[Zawgyi]

(၂၁) ရာစု ဖက္ရွင္စတုိင္လ္ေတြထက္ေတာင္လန္းတဲ႔ ဒိုင္ယာနာရဲ႕ အလန္းစား ဖက္ရွင္ပံုရိပ္မ်ား

ေတာ္ဝင္မိသားစုဝင္ျဖစ္ခဲ႔ဖူးတဲ့ ဒိုင္ယာနာဟာ တစ္ေခတ္တစ္ခါက ဖက္ရွင္ဘုရင္မလို႔ တင္စားရေလာက္ေအာင္ အထာက်က်ဝတ္စားဆင္ယင္တတ္သလို ဖက္ရွင္အသစ္အဆန္းေတြကို အမ်ားႀကီး တီထြင္ႏို္င္ခဲ႔သူ ျဖစ္ပါတယ္။ ဘယ္ေလာက္ေတာင္ အထာက်က် စတိုင္လ္မိေအာင္ ဝတ္ဆင္ႏိုင္ခဲ႔လဲဆိုေတာ့ သူေခတ္သူအခါက ဝတ္ဆင္ခဲ႔တဲ႔ ဖက္ရွင္ေတြကို ယေန႔ေခတ္လူငယ္ေတြေတာင္ အတုခိုးၿပီး ဝတ္ဆင္ေနၾကရတုန္းပါပဲ။ သူဝတ္ဆင္ခဲ႔တဲ႔ ခ်စ္စဖြယ္ ပြေယာင္းေယာင္း လက္ေဖာင္းအက်ီၤေလးေတြ၊ ေခတ္ဆန္ေၾကာ့ေမာ့တဲ႔ စကပ္ေလးေတြနဲ႔ သူရဲ႕ ဆံပင္စတိုင္လ္ေလးေတြဟာ လူတိုင္းလိုက္ၿပီး တုပခဲ႔ၾကတဲ႔အထိကို ထင္ေပၚေက်ာ္ၾကားခဲ႔ပါတယ္။ အဲဒီလုိ စတုိင္လ္က်က် ဝတ္ဆင္ခဲ႔တဲ႔ သူမရဲ႕စတုိင္လ္ေတြထဲကမွ လူသိပ္မသိတဲ႔ အလန္းစားစတုိုင္လ္အခ်ဳိ႕ကို ဒီေခတ္လူေတြ အတုခိုးဝတ္ဆင္ႏိုင္ေစဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) နာမည္အစစာလံုးနဲ႔ဆဲြႀကိဳး

ခုေခတ္မိန္းကေလးေတြ ဝတ္ဆင္ေနတဲ့ နာမည္အစစာလံုးနဲ႔ ဆဲြႀကိဳးေလးေတြဟာ ဒိုင္ယာနာ ဝတ္ဆင္ခဲ့ရာကေန ခုေခတ္ထိ ေခတ္စားလာခဲ႔ျခင္း ျဖစ္ပါတယ္။ တစ္ခ်ဳိ႕က ဒီစတုိင္လ္ကို Carrie Bradshaw က စတင္ၿပီး ဝတ္ဆင္ခဲ႔တယ္လို႔ ထင္ၾကေပမယ္႔လည္း အမွန္မွာေတာ့ ဒိုင္ယာနာ စတင္ၿပီး ဝတ္စားခဲ႔ျခင္းျဖစ္ပါတယ္။ သူမနာမည္အစစာလံုးပါတဲ႔ ရုိးရုိးရွင္းရွင္း ေလာ့ကတ္သီးေလးနဲ႔ ဆဲြႀကိဳးကုိ မင္းသားႀကီး Charles နဲ႔လက္မထပ္မီ သူမမိဘေတြနဲ႔ Northamptonshire ေဒသမွာေနထုိင္ခဲ့စဥ္တုန္းက ဝတ္ဆင္ခဲ႔တာ ျဖစ္ပါတယ္။

Necklace

Necklace

(၂) အေရာင္နဲ႔ Stocking ေတြကို ခံုခံုမင္မင္ဝတ္ဆင္ျခင္း

Diana ဟာ ပဲြလမ္းအခမ္းအနားေတြ တက္ေရာက္တဲ့အခါမွာ သူမဝတ္ဆင္မယ့္ ဝတ္စံုနဲ႔ကိုက္ညီတဲ႔ အေရာင္နဲ႔ Stocking ေလးေတြကို ရံဖန္ရံခါဝတ္ဆင္ေလ့ရွိပါတယ္။ ယေန႔ေခတ္ Kate Middleton ဝတ္ဆင္ေလ့ရွိတဲ႔ ဝတ္စားဆင္ယင္မႈတစ္ခ်ဳိ႕ကလည္း Diana ဝတ္စားဆင္ယင္မႈကို မွီျငမ္းၿပီး တီထြင္ဝတ္ဆင္ခဲ႔တာမ်ဳိးေတြ ရွိပါတယ္။ Kate Middleton ဝတ္ဆင္တဲ့ ဝတ္စံုေလးေတြနဲ႔ ဦးထုပ္ေလးေတြ အေရာင္တူေနျခင္းက Diana ဝတ္ဆင္ခဲ႔တဲ႔ ပံုစံကုိ အေျခခံၿပီး ဝတ္ဆင္ထားတာေၾကာင့္ ျဖစ္ပါတယ္။

Diana wore Colored Stockings

Diana wore Colored Stockings

(၃) လက္တစ္ဖက္တည္းမွာနာရီႏွစ္လံုးဝတ္ဆင္ျခင္း

ဒီေခတ္မွာ လက္တစ္ဖက္တည္းမွာ နာရီႏွစ္လံုးဝတ္ဆင္ရင္ ရူးသြပ္တယ္လုိ႔ လူေတြရဲ႕ အျပစ္တင္ေျပာဆိုုျခင္းကို ခံရႏိုင္ေျခရွိေသာ္လည္း Diana ကေတာ့ ဒါေတြကို မမူဘဲ ဝတ္ဆင္ခဲ႔တဲ႔ အမ်ဳိးသမီးတစ္ဦးပဲ ျဖစ္ပါတယ္။ ဒီစတိုင္လ္ကိုေတာ့ ဒီေခတ္ ဖက္ရွင္ရႈးသြပ္သူေတြ လိုက္လံတုပရဲၾကလိမ့္မယ္လို႔ေတာ့ မထင္ပါဘူး။

Diana wore Two watches on One Wrist

Diana wore Two watches on One Wrist

(၄) အေဆာင္လက္ေကာက္

ဒိိုင္ယာနာဟာ လက္ဝတ္ရတနာေတြကို ဖက္ရွင္က်ဖို႔အတြက္ တဲြဖက္အသံုးေဆာင္ေတြအျဖစ္ ဝတ္ဆင္သလို အေဆာင္သဖြယ္ သေဘာထားၿပီး ဝတ္ဆင္ေလ့ရွိတာကိုလည္း ေတြ႔႔ရပါတယ္။ သူမစဲြစဲြျမဲျမဲ ဝတ္ဆင္ေလ့ရွိတဲ႔ လက္ဝတ္ရတနာတစ္ခုကေတာ့ ေရႊလက္ေကာက္ေလးျဖစ္ၿပီး အဆိုပါလက္ေကာက္ေလးမွာ “X” ၊ “H” ၊ “W” ဆိုတဲ့ စာလံုးေလးေတြ ပါဝင္ပါတယ္။ လက္ေကာက္မွာ ပါဝင္တဲ႔ “H” နဲ႕ “W” ရဲ႕ အဓိပၸာယ္ကေတာ့ သူမရဲ႕သားႏွစ္ေယာက္ျဖစ္တဲ့ Harry နဲ႔ William ကို ကုိယ္စားျပဳၿပီး “X” ရဲ႕ အဓိပၸာယ္ကေတာ့ မင္းသားႀကီး Charles က သူတို႔ မဂၤလာသက္တမ္း (၁၀) ႏွစ္ျပည္႔ အမွတ္တရ လက္ေဆာင္ေပးတယ္လို႔ အဓိပြာယ္ရပါတယ္။

(၅) ဆဲြႀကိဳးေတြကိုေနာက္ျပန္ဝတ္ဆင္ျခင္း

မိန္္းကေလးေတြ Diana ဖက္ရွင္ကုိ အျမဲမျပတ္ ေလ့လာေနရျခင္းကလည္း ေခတ္ဆန္ၿပီး က်က္သေရရွိရွိနဲ႔ ဝတ္ဆင္တတ္ျခင္းေၾကာင္႔လည္း ျဖစ္ပါတယ္။ သူမအျမဲဝတ္ေလ့ရွိတဲ႔ ဖက္ရွင္စတိုင္လ္တစ္ခုကေတာ့ သူမရဲ႕ေနာက္ေက်ာအလွကို ေဖာ္ညႊန္းကာ ပုလဲဆဲြႀကိဳးကို အတည္႔မဝတ္ဘဲ ေျပာင္းျပန္ဝတ္ဆင္ျခင္းပဲ ျဖစ္ပါတယ္။ အဲဒီလုိ သူမဝတ္ဆင္ျခင္းက အျမင္မရုိင္းဘဲ က်က္သေရရွိၿပီး တင္႔တယ္လြန္းလို႔ ဂုဏ္သေရရွိအသိုင္းအဝိုင္းေတြကေတာင္ စံထားၿပီးေတာ့ လုိက္လံတုပ ဝတ္ဆင္ခဲ႔ၾကပါတယ္။ ေနာက္ေက်ာအဟိုက္ ဗီပံုသ႑န္ အက်ီၤမ်ဳိးနဲ႔ ပုလဲဆဲြႀကိဳးအရွည္ရွိခဲ႔ရင္ Diana စတုိင္လ္ကို အတုခိုးၿပီး ဝတ္ဆင္ၾကည္႔သင္႔႔ပါတယ္။

Diana wore Her Necklace Backwards

Diana wore Her Necklace Backwards

(၆) အေရာင္ကဲြလက္အိတ္ေတြဝတ္ဆင္ျခင္း

အေရာင္ကဲြလက္္အိတ္ေတြ ဝတ္ဆင္ရင္ ေၾကာင္ေၾကာင္ၾကားၾကားႏိုင္တယ္လို႔ ယူဆတဲ႔အျမင္ကုို Diana ဟာ စတိုင္လ္က်တယ္လို႔ အေျပာခံရေလာက္ေအာင္ ေျပာင္းလဲႏိုင္ခဲ႔သူျဖစ္ပါတယ္။ သူမဟာ အေရာင္ကဲြလက္အိတ္ကို ဘာလိုအထာက်ေအာင္ ဝတ္ဆင္ထားလဲဆိုတာကို ေအာက္ကပံုကိုသာ တစ္ခ်က္ရႈိးလိုက္ပါေတာ့။

Mismatched Gloves

Mismatched Gloves

(၇) အေရာင္နဲ႔ Eyeliner

Diana ကို ဖက္ရွင္ Icon အေနနဲ႔သာ ထားလို႔ရယံုတင္မကဘဲ အလွအပေရးရာမွာလည္း Icon အေနနဲ႔ ထားလို႔ရပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ့ သူမဟာ Eyeliner ခ်ယ္သတဲ႔ေနရာမွာ သာမန္လူေတြ ခ်ယ္သသလိုမ်ဳိး အမည္းေရာင္ကိုပဲ တစ္သမတ္တည္း မျခယ္သဘဲ တစ္ခါတစ္ရံမွာ သူမဝတ္ဆင္တဲ႔ ဝတ္စံုရဲ႕အေရာင္နဲ႔ ကိုက္ညီတဲ႔ Eyeliner အေရာင္ကို ျခယ္သတတ္ပါတယ္။ အထူးသျဖင္႔ သူမအျပာေရာင္ ဝတ္တဲ႔အခါမွာ အျပာေရာင္ Eyeliner ျခယ္သေလ့ရွိပါတယ္။ အခုျပထားတဲ့ ညာဘက္ကပံုမွာဆိုရင္ Blouse အက်ီၤနဲ႔ ကိုက္ညီတဲ႔ Liner အေရာင္ကို ျခယ္ထားၿပီး ဘယ္ဘက္ကပံုမွာဆိုရင္ သူမဝတ္ဆင္ထားတဲ့ အက်ီၤထဲက အေရာင္ေလးျဖစ္တဲ႔ အျပာေရာင္ေဖ်ာ့ေဖ်ာ့ အေရာင္ေလးကို မ်က္လံုးမွာ ျခယ္သထားတာကို ေတြ႔ရပါတယ္။

Colored Eyeliner

Colored Eyeliner

(၈) မ်က္မွန္ဖက္ရွင္

ယေန႔ေခတ္မိန္းကေလးေတြ ဓာတ္ပံုရုိက္တဲ႔အခါမွာ ပါဝါမပါတဲ႔ အလွတပ္မ်က္မွန္ေလးေတြ တပ္ၿပီး ခ်စ္စဖြယ္ေကာင္းေအာင္ ဓာတ္ပံုေတြ ရုိက္ၾကတာကို ေတြ႔ဖူး ျမင္ဖူးၾကမွာပါ။ ဒီလုိ စတိုင္လ္မ်ဳိးျဖစ္လာေအာင္ အစပ်ဳိးခဲ႔သူကေတာ့ Prince Diana လို႔ေျပာရင္ အံ့ၾသသြားၾကမလား။ ပရိသတ္ႀကီးသိတဲ႔အတုိင္း Diana ဟာ မ်က္စိပါဝါမရွိသူ ျဖစ္ေသာ္လည္း အလွတပ္ မ်က္မွန္ဝတ္ဆင္ခဲ႔႔ရာကေန အဲဒီဖက္ရွင္ေရစီးေၾကာင္းဟာ ယေန႔ေခတ္ထိ စီးေမ်ာလုိက္ပါလာျခင္း ျဖစ္ပါတယ္။

Glasses Fashion

Glasses Fashion

H.H(Akhayar)

www.akhayar.com

[Unicode]

(၂၁) ရာစု ဖက်ရှင်စတိုင်လ်တွေထက်တောင်လန်းတဲ့ ဒိုင်ယာနာရဲ့ အလန်းစား ဖက်ရှင်ပုံရိပ်များ

တော်ဝင်မိသားစုဝင်ဖြစ်ခဲ့ဖူးတဲ့ ဒိုင်ယာနာဟာ တစ်ခေတ်တစ်ခါက ဖက်ရှင်ဘုရင်မလို့ တင်စားရလောက်အောင် အထာကျကျဝတ်စားဆင်ယင်တတ်သလို ဖက်ရှင်အသစ်အဆန်းတွေကို အများကြီး တီထွင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘယ်လောက်တောင် အထာကျကျ စတိုင်လ်မိအောင် ဝတ်ဆင်နိုင်ခဲ့လဲဆိုတော့ သူခေတ်သူအခါက ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေကို ယနေ့ခေတ်လူငယ်တွေတောင် အတုခိုးပြီး ဝတ်ဆင်နေကြရတုန်းပါပဲ။ သူဝတ်ဆင်ခဲ့တဲ့ ချစ်စဖွယ် ပွယောင်းယောင်း လက်ဖောင်းအကျီၤလေးတွေ၊ ခေတ်ဆန်ကြော့မော့တဲ့ စကပ်လေးတွေနဲ့ သူရဲ့ ဆံပင်စတိုင်လ်လေးတွေဟာ လူတိုင်းလိုက်ပြီး တုပခဲ့ကြတဲ့အထိကို ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ အဲဒီလို စတိုင်လ်ကျကျ ဝတ်ဆင်ခဲ့တဲ့ သူမရဲ့စတိုင်လ်တွေထဲကမှ လူသိပ်မသိတဲ့ အလန်းစားစတိုင်လ်အချို့ကို ဒီခေတ်လူတွေ အတုခိုးဝတ်ဆင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) နာမည်အစစာလုံးနဲ့ဆွဲကြိုး

ခုခေတ်မိန်းကလေးတွေ ဝတ်ဆင်နေတဲ့ နာမည်အစစာလုံးနဲ့ ဆွဲကြိုးလေးတွေဟာ ဒိုင်ယာနာ ဝတ်ဆင်ခဲ့ရာကနေ ခုခေတ်ထိ ခေတ်စားလာခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ချို့က ဒီစတိုင်လ်ကို Carrie Bradshaw က စတင်ပြီး ဝတ်ဆင်ခဲ့တယ်လို့ ထင်ကြပေမယ့်လည်း အမှန်မှာတော့ ဒိုင်ယာနာ စတင်ပြီး ဝတ်စားခဲ့ခြင်းဖြစ်ပါတယ်။ သူမနာမည်အစစာလုံးပါတဲ့ ရိုးရိုးရှင်းရှင်း လော့ကတ်သီးလေးနဲ့ ဆွဲကြိုးကို မင်းသားကြီး Charles နဲ့လက်မထပ်မီ သူမမိဘတွေနဲ့ Northamptonshire ဒေသမှာနေထိုင်ခဲ့စဉ်တုန်းက ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Necklace

Necklace

(၂) အရောင်နဲ့ Stocking တွေကို ခုံခုံမင်မင်ဝတ်ဆင်ခြင်း

Diana ဟာ ပွဲလမ်းအခမ်းအနားတွေ တက်ရောက်တဲ့အခါမှာ သူမဝတ်ဆင်မယ့် ဝတ်စုံနဲ့ကိုက်ညီတဲ့ အရောင်နဲ့ Stocking လေးတွေကို ရံဖန်ရံခါဝတ်ဆင်လေ့ရှိပါတယ်။ ယနေ့ခေတ် Kate Middleton ဝတ်ဆင်လေ့ရှိတဲ့ ဝတ်စားဆင်ယင်မှုတစ်ချို့ကလည်း Diana ဝတ်စားဆင်ယင်မှုကို မှီငြမ်းပြီး တီထွင်ဝတ်ဆင်ခဲ့တာမျိုးတွေ ရှိပါတယ်။ Kate Middleton ဝတ်ဆင်တဲ့ ဝတ်စုံလေးတွေနဲ့ ဦးထုပ်လေးတွေ အရောင်တူနေခြင်းက Diana ဝတ်ဆင်ခဲ့တဲ့ ပုံစံကို အခြေခံပြီး ဝတ်ဆင်ထားတာကြောင့် ဖြစ်ပါတယ်။

Diana wore Colored Stockings

Diana wore Colored Stockings

(၃) လက်တစ်ဖက်တည်းမှာနာရီနှစ်လုံးဝတ်ဆင်ခြင်း

ဒီခေတ်မှာ လက်တစ်ဖက်တည်းမှာ နာရီနှစ်လုံးဝတ်ဆင်ရင် ရူးသွပ်တယ်လို့ လူတွေရဲ့ အပြစ်တင်ပြောဆိုခြင်းကို ခံရနိုင်ခြေရှိသော်လည်း Diana ကတော့ ဒါတွေကို မမူဘဲ ဝတ်ဆင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီစတိုင်လ်ကိုတော့ ဒီခေတ် ဖက်ရှင်ရှုးသွပ်သူတွေ လိုက်လံတုပရဲကြလိမ့်မယ်လို့တော့ မထင်ပါဘူး။

Diana wore Two watches on One Wrist

Diana wore Two watches on One Wrist

(၄) အဆောင်လက်ကောက်

ဒိုင်ယာနာဟာ လက်ဝတ်ရတနာတွေကို ဖက်ရှင်ကျဖို့အတွက် တွဲဖက်အသုံးဆောင်တွေအဖြစ် ဝတ်ဆင်သလို အဆောင်သဖွယ် သဘောထားပြီး ဝတ်ဆင်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။ သူမစွဲစွဲမြဲမြဲ ဝတ်ဆင်လေ့ရှိတဲ့ လက်ဝတ်ရတနာတစ်ခုကတော့ ရွှေလက်ကောက်လေးဖြစ်ပြီး အဆိုပါလက်ကောက်လေးမှာ “X” ၊ “H” ၊ “W” ဆိုတဲ့ စာလုံးလေးတွေ ပါဝင်ပါတယ်။ လက်ကောက်မှာ ပါဝင်တဲ့ “H” နဲ့ “W” ရဲ့ အဓိပ္ပာယ်ကတော့ သူမရဲ့သားနှစ်ယောက်ဖြစ်တဲ့ Harry နဲ့ William ကို ကိုယ်စားပြုပြီး “X” ရဲ့ အဓိပ္ပာယ်ကတော့ မင်းသားကြီး Charles က သူတို့ မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့် အမှတ်တရ လက်ဆောင်ပေးတယ်လို့ အဓိပွာယ်ရပါတယ်။

(၅) ဆွဲကြိုးတွေကိုနောက်ပြန်ဝတ်ဆင်ခြင်း

မိန်းကလေးတွေ Diana ဖက်ရှင်ကို အမြဲမပြတ် လေ့လာနေရခြင်းကလည်း ခေတ်ဆန်ပြီး ကျက်သရေရှိရှိနဲ့ ဝတ်ဆင်တတ်ခြင်းကြောင့်လည်း ဖြစ်ပါတယ်။ သူမအမြဲဝတ်လေ့ရှိတဲ့ ဖက်ရှင်စတိုင်လ်တစ်ခုကတော့ သူမရဲ့နောက်ကျောအလှကို ဖော်ညွှန်းကာ ပုလဲဆွဲကြိုးကို အတည့်မဝတ်ဘဲ ပြောင်းပြန်ဝတ်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို သူမဝတ်ဆင်ခြင်းက အမြင်မရိုင်းဘဲ ကျက်သရေရှိပြီး တင့်တယ်လွန်းလို့ ဂုဏ်သရေရှိအသိုင်းအဝိုင်းတွေကတောင် စံထားပြီးတော့ လိုက်လံတုပ ဝတ်ဆင်ခဲ့ကြပါတယ်။ နောက်ကျောအဟိုက် ဗီပုံသဏ္ဍန် အကျီၤမျိုးနဲ့ ပုလဲဆွဲကြိုးအရှည်ရှိခဲ့ရင် Diana စတိုင်လ်ကို အတုခိုးပြီး ဝတ်ဆင်ကြည့်သင့့်ပါတယ်။

Diana wore Her Necklace Backwards

Diana wore Her Necklace Backwards

(၆) အရောင်ကွဲလက်အိတ်တွေဝတ်ဆင်ခြင်း

အရောင်ကွဲလက်အိတ်တွေ ဝတ်ဆင်ရင် ကြောင်ကြောင်ကြားကြားနိုင်တယ်လို့ ယူဆတဲ့အမြင်ကို Diana ဟာ စတိုင်လ်ကျတယ်လို့ အပြောခံရလောက်အောင် ပြောင်းလဲနိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ အရောင်ကွဲလက်အိတ်ကို ဘာလိုအထာကျအောင် ဝတ်ဆင်ထားလဲဆိုတာကို အောက်ကပုံကိုသာ တစ်ချက်ရှိုးလိုက်ပါတော့။

Mismatched Gloves

Mismatched Gloves

(၇) အရောင်နဲ့ Eyeliner

Diana ကို ဖက်ရှင် Icon အနေနဲ့သာ ထားလို့ရယုံတင်မကဘဲ အလှအပရေးရာမှာလည်း Icon အနေနဲ့ ထားလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ Eyeliner ချယ်သတဲ့နေရာမှာ သာမန်လူတွေ ချယ်သသလိုမျိုး အမည်းရောင်ကိုပဲ တစ်သမတ်တည်း မခြယ်သဘဲ တစ်ခါတစ်ရံမှာ သူမဝတ်ဆင်တဲ့ ဝတ်စုံရဲ့အရောင်နဲ့ ကိုက်ညီတဲ့ Eyeliner အရောင်ကို ခြယ်သတတ်ပါတယ်။ အထူးသဖြင့် သူမအပြာရောင် ဝတ်တဲ့အခါမှာ အပြာရောင် Eyeliner ခြယ်သလေ့ရှိပါတယ်။ အခုပြထားတဲ့ ညာဘက်ကပုံမှာဆိုရင် Blouse အကျီၤနဲ့ ကိုက်ညီတဲ့ Liner အရောင်ကို ခြယ်ထားပြီး ဘယ်ဘက်ကပုံမှာဆိုရင် သူမဝတ်ဆင်ထားတဲ့ အကျီၤထဲက အရောင်လေးဖြစ်တဲ့ အပြာရောင်ဖျော့ဖျော့ အရောင်လေးကို မျက်လုံးမှာ ခြယ်သထားတာကို တွေ့ရပါတယ်။

Colored Eyeliner

Colored Eyeliner

(၈) မျက်မှန်ဖက်ရှင်

ယနေ့ခေတ်မိန်းကလေးတွေ ဓာတ်ပုံရိုက်တဲ့အခါမှာ ပါဝါမပါတဲ့ အလှတပ်မျက်မှန်လေးတွေ တပ်ပြီး ချစ်စဖွယ်ကောင်းအောင် ဓာတ်ပုံတွေ ရိုက်ကြတာကို တွေ့ဖူး မြင်ဖူးကြမှာပါ။ ဒီလို စတိုင်လ်မျိုးဖြစ်လာအောင် အစပျိုးခဲ့သူကတော့ Prince Diana လို့ပြောရင် အံ့သြသွားကြမလား။ ပရိသတ်ကြီးသိတဲ့အတိုင်း Diana ဟာ မျက်စိပါဝါမရှိသူ ဖြစ်သော်လည်း အလှတပ် မျက်မှန်ဝတ်ဆင်ခဲ့ရာကနေ အဲဒီဖက်ရှင်ရေစီးကြောင်းဟာ ယနေ့ခေတ်ထိ စီးမျောလိုက်ပါလာခြင်း ဖြစ်ပါတယ်။

Glasses Fashion

Glasses Fashion

H.H(Akhayar)

www.akhayar.com