[Zawgyi]

‘Valentine’s Day’ ကုိ မႀကိဳက္တဲ့ ကမၻာေက်ာ္ပုဂၢိဳလ္ (၇) ဦး

တခ်ိဳ႕ေတြက ‘Valentine’s Day’ ကုိေရာက္ရင္ ခြင့္ယူၿပီး ရည္းစားနဲ႔ သြားေတြ႕ၾကတယ္၊ ေက်ာင္းသားေတြဆုိရင္လည္း ေက်ာင္းမတက္ၾကေတာ့ဘူး၊ ပန္းျခံေတြ ရုပ္ရွင္ရုံေတြမွာပဲ အခ်ိန္ကုန္ေတာ့တယ္။ ဒါေပမယ့္ တခ်ိဳ႕ေတြက ‘Valentine’s Day’ ကုိ အသိအမွတ္မျပဳဘဲ ကုိယ့္အတြက္ အေရးႀကီးတဲ့အရာေတြကုိသာ လုပ္ေဆာင္ၾကတာပါ။ ‘Valentine’s Day’ ကုိ ခါးခါးသီးသီးမုန္းတီးၾကတဲ့ ကမၻာေက်ာ္ပုဂၢိဳလ္ေတြကုိ ေဖာ္ျပခ်င္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

(၁) Jane Lynch

‘Glee’ ရုပ္သံဇာတ္လမ္းတြဲရဲ႕ မင္းသမီးႀကီး ‘Jane Lynch’ ဆုိရင္ ‘Valentine’s Day’ ကုိ ဆန္႔က်င္တဲ့အထဲမွာ ထိပ္ဆုံးကပါ။ သူမအတြက္ ပ်င္းရိဖြယ္ေကာင္းတဲ့ ေန႔တစ္ေန႔အျဖစ္ ျမင္ေနၿပီး  ‘Valentine’s Day’ ဆုိတာ ရယ္စရာေကာင္းတဲ့ေန႔၊ ပုိ႔စကတ္သမားေတြ စီးပြားရွာလုိ႔ေကာင္းတဲ့ေန႔လုိ႔ေတာင္ အားမနာပ ေျပာဆုိဖူးပါတယ္။

Jane Lynch

Jane Lynch

(၂) Jennifer Lawrence

‘Silver Linings Playbook (2012)’ ဇာတ္ကားရဲ႕မင္းသမီးေခ်ာ ‘Jennifer Lawrence’ ဆုိရင္  ‘Valentine’s Day’ ကုိ အသိအမွတ္မျပဳတဲ့အထဲမွာ ပါတယ္။ သူမဟာ ရည္းစားရွိေနေပမယ့္ အဲဒီေန႔မွာဆုိရင္ သူငယ္ခ်င္းေတြနဲ႔ မုန္႔စားတယ္၊ ေလ်ွာက္လည္တတ္ပါတယ္။  ‘Valentine’s Day’ နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြကုိ ဘယ္ေတာ့မွ မဖြင့္ဟဖူးပါဘူး။

 Jennifer Lawrence

Jennifer Lawrence

(၃) Ashton Kutcher

အတိတ္မွာ ဘယ္လုိျဖစ္ရပ္ဆုိးေတြ ရွိခဲ့မွန္းေတာ့ မသိဘူး။ အေမရိကန္မင္းသား ‘Ashton Kutcher’ ဆုိရင္ လူမႈေရးကိစၥေတြမွာ သေဘာေကာင္းသေလာက္ ‘Valentine’s Day’ ကုိေတာ့ ခါးခါးသီးသီး မုန္းတယ္။ ‘ကြ်န္ေတာ္ ‘Valentine’s Day’ ဆုိတာႀကီးကုိ မုန္းတယ္၊ ေအာ္ဂလီဆန္တယ္။ ကြ်န္ေတာ့္အတြက္ ၃၆၅ရက္လုံး ခ်စ္သူမ်ားေန႔ပါပဲ။ ဘာေၾကာင့္ မုန္းရလဲဆုိတာ ရွင္းမျပတတ္ဖူး။ တစ္ႏွစ္လုံးမွာ အမုန္းဆုံးေန႔က အဲေန႔ပဲ” လုိ႔ ေျပာဖူးပါတယ္။

Ashton Kutcher

Ashton Kutcher

(၄) Chance the Rapper

‘Chance the Rapper’ လုိ႔ ေခၚၾကတဲ့ အေမရိကန္အဆုိေတာ္ ‘Chancelor Jonathan Bennett’ က ‘Valentine’s Day’ ကုိ ျပင္းျပင္းထန္ထန္ ကန္႔ကြက္သူပါ။ “ကြ်န္ေတာ္က ‘Valentine’s Day’ ကုိ ဘယ္ေတာ့မွ အားမေပးဘူး။ အဲဒီေန႔မွာ ရည္းစားနဲ႔ ခ်ိန္းေတြ႕မွာလည္း မဟုတ္ဖူး။ သြားစမ္းပါ။ အဲဒီလုိေန႔မ်ိဳးေတြ” လုိ႔ လူမႈကြန္ရက္ တြတ္တာ (Twitter) ကေန ေရးသားဖူးပါတယ္။

Chance the Rapper

Chance the Rapper

(၅) Carrie Underwood

‘American Idol’ ဆုရွင္ ‘Carrie Underwood’ ကလည္း ‘Valentine’s Day’ ရဲ႕အဓိပၸာယ္ကုိ မႏွစ္ၿမိဳ႕သူပါ။ “ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔ကုိ ခ်စ္သူမ်ားေန႔လုိ႔ ဆုိရင္ တျခားေန႔ေတြမွာ သူက မခ်စ္ေေတာ့ဘူးေပါ့။ တကယ္ဆုိ ရွိကုိ မရွိသင့္တာပါ။ ၃၆၅ ရက္လုံး ခ်စ္ေနရမွာေလ” လုိ႔ People မဂၢဇင္းမွာ ဆုိဖူးပါတယ္။

Carrie Underwood

Carrie Underwood

(၆) Nina Dobrev

‘Flatliners (2017)’ မင္းသမီး ‘Nina Dobrev’ ကလည္း ‘Valentine’s Day’ ကုိ အေလးမထားသူပါ။ “အဲဒီေန႔က တျခားေန႔ေတြနဲ႔ မတူဘူး။ ‘Valentine’s Day’ ကုိ Single ေတြက ဘယ္ႀကိဳက္ပါ့မလဲ။ စုံတြဲသမားေတြက ေပ်ာ္တာေပါ့။ ကြ်န္မအျမင္ေျပာရရင္  ‘Valentine’s Day’ ဆုိတာႀကီးက စီးပြားေရးသမားေတြအတြက္ လုပ္ကြက္ပဲ။ စုံတြဲေတြအတြက္ ဘာေကာင္းက်ိဳးမွ မေပးဘူး” MTV အင္တာဗ်ဴးမွာ ဆုိသြားပါတယ္။

 Nina Dobrev

Nina Dobrev

(၇) Oprah Winfrey

နာမည္ေက်ာ္ရုပ္သံတင္ဆက္သူ ‘Oprah Winfrey’ ဆုိရင္ ‘Valentine’s Day’ က စိတ္ပ်က္စရာေန႔လုိ႔ေတာင္ သတ္မွတ္ထားသူပါ။

Oprah Winfrey

Oprah Winfrey

“အဲဒီေန႔မွာဆုိရင္ လူေတြအမ်ားႀကီး ေပ်ာ္ရႊင္ၾကတာေတာ့ ဟုတ္ပါတယ္။ ကြ်န္မအတြက္ေတာ့ စိတ္ပ်က္စရာေန႔တစ္ခုပဲ” လုိ႔ေတာင္ ေျပာသြားပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

ကဲ . . . အခုေဖာ္ျပတ့ဲ ပုဂၢိဳလ္ (၇) ဦးကေတာ့  ‘Valentine’s Day’  ကုိ မႏွစ္သက္တဲ့သူေတြပါ။ စာဖတ္သူကုိယ္တုိင္ေရာ  ‘Valentine’s Day’ ကုိ ဘယ္လုိျမင္လဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

‘Valentine’s Day’ ကို မကြိုက်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် (၇) ဦး

တချို့တွေက ‘Valentine’s Day’ ကိုရောက်ရင် ခွင့်ယူပြီး ရည်းစားနဲ့ သွားတွေ့ကြတယ်၊ ကျောင်းသားတွေဆိုရင်လည်း ကျောင်းမတက်ကြတော့ဘူး၊ ပန်းခြံတွေ ရုပ်ရှင်ရုံတွေမှာပဲ အချိန်ကုန်တော့တယ်။ ဒါပေမယ့် တချို့တွေက ‘Valentine’s Day’ ကို အသိအမှတ်မပြုဘဲ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကိုသာ လုပ်ဆောင်ကြတာပါ။ ‘Valentine’s Day’ ကို ခါးခါးသီးသီးမုန်းတီးကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ဖော်ပြချင်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

(၁) Jane Lynch

‘Glee’ ရုပ်သံဇာတ်လမ်းတွဲရဲ့ မင်းသမီးကြီး ‘Jane Lynch’ ဆိုရင် ‘Valentine’s Day’ ကို ဆန့်ကျင်တဲ့အထဲမှာ ထိပ်ဆုံးကပါ။ သူမအတွက် ပျင်းရိဖွယ်ကောင်းတဲ့ နေ့တစ်နေ့အဖြစ် မြင်နေပြီး  ‘Valentine’s Day’ ဆိုတာ ရယ်စရာကောင်းတဲ့နေ့၊ ပို့စကတ်သမားတွေ စီးပွားရှာလို့ကောင်းတဲ့နေ့လို့တောင် အားမနာပ ပြောဆိုဖူးပါတယ်။

Jane Lynch

Jane Lynch

(၂) Jennifer Lawrence

‘Silver Linings Playbook (2012)’ ဇာတ်ကားရဲ့မင်းသမီးချော ‘Jennifer Lawrence’ ဆိုရင်  ‘Valentine’s Day’ ကို အသိအမှတ်မပြုတဲ့အထဲမှာ ပါတယ်။ သူမဟာ ရည်းစားရှိနေပေမယ့် အဲဒီနေ့မှာဆိုရင် သူငယ်ချင်းတွေနဲ့ မုန့်စားတယ်၊ လျှောက်လည်တတ်ပါတယ်။  ‘Valentine’s Day’ နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဘယ်တော့မှ မဖွင့်ဟဖူးပါဘူး။

 Jennifer Lawrence

Jennifer Lawrence

(၃) Ashton Kutcher

အတိတ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေ ရှိခဲ့မှန်းတော့ မသိဘူး။ အမေရိကန်မင်းသား ‘Ashton Kutcher’ ဆိုရင် လူမှုရေးကိစ္စတွေမှာ သဘောကောင်းသလောက် ‘Valentine’s Day’ ကိုတော့ ခါးခါးသီးသီး မုန်းတယ်။ ‘ကျွန်တော် ‘Valentine’s Day’ ဆိုတာကြီးကို မုန်းတယ်၊ အော်ဂလီဆန်တယ်။ ကျွန်တော့်အတွက် ၃၆၅ရက်လုံး ချစ်သူများနေ့ပါပဲ။ ဘာကြောင့် မုန်းရလဲဆိုတာ ရှင်းမပြတတ်ဖူး။ တစ်နှစ်လုံးမှာ အမုန်းဆုံးနေ့က အဲနေ့ပဲ” လို့ ပြောဖူးပါတယ်။

Ashton Kutcher

Ashton Kutcher

(၄) Chance the Rapper

‘Chance the Rapper’ လို့ ခေါ်ကြတဲ့ အမေရိကန်အဆိုတော် ‘Chancelor Jonathan Bennett’ က ‘Valentine’s Day’ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူပါ။ “ကျွန်တော်က ‘Valentine’s Day’ ကို ဘယ်တော့မှ အားမပေးဘူး။ အဲဒီနေ့မှာ ရည်းစားနဲ့ ချိန်းတွေ့မှာလည်း မဟုတ်ဖူး။ သွားစမ်းပါ။ အဲဒီလိုနေ့မျိုးတွေ” လို့ လူမှုကွန်ရက် တွတ်တာ (Twitter) ကနေ ရေးသားဖူးပါတယ်။

Chance the Rapper

Chance the Rapper

(၅) Carrie Underwood

‘American Idol’ ဆုရှင် ‘Carrie Underwood’ ကလည်း ‘Valentine’s Day’ ရဲ့အဓိပ္ပာယ်ကို မနှစ်မြို့သူပါ။ “ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကို ချစ်သူများနေ့လို့ ဆိုရင် တခြားနေ့တွေမှာ သူက မချစ်ေတော့ဘူးပေါ့။ တကယ်ဆို ရှိကို မရှိသင့်တာပါ။ ၃၆၅ ရက်လုံး ချစ်နေရမှာလေ” လို့ People မဂ္ဂဇင်းမှာ ဆိုဖူးပါတယ်။

Carrie Underwood

Carrie Underwood

(၆) Nina Dobrev

‘Flatliners (2017)’ မင်းသမီး ‘Nina Dobrev’ ကလည်း ‘Valentine’s Day’ ကို အလေးမထားသူပါ။ “အဲဒီနေ့က တခြားနေ့တွေနဲ့ မတူဘူး။ ‘Valentine’s Day’ ကို Single တွေက ဘယ်ကြိုက်ပါ့မလဲ။ စုံတွဲသမားတွေက ပျော်တာပေါ့။ ကျွန်မအမြင်ပြောရရင်  ‘Valentine’s Day’ ဆိုတာကြီးက စီးပွားရေးသမားတွေအတွက် လုပ်ကွက်ပဲ။ စုံတွဲတွေအတွက် ဘာကောင်းကျိုးမှ မပေးဘူး” MTV အင်တာဗျူးမှာ ဆိုသွားပါတယ်။

 Nina Dobrev

Nina Dobrev

(၇) Oprah Winfrey

နာမည်ကျော်ရုပ်သံတင်ဆက်သူ ‘Oprah Winfrey’ ဆိုရင် ‘Valentine’s Day’ က စိတ်ပျက်စရာနေ့လို့တောင် သတ်မှတ်ထားသူပါ။

Oprah Winfrey

Oprah Winfrey

“အဲဒီနေ့မှာဆိုရင် လူတွေအများကြီး ပျော်ရွှင်ကြတာတော့ ဟုတ်ပါတယ်။ ကျွန်မအတွက်တော့ စိတ်ပျက်စရာနေ့တစ်ခုပဲ” လို့တောင် ပြောသွားပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

ကဲ . . . အခုဖော်ပြတဲ့ ပုဂ္ဂိုလ် (၇) ဦးကတော့  ‘Valentine’s Day’  ကို မနှစ်သက်တဲ့သူတွေပါ။ စာဖတ်သူကိုယ်တိုင်ရော  ‘Valentine’s Day’ ကို ဘယ်လိုမြင်လဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။