This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]








FIFA-World-Cup-Tickets

FIFA-World-Cup-Tickets


Daniel-Arzani

Daniel-Arzani



El-Hadary

El-Hadary


Lovre-Kalinic

Lovre-Kalinic


REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကိန်းဂဏန်းများ

တစ်ကမ္ဘာလုံးက ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက အခု ကြာသပတေးနေ့မှာ စတင်ကျင်းပပါတော့မယ်။ အဲဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကိန်းဂဏန်းအချက်အလက်တွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . . . . .

၇၃၆ – ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း(၃၂)သင်းရဲ့ စုစုပေါင်း ကစားသမားအရေအတွက်ပါ။

ပေါင်(၁.၅၅၇)ဘီလီယံ – အဲဒီကစားသမား (၇၃၆)ဦး သူတို့ရဲ့ ကလပ်အသင်းတွေမှာ လက်ရှိရနေတဲ့ လစာငွေ အားလုံးပေါင်း ပမာဏဖြစ်ပါတယ်။

၁၂၄ – လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကလပ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမားအရေအတွက်က (၁၂၄)ဦးအထိရှိပါတယ်။ လာလီဂါ(၇၈ဦး)က ဒုတိယ၊ ဘွန်ဒစ်လီဂါ(၆၇ဦး)က တတိယနေရာမှာ ရပ်တည်နေတယ်။

– ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲက စတင်ရေတွက်ရင် ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်တဲ့အသင်းက စုစုပေါင်း (၈)သင်းသာရှိပါတယ်။ အဲဒီအသင်းတွေကတော့ ဘရာဇီးလ်၊ အီတလီ၊ ဂျာမနီ၊ ဥရုဂွေး၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်တို့ပါပဲ။

၂၉၂၆၁၇၂ – ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်(၆၄)ပွဲအတွက် ရောင်းချသွားမယ့် လက်မှတ်အရေအတွက်ပါ။

FIFA-World-Cup-Tickets

FIFA-World-Cup-Tickets

၁၉ – ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမား သြစတြေးလျကွင်းလယ်လူ ဒန်နီယဲလ်အာဇာနီ Daniel Arzani ရဲ့ အသက်ပါ။ ကမ္ဘာ့ဖလားစမယ့်အချိန်ကျရင် သူ့ရဲ့အသက်က (၁၉)နှစ်၊ (၁၆၁)ရက်ရှိပါပြီ။

Daniel-Arzani

Daniel-Arzani

– ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲမယ့် ဆယ်ကျော်သက်ကစားသမား အရေအတွက်ဖြစ်ပါတယ်။ သူတို့ကတော့ အာဇာနီ(သြစတြေးလျ)၊ ဘာပေ (ပြင်သစ်)၊ ဟာကီမီ (မော်ရိုကို)၊ အူဇို (နိုက်ဂျီးရီးယား)၊ ဝါဂူး (ဆီနီဂေါ)၊ အာနိုးလ် (အင်္ဂလန်)တို့ပဲဖြစ်ပါတယ်။

၄၅ – ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အကြီးဆုံးဖြစ်တဲ့ အီဂျစ်အသင်းဂိုးသမား အယ်လ်ဟာဒါရီ El Hadary ရဲ့အသက်ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အသက်အကြီးဆုံးကစားသမားလည်းဖြစ်ပါတယ်။

El-Hadary

El-Hadary

၂၀၁ – ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရပ်အရည်ဆုံး ခရိုအေးရှားဂိုးသမား ကာလီနစ် Kalinic ရဲ့ အရပ်အမြင့်က ၂၀၁ မီတာ(၆ပေ ၅ လက်မ)ရှိပါတယ်။

Lovre-Kalinic

Lovre-Kalinic

ပေါင် ၂၈၃၃၅၈၄၀ – အခုနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းရရှိမယ့် ဆုကြေးပမာဏဖြစ်ပါတယ်။ ဒုတိယအသင်းက ပေါင်(၂၀.၈)သန်း၊ တတိယရမယ့်အသင်းက ပေါင်(၁၇.၉)သန်းရရှိမှာပါ။

REF:Daily Mail
Photo:Youtube,Goal.com,The Straits Time,Socceroos,Vexels
Naing Linn(Akhayar)
www.akhayar.com