[Zawgyi]

ႏူးကမ့္ကြင္းမွာ ရီးယဲလ္ကုိ ဘာစီလုိနာ ဂုိးျပတ္ အႏုိင္ယူခဲ့တဲ့ El Clásico ပဲြမ်ား

(၈၉)ႀကိမ္ေျမာက္ El Clásico ပဲြကေတာ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီးပါၿပီ။ ရလဒ္ကေတာ့ ပရိသတ္ေတြ သိတဲ့အတိုင္း ဘာစီလုိနာက (၅-၁)ဂုိးနဲ႔ ျပတ္ျပတ္သားသားကုိ အႏုိင္ယူၿပီး သူတို႔ရဲ႕ သမုိင္းေၾကာင္း ၿပိဳင္ဘက္ကုိ နလန္မထူေအာင္ ေခ်မႈန္းပစ္ခဲ့တယ္။ ႏူးကမ့္မွာ ရီးယဲလ္ မရႈမလွျဖစ္ခဲ့တာက ဒါ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူးး။ လာလီဂါၿပိဳင္ပဲြတစ္ေလွ်ာက္မွာ ဘာစီလုိနာကုိ ဆုိးရြားတဲ့ ရလဒ္ေတြနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ပဲြေတြရွိခဲ့ၿပီး Akhayar Sports ပရိသတ္ေတြအတြက္ ေဖာ္ျပလုိက္ပါတယ္ . . .

Real-Madrid

Real-Madrid

ဘာစီလုိနာ ၇-၂ ရီးယဲလ္ (၂၄-၉-၁၉၅၀)
၁၉၅၀-၅၁ ရာသီ လာလီဂါပဲြစဥ္ (၃)အျဖစ္ ႏူးကမ့္မွာ ဆုံေတြ႕ခဲ့ၿပီး ဘာစီလုိနာအသင္းက (၇-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ဒါဟာ ရီးယဲလ္ဘက္ကုိ ဘာစီလုိနာ ဂုိးအမ်ားဆုံး သြင္းယူတဲ့ပဲြအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

ဘာစီလုိနာ ၅-၀ ရီးယဲလ္ (၈-၁-၁၉၉၄)
ဒီပဲြကေတာ့ ၁၉၉၃-၉၄ ရာသီ ပဲြစဥ္(၁၈)အျဖစ္ ဆုံေတြ႕ခဲ့တာျဖစ္ၿပီး ဘာစီလုိနာအသင္းက ႐ုိမာရီယုိ Romario ရဲ႕ ဟက္ထရစ္၊ ေရာ္နယ္လ္ကုိးမန္း Ronald Koemman ၊ အီဗန္အီဂလီစီယာ Ivan Iglesias တို႔ရဲ႕ ဂုိးေတြနဲ႔ အႏုိင္ယူခဲ့တယ္။

ဘာစီလုိနာ ၅-၀ ရီးယဲလ္ (၂၉-၁၁-၂၀၁၀)

2010-11-El-Clásico

2010-11-El-Clásico

ေမာ္ရင္ဟုိ Mourinho ရဲ႕ ပထမဆုံး ရီးယဲလ္နည္းျပဘ၀မွာ အရွက္တကဲြ ႐ႈံးနိမ့္ခဲ့တဲ့ပဲြပါ။ Tiki Taka ကစားကြက္နဲ႔ ေအာင္ပဲြခံေနတဲ့ ဘာစီလုိနာအသင္းက ဇာဗီ Xavi ၊ ပတ္ဒ႐ုိ Pedro (၂ဂုိး) ၊ ေဒးဗစ္ဗီလာ David Villa ၊ ဟြမ္ဖရန္ Jeffren တို႔ရဲ႕ ဂုိးေတြနဲ႔ အႏုိင္ရခဲ့ၿပီး ဒါဟာ ေမာ္ရင္ဟုိ နည္းျပဘ၀တစ္ေလွ်ာက္ အႀကီးမားဆုံး ဂုိးျပတ္ ႐ႈံးပဲြပါပဲ။

El-Clasico

El-Clasico

လာလီဂါမွာ ဘာစီလုိနာကုိ ရီးယဲလ္ ဂုိးျပတ္႐ႈံးနိမ့္ခဲ့မႈမ်ား
Barcelona 7–2 Real Madrid 24 September 1950
Barcelona 5–0 Real Madrid 21 April 1935
Barcelona 5–0 Real Madrid 25 March 1945
Barcelona 5–0 Real Madrid 8 January 1994
Barcelona 5–0 Real Madrid 29 November 2010
Barcelona 5–1 Real Madrid 28 October 2018

Akhayar Sports ပရိသတ္ႀကီးေရ . . ဒါေတြကေတာ့ လာလီဂါ အိမ္ကြင္းပဲြမွာ ဘာစီလုိနာ ဂုိးျပတ္အႏုိင္ရခဲ့တဲ့ El Clásico ပဲြေတြပါပဲ။ ဘာစီလုိနာအသင္းအေနနဲ႔ ၂၀၀၄ ခုႏွစ္က စၿပီး အဓိကတုိက္စစ္မွဴး မက္ဆီ Messi မပါ၀င္တဲ့ El Clásico ပဲြ (၃)ပဲြမွာ ပထမဆုံး ႏုိင္ပဲြရယူခဲ့တာျဖစ္သလုိ ဂုိးျပတ္အႏုိင္ရခဲ့တဲ့အတြက္လည္း ေက်နပ္စရာျဖစ္ခဲ့တယ္။ အခုအခ်ိန္မွာေတာ့ ဘာစီလုိနာပရိသတ္ေတြ အႀကီးအက်ယ္ကုိ ေအာင္ပဲြခံေနေလာက္ပါၿပီ . . .

REF:marca
Photo:Goal,YouTube,CNN International,Sporting News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နူးကမ့်ကွင်းမှာ ရီးယဲလ်ကို ဘာစီလိုနာ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ El Clásico ပွဲများ

(၈၉)ကြိမ်မြောက် El Clásico ပွဲကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ပြီးပါပြီ။ ရလဒ်ကတော့ ပရိသတ်တွေ သိတဲ့အတိုင်း ဘာစီလိုနာက (၅-၁)ဂိုးနဲ့ ပြတ်ပြတ်သားသားကို အနိုင်ယူပြီး သူတို့ရဲ့ သမိုင်းကြောင်း ပြိုင်ဘက်ကို နလန်မထူအောင် ချေမှုန်းပစ်ခဲ့တယ်။ နူးကမ့်မှာ ရီးယဲလ် မရှုမလှဖြစ်ခဲ့တာက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူးး။ လာလီဂါပြိုင်ပွဲတစ်လျှောက်မှာ ဘာစီလိုနာကို ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲတွေရှိခဲ့ပြီး Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ် . . .

Real-Madrid

Real-Madrid

ဘာစီလိုနာ ၇-၂ ရီးယဲလ် (၂၄-၉-၁၉၅၀)
၁၉၅၀-၅၁ ရာသီ လာလီဂါပွဲစဉ် (၃)အဖြစ် နူးကမ့်မှာ ဆုံတွေ့ခဲ့ပြီး ဘာစီလိုနာအသင်းက (၇-၂)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒါဟာ ရီးယဲလ်ဘက်ကို ဘာစီလိုနာ ဂိုးအများဆုံး သွင်းယူတဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

ဘာစီလိုနာ ၅-၀ ရီးယဲလ် (၈-၁-၁၉၉၄)
ဒီပွဲကတော့ ၁၉၉၃-၉၄ ရာသီ ပွဲစဉ်(၁၈)အဖြစ် ဆုံတွေ့ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းက ရိုမာရီယို Romario ရဲ့ ဟက်ထရစ်၊ ရော်နယ်လ်ကိုးမန်း Ronald Koemman ၊ အီဗန်အီဂလီစီယာ Ivan Iglesias တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ယူခဲ့တယ်။

ဘာစီလိုနာ ၅-၀ ရီးယဲလ် (၂၉-၁၁-၂၀၁၀)

2010-11-El-Clásico

2010-11-El-Clásico

မော်ရင်ဟို Mourinho ရဲ့ ပထမဆုံး ရီးယဲလ်နည်းပြဘဝမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ပွဲပါ။ Tiki Taka ကစားကွက်နဲ့ အောင်ပွဲခံနေတဲ့ ဘာစီလိုနာအသင်းက ဇာဗီ Xavi ၊ ပတ်ဒရို Pedro (၂ဂိုး) ၊ ဒေးဗစ်ဗီလာ David Villa ၊ ဟွမ်ဖရန် Jeffren တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဒါဟာ မော်ရင်ဟို နည်းပြဘဝတစ်လျှောက် အကြီးမားဆုံး ဂိုးပြတ် ရှုံးပွဲပါပဲ။

El-Clasico

El-Clasico

လာလီဂါမှာ ဘာစီလိုနာကို ရီးယဲလ် ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုများ
Barcelona 7–2 Real Madrid 24 September 1950
Barcelona 5–0 Real Madrid 21 April 1935
Barcelona 5–0 Real Madrid 25 March 1945
Barcelona 5–0 Real Madrid 8 January 1994
Barcelona 5–0 Real Madrid 29 November 2010
Barcelona 5–1 Real Madrid 28 October 2018

Akhayar Sports ပရိသတ်ကြီးရေ . . ဒါတွေကတော့ လာလီဂါ အိမ်ကွင်းပွဲမှာ ဘာစီလိုနာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ El Clásico ပွဲတွေပါပဲ။ ဘာစီလိုနာအသင်းအနေနဲ့ ၂၀၀၄ ခုနှစ်က စပြီး အဓိကတိုက်စစ်မှူး မက်ဆီ Messi မပါဝင်တဲ့ El Clásico ပွဲ (၃)ပွဲမှာ ပထမဆုံး နိုင်ပွဲရယူခဲ့တာဖြစ်သလို ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက်လည်း ကျေနပ်စရာဖြစ်ခဲ့တယ်။ အခုအချိန်မှာတော့ ဘာစီလိုနာပရိသတ်တွေ အကြီးအကျယ်ကို အောင်ပွဲခံနေလောက်ပါပြီ . . .

REF:marca
Photo:Goal,YouTube,CNN International,Sporting News
Naing Linn(Akhayar)
www.akhayar.com