[Zawgyi]



HP Spectre 13

HP Spectre 13










Kylie ဘာတွေထူးခြားလဲ







Acer Nitro 5

Acer Nitro 5



Redrose (Akhayar)

www.akhayar.com


[Unicode]

Kylie နဲ့ Kendall Jenner ညီအစ်မနှစ်ယောက်ရဲ့ မတူညီသောအရာများ

Jenner Family ထဲမှာ ကမ္ဘာတစ်ဝှမ်းကလူတွေရဲ့အသည်းနှလုံးမှာနေရာယူနေတာကတော့ Kylie Jenner နဲ့ Kendall Jenner တို့ ညီအစ်မနှစ်ယောက်တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Jenner တို့ ညီအစ်မနှစ်ယောက်အကြောင်းကိုသိပ်မစပ်စုမိသူတွေက တစ်ယောက်တည်းလို့ အထင်မှားနေကြတာမျိုးလည်းရှိတတ်ကြပါတယ်။  သူတို့နှစ်ဦးဟာတစ်အူထုံ့ဆင်း ညီအစ်မနှစ်ဦးဆိုပေမယ့် ဘယ်သူက အကြီးလဲ၊ ဘယ်လိုကွာခြားချက်တွေရှိလဲဆိုတာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

Kendall နဲ့ Kylie နှစ်ဦးအနက် Kendall Jenner ဟာ အစ်မဖြစ်ပြီး၊ Kylie ဟာ ညီမဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အသက်ကွာခြားမှုက နှစ်နှစ်ကွာခြားတာဖြစ်ပါတယ်။ Kendall ဟာ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ မှာ မွေးဖွားပြီး Kylie ဟာ ၁၉၉၇ခုနှစ် သြဂုတ်လ ၁၀ရက်နေ့ မှာ မွေးဖွားတာဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်အပြည့်အစုံကတော့ Kendall Nicole Jenner နဲ့ Kylie Kristen Jenner တို့ပဲဖြစ်ပါတယ်။

Kendall ဘာတွေထူးခြားလဲ

Kendall (Source : stylecaster.com)

Kendall (Source : stylecaster.com)

Kendall ဟာ Model တစ်ယောက်အဖြစ်ရပ်တည်လုပ်ကိုင်နေသူဖြစ်ပြီး သူမရဲ့ မျက်နှာပေါက်ပုံပန်းသဏ္ဍာန်ဟာ ယောကျာ်းလေးဆန်ပါတယ်။ ဒါ့အပြင် ရုပ်တည်တည်နေတတ်တဲ့သူမျိုးဖြစ်လို့နေပါတယ်။ အစားအသောက်စားတဲ့နေရာမှာ Kendall ဟာ ပိုပြီး Junk Food တွေကို အစားများတဲ့သူဖြစ်လို့နေပါတယ်။ Kendall ဟာ အမြဲတမ်းပေါ့ပေါ့ပါးပါးနဲ့ နေထိုင်တဲ့သူဖြစ်ပါတယ်။

Kendall Jenner (Source: hypebae.com)

Kendall Jenner (Source: hypebae.com)

ဝတ်ပုံစားပုံကအစ အမြဲတမ်း Fresh ဖြစ်နေတာကိုတွေ့ရမှာပါ။ ဆံပင်အရှည်ကိုလည်း ပခုံးအကျော်အထိသာထားတတ်သူဖြစ်ပါတယ်။ နောက်တစ်ခု Kylie နဲ့ ကွဲပြားတာဟာ Kendall ဟာ ပိုပြီး Slim ဖြစ်ပြီး Flat Chest ကို ပိုင်ဆိုင်ထားတဲ့ International Model တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် Kendall မှာ Lip Tattoo ရှိနေတယ်လို့လည်း သိရပါတယ်။

Kylie ဘာတွေထူးခြားလဲ

Kylie Jenner (Source : elperiodico.cat)

Kylie Jenner (Source : elperiodico.cat)

Kylie ကတော့ Kendall နဲ့ ဆန့်ကျင်ဘက်ဖြစ်လို့နေပါတယ်။ သူမရဲ့မျက်နှာ်ကျက မိန်းမဆန်ပြီး နှုတ်ခမ်းဖူးဖူးလေးရအောင်ပြုပြင်ထားသူပါ။ ခန္ဓာကိုယ်အရလည်း Kendall ထက်အများကြီးထွားတဲ့သူတစ်ဦးဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ Kylie Cosmetic ဆိုတဲ့ Makeup Brand ကို ဦးစီးနေတဲ့ Business Woman အဖြစ်ရပ်တည်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Kylie Jenner with Stormi (Source : rap-up.com)

Kylie Jenner with Stormi (Source : rap-up.com)

Kylie ဟာ Tyga နဲ့ တွဲခဲ့သူပါ။ ဒါ့အပြင်အခုလက်ရှိမှာ  Kylie ဟာ Travis Scott နဲ့ သမီးချောလေး Stormi ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သမီးတစ်ယောက်မွေးဖွားပြီးတာတောင် အမြဲတမ်းကြော့မော့လှပနေတတ်သူပါ။ အလှအပကို ကြိုက်နှစ်သက်လွန်းခဲ့လားဆိုတာကို သူ့ရဲ့ နှုတ်ခမ်းလေးနဲ့ Hair Style တွေမှာကြည့်နိုင်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Kendall နဲ့ Kylie က အကျင့်တွေနဲ့ နေပုံထိုင်ပုံတွေကွဲပြားနေပေမယ့် တစ်ယောက်အပေါ်တစ်ယောက် အချစ်ပိုကြပါတယ်။ မတည့်အတူနေဆိုရင် ပိုများမှန်နေမလား? ဒီလောက်ဆိုရင်တော့ Kendall နဲ့ Kylie ကို ခွဲခြားတတ်သွားလိမ့်မယ်လို့ထင်ပါတယ်။ Kendall နဲ့ Kylie ယှဉ်လိုက်ရင် ဘယ်သူ့ကိုပိုကြိုက်လည်း ပြောပြပေးသွားဦးနော့်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။