[Zawgyi]

တကယ့္ဗုဒၶဘာသာဝင္ေတြက ဒီလုိအက်င့္စရုိက္ေတြ မရွိဘူး

ဗုဒၶဆုိတာ တရားအားလုံးကုိ ကုိယ္ပုိင္ဥာဏ္နဲ႔ သိျမင္တဲ့သူျဖစ္ၿပီး ဘာသာဆုိတာက ဗုဒၶေဟာၾကားခဲ့တဲ့ တရားေတာ္လုိ႔ ဆုိလုိတာျဖစ္ပါတယ္။ ဗုဒၶဘာသာဝင္ဆုိတာက ဗုဒၶေဟာၾကားခဲ့တဲ့ တရားေတာ္ေတြကုိ လုိက္နာက်င့္သုံးတဲ့သူလုိ႔ အဓိပၸာယ္ရပါတယ္။ မိရုိးဖလာဗုဒၶဘာသာဝင္နဲ႔ တကယ့္ဗုဒၶဘာသာဝင္ဆုိၿပီး ႏွစ္မ်ိဳးကြဲပါေသးတယ္။ ႏုိင္ငံသားစိစစ္ေရးကတ္ျပားထဲမွာ ဗုဒၶဘာသာဝင္လုိ႔ ေရးထားတုိင္းလည္း ဗုဒၶဘာသာဝင္အစစ္ မျဖစ္ေသးပါဘူး။ ဒီလုိအက်င့္စရုိက္မ်ိဳးေတြရွိေနသမ်ွေတာ့ ဗုဒၶဘာသာဝင္အစစ္မျဖစ္ေသးပါဘူး။

(၁) ေဗဒင္၊ လကၡဏာကုိလည္း မေမးဘူး။

ဗုဒၶဘာသာဝင္ဆုိတာ ကံကုိပဲ ယုံၾကည္တယ္။ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္၊ မေကာင္းတာလုပ္ရင္ မေကာင္းတာျဖစ္မယ္။ ေမြးဇာတာကုိၾကည့္ၿပီး ကုိယ့္အနာဂတ္ကုိ နမိတ္ဖတ္တာက အျပည့္အဝမွန္ႏုိင္မွာ မဟုတ္ပါဘူး။ လက္ေခ်ာင္းေတြမွာရွိတဲ့ အေရးအေၾကာင္းေတြကုိ ၾကည့္ၿပီး “အသက္လမ္းေၾကာင္း တုိေနလုိ႔ အသက္တုိမယ္” လုိ႔ ဆုိၾကစတမ္းဆုိရင္ ေမြးကတည္းက လက္ႏွစ္ဖက္မပါတဲ့သူေတြက အသက္ရွင္ခြင့္မရွိေတာ့ဘူးလား။

(၂) နတ္ေတြကုိလည္း မယုံၾကည္ဘူး။

ကုိယ့္ကုိေကြ်းေမြးျပဳစုလာတဲ့ မိဘႏွစ္ပါးကုိ အေလးမထားဘဲနဲ႔ အတြင္း၃၇မင္း၊ အျပင္၃၇မင္း နတ္ေတြကုိပဲ ပသေနရင္ မဟုတ္ေသးပါဘူး။ တကယ္တမ္းေတာ့ ကုိႀကီးေက်ာ္နတ္တုိ႔ ေမာင္တင့္တယ္တုိ႔ မင္းႀကီးမင္းေလးတုိ႔ဆုိတာ အသတ္ခံရတဲ့ အစိမ္းေသၿပိတၱာအဆင့္ပဲ ရွိတာပါ။ သူတုိ႔ဘဝေတြကုိ သနားရင္ အမ်ွအတန္းေပးေဝလုိ႔ ေကာင္းေပမယ့္ အက်ိဳးေမ်ွာ္ကုိးၿပီး ပူေဇာ္ပသေနရင္ေတာ့ ဗုဒၶဘာသာအစစ္မဟုတ္ေသးပါဘူး။

(၃) ေန႔နံအလုိက္လည္း ဘုရားမရွိခုိးဘူး။

အဂၤါသားျဖစ္လုိ႔ အဂၤါေထာင့္မွာ ကန္ေတာ့တာတုိ႔ စေနသမီးျဖစ္လုိ႔ စေနေထာင့္မွာ ေရသပၸာယ္တာတုိ႔ဆုိတာ မျဖစ္သင့္ပါဘူး။ ဘုရားဂုဏ္ေတာ္ကုိပဲ မွန္းေမ်ွာ္ၿပီး သင့္တင့္ေလ်ွာက္ပတ္တဲ့ ေနရာကပဲ ရွိခုိးသင့္ပါတယ္။ ေမြးေန႔မွာ ငါးလႊတ္တာ သူမ်ားအသက္ကုိ ကယ္ဆယ္ရာ ေရာက္ေပမယ့္ ေရသပၸာယ္တာကေတာ့ ဘုရားရွင္ကုိယ္ေတာ္တုိင္သာ သက္ရွိထင္ရွားရွိေနေသးရင္ “ငါ ခ်မ္းလွၿပီ ေတာ္ၾကပါေတာ့” လုိ႔ေတာင္ ေျပာလိမ့္ဦးမယ္။

You May Like : ဘုရား၊ တရား၊ သံဃာကုိ ဘာေၾကာင့္ ရတနာျမတ္ (၃) ပါးလုိ႔ ေခၚတာလဲ

(၄) ဆုေတာင္းျပည့္ဘုရားမွာလည္း ဆုမေတာင္းဘူး။

ခပ္ညံ့ညံ့ဗုဒၶဘာသာဝင္ေတြက ပုဂံေရာက္ရင္လည္း စြယ္ေတာ္ေလးဆူကုိ မြန္းမတည့္မီ ဖူးႏုိင္မွ ဆုေတာင္းျပည့္တယ္လုိ႔ ထင္ေနတတ္ၾကသလုိ ဆုေတာင္းျပည့္ဘုရားေတြကုိလည္း အဓိဌာန္ဝင္ႏုိင္မွ လုိအင္ဆႏၵျပည့္ဝမယ္လုိ႔ ေတြးေနတတ္ပါတယ္။ မိရုိးဖလာဗုဒၶဘာသာဝင္ေတြက က်ိဳက္ထီးရုိးသုံးေခါက္တက္ရင္ သူေဌးျဖစ္မယ္လုိ႔ ထင္ေနပါေသးတယ္။ ကုိယ့္ရင္ထဲက “လုိအင္ဆႏၵကုိ ငုတ္မိသဲတုိင္ တက္ႏုိင္ဖ်ားေရာက္” စိတ္ဓာတ္နဲ႔ ႀကိဳးစားမွသာ ေအာင္ျမင္ႏုိင္မွာပါ။ ဆုေတာင္းတုိင္းသာ ျပည့္မယ္ဆုိရင္ ဘုရားနားက ပန္းေရာင္းေနတဲ့ လူေတြဟာ ကမၻာ့အခ်မ္းသာဆုံးသူေဌးေတြ ျဖစ္ေနမွာေပါ့။

(၅) သက္သက္လြတ္စားၿပီး အဓိဌာန္မဝင္ဘူး။

သက္သက္လြတ္ပဲစားစား အသားငါးပဲစားစား စားသုံးသူရဲ႕စိတ္ထဲမွာ ကုသုိလ္စိတ္ကိန္းေအာင္းေနမွသာ သူေတာ္ေကာင္းပီသမွာပါ။ “ကုိးနဝင္း မုိးလင္းမွသိမယ္” တုိ႔ “ရက္၉ဝ အဓိဌာန္” တုိ႔ဆုိတာ အက်ိဳးတရားေမ်ွာ္ကုိးၿပီး လုပ္ၾကတာေတြပါ။ သံပရာပင္စုိက္ၿပီး လိေမၼာ္သီးစားခ်င္လုိ႔ မရပါဘူး။ လိေမၼာ္သီးစားခ်င္ရင္ လိေမၼာ္ပင္ပဲ စုိက္ရမွာပါ။ အဓိဌာန္ဝင္တာ အလုပ္ျဖစ္မျဖစ္ မေသခ်ာေပမယ့္ ဘုိးေတာ္ေယာင္ေယာင္ အထက္ဂုိဏ္းေတြအတြက္ေတာ့ ဝင္ေငြေျဖာင့္လြန္းပါတယ္။

(၆) လုိအပ္တဲ့ေနရာေတြမွာ လွဴပါ။

ျပည့္ေနတဲ့အုိးထဲကုိ ထပ္ျဖည့္ေနရင္ ပုိလ်ွံသြားရုံကလြဲၿပီး ဘာမွအက်ိဳးမရွိပါဘူး။ ျမန္မာလူမ်ိဳေတြက တကယ္လုိအပ္တဲ့ေနရာေတြကုိ လွဴဒါန္းဖုိ႔ထက္ နာမည္ႀကီးေနရာေတြကုိပဲ သဒၶါထက္သန္ၾကတယ္။ မလုိအပ္ဘဲ ေရႊဆုိင္းေတြကပ္လြန္းလုိ႔ မဟာျမတ္မုနိဘုရားႀကီးဟာလည္း မသပၸာယ္ေတာ့သလုိ အင္းေလးေဖာင္ေတာ္ဦးဘုရားေတြလည္း ေရႊတုံးႀကီးေတြျဖစ္သြားပါၿပီ။ တကယ္လုိအပ္ေနတဲ့ မိဘမဲ့ေက်ာင္းေတြ၊ ဆင္းရဲတဲ့ေဒသေတြကုိမ်ား လွဴလုိက္မယ္ဆုိရင္ ပုိၿပီးအက်ိဳးရွိပါတယ္။ တကယ့္ဗုဒၶဘာသာဝင္ဆုိတာ ကဗၺည္းထုိးဖုိ႔ထက္ အက်ိဳးရွိဖုိ႔ပဲ စဥ္းစားေတာ့တယ္။

ကဲ . . . ဒါေတြကေတာ့ မိရုိးဖလာဗုဒၶဘာသာဝင္ေတြမွာ ရွိတတ္တဲ့ အက်င့္စရုိက္ေတြကုိ စုစည္းေဖာ္ျပလုိက္တာ ျဖစ္ပါတယ္။ လုိအပ္ခ်က္ရွိသြားရင္လည္း စာေရးသူရဲ႕ ေစတနာအမွားသာ ျဖစ္ႏုိင္တာမုိ႔ ခြင့္လႊတ္ေပးၾကမယ္လုိ႔ ေမ်ွာ္လင့္မိပါတယ္။ တကယ့္ဗုဒၶဘာသာဝင္ျဖစ္ေနၿပီလားလုိ႔ စဥ္းစားၾကည့္ရေအာင္ဗ်ာ။

ကုိးကား ။ ။ မိရုိးဖလာဗုဒၶဘာသာဝင္ႏွင့္ တကယ့္ဗုဒၶဘာသာဝင္ (ေမတၱာရွင္ – ေရႊျပည္သာ)

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

တကယ့်ဗုဒ္ဓဘာသာဝင်တွေက ဒီလိုအကျင့်စရိုက်တွေ မရှိဘူး

ဗုဒ္ဓဆိုတာ တရားအားလုံးကို ကိုယ်ပိုင်ဉာဏ်နဲ့ သိမြင်တဲ့သူဖြစ်ပြီး ဘာသာဆိုတာက ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာက ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို လိုက်နာကျင့်သုံးတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်နဲ့ တကယ့်ဗုဒ္ဓဘာသာဝင်ဆိုပြီး နှစ်မျိုးကွဲပါသေးတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားထဲမှာ ဗုဒ္ဓဘာသာဝင်လို့ ရေးထားတိုင်းလည်း ဗုဒ္ဓဘာသာဝင်အစစ် မဖြစ်သေးပါဘူး။ ဒီလိုအကျင့်စရိုက်မျိုးတွေရှိနေသမျှတော့ ဗုဒ္ဓဘာသာဝင်အစစ်မဖြစ်သေးပါဘူး။

(၁) ဗေဒင်၊ လက္ခဏာကိုလည်း မမေးဘူး။

ဗုဒ္ဓဘာသာဝင်ဆိုတာ ကံကိုပဲ ယုံကြည်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ မွေးဇာတာကိုကြည့်ပြီး ကိုယ့်အနာဂတ်ကို နမိတ်ဖတ်တာက အပြည့်အဝမှန်နိုင်မှာ မဟုတ်ပါဘူး။ လက်ချောင်းတွေမှာရှိတဲ့ အရေးအကြောင်းတွေကို ကြည့်ပြီး “အသက်လမ်းကြောင်း တိုနေလို့ အသက်တိုမယ်” လို့ ဆိုကြစတမ်းဆိုရင် မွေးကတည်းက လက်နှစ်ဖက်မပါတဲ့သူတွေက အသက်ရှင်ခွင့်မရှိတော့ဘူးလား။

(၂) နတ်တွေကိုလည်း မယုံကြည်ဘူး။

ကိုယ့်ကိုကျွေးမွေးပြုစုလာတဲ့ မိဘနှစ်ပါးကို အလေးမထားဘဲနဲ့ အတွင်း၃၇မင်း၊ အပြင်၃၇မင်း နတ်တွေကိုပဲ ပသနေရင် မဟုတ်သေးပါဘူး။ တကယ်တမ်းတော့ ကိုကြီးကျော်နတ်တို့ မောင်တင့်တယ်တို့ မင်းကြီးမင်းလေးတို့ဆိုတာ အသတ်ခံရတဲ့ အစိမ်းသေပြိတ္တာအဆင့်ပဲ ရှိတာပါ။ သူတို့ဘဝတွေကို သနားရင် အမျှအတန်းပေးဝေလို့ ကောင်းပေမယ့် အကျိုးမျှော်ကိုးပြီး ပူဇော်ပသနေရင်တော့ ဗုဒ္ဓဘာသာအစစ်မဟုတ်သေးပါဘူး။

(၃) နေ့နံအလိုက်လည်း ဘုရားမရှိခိုးဘူး။

အင်္ဂါသားဖြစ်လို့ အင်္ဂါထောင့်မှာ ကန်တော့တာတို့ စနေသမီးဖြစ်လို့ စနေထောင့်မှာ ရေသပ္ပာယ်တာတို့ဆိုတာ မဖြစ်သင့်ပါဘူး။ ဘုရားဂုဏ်တော်ကိုပဲ မှန်းမျှော်ပြီး သင့်တင့်လျှောက်ပတ်တဲ့ နေရာကပဲ ရှိခိုးသင့်ပါတယ်။ မွေးနေ့မှာ ငါးလွှတ်တာ သူများအသက်ကို ကယ်ဆယ်ရာ ရောက်ပေမယ့် ရေသပ္ပာယ်တာကတော့ ဘုရားရှင်ကိုယ်တော်တိုင်သာ သက်ရှိထင်ရှားရှိနေသေးရင် “ငါ ချမ်းလှပြီ တော်ကြပါတော့” လို့တောင် ပြောလိမ့်ဦးမယ်။

You May Like : ဘုရား၊ တရား၊ သံဃာကို ဘာကြောင့် ရတနာမြတ် (၃) ပါးလို့ ခေါ်တာလဲ

(၄) ဆုတောင်းပြည့်ဘုရားမှာလည်း ဆုမတောင်းဘူး။

ခပ်ညံ့ညံ့ဗုဒ္ဓဘာသာဝင်တွေက ပုဂံရောက်ရင်လည်း စွယ်တော်လေးဆူကို မွန်းမတည့်မီ ဖူးနိုင်မှ ဆုတောင်းပြည့်တယ်လို့ ထင်နေတတ်ကြသလို ဆုတောင်းပြည့်ဘုရားတွေကိုလည်း အဓိဌာန်ဝင်နိုင်မှ လိုအင်ဆန္ဒပြည့်ဝမယ်လို့ တွေးနေတတ်ပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေက ကျိုက်ထီးရိုးသုံးခေါက်တက်ရင် သူဌေးဖြစ်မယ်လို့ ထင်နေပါသေးတယ်။ ကိုယ့်ရင်ထဲက “လိုအင်ဆန္ဒကို ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်” စိတ်ဓာတ်နဲ့ ကြိုးစားမှသာ အောင်မြင်နိုင်မှာပါ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဘုရားနားက ပန်းရောင်းနေတဲ့ လူတွေဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေ ဖြစ်နေမှာပေါ့။

(၅) သက်သက်လွတ်စားပြီး အဓိဌာန်မဝင်ဘူး။

သက်သက်လွတ်ပဲစားစား အသားငါးပဲစားစား စားသုံးသူရဲ့စိတ်ထဲမှာ ကုသိုလ်စိတ်ကိန်းအောင်းနေမှသာ သူတော်ကောင်းပီသမှာပါ။ “ကိုးနဝင်း မိုးလင်းမှသိမယ်” တို့ “ရက်၉ဝ အဓိဌာန်” တို့ဆိုတာ အကျိုးတရားမျှော်ကိုးပြီး လုပ်ကြတာတွေပါ။ သံပရာပင်စိုက်ပြီး လိမ္မော်သီးစားချင်လို့ မရပါဘူး။ လိမ္မော်သီးစားချင်ရင် လိမ္မော်ပင်ပဲ စိုက်ရမှာပါ။ အဓိဌာန်ဝင်တာ အလုပ်ဖြစ်မဖြစ် မသေချာပေမယ့် ဘိုးတော်ယောင်ယောင် အထက်ဂိုဏ်းတွေအတွက်တော့ ဝင်ငွေဖြောင့်လွန်းပါတယ်။

(၆) လိုအပ်တဲ့နေရာတွေမှာ လှူပါ။

ပြည့်နေတဲ့အိုးထဲကို ထပ်ဖြည့်နေရင် ပိုလျှံသွားရုံကလွဲပြီး ဘာမှအကျိုးမရှိပါဘူး။ မြန်မာလူမျိုတွေက တကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ထက် နာမည်ကြီးနေရာတွေကိုပဲ သဒ္ဓါထက်သန်ကြတယ်။ မလိုအပ်ဘဲ ရွှေဆိုင်းတွေကပ်လွန်းလို့ မဟာမြတ်မုနိဘုရားကြီးဟာလည်း မသပ္ပာယ်တော့သလို အင်းလေးဖောင်တော်ဦးဘုရားတွေလည်း ရွှေတုံးကြီးတွေဖြစ်သွားပါပြီ။ တကယ်လိုအပ်နေတဲ့ မိဘမဲ့ကျောင်းတွေ၊ ဆင်းရဲတဲ့ဒေသတွေကိုများ လှူလိုက်မယ်ဆိုရင် ပိုပြီးအကျိုးရှိပါတယ်။ တကယ့်ဗုဒ္ဓဘာသာဝင်ဆိုတာ ကဗ္ဗည်းထိုးဖို့ထက် အကျိုးရှိဖို့ပဲ စဉ်းစားတော့တယ်။

ကဲ . . . ဒါတွေကတော့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေမှာ ရှိတတ်တဲ့ အကျင့်စရိုက်တွေကို စုစည်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ လိုအပ်ချက်ရှိသွားရင်လည်း စာရေးသူရဲ့ စေတနာအမှားသာ ဖြစ်နိုင်တာမို့ ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်မိပါတယ်။ တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလားလို့ စဉ်းစားကြည့်ရအောင်ဗျာ။

ကိုးကား ။ ။ မိရိုးဖလာဗုဒ္ဓဘာသာဝင်နှင့် တကယ့်ဗုဒ္ဓဘာသာဝင် (မေတ္တာရှင် – ရွှေပြည်သာ)

ကျော်စိုးအောင် (အခရာ)

www.akhayar.com