[Zawgyi]

သိပၸံနည္းက် အေျဖရွာလို႔မရေသးတဲ့ Mummy အုတ္ဂူ

အရင္တစ္ပတ္တုန္းက အီဂ်စ္ႏိုင္ငံရဲ႕ သမိုင္းဝင္ၿမိဳ႕ေဟာင္း Alexandria မွာ ရွာေတြ႕ခဲ့တဲ့ အႀကီးဆုံး  Mummy အုတ္ဂူဟာ အခုခ်ိန္မွာေတာ့ သုေတသီေတြအတြက္ ႀကီးမားတဲ့စိန္ေခၚမႈတစ္ခု ျဖစ္လာခဲ့ပါၿပီ။ နဂိုကတည္းက အုတ္ဂူမဖြင့္ဖို႔ အႀကီးအက်ယ္ လြန္ဆြဲပြဲ က်င္းပခဲ့တာဆိုေပမယ့္လည္း အီဂ်စ္ဝန္ႀကီးခြင့္ျပဳခ်က္ေအာက္ အေခါင္းပြင့္သြားခဲ့ပါၿပီ။ အလ်ား ၉ ေပ၊ အနံ ၆ ေပနဲ႔ အက်ယ္ ၅ ေပအထိ ထုထည္ႀကီးမားတဲ့ ေရွးေဟာင္း Mummy အုတ္ဂူထဲမွာ ႐ုပ္ဝါဒီေတြ ျမင္ေတြ႕လိုက္ရတာက အနီေရာင္ အရည္ဖုံးလႊမ္းေနတဲ့ အ႐ိုးစုေတြပါ။

Scientists Witnessed Skeletons Baking in Red Liquid

ဒီ ျဖစ္စဥ္ကို အီဂ်စ္ႏိုင္ငံရဲ႕ ေရွးေဟာင္းသုေတသနဌာန ႀကီးၾကပ္မႈေအာက္မွာ ေဆာင္႐ြက္ခဲ့သလို အဓိပတိေကာင္စီ ဥကၠဌ Mostafa Waziri က အ႐ိုးစုေတြဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၄၀၀ (B.C 322) ကတည္းက ရွိေနခဲ့မယ္လို႔ သုံးသပ္ထားပါတယ္။ ဘာလို႔ဒီလိုေျပာလို႔ရတာလဲဆိုရင္ အုတ္ဂူထဲက အ႐ိုးစုေတြဟာ Alexander ရွင္ဘုရင္ႀကီးရဲ႕ စစ္သည္ေတြလို႔ ယူဆလို႔ရလို႔ပါ။ ဒါကို အီဂ်စ္ရာဇဝင္အရ ေနာက္ေၾကာင္းျပန္ေကာက္ၿပီး ေျပာရမယ္ဆိုရင္ Alexandria ၿမိဳ႕ေတာ္ဟာ Alexander The Great ရွင္ဘုရင္ႀကီး ေခါင္းခ်ခဲ့တဲ့နယ္ေျမ ျဖစ္ေနတာလည္းပါပါတယ္။ Alexander မရွိေတာ့တဲ့ 323 BC ေနာက္ပိုင္း အီဂ်စ္ႏိုင္ငံကို သစၥာရွိစစ္သူႀကီးေတြ ဆက္လက္အုပ္ခ်ဳပ္ခဲ့တယ္ဆိုေပမယ့္ သမိုင္းအရ ေနာက္ဆုံးမင္းဆက္လို႔ေျပာလို႔ရတဲ့ Cleopatra VII ဟာ BC 30 ေလာက္မွာ သတ္ေသသြားခဲ့ပါတယ္။

It was opened from whence it came

မေရွးမေႏွာင္းဆိုသလို BC 30 ဝန္းက်င္မွာပဲ အီဂ်စ္ကို ေရာမေတြသိမ္းပိုက္လိုက္တဲ့ အခ်ိန္ကစၿပီး Alexander မ်ိဳးႏြယ္ေတြမရွိသေလာက္ ရွားပါးသြားခဲ့တာပါ။ အမ်ားစုဟာ ႏွစ္ႏိုင္ငံစစ္ပြဲအတြင္းက်ဆုံးသြားခဲ့ၿပီလို႔ ေျပာလို႔ရေပမယ့္ အီဂ်စ္ကို လက္ေအာက္ခံတိုင္းျပည္အျဖစ္ အုပ္ခ်ဳပ္ခဲ့စဥ္အတြင္း ေတာ္လွန္ပုန္ကန္မႈေတြမွာ ပါဝင္ခဲ့ဦးမယ္လို႔ ယူဆလို႔ရလို႔ပါ။ ဘာလို႔လဲဆိုေတာ့ အ႐ိုးစုေတြအားလုံးဟာ လႊတ္လပ္ေရး တိုက္ပြဲဆင္ႏြဲရင္း က်ဆုံးခဲ့ပုံရၿပီး ဒီလိုေျပာႏိုင္တာ အ႐ိုးစုေပၚမွာ က်န္ရစ္ေနခဲ့တဲ့ ျမႇားဒဏ္ရာေတြေၾကာင့္ပါ။

The Tomb is large enough to carry the size of 3 men

အခုခ်ိန္မွာ ဘာလို႔ အီဂ်စ္စစ္သည္ ၃ ဦးကို အေခါင္းအႀကီးႀကီးထဲ ျမဳပ္ႏွံထားခဲ့လည္းဆိုတဲ့ေမးခြန္းကို ဘယ္သူမွမေျဖႏိုင္ေသးပါဘူး။ ပထမတုန္းက Mummy ႐ုပ္အေလာင္းျဖစ္မယ္လို႔ ထင္ေၾကးေပးခဲ့ၾကတာဆိုေပမယ့္ အုတ္ဂူဖြင့္ၿပီးသြားတဲ့အခါမွာေတာ့ ဘာ Mummy မွ ထြက္မလာတဲ့အျပင္ ေ႐ႊ၊ ေငြ၊ ေက်ာက္သံပတၱျမားေတြလည္းမေတြ႕ရဘဲ အနီေရာင္အရည္လူးေနတဲ့ အ႐ိုးစုေတြက ေခတ္သစ္ သိပၸံပညာကို စိန္ေခၚလိုက္သလို ျဖစ္လာတာပါ။ ဒီလို ေသြးလား၊ ဘာလား ဆိုတာ ဓာတုနည္းအရ မခြဲျခားႏိုင္ေသးသလို အေလာင္းေကာင္ရဲ႕ အပုပ္ရည္ကို ေသာက္ခ်င္ေနတဲ့လူေတြလည္း ဒုနဲ႔ေဒးပါ။

carbonated Monster-esque energy drink?

အီဂ်စ္ရာဇဝင္ဘယ္လိုပဲရွိခဲ့ရွိခဲ့ အုတ္ဂူဖြင့္လိုက္ၿပီးတဲ့အခ်ိန္မွာေတာ့ Mummy တကယ္ရွိတယ္ဆိုတာထက္ သိပၸံပညာရွင္ေတြ မ်က္ျမင္ႀကဳံေတြ႕လိုက္ရတာက အနီေရာင္အရည္ေတြ ဘယ္ကေရာက္လာသလဲဆိုတဲ့ေမးခြန္းပါ။ ဒါကို ကြၽမ္းက်င္ပညာရွင္ Kool-Aid က အဲ့ဒီအရည္ေတြဟာ ေရႏုတ္ေျမာင္း ဒါမွမဟုတ္ ေျမေအာက္ေရေၾကာင့္ျဖစ္မယ္လို႔ ထင္ေၾကးေပးထားပါတယ္။ Mummy အုတ္ဂူဟာ ေရစိမ့္ဝင္လို႔ရတဲ့ အေပါက္ငယ္ေလးေတြ ပါရွိေနတဲ့အခ်က္က သကၠရာဇ္ ၂,၀၀၀ ေရာက္လာတဲ့အခ်ိန္မွာ ၿမိဳ႕ေတာ္တိုးခ်ဲ႕မႈေၾကာင့္ အခုလို Mummy ႐ုပ္အေလာင္းေတြ ပ်က္စီးသြားခဲ့တာျဖစ္ရမယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သိပ္ပံနည်းကျ အဖြေရှာလို့မရသေးတဲ့ Mummy အုတ်ဂူ

အရင်တစ်ပတ်တုန်းက အီဂျစ်နိုင်ငံရဲ့ သမိုင်းဝင်မြို့ဟောင်း Alexandria မှာ ရှာတွေ့ခဲ့တဲ့ အကြီးဆုံး  Mummy အုတ်ဂူဟာ အခုချိန်မှာတော့ သုတေသီတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါပြီ။ နဂိုကတည်းက အုတ်ဂူမဖွင့်ဖို့ အကြီးအကျယ် လွန်ဆွဲပွဲ ကျင်းပခဲ့တာဆိုပေမယ့်လည်း အီဂျစ်ဝန်ကြီးခွင့်ပြုချက်အောက် အခေါင်းပွင့်သွားခဲ့ပါပြီ။ အလျား ၉ ပေ၊ အနံ ၆ ပေနဲ့ အကျယ် ၅ ပေအထိ ထုထည်ကြီးမားတဲ့ ရှေးဟောင်း Mummy အုတ်ဂူထဲမှာ ရုပ်ဝါဒီတွေ မြင်တွေ့လိုက်ရတာက အနီရောင် အရည်ဖုံးလွှမ်းနေတဲ့ အရိုးစုတွေပါ။

Scientists Witnessed Skeletons Baking in Red Liquid

ဒီ ဖြစ်စဥ်ကို အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းသုတေသနဌာန ကြီးကြပ်မှုအောက်မှာ ဆောင်ရွက်ခဲ့သလို အဓိပတိကောင်စီ ဥက္ကဌ Mostafa Waziri က အရိုးစုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၀၀ (B.C 322) ကတည်းက ရှိနေခဲ့မယ်လို့ သုံးသပ်ထားပါတယ်။ ဘာလို့ဒီလိုပြောလို့ရတာလဲဆိုရင် အုတ်ဂူထဲက အရိုးစုတွေဟာ Alexander ရှင်ဘုရင်ကြီးရဲ့ စစ်သည်တွေလို့ ယူဆလို့ရလို့ပါ။ ဒါကို အီဂျစ်ရာဇဝင်အရ နောက်ကြောင်းပြန်ကောက်ပြီး ပြောရမယ်ဆိုရင် Alexandria မြို့တော်ဟာ Alexander The Great ရှင်ဘုရင်ကြီး ခေါင်းချခဲ့တဲ့နယ်မြေ ဖြစ်နေတာလည်းပါပါတယ်။ Alexander မရှိတော့တဲ့ 323 BC နောက်ပိုင်း အီဂျစ်နိုင်ငံကို သစ္စာရှိစစ်သူကြီးတွေ ဆက်လက်အုပ်ချုပ်ခဲ့တယ်ဆိုပေမယ့် သမိုင်းအရ နောက်ဆုံးမင်းဆက်လို့ပြောလို့ရတဲ့ Cleopatra VII ဟာ BC 30 လောက်မှာ သတ်သေသွားခဲ့ပါတယ်။

It was opened from whence it came

မရှေးမနှောင်းဆိုသလို BC 30 ဝန်းကျင်မှာပဲ အီဂျစ်ကို ရောမတွေသိမ်းပိုက်လိုက်တဲ့ အချိန်ကစပြီး Alexander မျိုးနွယ်တွေမရှိသလောက် ရှားပါးသွားခဲ့တာပါ။ အများစုဟာ နှစ်နိုင်ငံစစ်ပွဲအတွင်းကျဆုံးသွားခဲ့ပြီလို့ ပြောလို့ရပေမယ့် အီဂျစ်ကို လက်အောက်ခံတိုင်းပြည်အဖြစ် အုပ်ချုပ်ခဲ့စဥ်အတွင်း တော်လှန်ပုန်ကန်မှုတွေမှာ ပါဝင်ခဲ့ဦးမယ်လို့ ယူဆလို့ရလို့ပါ။ ဘာလို့လဲဆိုတော့ အရိုးစုတွေအားလုံးဟာ လွှတ်လပ်ရေး တိုက်ပွဲဆင်နွဲရင်း ကျဆုံးခဲ့ပုံရပြီး ဒီလိုပြောနိုင်တာ အရိုးစုပေါ်မှာ ကျန်ရစ်နေခဲ့တဲ့ မြှားဒဏ်ရာတွေကြောင့်ပါ။

The Tomb is large enough to carry the size of 3 men

အခုချိန်မှာ ဘာလို့ အီဂျစ်စစ်သည် ၃ ဦးကို အခေါင်းအကြီးကြီးထဲ မြုပ်နှံထားခဲ့လည်းဆိုတဲ့မေးခွန်းကို ဘယ်သူမှမဖြေနိုင်သေးပါဘူး။ ပထမတုန်းက Mummy ရုပ်အလောင်းဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြတာဆိုပေမယ့် အုတ်ဂူဖွင့်ပြီးသွားတဲ့အခါမှာတော့ ဘာ Mummy မှ ထွက်မလာတဲ့အပြင် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေလည်းမတွေ့ရဘဲ အနီရောင်အရည်လူးနေတဲ့ အရိုးစုတွေက ခေတ်သစ် သိပ္ပံပညာကို စိန်ခေါ်လိုက်သလို ဖြစ်လာတာပါ။ ဒီလို သွေးလား၊ ဘာလား ဆိုတာ ဓာတုနည်းအရ မခွဲခြားနိုင်သေးသလို အလောင်းကောင်ရဲ့ အပုပ်ရည်ကို သောက်ချင်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါ။

carbonated Monster-esque energy drink?

အီဂျစ်ရာဇဝင်ဘယ်လိုပဲရှိခဲ့ရှိခဲ့ အုတ်ဂူဖွင့်လိုက်ပြီးတဲ့အချိန်မှာတော့ Mummy တကယ်ရှိတယ်ဆိုတာထက် သိပ္ပံပညာရှင်တွေ မျက်မြင်ကြုံတွေ့လိုက်ရတာက အနီရောင်အရည်တွေ ဘယ်ကရောက်လာသလဲဆိုတဲ့မေးခွန်းပါ။ ဒါကို ကျွမ်းကျင်ပညာရှင် Kool-Aid က အဲ့ဒီအရည်တွေဟာ ရေနုတ်မြောင်း ဒါမှမဟုတ် မြေအောက်ရေကြောင့်ဖြစ်မယ်လို့ ထင်ကြေးပေးထားပါတယ်။ Mummy အုတ်ဂူဟာ ရေစိမ့်ဝင်လို့ရတဲ့ အပေါက်ငယ်လေးတွေ ပါရှိနေတဲ့အချက်က သက္ကရာဇ် ၂,၀၀၀ ရောက်လာတဲ့အချိန်မှာ မြို့တော်တိုးချဲ့မှုကြောင့် အခုလို Mummy ရုပ်အလောင်းတွေ ပျက်စီးသွားခဲ့တာဖြစ်ရမယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။