[Zawgyi]

ခ်စ္စရာေကာင္မေလးအသြင္ေျပာင္းေစမယ့္ Mini Backpack

ကိုယ္တုိ႔ေကာင္မေလးေတြက ငယ္ငယ္ေလးကတည္းက ေက်ာင္းတက္တဲ့အခါ လြယ္အိတ္ေလးေတြနဲ႔ေက်ာင္းတတ္ခဲ့ရတာကို သတိထားမိၾကမွာပါ။ စာအုပ္ေတြ၊ ေဘာပင္ေတြနဲ႔ စာေရးကိရိယာအစံုအလင္ေတြေရာ၊ အျခားပိစိကြစ ပစၥည္းေလးေတြပါ ထည့္ၿပီး ေက်ာင္းကို ဘုမသိဗမသိနဲ႔သြားၾကတယ္။ ဒါေပမယ့္အသက္ရလာတဲ့အခ်ိန္မွာေတာ့ စလြယ္သိုင္းလြယ္အိတ္ေလးေတြေျပာင္းလြယ္လာၾကတယ္။ အဲဒီလိုနဲ႔ အပ်ိဳေဖာ္ဝင္စအရြယ္ေရာက္လာၾကေတာ့ ေဘးလြယ္အိတ္ကိုပဲ ေစာက္ခ်ကိုင္လာၾကတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ေခတ္ကာလကေျပာင္းလာေတာ့ ေဘးလြယ္အိတ္ေတြလြယ္တာက ဒိတ္ေအာက္သြားၿပီေလ။ အဲဒီအစား Cluch ေလးေတြ၊ Tote Bag ေလးေတြ နဲ႔ Mini Backpack ေလးေတြကို ေရာင္းခ်လာၾကတယ္။ ဒီလိုထုတ္လုပ္လာတဲ့ ဒီဇိုင္းအသစ္ေလးေတြထဲမွာမွ Mini Backpack ေလးေတြက ပိုၿပီးေရာင္အားေကာင္းေနခဲ့တယ္။

Mini Backpack ေလးကခ်စ္ဖို႔ေကာင္းတယ္။ မိန္းကေလးဆန္ေပမယ့္ Cuttie Type မ်ိဳးမသြားပါဘူး။ Fresh & Fun Look ေလးကို ပိုသြားပါတယ္။ Minimize လည္းပိုျဖစ္ေစတယ္။ သယ္ရေဆာင္ရတဲ့ပစၥည္းေတြနည္းသြားတဲ့အတြက္ ေပါ့ေပါ့ပါးပါးသြားလာလို႔ရေစတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Minin Backpack ေတြထဲမွာမွ ဒီ Backpack ေလးေတၤက လူငယ္ပိုဆန္ၿပီး Style ရွိေစတဲ့အျပင္ အျပင္လူတစ္ေယာက္က ကိုယ့္ကိုၾကည့္လိုက္တာနဲ႔ ေငးေနေစမယ့္ လြယ္အိတ္ေလးေတြျဖစ္လို႔ေနပါတယ္။

Plam Springs Mini

Louis Vuitton Palm Spring Mini

Louis Vuitton Palm Spring Mini

Louis Vuitton ကထုတ္လုပ္တဲ့ Mini Backpack ဒီဇိုင္းေလးျဖစ္ပါတယ္။ LV ရဲ႕ ထုတ္ေနၾက Leather ျဖစ္တဲ့ Monogram Canvas နဲ႔ပဲခ်ဳပ္လုပ္ထားတာျဖစ္ပါတယ္။ သူ႕ရဲ႕ Backpack Strap ဒီဇိုင္းပံုစံေလးက ေက်ာပိုးအိတ္ပံုစံအေနနဲ႔ လြယ္လို႔ရတဲ့အျပင္ စလြယ္သိုင္းပံုစံမ်ိဳးေလးလည္း လြယ္လို႔ရပါေသးတယ္။

Classic Mini Faux Leather

Adidas Classic Mini Faux Leather

Adidas Classic Mini Faux Leather

Adidas ထုတ္ Backpack ေလးပဲျဖစ္ပါတယ္။ ဒီ အိတ္ေလးက Leather နဲ႔ ခ်ဳပ္လုပ္ထားပါတယ္။ တစ္အိတ္လံုးကို အသားေရာ၊ ဒီဇိုင္းပါ Black Theme ေလးလုပ္ထားတဲ့အတြက္ ခပ္မိုက္မိုက္ Chic Style ပံုဖမ္းလို႔ရပါတယ္။

Mini Vinyl Backpack

Zara Mini Vinyl Backpack

Zara Mini Vinyl Backpack

Zara ကေနထုတ္လုပ္ထားတဲ့ Mini Backpack ေလးျဖစ္ပါတယ္။ သူကေတာ့ ထုတ္လုပ္ထားတဲ့အေရာင္ေလးေတြကအစခ်စ္ဖို႔ေကာင္းေနေရာ။ ထုတ္လုပ္တဲ့အသားက Jelly လိုအသားမ်ိဳးျဖစ္ေနတဲ့ အသံုးျပဳတဲ့အခါမွ သတိထားအသံုုးျပဳေပးဖို႔ေတာ့လိုအပ္ပါလိမ့္မယ္။

Denim Mini Backpack with Gems Detail

Zara Denim Mini Backpack with Gems Detail

Zara Denim Mini Backpack with Gems Detail

Zara ကပဲ ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ဒီ Backpack ေလးလည္း ခ်စ္ဖို႔အရမ္းေကာင္းပါတယ္။ Denim အစစ္နဲ႔ ထုတ္လုပ္ထားတဲ့အတြက္ သူမ်ားနဲ႔ မတူတဲ့ Fashion Look တစ္ခုကိုရေစမွာျဖစ္ပါတယ္။

Grafea Mini Backpack

Mini Sky Blue Backpack

Mini Sky Blue Backpack

Greafea ဟာ Leather ကိုသာအဓိကထုတ္လုပ္ျပီးေရာင္းခ်ေနတဲ့ Bag Brand တစ္ခုျဖစ္ပါတယ္။ ဒီဇိုင္းနဲ႔ ခ်ဳပ္ရိုးခ်ဳပ္သားကို အေသးစိတ္ထုတ္လုပ္ထားတဲ့အတြက္ ေစ်းကေတာ့ ေျမာက္ပါတယ္။ သူဖန္တီးျပီး ထုတ္လုပ္ေရာင္းခ်ေနတဲ့အေရာင္ေလးေတြက Pastel အေရာင္ေလးေတြမ်ားတဲ့အတြက္ မိန္းကေလးေတြၾကားထဲမွာ Hit ျဖစ္ေနခဲ့တာပါ။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ချစ်စရာကောင်မလေးအသွင်ပြောင်းစေမယ့် Mini Backpack

ကိုယ်တို့ကောင်မလေးတွေက ငယ်ငယ်လေးကတည်းက ကျောင်းတက်တဲ့အခါ လွယ်အိတ်လေးတွေနဲ့ကျောင်းတတ်ခဲ့ရတာကို သတိထားမိကြမှာပါ။ စာအုပ်တွေ၊ ဘောပင်တွေနဲ့ စာရေးကိရိယာအစုံအလင်တွေရော၊ အခြားပိစိကွစ ပစ္စည်းလေးတွေပါ ထည့်ပြီး ကျောင်းကို ဘုမသိဗမသိနဲ့သွားကြတယ်။ ဒါပေမယ့်အသက်ရလာတဲ့အချိန်မှာတော့ စလွယ်သိုင်းလွယ်အိတ်လေးတွေပြောင်းလွယ်လာကြတယ်။ အဲဒီလိုနဲ့ အပျိုဖော်ဝင်စအရွယ်ရောက်လာကြတော့ ဘေးလွယ်အိတ်ကိုပဲ စောက်ချကိုင်လာကြတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ခေတ်ကာလကပြောင်းလာတော့ ဘေးလွယ်အိတ်တွေလွယ်တာက ဒိတ်အောက်သွားပြီလေ။ အဲဒီအစား Cluch လေးတွေ၊ Tote Bag လေးတွေ နဲ့ Mini Backpack လေးတွေကို ရောင်းချလာကြတယ်။ ဒီလိုထုတ်လုပ်လာတဲ့ ဒီဇိုင်းအသစ်လေးတွေထဲမှာမှ Mini Backpack လေးတွေက ပိုပြီးရောင်အားကောင်းနေခဲ့တယ်။

Mini Backpack လေးကချစ်ဖို့ကောင်းတယ်။ မိန်းကလေးဆန်ပေမယ့် Cuttie Type မျိုးမသွားပါဘူး။ Fresh & Fun Look လေးကို ပိုသွားပါတယ်။ Minimize လည်းပိုဖြစ်စေတယ်။ သယ်ရဆောင်ရတဲ့ပစ္စည်းတွေနည်းသွားတဲ့အတွက် ပေါ့ပေါ့ပါးပါးသွားလာလို့ရစေတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Minin Backpack တွေထဲမှာမှ ဒီ Backpack လေးင်္တေက လူငယ်ပိုဆန်ပြီး Style ရှိစေတဲ့အပြင် အပြင်လူတစ်ယောက်က ကိုယ့်ကိုကြည့်လိုက်တာနဲ့ ငေးနေစေမယ့် လွယ်အိတ်လေးတွေဖြစ်လို့နေပါတယ်။

Plam Springs Mini

Louis Vuitton Palm Spring Mini

Louis Vuitton Palm Spring Mini

Louis Vuitton ကထုတ်လုပ်တဲ့ Mini Backpack ဒီဇိုင်းလေးဖြစ်ပါတယ်။ LV ရဲ့ ထုတ်နေကြ Leather ဖြစ်တဲ့ Monogram Canvas နဲ့ပဲချုပ်လုပ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ Backpack Strap ဒီဇိုင်းပုံစံလေးက ကျောပိုးအိတ်ပုံစံအနေနဲ့ လွယ်လို့ရတဲ့အပြင် စလွယ်သိုင်းပုံစံမျိုးလေးလည်း လွယ်လို့ရပါသေးတယ်။

Classic Mini Faux Leather

Adidas Classic Mini Faux Leather

Adidas Classic Mini Faux Leather

Adidas ထုတ် Backpack လေးပဲဖြစ်ပါတယ်။ ဒီ အိတ်လေးက Leather နဲ့ ချုပ်လုပ်ထားပါတယ်။ တစ်အိတ်လုံးကို အသားရော၊ ဒီဇိုင်းပါ Black Theme လေးလုပ်ထားတဲ့အတွက် ခပ်မိုက်မိုက် Chic Style ပုံဖမ်းလို့ရပါတယ်။

Mini Vinyl Backpack

Zara Mini Vinyl Backpack

Zara Mini Vinyl Backpack

Zara ကနေထုတ်လုပ်ထားတဲ့ Mini Backpack လေးဖြစ်ပါတယ်။ သူကတော့ ထုတ်လုပ်ထားတဲ့အရောင်လေးတွေကအစချစ်ဖို့ကောင်းနေရော။ ထုတ်လုပ်တဲ့အသားက Jelly လိုအသားမျိုးဖြစ်နေတဲ့ အသုံးပြုတဲ့အခါမှ သတိထားအသုံုးပြုပေးဖို့တော့လိုအပ်ပါလိမ့်မယ်။

Denim Mini Backpack with Gems Detail

Zara Denim Mini Backpack with Gems Detail

Zara Denim Mini Backpack with Gems Detail

Zara ကပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီ Backpack လေးလည်း ချစ်ဖို့အရမ်းကောင်းပါတယ်။ Denim အစစ်နဲ့ ထုတ်လုပ်ထားတဲ့အတွက် သူများနဲ့ မတူတဲ့ Fashion Look တစ်ခုကိုရစေမှာဖြစ်ပါတယ်။

Grafea Mini Backpack

Mini Sky Blue Backpack

Mini Sky Blue Backpack

Greafea ဟာ Leather ကိုသာအဓိကထုတ်လုပ်ပြီးရောင်းချနေတဲ့ Bag Brand တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ ချုပ်ရိုးချုပ်သားကို အသေးစိတ်ထုတ်လုပ်ထားတဲ့အတွက် ဈေးကတော့ မြောက်ပါတယ်။ သူဖန်တီးပြီး ထုတ်လုပ်ရောင်းချနေတဲ့အရောင်လေးတွေက Pastel အရောင်လေးတွေများတဲ့အတွက် မိန်းကလေးတွေကြားထဲမှာ Hit ဖြစ်နေခဲ့တာပါ။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။