ကမၻာ့အႀကီးမားဆုံး မာဖီးယားဒုစရုိက္ဂုိဏ္း (၅) ခု

The Biggest Organized Crime Groups in the World
The Biggest Organized Crime Groups in the World

[Zawgyi]

ကမၻာ့အႀကီးမားဆုံး မာဖီးယားဒုစရုိက္ဂုိဏ္း (၅) ခု

ကမၻာ့ႏုိင္ငံအရပ္ရပ္မွာ ဒုစရုိက္လုပ္ငန္းေတြကုိ ႏွိမ္နင္းေနတယ္ဆုိေပမယ့္ ဥပေဒျပင္ပကုိ ေရာက္ေနတဲ့ မာဖီးယားဂုိဏ္း (Mafia) ေတြကေတာ့ ရွိေနဆဲပဲျဖစ္ပါတယ္။ ဒုစရုိက္ေျမေအာက္ေလာကမွာ ေသရဲသတ္ရဲတဲ့ မုိက္ဂုဏ္ဆုိတာထက္ တကယ့္လူမုိက္ဂုိဏ္းႀကီးေတြမွာ ဥာဏ္ပညာကပဲ အေရးႀကီးလြန္းတာပါ။ မာဖီးယားဂုိဏ္းသားေတြဟာ ႏုိင္ငံေခါင္းေဆာင္ေတြအေပၚမွာေတာင္ အလြန္ၾသဇာႀကီးမားသလုိ အခက္အခဲမွန္သမ်ွကုိ ေငြကုိေရလုိသုံးၿပီး ေျဖရွင္းႏုိင္ရုံမက ၾသဇာဖီဆန္သူနဲ႔ သစၥာေဖာက္သူေတြကုိ ပိပိရိရိေဖ်ာက္ဖ်က္သုတ္သင္ပစ္ႏုိင္ပါတယ္။

"The Godfather (1972)" ဇာတ္ကားမွ Marlon Brando သရုပ္ေဆာင္ဟန္
“The Godfather (1972)” ဇာတ္ကားမွ Marlon Brando သရုပ္ေဆာင္ဟန္

ေခတ္မီဖြံ႕ၿဖိဳးတဲ့ အေမရိကန္လုိႏုိင္ငံမ်ိဳးမွာေတာင္ မာဖီးယားဂုိဏ္းသားေတြေၾကာင့္ ေဒၚလာ၂ဝ ဘီလီယံ (၂ဝ,ဝဝဝ သန္း) ေလာက္ ႏွစ္စဥ္ဆုံးရႈံးရတယ္လုိ႔ Javelin Strategy and Research ကုမၸဏီက ျပဳလုပ္တဲ့သုေတသနအရ သိရပါတယ္။ အေမရိကန္ႏုိင္ငံတစ္ခုတည္းမွာတင္ ကုိးကင္းေရာင္းဝယ္မႈပမာဏ ၃၄ ဘီလီယံအထိ ရွိလာတယ္လုိ႔ သိရျပန္ပါတယ္။ ကမၻာအရပ္ရပ္ကုိ လႊမ္းမုိးေနတဲ့ မာဖီးယားဒုစရုိက္ဂုိဏ္း (၅) ခုအေၾကာင္းကုိ ေဖာ္ျပလုိက္ပါတယ္။

(၅) ဆီနာလုိအာ မူးယစ္ဂိုဏ္း (Sinaloa Cartel)

မကၠဆီကုိႏုိင္ငံ ဆီနာလုိအာျပည္နယ္ (Sinaloa Joaquin) မွာ အေျခစုိက္တဲ့ ဆီနာလုိအာ မူးယစ္ဂိုဏ္း (Sinaloa Cartel) ဟာ မူးယစ္ကုန္ကူးမႈ၊ ေငြေၾကးခဝါခ်မႈနဲ႔ လူသတ္မႈေတြကုိ က်ဴးလြန္ၾကပါတယ္။

မကၠဆီကုိ မူးယစ္ဂုိဏ္းမ်ား
မကၠဆီကုိ မူးယစ္ဂုိဏ္းမ်ား

၁၉၈၈ခုႏွစ္မွာ ဖြဲ႕စည္းထားၿပီး ၂ဝ၁၆ခုႏွစ္ ဇန္နဝါရီလမွာ ေခါင္းေဆာင္ ဂ်ိဳအာကြင္း အယ္လ္ခ်ာ ပိုဂတ္ဇ္မန္း (Joaquin “Chapo” Guzman) ဟာ အဖမ္းခံရေပမယ့္ မူးယစ္ဂုိဏ္းႀကီးက အင္အားႀကီးေနတုန္းပါ။

ဂ်ိဳအာကြင္း အယ္လ္ခ်ာ ပိုဂတ္ဇ္မန္း (Joaquin “Chapo” Guzman)
ဂ်ိဳအာကြင္း အယ္လ္ခ်ာ ပိုဂတ္ဇ္မန္း (Joaquin “Chapo” Guzman)

အေမရိကန္ႏုိင္ငံရဲ႕မူးယစ္ေစ်းကြက္ကုိ ၆ဝရာခုိင္ႏႈန္းအထိ ႀကီးစုိးထားပါတယ္။ အဖြဲ႕ဝင္ေပါင္းဟာ ေထာင္ဂဏန္းအထိ ရွိၿပီး တစ္ႏွစ္အျမတ္ေငြ ၃ ဘီလီယံ (၃,ဝဝဝ သန္း) အထိ ရွိလာတယ္လုိ႔ RAND Corporation သုေတသနအဖြဲ႕မွ ခန္႔မွန္းထားပါတယ္။

(၄) ‘Ndrangheta ရာဇဝတ္ဂုိဏ္း

အီတလီႏုိင္ငံေတာင္ပုိင္း ကာလာဘရီယာေဒသ (Calabria) ကုိ အေျချပဳထားတဲ့ ‘Ndrangheta ရာဇဝတ္ဂုိဏ္းဟာ ဘယ္ေလာက္ထိၾသဇာႀကီးမားသလဲဆုိရင္ ေျမာက္အေမရိကတုိက္ ကုိလံဘီယာႏုိင္ငံနဲ႔ အာရွတုိက္မွာဆုိရင္ ၾသစေတးလ်ႏုိင္ငံအထိ လႊမ္းမုိးၾကပါတယ္။

HUAWEI Nova 2i
HUAWEI Nova 2i

 Huawei nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

အဖြဲ႕ဝင္ေပါင္း ေျခာက္ေထာင္ေက်ာ္ရွိတယ္လုိ႔ ခန္႔မွန္းထားၾကၿပီး အျမတ္ေငြ အေမရိကန္ေဒၚလာ ၄.၅ ဘီလီယံ (၄,၅ဝဝ သန္း) အထိ ရရွိတယ္လုိ႔ သတ္မွတ္ထားၾကပါတယ္။

'Ndrangheta ဂုိဏ္းဝင္မ်ား
‘Ndrangheta ဂုိဏ္းဝင္မ်ား

၁၉ရာစုေႏွာင္းပုိင္းကတည္းက ၂၁ရာစုအထိတုိင္ အာဏာပုိင္ေတြကုိ အၾကပ္ရုိက္ေစခဲ့တဲ့ အဖြဲ႕အစည္းႀကီးျဖစ္ပါတယ္။ ျပန္ေပးဆြဲမႈလုပ္ငန္းမွ စတင္ခဲ့ေပမယ့္ ကုိကင္းလုပ္ငန္းေတြကုိ အဓိကလုပ္ကုိင္ခဲ့ပါတယ္။ အျပစ္ေပးတဲ့ တရားသူႀကီး၊ ရဲအရာရွိေတြကုိ သုတ္သင္ခဲ့ရုံမက ထိပ္ပုိင္းအာဏာပုိင္ေတြကုိေတာင္ အိတ္ကပ္ထဲ ထည့္ႏုိင္ခဲ့ပါတယ္။

(၃) ကာေမာ္ရာ မာဖီးယားဂုိဏ္း (Camorra)

အီတလီႏုိင္ငံမွာ တရားစီရင္မႈတင္းၾကပ္လာမႈေၾကာင့္ မာဖီးယားဂုိဏ္းေတြအေနနဲ႔ ေျခလွမ္းၾကဲသြားခဲ့ေပမယ့္ ကာေမာ္ရာ မာဖီးယားဂုိဏ္း (Camorra) ကေတာ့ ကံေကာင္းဆဲပါ။ ၁၇ရာစုႏွစ္ကတည္းက စတင္ခဲ့တဲ့ အီတလီမာဖီးယားဂုိဏ္းႀကီးဟာ အဖြဲ႕ခြဲ (၁၁၁) နဲ႔ အဖြဲ႕ဝင္ေပါင္း (၆,၇ဝဝ) ေက်ာ္ရွိတယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

ကာေမာ္ရာ မာဖီးယားဂုိဏ္း (Camorra)
ကာေမာ္ရာ မာဖီးယားဂုိဏ္း (Camorra)

ဇိမ္လုပ္ငန္း၊ မူးယစ္ေဆးဝါး၊ လက္နက္ေရာင္းဝယ္မႈနဲ႔ အေလာင္းအစားလုပ္ငန္းေတြမွာ ပါဝင္ၿပီး တစ္ႏွစ္မွာ အျမတ္ေငြ ၄.၉ ဘီလီယံ (၄,၉ဝဝ သန္း) ရွိတယ္လုိ႔ သိရပါတယ္။

(၂)  ယာမာဂူခ်ီဂူမိ ယာကူဇာဂုိဏ္း (Yamaguchi-gumi Yakuza)

ယာကူဇာနဲ႔ မာဖီးယား ေဝါဟာရကုိ ရွင္းလင္းခ်င္ပါေသးတယ္။ မာဖီးယားဆုိတာ စစၥလီကြ်န္းသားေတြရဲ႕ ဒုစရုိက္ဂုိဏ္းေတြကုိ မာဖီးယားဂုိဏ္းလုိ႔ မူလတုန္းက ေခၚဆုိၾကေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဒုစရုိက္လုပ္ငန္းအဖြဲ႕အစည္းတုိင္းကုိ မာဖီးယားလုိ႔ သတ္မွတ္ၾကပါတယ္။

ယာမာဂူခ်ီဂူမိ ယာကူဇာဂုိဏ္း (Yamaguchi-gumi Yakuza)
ယာမာဂူခ်ီဂူမိ ယာကူဇာဂုိဏ္း (Yamaguchi-gumi Yakuza)

ဥပမာ – အီတလီမာဖီးယား၊ ရုရွားမာဖီးယား၊ ဂ်ပန္မာဖီးယား၊ အေမရိကန္မာဖီးယား။ ဒါေပမယ့္ ဒုစရုိက္ဂုိဏ္းေတြက ကုိယ္ပုိင္နာမည္ သုံးလာၾကပါတယ္။ ဂ်ပန္မာဖီးယားဂုိဏ္းေတြကေတာ့ ယာကူဇာဂုိဏ္း (Yakuza) လုိ႔ ေခၚၿပီး ရုရွားမာဖီးယားေတြကုိ ဘရက္ဗာဂုိဏ္း (Bratva) နဲ႔ အီတလီမာဖီးယားဂုိဏ္းေတြကုိ ကုိဆာ ေနာ့စ္တရာဂုိဏ္း (Cosa Nostra) လုိ႔ ေခၚၾကပါတယ္။ ယာမာဂူခ်ီ ဂူမိ ယာကူဇာဂုိဏ္း (Yamaguchi-gumi Yakuza) ဟာ ဂ်ပန္ယာကူဇာဂုိဏ္းေတြထဲမွာ အင္အားအႀကီးမားဆုံးျဖစ္ၿပီး ၁၉၁၅ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့ပါတယ္။

ယာကူဇာဂုိဏ္းသားမ်ား
ယာကူဇာဂုိဏ္းသားမ်ား

ဌာနခ်ဳပ္ဟာ ကုိေဘးၿမိဳ႕ (Kobe) မွာရွိၿပီး တစ္ကမၻာလုံးမွ ဒုစရုိက္လုပ္ငန္းေတြကုိ ညႊန္ၾကားၾကပါတယ္။ ၂ဝဝ၇ခုႏွစ္မွာ အဖြဲ႕ဝင္ေပါင္း (၂၃,၄ဝဝ) နဲ႔ ဖက္စပ္အဖြဲ႕ဝင္ (၁၈,၆ဝဝ) အထိရွိတယ္လုိ႔ ဂ်ပန္ရဲတပ္ဖြဲ႕ရဲ႕အဆုိအရ သိရပါတယ္။

ဂ်ပန္ယာကူဇာဂုိဏ္း
ဂ်ပန္ယာကူဇာဂုိဏ္း

ဇိမ္လုပ္ငန္း၊ မူးယစ္ေဆးဝါး၊ လက္နက္ေရာင္းဝယ္မႈနဲ႔ အေလာင္းအစား၊ ေဆာက္လုပ္ေရးလုပ္ငန္းေတြကုိ လုပ္ေဆာင္ၾကၿပီး တစ္ႏွစ္ဝင္ေငြ ၆.၆ ဘီလီယံ (၆,၆ဝဝ သန္း) အထိရွိၾကတယ္လုိ႔ သိရပါတယ္။

(၁) ဆုိးလ္ဆက္ကရာ ဘရက္ဗာဂုိဏ္း (Solntsevskaya Bratva)

ရုရွားႏုိင္ငံ ေမာ္စကုိၿမိဳ႕မွာ အေျခစုိက္တဲ့ ဆုိးလ္ဆက္ကရာ ဘရက္ဗာဂုိဏ္း (Solntsevskaya Bratva) ဟာ အဖြဲ႕ဝင္ေပါင္း (၅ဝဝ,ဝဝဝ) ေက်ာ္ရွိၿပီး ကမၻာ့အႀကီးဆုံးမာဖီးယားဂုိဏ္းအျဖစ္ သတ္မွတ္ၾကပါတယ္။ ၁၉၈ဝခုႏွစ္ကုန္ပုိင္းမွာ တည္ေထာင္ခဲ့ၿပီး မူးယစ္လုပ္ငန္းကုိ အဓိကလုပ္ကုိင္ၾကပါတယ္။ FBI အဖြဲ႕က လုိက္လံရွင္းလင္းေနေပမယ့္ အဖြဲ႕ဝင္ေတြက တုိးပြားေနတုန္းပါ။

ဆုိးလ္ဆက္ကရာ ဘရက္ဗာဂုိဏ္း (Solntsevskaya Bratva)
ဆုိးလ္ဆက္ကရာ ဘရက္ဗာဂုိဏ္း (Solntsevskaya Bratva)

ကမၻာ့ဘိန္းျဖဴေစ်းကြက္ကုိ ၁၂ရာခုိင္ႏႈန္း ႀကီးစုိးထားၿပီး အျမတ္ေငြဟာ တစ္ႏွစ္အတြင္း ၈.၅ ဘီလီယံ (၈,၅ဝဝ သန္း) ရွိေၾကာင္း သိရပါတယ္။ ကဲ . . . အခုေဖာ္ျပခဲ့တဲ့ ဒုစရုိက္အဖြဲ႕အစည္းေတြက ကမၻာ့ႏုိင္ငံႀကီးေတြကုိ ၿခိမ္းေျခာက္ေနတဲ့ မာဖီးယားအဖြဲ႕အစည္းေတြပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့အကြီးမားဆုံး မာဖီးယားဒုစရိုက်ဂိုဏ်း (၅) ခု

ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ဒုစရိုက်လုပ်ငန်းတွေကို နှိမ်နင်းနေတယ်ဆိုပေမယ့် ဥပဒေပြင်ပကို ရောက်နေတဲ့ မာဖီးယားဂိုဏ်း (Mafia) တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။ ဒုစရိုက်မြေအောက်လောကမှာ သေရဲသတ်ရဲတဲ့ မိုက်ဂုဏ်ဆိုတာထက် တကယ့်လူမိုက်ဂိုဏ်းကြီးတွေမှာ ဉာဏ်ပညာကပဲ အရေးကြီးလွန်းတာပါ။ မာဖီးယားဂိုဏ်းသားတွေဟာ နိုင်ငံခေါင်းဆောင်တွေအပေါ်မှာတောင် အလွန်သြဇာကြီးမားသလို အခက်အခဲမှန်သမျှကို ငွေကိုရေလိုသုံးပြီး ဖြေရှင်းနိုင်ရုံမက သြဇာဖီဆန်သူနဲ့ သစ္စာဖောက်သူတွေကို ပိပိရိရိဖျောက်ဖျက်သုတ်သင်ပစ်နိုင်ပါတယ်။

"The Godfather (1972)" ဇာတ်ကားမှ Marlon Brando သရုပ်ဆောင်ဟန်
“The Godfather (1972)” ဇာတ်ကားမှ Marlon Brando သရုပ်ဆောင်ဟန်

ခေတ်မီဖွံ့ဖြိုးတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် မာဖီးယားဂိုဏ်းသားတွေကြောင့် ဒေါ်လာ၂ဝ ဘီလီယံ (၂ဝ,ဝဝဝ သန်း) လောက် နှစ်စဉ်ဆုံးရှုံးရတယ်လို့ Javelin Strategy and Research ကုမ္ပဏီက ပြုလုပ်တဲ့သုတေသနအရ သိရပါတယ်။ အမေရိကန်နိုင်ငံတစ်ခုတည်းမှာတင် ကိုးကင်းရောင်းဝယ်မှုပမာဏ ၃၄ ဘီလီယံအထိ ရှိလာတယ်လို့ သိရပြန်ပါတယ်။ ကမ္ဘာအရပ်ရပ်ကို လွှမ်းမိုးနေတဲ့ မာဖီးယားဒုစရိုက်ဂိုဏ်း (၅) ခုအကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၅) ဆီနာလိုအာ မူးယစ်ဂိုဏ်း (Sinaloa Cartel)

မက္ကဆီကိုနိုင်ငံ ဆီနာလိုအာပြည်နယ် (Sinaloa Joaquin) မှာ အခြေစိုက်တဲ့ ဆီနာလိုအာ မူးယစ်ဂိုဏ်း (Sinaloa Cartel) ဟာ မူးယစ်ကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ လူသတ်မှုတွေကို ကျူးလွန်ကြပါတယ်။

မက္ကဆီကို မူးယစ်ဂိုဏ်းများ
မက္ကဆီကို မူးယစ်ဂိုဏ်းများ

၁၉၈၈ခုနှစ်မှာ ဖွဲ့စည်းထားပြီး ၂ဝ၁၆ခုနှစ် ဇန်နဝါရီလမှာ ခေါင်းဆောင် ဂျိုအာကွင်း အယ်လ်ချာ ပိုဂတ်ဇ်မန်း (Joaquin “Chapo” Guzman) ဟာ အဖမ်းခံရပေမယ့် မူးယစ်ဂိုဏ်းကြီးက အင်အားကြီးနေတုန်းပါ။

ဂျိုအာကွင်း အယ်လ်ချာ ပိုဂတ်ဇ်မန်း (Joaquin “Chapo” Guzman)
ဂျိုအာကွင်း အယ်လ်ချာ ပိုဂတ်ဇ်မန်း (Joaquin “Chapo” Guzman)

အမေရိကန်နိုင်ငံရဲ့မူးယစ်ဈေးကွက်ကို ၆ဝရာခိုင်နှုန်းအထိ ကြီးစိုးထားပါတယ်။ အဖွဲ့ဝင်ပေါင်းဟာ ထောင်ဂဏန်းအထိ ရှိပြီး တစ်နှစ်အမြတ်ငွေ ၃ ဘီလီယံ (၃,ဝဝဝ သန်း) အထိ ရှိလာတယ်လို့ RAND Corporation သုတေသနအဖွဲ့မှ ခန့်မှန်းထားပါတယ်။

(၄) ‘Ndrangheta ရာဇဝတ်ဂိုဏ်း

အီတလီနိုင်ငံတောင်ပိုင်း ကာလာဘရီယာဒေသ (Calabria) ကို အခြေပြုထားတဲ့ ‘Ndrangheta ရာဇဝတ်ဂိုဏ်းဟာ ဘယ်လောက်ထိသြဇာကြီးမားသလဲဆိုရင် မြောက်အမေရိကတိုက် ကိုလံဘီယာနိုင်ငံနဲ့ အာရှတိုက်မှာဆိုရင် သြစတေးလျနိုင်ငံအထိ လွှမ်းမိုးကြပါတယ်။

HUAWEI Nova 2i
HUAWEI Nova 2i

 Huawei nova 2i အကြောင်း အသေးစိတ်သိရှိရန်

အဖွဲ့ဝင်ပေါင်း ခြောက်ထောင်ကျော်ရှိတယ်လို့ ခန့်မှန်းထားကြပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ (၄,၅ဝဝ သန်း) အထိ ရရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။

'Ndrangheta ဂိုဏ်းဝင်များ
‘Ndrangheta ဂိုဏ်းဝင်များ

၁၉ရာစုနှောင်းပိုင်းကတည်းက ၂၁ရာစုအထိတိုင် အာဏာပိုင်တွေကို အကြပ်ရိုက်စေခဲ့တဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ ပြန်ပေးဆွဲမှုလုပ်ငန်းမှ စတင်ခဲ့ပေမယ့် ကိုကင်းလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ခဲ့ပါတယ်။ အပြစ်ပေးတဲ့ တရားသူကြီး၊ ရဲအရာရှိတွေကို သုတ်သင်ခဲ့ရုံမက ထိပ်ပိုင်းအာဏာပိုင်တွေကိုတောင် အိတ်ကပ်ထဲ ထည့်နိုင်ခဲ့ပါတယ်။

(၃) ကာမော်ရာ မာဖီးယားဂိုဏ်း (Camorra)

အီတလီနိုင်ငံမှာ တရားစီရင်မှုတင်းကြပ်လာမှုကြောင့် မာဖီးယားဂိုဏ်းတွေအနေနဲ့ ခြေလှမ်းကြဲသွားခဲ့ပေမယ့် ကာမော်ရာ မာဖီးယားဂိုဏ်း (Camorra) ကတော့ ကံကောင်းဆဲပါ။ ၁၇ရာစုနှစ်ကတည်းက စတင်ခဲ့တဲ့ အီတလီမာဖီးယားဂိုဏ်းကြီးဟာ အဖွဲ့ခွဲ (၁၁၁) နဲ့ အဖွဲ့ဝင်ပေါင်း (၆,၇ဝဝ) ကျော်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ကာမော်ရာ မာဖီးယားဂိုဏ်း (Camorra)
ကာမော်ရာ မာဖီးယားဂိုဏ်း (Camorra)

ဇိမ်လုပ်ငန်း၊ မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်မှုနဲ့ အလောင်းအစားလုပ်ငန်းတွေမှာ ပါဝင်ပြီး တစ်နှစ်မှာ အမြတ်ငွေ ၄.၉ ဘီလီယံ (၄,၉ဝဝ သန်း) ရှိတယ်လို့ သိရပါတယ်။

(၂)  ယာမာဂူချီဂူမိ ယာကူဇာဂိုဏ်း (Yamaguchi-gumi Yakuza)

ယာကူဇာနဲ့ မာဖီးယား ဝေါဟာရကို ရှင်းလင်းချင်ပါသေးတယ်။ မာဖီးယားဆိုတာ စစ္စလီကျွန်းသားတွေရဲ့ ဒုစရိုက်ဂိုဏ်းတွေကို မာဖီးယားဂိုဏ်းလို့ မူလတုန်းက ခေါ်ဆိုကြပေမယ့် နောက်ပိုင်းမှာတော့ ဒုစရိုက်လုပ်ငန်းအဖွဲ့အစည်းတိုင်းကို မာဖီးယားလို့ သတ်မှတ်ကြပါတယ်။

ယာမာဂူချီဂူမိ ယာကူဇာဂိုဏ်း (Yamaguchi-gumi Yakuza)
ယာမာဂူချီဂူမိ ယာကူဇာဂိုဏ်း (Yamaguchi-gumi Yakuza)

ဥပမာ – အီတလီမာဖီးယား၊ ရုရှားမာဖီးယား၊ ဂျပန်မာဖီးယား၊ အမေရိကန်မာဖီးယား။ ဒါပေမယ့် ဒုစရိုက်ဂိုဏ်းတွေက ကိုယ်ပိုင်နာမည် သုံးလာကြပါတယ်။ ဂျပန်မာဖီးယားဂိုဏ်းတွေကတော့ ယာကူဇာဂိုဏ်း (Yakuza) လို့ ခေါ်ပြီး ရုရှားမာဖီးယားတွေကို ဘရက်ဗာဂိုဏ်း (Bratva) နဲ့ အီတလီမာဖီးယားဂိုဏ်းတွေကို ကိုဆာ နော့စ်တရာဂိုဏ်း (Cosa Nostra) လို့ ခေါ်ကြပါတယ်။ ယာမာဂူချီ ဂူမိ ယာကူဇာဂိုဏ်း (Yamaguchi-gumi Yakuza) ဟာ ဂျပန်ယာကူဇာဂိုဏ်းတွေထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး ၁၉၁၅ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

ယာကူဇာဂိုဏ်းသားများ
ယာကူဇာဂိုဏ်းသားများ

ဌာနချုပ်ဟာ ကိုဘေးမြို့ (Kobe) မှာရှိပြီး တစ်ကမ္ဘာလုံးမှ ဒုစရိုက်လုပ်ငန်းတွေကို ညွှန်ကြားကြပါတယ်။ ၂ဝဝ၇ခုနှစ်မှာ အဖွဲ့ဝင်ပေါင်း (၂၃,၄ဝဝ) နဲ့ ဖက်စပ်အဖွဲ့ဝင် (၁၈,၆ဝဝ) အထိရှိတယ်လို့ ဂျပန်ရဲတပ်ဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

ဂျပန်ယာကူဇာဂိုဏ်း
ဂျပန်ယာကူဇာဂိုဏ်း

ဇိမ်လုပ်ငန်း၊ မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်မှုနဲ့ အလောင်းအစား၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ကြပြီး တစ်နှစ်ဝင်ငွေ ၆.၆ ဘီလီယံ (၆,၆ဝဝ သန်း) အထိရှိကြတယ်လို့ သိရပါတယ်။

(၁) ဆိုးလ်ဆက်ကရာ ဘရက်ဗာဂိုဏ်း (Solntsevskaya Bratva)

ရုရှားနိုင်ငံ မော်စကိုမြို့မှာ အခြေစိုက်တဲ့ ဆိုးလ်ဆက်ကရာ ဘရက်ဗာဂိုဏ်း (Solntsevskaya Bratva) ဟာ အဖွဲ့ဝင်ပေါင်း (၅ဝဝ,ဝဝဝ) ကျော်ရှိပြီး ကမ္ဘာ့အကြီးဆုံးမာဖီးယားဂိုဏ်းအဖြစ် သတ်မှတ်ကြပါတယ်။ ၁၉၈ဝခုနှစ်ကုန်ပိုင်းမှာ တည်ထောင်ခဲ့ပြီး မူးယစ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ FBI အဖွဲ့က လိုက်လံရှင်းလင်းနေပေမယ့် အဖွဲ့ဝင်တွေက တိုးပွားနေတုန်းပါ။

ဆိုးလ်ဆက်ကရာ ဘရက်ဗာဂိုဏ်း (Solntsevskaya Bratva)
ဆိုးလ်ဆက်ကရာ ဘရက်ဗာဂိုဏ်း (Solntsevskaya Bratva)

ကမ္ဘာ့ဘိန်းဖြူဈေးကွက်ကို ၁၂ရာခိုင်နှုန်း ကြီးစိုးထားပြီး အမြတ်ငွေဟာ တစ်နှစ်အတွင်း ၈.၅ ဘီလီယံ (၈,၅ဝဝ သန်း) ရှိကြောင်း သိရပါတယ်။ ကဲ . . . အခုဖော်ပြခဲ့တဲ့ ဒုစရိုက်အဖွဲ့အစည်းတွေက ကမ္ဘာ့နိုင်ငံကြီးတွေကို ခြိမ်းခြောက်နေတဲ့ မာဖီးယားအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။