူေတြြ ျပဳလုပ္ေပးသင္႔ပါတယ္။ ဒီလို Double Cleansing ျပဳလုပ္ေပးတဲ႔အခါ ထိထိေရာက္ေရာက္နဲ႔ Makeup ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ေခၽြးေပါက္ေတြကို ပိတ္ဆို႔ျခင္းမရွိဘဲ က်န္းမာတဲ႔အသားအေရအျဖစ္ ထိန္းသင္႔ထားႏိုင္ေစမွာပါ။ အမ်ဳိးမ်ဳိးေသာ Cleansing Product ေတြ စံုေနေအာင္မသံုးခ်င္ဘူးဆိုရင္ေတာ့ Micellar Water တစ္ခုကိုေတာ့ သံုးေပးသင့္ပါတယ္လို႔ အေရျပားဆရာဝန္ေတြက အၾကံျပဳထားပါတယ္။

Double Cleansing

Double Cleansing

ဒီေလာက္ဆိုရင္ေတာ့ ကိုယ္႔ Skin နဲ႕ကိုက္ညီတဲ႔ Cleanser ကို ဘယ္လိုေရြးခ်ယ္ရမလဲဆိုတာနဲ႔ ကဲြျပားျခားနာတဲ႔ Cleanser ေတြအေၾကာင္း ေကာင္းေကာင္းသိသြားေလာက္ၿပီလို႔ ထင္ပါတယ္ေနာ္။ ကိုယ္နဲ႔အကိုက္အညီဆံုးကို ေရြးခ်ယ္အသံုးျပဳၿပီး မိန္းကေလးအားလံုး လွသထက္ ပိုပိုလွႏုိင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Cleanser တစ်ခုနဲ့တစ်ခုဘယ်လိုကွာခြားလဲ သေသေချာချာလေးသိစေဖို့

မိန်းကလေးတွေအနေနဲ့ လှလှပပလေးဖြစ်ဖို့အတွက် အပြင်ထွက်တဲ့အခါမှာ မိတ်ကပ်တွေလိမ်း နှုတ်ခမ်းနီလေးတွေဆိုးပြီး ပြင်ဆင်ခြယ်သတတ်ကြပါတယ်။ ဒီလိုပြင်ဆင်ခြယ်သထားတဲ့ မိတ်ကပ်တွေ၊ အညစ်အကြေးတွေနဲ့ အဆီတွေပေါင်းစပ်သွားတဲ့အခါမှာ မျက်နှာအလှကို ဖျက်တဲ့ ဆားဝက်ခြံ၊ အဆီကျိတ်အဆီဖုတွေနဲ့ ဝက်ခြံဖုကြီးတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါကြောင့်လည်း အိမ်ပြန်ရောက်လာရင်မိတ်ကပ်လိမ်းထားတဲ့မျက်နှာကို Step by Step Cleansing လုပ်ဖို့လိုတာပါ။ ဒီလို သေသေချာချာ သန့်စင်နိုင်ပါမှ ကြည်လင်တဲ့ မျက်နှာအသားအရေကိုမထိခိုက်မှာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ မိန်းကလေးတိုင်းက Cleansing ရဲ့အရေးကြီးပုံကို သိရှိလက်ခံထားကြတာမို့ မတူညီတဲ့ Cleansing Product တွေကိုဘယ်လိုရွေးချယ်မလဲ၊ ကိုယ့် Skin နဲ့အသင့်တော်ဆုံးကဘာတွေလဲ၊ မိတ်ကပ်ဖျက်တာချင်းအတူတူ ဘာတွေကွာခြားလဲဆိုတာသိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Cleansing Wipe

Cleansing Wipe က အလုပ်များတဲ့အမျိုးသမီးတွေအတွက် အဆင်ပြေစေသလို ဈေးလည်း အရမ်းမကြီးတဲ့အတွက် ဆယ်စုနှစ်တစ်စုကြာအောင် အမျိုးသမီးထုတွေကြားထဲမှာ ရေပန်းစားနေတဲ့ Cleanser တစ်ခုဖြစ်ပါတယ်။ ဒီလို Cleanser တွေက အချိန်ကုန်လည်းသက်သာစေပြီး သုံးရတာလည်း လွယ်ကူတဲ့အတွက် အခြား Cleanser တွေထက်ပိုပြီး အသုံးပြုကြတာဖြစ်တယ်လို့ လေဆာနဲ့အရေပြားအထူးအကုကျွမ်းကျင်ဆရာဝန် Dr.Tan က ပြောထားပါတယ်။ Cleansing Wipe က အရေပြားကို ကျိန်းစပ်စပ်ဖြစ်စေနိုင်တဲ့အတွက် တစ်ခါအသုံးပြုရင် တစ်ရွက်ပဲ အသုံးပြုပေးပါလို့ Dr.Tan က အကြံပြုထားပါတယ်။ မျက်နှာကို Cleaning လုပ်ဖို့အတွက် Facial Wipe ကို ရွေးချယ်တဲ့အခါမှာ Alcohol မပါဝင်ဘဲ အသားအရေကို နူးညံစွာနဲ့ သန့်စင်ပေးနိုင်တဲ့ အမျိုးအစားကိုသာ ရွေးချယ်သင့်ပါတယ်။ Cleaning Wipe သုံးပြီးတဲ့အခါမှာလည်း မျက်နှာကို ရေနဲ့သေချာပြန်ဆေးပြီး Moisturizer ပြန်သုံးပေးသင့်ပါတယ်။ အများစုသော Cleansing Wipe တွေက သဘာဝပတ်ဝန်းကျင်နဲ့ ရေထုကိုညစ်ညမ်းစေနိုင်တဲ့အတွက် သဘာဝအတိုင်းပြန်လည်ဆွေးမြည့်ပျက်စီးစေနိုင်တဲ့ Biodegradable Wipe တွေကို အသုံးပြုပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ကူညီထိန်းသိမ်းပေးသင့်ပါတယ်။

Oil Cleanser

မျက်နှာမှာရှိတဲ့မိတ်ကပ်နဲ့ အညစ်အကြေးတွေ သန့်စင်ဖို့အတွက် Oil Cleanser အသုံးပြုတာထူးဆန်းတယ်လို့ ထင်ကောင်းထင်ပါလိမ့်မည်။ ထူးဆန်းတာမှန်ပေမယ့်လည်း Oil Cleanser မှာပါဝင်တဲ့ အဆီက မျက်နှာမှာရှိတဲ့ အဆီ၊ မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ အဆီနဲ့သန့်စင်ခြင်းက အရေပြားကို သန့်စင်သွားစေတဲ့အပြင် ရေဓာတ်ကိုလည်း လုံလောက်စွာဖြည့်တင်းပေးတဲ့အတွက် အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ အသုံးပြုဖို့ သင့်တော်ပါတယ်။ ဈေးကွက်ထဲမှာ မတူကွဲပြားတဲ့ အသားအရေတွေအတွက် Oil Cleanser မျိုးစုံကို ရရှိနေပြီဖြစ်တဲ့အတွက် ကိုယ်အရေပြားနဲ့ကိုက်ညီတဲ့ Cleanser ကို ရွေးချယ်အသုံးပြုပေးလို့ ရပါတယ်။ Oily Skin တွေနဲ့ ဝက်ခြံမကြာခဏထွက်လွယ်သူတွေအနေနဲ့တော့ Oil Cleanser ကို အသုံးမပြုတာအကောင်းဆုံးပါပဲလို့ အရေပြားရောဂါအထူးကုဆရာဝန်ဖြစ်တဲ့ Dr.Cheong က ပြောပါတယ်။ Oil Cleanser တွေကို အနည်းငယ်ပဲအသုံးပြုရင် အသားအရေကို အကျိုးရှိစေပေမယ့် မကြာခဏများများသုံးမိရင်တော့ ချွေးပေါက်တွေပိတ်ဆို့ကာ ဝက်ခြံနဲ့ အခြားမလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

Oil Cleanser

Oil Cleanser

Cleansing Milk

Cleansing Milk က အသားအရေကို ဖြူဝင်းစေတဲ့ Formula နဲ့ပြုလုပ်ထားတာဖြစ်ပြီး အဆီနဲ့ရေပေါင်းစပ်ပါဝင်တဲ့ Emulsion မျိုးဖြစ်ကာ ပေါ့ပါးနူးညံစွာနဲ့ အသားအရေကို သန့်စင်ပေးပါတယ်။ ဒီ Cleansing အမျိုးအစားကို သာမန်အသားအရေရှိတဲ့သူနဲ့ ပေါင်းစပ်အသားအရေရှိတဲ့သူတွေ အသုံးပြုဖို့ သင့်တော်ပါတယ်လို့ Dr.Tan က ပြောပါတယ်။ Cleansing Milk က Oil Cleanser နဲ့မတူဘဲ အသားအရေမှာရှိတဲ့ အညစ်အကြေးအကြွင်းအကျန်တွေ အနည်းဆုံးဖြစ်သွားအောင် သန့်စင်ပေးပါတယ်။ Milk Cleanser ဖြစ်တဲ့အတွက် အခြား Cleanser တွေလို အရမ်းမပြင်းဘဲ မိတ်ကပ်တွေကို ကောင်းမွန်စွာ ဖယ်ရှားပေးပါတယ်။

Cleansing Milk

Cleansing Milk

Micellar Water

Micellar Water ကို Cotton Pad ထဲထည့်ပြီး အသားအရေပေါ်ရှိ မိတ်ကပ်၊ အဆီနဲ့ အညစ်အကြေးတွေကို အမြန်ပွတ်ဆွဲပြီး သန့်စင်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Micelles က အလွန်သေးငယ်တဲ့ Cleansing Oil Molecules အဖြစ်ပြုမူပေးကာ သံလိုက်လိုမျိုး အညစ်အကြေးတွေကို တစ်ချက်တည်းနဲ့ ဆွဲဖယ်သန့်စင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒီ Micelles က မိတ်ကပ်တွေကို သန့်စင်ဖယ်ရှားပေးတဲ့အပြင် ရေစိုုခံ Mascara တွေ၊ အရေပြားမှာရှိတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ပြင်းထန်တဲ့ Chemical တွေ ထိတွေ့မှုမရှိဘဲ ဖယ်ရှားပေးပါတယ်။ Micellar Water က အသုံးပြုရလွယ်ကူတဲ့အပြင် ရေပြန်ဆေးစရာမလိုဘဲ ညင်ညင်သာသာနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ ဒါအပြင် ခရီးသွားတဲ့အခါမျိုးမှာလည်း အသုံးပြုဖို့ သင့်တော်ပါတယ်။ ဒါပေမဲ့ မိတ်ကပ်အရမ်းအထူကြီးနဲ့ Full Makeup လိုပုံစံမျိုးပြင်ဆင်ထားရင်တော့ Micellar Water တစ်ခုတည်းအသုံးပြုပြီး Cleansing လုပ်မယ်ဆိုရင်တော့ မလုံလောက်ပါဘူး။

Micellar Water

Micellar Water

Double Cleansing လုပ်ဖို့ လိုအပ်လား

Double Cleansing လုပ်တဲ့အခါမှာ ပထမအဆင့်အနေနဲ့ Cleansing Oil လိုမျိုး Cleansing Product နဲ့ မိတ်ကပ်၊ အညစ်အကြေးတွေကို အရင်သန့်စင်ဖယ်ရှားပေးပြီး Deeper Cleanser(Micellar Water) နဲ့ ကျန်ရှိနေတဲ့ မိတ်ကပ်အကြွင်းအကျန်နဲ့ အဆီတွေကို ဖယ်ရှားသန့်စင်လိုက်ပါ။ Double Cleansing က ပူပြီး စိုထိုင်းတဲ့ ပတ်ဝန်းကျင်ရှိတဲ့ နေရာမျိုးမှာ နေထိုင်တဲ့သူတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို Double Cleansing ပြုလုပ်ပေးတဲ့အခါ ထိထိရောက်ရောက်နဲ့ Makeup တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်တွေကို ပိတ်ဆို့ခြင်းမရှိဘဲ ကျန်းမာတဲ့အသားအရေအဖြစ် ထိန်းသင့်ထားနိုင်စေမှာပါ။ အမျိုးမျိုးသော Cleansing Product တွေ စုံနေအောင်မသုံးချင်ဘူးဆိုရင်တော့ Micellar Water တစ်ခုကိုတော့ သုံးပေးသင့်ပါတယ်လို့ အရေပြားဆရာဝန်တွေက အကြံပြုထားပါတယ်။

Double Cleansing

Double Cleansing

ဒီလောက်ဆိုရင်တော့ ကိုယ့် Skin နဲ့ကိုက်ညီတဲ့ Cleanser ကို ဘယ်လိုရွေးချယ်ရမလဲဆိုတာနဲ့ ကွဲပြားခြားနာတဲ့ Cleanser တွေအကြောင်း ကောင်းကောင်းသိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ ကိုယ်နဲ့အကိုက်အညီဆုံးကို ရွေးချယ်အသုံးပြုပြီး မိန်းကလေးအားလုံး လှသထက် ပိုပိုလှနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။