[ZawGyi]

ေတာ္ဝင္ေတြလုိ လက္ဖက္ရည္ေသာက္ရေအာင္

လက္ဖက္ေျခာက္အိတ္ေလးကို ေရေႏြးထဲစိမ္ျပီးရလာတဲ႕လက္ဖက္ရည္ထဲ ႏို႔ထည္႔သၾကားထည္႔ ဇြန္းေလးနဲ႔ေမႊလိုက္ရင္ Breakfast Tea တစ္ခြက္ေတာ႔ရလာမွာပါ။ ဒါေပမဲ႔ ေတာ္ဝင္ေတြလိုလက္ဖက္ရည္ေဖ်ာ္မယ္ဆိုရင္ေရာ ဘယ္လုိေတြမ်ားလွ်ိဳ႕ဝွက္ခ်က္ေတြရွိေနပါသလဲ။ ျဗိတိန္ေတာ္ဝင္မိသားစုရဲ႕စားဖုိေဆာင္မွာ တာဝန္ယူျပင္ဆင္ေပးရတဲ႔စာဖိုမွဴးၾကီး Harrold က ေတာ္ဝင္ေတြအတြက္လက္ဖက္ရည္ေဖ်ာ္နည္းကိုတင္ဆက္ေပးလိုက္တာပါ။ လက္ဖက္ရည္ေကာင္းတစ္ခြက္ရဖုိ႔အတြက္ အဆင္႔ ၄ ဆင္႔ရွိပါတယ္တဲ႔။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

၁) လက္ဖက္ရည္အိုးထဲကေန လက္ဖက္ရည္အရင္ေလာင္းထည္႔ပါ
၂) လက္ဖက္ရည္ျပီးမွ ႏို႔ကိုေလာင္းထည္႔ပါ။ ႏို႔ထည္႔ျပီးမွ လက္ဖက္ရည္ေလာင္းတာမ်ိဳးလံုးဝမလုပ္ရပါဘူး။
၃) ဇြန္းေသးေလးနဲ႔ ေရွ႕နဲ႔ေနာက္ ေရႊ႕ေမႊပါ။ ဘယ္ေတာ႔မွ စက္ဝိုင္းပံုမေမႊပါနဲ႔။
၄) စမ္းေသာက္ၾကည္႔မယ္ဆုိရင္ ပိုက္ေလးနဲ႔စုပ္ေသာက္ၾကည္႔ပါ။ ဘယ္ေတာ႔မွတရႈတ္ရႈတ္ေသာက္တာမ်ိဳးမလုပ္ပါနဲ႔။

ဒါေတြက အေရးၾကီးတဲ႔အခ်က္ေတြပါ။

လက္ဖက္ရည္ေသာက္ျခင္းက ၁၈ ရာစုကစတင္ခဲ႔တာျဖစ္ပါတယ္။ လက္ဖက္ရည္ေသာက္တဲ႔အခါ အေရးၾကီးတဲ႔က႑မွာပါေနတာက လက္ဖက္ရည္ပန္းကန္ေတြပါ။

english breakfast tea

အဂၤလိပ္လူမ်ိဳးအိုးထိန္းသည္ Josiah Spode က တရုတ္လက္ဖက္ရည္ပန္းကန္လံုးေတြကို တိရစာၦန္အရိုးေတြနဲ႔ျပဳလုပ္ဖုိ႔အၾကံရခဲ႔ပါတယ္။ ဘာေၾကာင္႔လဲဆုိရင္ လက္ဖက္ရည္အပူေလာင္းခ်ိန္မွာအပူဒဏ္ေၾကာင္႔ပန္းကန္ကြဲအက္မသြားေစဖုိ႔ျဖစ္ပါတယ္။ ဒါေၾကာင္႔ လက္ဖက္ရည္ပန္းကန္ထဲကိုလက္ဖက္ရည္ပူအရင္ေလာင္းခ်ျခင္းဟာသူတုိ႔ရဲ႕ပန္းကန္လံုးေတြဘယ္ေလာက္ထိ အရည္အေသြးေကာင္းတယ္ဆုိတာကို သိေစခ်င္လုိ႔ျဖစ္ပါတယ္။ အထက္တန္းလႊာေတြက ခြက္အရည္အေသြးကိုျပဖို႔ ဒီလုိလက္ဖက္ရည္အရင္ေလာင္းခ်ခ်ိန္မွာ အေစခံေတြကေတာ႔ ႏြားႏို႔ကိုအရင္ေလာင္းထည္႔တဲ႔နည္းနဲ႔လက္ဖက္ရည္ေဖ်ာ္ရပါတယ္။ ဘာေၾကာင္႔လဲဆုိရင္ သူတုိ႔ေၾကာင္႔ ပန္းကန္ခြက္ေယာက္ေတြမကြဲေစဖုိ႔ထိန္းသိမ္းရလုိ႔ျဖစ္ပါတယ္။

လက္ဖက္ရည္ေမႊတဲ႔အခါ စက္ဝိုင္းပံုမေမႊသင္႔တဲ႔ အေၾကာင္းရင္းကေတာ႔ အသံေၾကာင္႔ျဖစ္ပါတယ္။ လက္ဖက္ရည္ကိုဇြန္းနဲ႔ ေရွ႕ေနာက္ေမႊျပီး ထြက္လာတဲ႔အသံနဲ႔ ခြက္ကိုစက္ဝိုင္းပံုေမႊလုိ႔ထြက္လာတဲ႔အသံကမတူပါဘူး။ လက္ဖက္ရည္ဝိုင္းမွာ ဒီလုိအသံဆူဆူထြက္လာျခင္းဟာ အရပ္သံုးစကားနဲ႔ေျပာရရင္ စရိုက္က်တယ္လုိ႔သတ္မွတ္ၾကလုိ႔ျဖစ္ပါတယ္တဲ႔။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ေတာ္ဝင္မိသားစုမွာေတာ႔ အဲလိဇဘက္ဘုရင္မၾကီးကသူမေသာက္ေနက် လက္ဖက္ရည္ Assam Tea နဲ႔ Earl Grey Tea ကိုသာ စြဲစြဲျမဲျမဲေသာက္သံုးပါတယ္တဲ႔။
ေကာလာဟလေတြေျပာၾကသလုိေတာ္ဝင္ေတြဟာ လက္ဖက္ရည္ခြက္ထဲကို လက္ေခ်ာင္းေလးႏွစ္ျပီးျမည္းတယ္ဆုိတာဟာ လံုးဝ လံုးဝမဟုတ္ပါဘူးလုိ႔ဆုိပါတယ္။

Earl Grey Tea

လက္ဖက္ရည္ဝိုင္းမွာ လက္ဖက္ရည္နဲ႔အတူ ေပါင္မုန္႔၊ကိတ္နဲ႔ဆင္းဒ္ဝွစ္ခ်္ေတြကို အထက္တန္းက်က်စားေသာက္နည္းကလည္း သိထားသင္႔ျပန္ပါတယ္။
ႏို႔ေပါင္မုန္႔လံုးေတြကိုစားတဲ႔အခါ ဓားနဲ႔လွီးရင္လွီး မဟုတ္ရင္ လက္နဲ႔ဖဲ႔ျပီး Cream ကိုအရင္သုတ္ရပါတယ္။ ျပီးမွ ယိုသုတ္ရပါတယ္တဲ႔။ ဒီလိုသုတ္တာကသာ နည္းလမ္းမွန္လုိ႔ ဆုိထားပါတယ္။

ကဲ…ဒါေတြကေတာ႔ ေတာ္ဝင္ေတြရဲ႕လက္ဖက္ရည္ဝိုင္း ယဥ္ေက်းမႈေတြပါ။ ဘာပဲျဖစ္ျဖစ္ အပိုေတြလုိ႔မသတ္မွတ္ဘဲ ဗဟုသုတလို႔သာ မွတ္ယူေပးၾကပါေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

တော်ဝင်တွေလို လက်ဖက်ရည်သောက်ရအောင်

လက်ဖက်ခြောက်အိတ်လေးကို ရေနွေးထဲစိမ်ပြီးရလာတဲ့လက်ဖက်ရည်ထဲ နို့ထည့်သကြားထည့် ဇွန်းလေးနဲ့မွှေလိုက်ရင် Breakfast Tea တစ်ခွက်တော့ရလာမှာပါ။ ဒါပေမဲ့ တော်ဝင်တွေလိုလက်ဖက်ရည်ဖျော်မယ်ဆိုရင်ရော ဘယ်လိုတွေများလျှို့ဝှက်ချက်တွေရှိနေပါသလဲ။ ဗြိတိန်တော်ဝင်မိသားစုရဲ့စားဖိုဆောင်မှာ တာဝန်ယူပြင်ဆင်ပေးရတဲ့စာဖိုမှူးကြီး Harrold က တော်ဝင်တွေအတွက်လက်ဖက်ရည်ဖျော်နည်းကိုတင်ဆက်ပေးလိုက်တာပါ။ လက်ဖက်ရည်ကောင်းတစ်ခွက်ရဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်တဲ့။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

၁) လက်ဖက်ရည်အိုးထဲကနေ လက်ဖက်ရည်အရင်လောင်းထည့်ပါ
၂) လက်ဖက်ရည်ပြီးမှ နို့ကိုလောင်းထည့်ပါ။ နို့ထည့်ပြီးမှ လက်ဖက်ရည်လောင်းတာမျိုးလုံးဝမလုပ်ရပါဘူး။
၃) ဇွန်းသေးလေးနဲ့ ရှေ့နဲ့နောက် ရွှေ့မွှေပါ။ ဘယ်တော့မှ စက်ဝိုင်းပုံမမွှေပါနဲ့။
၄) စမ်းသောက်ကြည့်မယ်ဆိုရင် ပိုက်လေးနဲ့စုပ်သောက်ကြည့်ပါ။ ဘယ်တော့မှတရှုတ်ရှုတ်သောက်တာမျိုးမလုပ်ပါနဲ့။

ဒါတွေက အရေးကြီးတဲ့အချက်တွေပါ။

လက်ဖက်ရည်သောက်ခြင်းက ၁၈ ရာစုကစတင်ခဲ့တာဖြစ်ပါတယ်။ လက်ဖက်ရည်သောက်တဲ့အခါ အရေးကြီးတဲ့ကဏ္ဍမှာပါနေတာက လက်ဖက်ရည်ပန်းကန်တွေပါ။

English Breakfast Tea

အင်္ဂလိပ်လူမျိုးအိုးထိန်းသည် Josiah Spode က တရုတ်လက်ဖက်ရည်ပန်းကန်လုံးတွေကို တိရစ္ဆာန်အရိုးတွေနဲ့ပြုလုပ်ဖို့အကြံရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ဖက်ရည်အပူလောင်းချိန်မှာအပူဒဏ်ကြောင့်ပန်းကန်ကွဲအက်မသွားစေဖို့ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်ပန်းကန်ထဲကိုလက်ဖက်ရည်ပူအရင်လောင်းချခြင်းဟာသူတို့ရဲ့ပန်းကန်လုံးတွေဘယ်လောက်ထိ အရည်အသွေးကောင်းတယ်ဆိုတာကို သိစေချင်လို့ဖြစ်ပါတယ်။ အထက်တန်းလွှာတွေက ခွက်အရည်အသွေးကိုပြဖို့ ဒီလိုလက်ဖက်ရည်အရင်လောင်းချချိန်မှာ အစေခံတွေကတော့ နွားနို့ကိုအရင်လောင်းထည့်တဲ့နည်းနဲ့လက်ဖက်ရည်ဖျော်ရပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကြောင့် ပန်းကန်ခွက်ယောက်တွေမကွဲစေဖို့ထိန်းသိမ်းရလို့ဖြစ်ပါတယ်။

လက်ဖက်ရည်မွှေတဲ့အခါ စက်ဝိုင်းပုံမမွှေသင့်တဲ့ အကြောင်းရင်းကတော့ အသံကြောင့်ဖြစ်ပါတယ်။
လက်ဖက်ရည်ကိုဇွန်းနဲ့ ရှေ့နောက်မွှေပြီး ထွက်လာတဲ့အသံနဲ့ ခွက်ကိုစက်ဝိုင်းပုံမွှေလို့ထွက်လာတဲ့အသံကမတူပါဘူး။ လက်ဖက်ရည်ဝိုင်းမှာ ဒီလိုအသံဆူဆူထွက်လာခြင်းဟာ အရပ်သုံးစကားနဲ့ပြောရရင် စရိုက်ကျတယ်လို့သတ်မှတ်ကြလို့ဖြစ်ပါတယ်တဲ့။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ေတာ်ဝင်မိသားစုမှာတော့ အဲလိဇဘက်ဘုရင်မကြီးကသူမသောက်နေကျ လက်ဖက်ရည် Assam Tea နဲ့ Earl Grey Tea ကိုသာ စွဲစွဲမြဲမြဲသောက်သုံးပါတယ်တဲ့။
ကောလာဟလတွေပြောကြသလိုတော်ဝင်တွေဟာ လက်ဖက်ရည်ခွက်ထဲကို လက်ချောင်းလေးနှစ်ပြီးမြည်းတယ်ဆိုတာဟာ လုံးဝ လုံးဝမဟုတ်ပါဘူးလို့ဆိုပါတယ်။

Earl Grey Tea

လက်ဖက်ရည်ဝိုင်းမှာ လက်ဖက်ရည်နဲ့အတူ ပေါင်မုန့်၊ကိတ်နဲ့ဆင်းဒ်ဝှစ်ချ်တွေကို အထက်တန်းကျကျစားသောက်နည်းကလည်း သိထားသင့်ပြန်ပါတယ်။
နို့ပေါင်မုန့်လုံးတွေကိုစားတဲ့အခါ ဓားနဲ့လှီးရင်လှီး မဟုတ်ရင် လက်နဲ့ဖဲ့ပြီး Cream ကိုအရင်သုတ်ရပါတယ်။ ပြီးမှ ယိုသုတ်ရပါတယ်တဲ့။ ဒီလိုသုတ်တာကသာ နည်းလမ်းမှန်လို့ ဆိုထားပါတယ်။

ကဲ…ဒါတွေကတော့ တော်ဝင်တွေရဲ့လက်ဖက်ရည်ဝိုင်း ယဉ်ကျေးမှုတွေပါ။ ဘာပဲဖြစ်ဖြစ် အပိုတွေလို့မသတ်မှတ်ဘဲ ဗဟုသုတလို့သာ မှတ်ယူပေးကြပါနော်။

ဂျူဂျူး(Akhayar)

www.akhayar.com