[Zawgyi]

ေယာက္်ားေလးေတြ မွားယြင္းေနၾကတဲ့ အသားအရည္ထိန္းသိမ္းမႈမ်ား

“Bulldog” ဆိုတဲ့ Skincare Brand ရဲ႕ Co founder ျဖစ္တဲ့ Simon Duffy ကေတာ့ ေယာက္်ားေလးေတြအေနနဲ႔ အသားအရည္ကို ျဖစ္သလိုပစ္ထားၿပီး မွားယြင္းလုပ္ေနမိတဲ့အခ်က္ေတြရွိေနတယ္လို႔ ေထာက္ျပလိုက္ပါတယ္။ သူဟာ အခ်ိန္ေတာ္ေတာ္မ်ားမ်ား အမ်ိဳးသားေတြရဲ႕ အသားအရည္ထိန္းသိမ္းမႈေတြကို ေလ့လာခဲ့ၿပီး သူကိုယ္တိုင္ကလည္း ေယာက္်ားေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ အခုလို ေထာက္ျပလိုက္တာပါေနာ္။

ေယာက္်ားေလးေတြဟာ မ်က္ႏွာသစ္ဖို႔နဲ႔ ေရဓာတ္ျဖည့္ဖို႔ကို အာရံုမရၾကဘူး

မ်က္ႏွစ္ေဆးေၾကာသန္႔စင္ဖို႔နဲ႔ ေရဓာတ္ျဖည့္ဖို႔ဆိုတာက အသားအရည္ထိန္းသိမ္းမႈမွာ အေျခခံအက်ဆံုးအရာျဖစ္ပါတယ္ေနာ္။ တကယ္လို႔မွ သင္ဟာ မနက္မိုးလင္းတာနဲ႔ ဒါေတြလုပ္ေနတဲ့လူေတြကို အပိုအလုပ္ေတြပါလို႔ ထင္ေနၿပီး ကိုယ္ကိုယ္တိုင္လုပ္ဖို႔လည္း စိတ္ကူးမရွိဘူးဆိုရင္ အမွားႀကီးမွားေနပါၿပီ။

“တကယ္ေတာ့ ဒါေလးေတြကို မိနစ္အနည္းငယ္အတြင္းေတာင္ လုပ္လို႔ရေနတာပါ။” လို႔ Duffy က အားမလိုအားမရျဖစ္ေနပံုပါပဲ။

တကယ္ေတာ့ အခုေနာက္ပိုင္း ေလထုေရထုေတြ ညစ္ပတ္လာတာနဲ႔အမွ် အိုမင္းရင့္ေရာ္ဖို႔လြယ္လာၿပီေနာ္။ ေယာက္်ားေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ နည္းနည္းပါးပါးေတာ့ ထိန္းထိန္းသိမ္းသိမ္းေနႏိုင္မွ ေတာ္ကာက်မွာပါ။

ေယာက္်ားေလးေတြဟာ မၾကာခဏ မုတ္ဆိတ္ရိတ္တံကို လဲဖို႔ စိတ္ကူးမရွိပါဘူး

တကယ္ေတာ့ မုတ္ဆိတ္ရိတ္တံကို ေယာက္်ားေလးေတြသံုးတာ မိန္းကေလးေတြ Spa သြားၿပီး ဇိမ္ခံတာေလာက္ေတာင္ အႀကိမ္ေရမ်ားမယ္မထင္ပါဘူး။ ဒါေတာင္မွ ေယာက္်ားေလးေတြဟာ မုတ္ဆိတ္ရိတ္တံကို လဲဖို႔ ဘာျဖစ္လို႔ သတိမရၾကတာလဲ စဥ္းစားစရာပါေနာ္။

“မုတ္ဆိတ္ရိတ္ေတာ့မယ္ဆိုရင္ ကိုယ္သံုးမယ့္ မုတ္ဆိတ္ရိတ္တံဟာ ေကာင္းရဲ႕လား။” Duffy ေျပာတာပါ။

သူက ေယာက္်ားေလးေတြကို ေစ်းေပါတဲ့မုတ္ဆိတ္ရိတ္တံေတြ မသံုးေစခ်င္ဘူးလို႔ ဆိုပါတယ္။ မၾကာခဏ မုတ္ဆိတ္ရိတ္တံကို လဲလွယ္သင့္တာကို မလဲလွယ္ဘဲ ဆက္သံုးေနရင္ေတာ့ မၾကာခင္မွာ ဓားသြားေတြလိပ္ၿပီး ရိတ္မရျပဳမရ အေရးႀကံဳမွ ကြိဳင္တက္ပါလိမ့္မယ္။

ေယာက္်ားေလးေတြက မုတ္ဆိတ္ကို သန္႔စင္ဖို႔ စိတ္မ၀င္စားၾကပါဘူး

မုတ္ဆိတ္ေမႊးအရွည္ထားသူေတြကလည္း အလုပ္တစ္လုပ္ပါ။ သူတို႔ မုတ္ဆိတ္ကို မၾကာခဏ သန္႔စင္ဖို႔ လိုအပ္ပါတယ္။ ဆံပင္ေတာင္ ႏွစ္ရက္တစ္ႀကိမ္ေလာက္ ေလွ်ာ္ေနၾကတာပဲေလ။

“မုတ္ဆိတ္ဆိုတာလည္း ညစ္ပတ္တတ္တဲ့အမ်ိဳးပဲေလ။”

Duffy ေျပာျပတာကေတာ့ ၂၀၁၅ခုနစ္တုန္းက “Swab Analysis” က သုေတသနျပဳထားတာတစ္ခုရွိပါသတဲ့။ အဲဒါကေတာ့ ညစ္ပတ္ေနတဲ့ မုတ္ဆိတ္ေတြဟာ အိမ္သာေလာက္ကို ဘတ္တီးရီးယားေတြ မ်ားပါတယ္တဲ့ေနာ္။ တစ္ေနကုန္ မုတ္ဆိတ္ေလးတကုတ္ကုတ္နဲ႔ စဥ္းစားခန္းထုတ္ေနတဲ့သူေတြကေတာ့ ေသခ်ာပါတယ္။ လက္မွာကပ္ေနတဲ့အရာေတြအားလံုး မုတ္ဆိတ္မွာပါ ကပ္ညိသြားပါၿပီ။

ေယာက္်ားေလးေတြက မုတ္ဆိတ္ပံုသြင္းဖို႔ သတိမရၾကပါဘူး

ထားတုန္းကေတာ့ ထားၿပီး ျဖစ္သလိုႀကီး ပစ္ထားတာ မေကာင္းပါဘူး။ မိန္းကေလးေတြက သူတို႔ရဲ႕ ဆံေကသာေလးေတြကို အမ်ိဳးစံုတန္ဆာဆင္ၾကသလိုပဲ ေယာက္်ားေလးေတြကလည္း ကိုယ့္မုတ္ဆိတ္ကိုယ္ေတာ့ ပံုသြင္းဖို႔ လိုအပ္ပါတယ္ေနာ္။ မုတ္ဆိတ္ေမႊးကို သန္႔ရွင္းေနတတ္ၿပီဆိုရင္ေတာ့ နည္းနည္းတိုးတက္လာၿပီလို႔ ဆိုရမွာပါပဲ။ ဒါ့အျပင္ ေနာက္တစ္ဆင့္ကေတာ့ မုတ္ဆိတ္ကို ပံုသြင္းေပးဖို႔ပါ။

Duffy ကေတာ့ “ရံုးေတြဘာေတြသြားမယ္ဆိုရင္ေတာ့ ရွဳပ္ပြေနတဲ့မုတ္ဆိတ္ကို ဆီေလးဂ်ယ္ေလးနဲ႔ နည္းနည္းပါးပါး ပံုသြင္းသြားဖို႔ ေကာင္းပါရဲ႕။” လို႔ ဆိုပါတယ္။

အခုဆိုရင္ ရန္ကုန္မွာ ကိုယ့္ဘာသာကိုယ္ ပံုမသြင္းတတ္ရင္ေတာင္မွ ပံုသြားသြင္းလို႔ရတဲ့ေယာက္်ားေလးဆိုင္ေတြရွိေနၿပီပဲ။ နည္းနည္းပါးပါး ေသေသသပ္သပ္ေနသင့္ပါတယ္ေလေနာ္။

ေယာက္်ားေလးေတြက မ်က္ႏွာကို မ်က္ႏွာသစ္ေဆးနဲ႔ သစ္ဖို႔ အခ်ိန္မရၾကဘူး

ရုပ္ရွင္ေတြ၊ ဗီဒီယိုေတြထဲမွာ ေတြ႕ဖူးမွာပါ။ ျဖစ္သလို ကိုယ္တိုက္ဆပ္ျပာနဲ႔ပဲ မ်က္ႏွာသစ္လိုက္ၾကတဲ့ ေယာက္်ားေလးေတြကို။ အျပင္မွာလည္း ဒီပံုစံအတိုင္းပါပဲ။ ကိုယ္တိုက္ဆပ္ျပာခဲေတြ၊ ကိုယ္တိုက္ဆပ္ျပာအရည္ေတြနဲ႔ ျဖစ္သလို သစ္လိုက္ၾကတာ ဘာေၾကာင့္ရယ္မွန္း စဥ္းစားလို႔ကိုမရပါဘူး။ မ်က္ႏွာသစ္ဆပ္ျပာေလး လက္တစ္ဆစ္ေလာက္ ယူသစ္လိုက္ဖို႔ကို အခ်ိန္မရၾကတာပါ။

“ကိုယ္တိုက္ဆပ္ျပာနဲ႔ မ်က္ႏွာသစ္လိုက္ရင္ ေျပာင္ၿပီးသန္႔စင္သြားတယ္လို႔ ေယာက္်ားေလးေတြက ထင္ေနၾကတာ။”

Duffy ကေတာ့ အသားအရည္ထိန္းသိမ္းမႈမွာ အေျခခံျဖစ္တဲ့ မ်က္ႏွာသစ္ဆပ္ျပာကို ေယာက္်ားေလးေတြကို ၀ယ္သံုးေစခ်င္တဲ့ပံုပါပဲ။ အထူးသျဖင့္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အသားအရည္ခ်င္းမတူတဲ့အတြက္ေၾကာင့္ ကိုယ့္မ်က္ႏွာအသားအရည္နဲ႔ သင့္ေတာ္တဲ့မ်က္ႏွာသစ္ေဆးကို ၀ယ္သံုးသင့္ပါတယ္ေနာ္။

ေယာက္်ားေလးေတြေရ ….. သိပ္ၿပီး ျဖစ္ကလွည့္ဆန္းမႏိုင္ပါနဲ႔ေနာ္။ ဒါေတြကေတာ့ Simon Duffy ေထာက္ျပေပးထားတဲ့အခ်က္ေတြပါပဲ။ သူ တည္ေထာင္ထားတဲ့ “Bulldog” Skincare ဟာဆိုရင္လည္း လက္ရွိဆိုရင္ ႏိုင္ငံေပါင္း (၂၆)ႏိုင္ငံမွာ ေရာင္းခ်ေပးေနပါၿပီ။ သူကိုယ္တိုင္ကလည္း ေယာက္်ားေလးလည္းျဖစ္တယ္။ Skincare နဲ႔ ပတ္သက္ၿပီး ကၽြမ္းက်င္တဲ့လူတစ္ေယာက္လည္း ျဖစ္ေလေတာ့ ဂရုစိုက္သင့္ပါတယ္။ မိန္းကေလးေတြေလာက္ေတာင္ အလုပ္ရွဳပ္တာလည္း မဟုတ္ဘဲနဲ႔ေလေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ယောက်ျားလေးတွေ မှားယွင်းနေကြတဲ့ အသားအရည်ထိန်းသိမ်းမှုများ

“Bulldog” ဆိုတဲ့ Skincare Brand ရဲ့ Co founder ဖြစ်တဲ့ Simon Duffy ကတော့ ယောက်ျားလေးတွေအနေနဲ့ အသားအရည်ကို ဖြစ်သလိုပစ်ထားပြီး မှားယွင်းလုပ်နေမိတဲ့အချက်တွေရှိနေတယ်လို့ ထောက်ပြလိုက်ပါတယ်။ သူဟာ အချိန်တော်တော်များများ အမျိုးသားတွေရဲ့ အသားအရည်ထိန်းသိမ်းမှုတွေကို လေ့လာခဲ့ပြီး သူကိုယ်တိုင်ကလည်း ယောက်ျားလေးတစ်ယောက်ဖြစ်နေတဲ့အတွက် အခုလို ထောက်ပြလိုက်တာပါနော်။

ယောက်ျားလေးတွေဟာ မျက်နှာသစ်ဖို့နဲ့ ရေဓာတ်ဖြည့်ဖို့ကို အာရုံမရကြဘူး

မျက်နှစ်ဆေးကြောသန့်စင်ဖို့နဲ့ ရေဓာတ်ဖြည့်ဖို့ဆိုတာက အသားအရည်ထိန်းသိမ်းမှုမှာ အခြေခံအကျဆုံးအရာဖြစ်ပါတယ်နော်။ တကယ်လို့မှ သင်ဟာ မနက်မိုးလင်းတာနဲ့ ဒါတွေလုပ်နေတဲ့လူတွေကို အပိုအလုပ်တွေပါလို့ ထင်နေပြီး ကိုယ်ကိုယ်တိုင်လုပ်ဖို့လည်း စိတ်ကူးမရှိဘူးဆိုရင် အမှားကြီးမှားနေပါပြီ။

“တကယ်တော့ ဒါလေးတွေကို မိနစ်အနည်းငယ်အတွင်းတောင် လုပ်လို့ရနေတာပါ။” လို့ Duffy က အားမလိုအားမရဖြစ်နေပုံပါပဲ။

တကယ်တော့ အခုနောက်ပိုင်း လေထုရေထုတွေ ညစ်ပတ်လာတာနဲ့အမျှ အိုမင်းရင့်ရော်ဖို့လွယ်လာပြီနော်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် နည်းနည်းပါးပါးတော့ ထိန်းထိန်းသိမ်းသိမ်းနေနိုင်မှ တော်ကာကျမှာပါ။

ယောက်ျားလေးတွေဟာ မကြာခဏ မုတ်ဆိတ်ရိတ်တံကို လဲဖို့ စိတ်ကူးမရှိပါဘူး

တကယ်တော့ မုတ်ဆိတ်ရိတ်တံကို ယောက်ျားလေးတွေသုံးတာ မိန်းကလေးတွေ Spa သွားပြီး ဇိမ်ခံတာလောက်တောင် အကြိမ်ရေများမယ်မထင်ပါဘူး။ ဒါတောင်မှ ယောက်ျားလေးတွေဟာ မုတ်ဆိတ်ရိတ်တံကို လဲဖို့ ဘာဖြစ်လို့ သတိမရကြတာလဲ စဉ်းစားစရာပါနော်။

“မုတ်ဆိတ်ရိတ်တော့မယ်ဆိုရင် ကိုယ်သုံးမယ့် မုတ်ဆိတ်ရိတ်တံဟာ ကောင်းရဲ့လား။” Duffy ပြောတာပါ။

သူက ယောက်ျားလေးတွေကို ဈေးပေါတဲ့မုတ်ဆိတ်ရိတ်တံတွေ မသုံးစေချင်ဘူးလို့ ဆိုပါတယ်။ မကြာခဏ မုတ်ဆိတ်ရိတ်တံကို လဲလှယ်သင့်တာကို မလဲလှယ်ဘဲ ဆက်သုံးနေရင်တော့ မကြာခင်မှာ ဓားသွားတွေလိပ်ပြီး ရိတ်မရပြုမရ အရေးကြုံမှ ကွိုင်တက်ပါလိမ့်မယ်။

ယောက်ျားလေးတွေက မုတ်ဆိတ်ကို သန့်စင်ဖို့ စိတ်မဝင်စားကြပါဘူး

မုတ်ဆိတ်မွှေးအရှည်ထားသူတွေကလည်း အလုပ်တစ်လုပ်ပါ။ သူတို့ မုတ်ဆိတ်ကို မကြာခဏ သန့်စင်ဖို့ လိုအပ်ပါတယ်။ ဆံပင်တောင် နှစ်ရက်တစ်ကြိမ်လောက် လျှော်နေကြတာပဲလေ။

“မုတ်ဆိတ်ဆိုတာလည်း ညစ်ပတ်တတ်တဲ့အမျိုးပဲလေ။”

Duffy ပြောပြတာကတော့ ၂၀၁၅ခုနစ်တုန်းက “Swab Analysis” က သုတေသနပြုထားတာတစ်ခုရှိပါသတဲ့။ အဲဒါကတော့ ညစ်ပတ်နေတဲ့ မုတ်ဆိတ်တွေဟာ အိမ်သာလောက်ကို ဘတ်တီးရီးယားတွေ များပါတယ်တဲ့နော်။ တစ်နေကုန် မုတ်ဆိတ်လေးတကုတ်ကုတ်နဲ့ စဉ်းစားခန်းထုတ်နေတဲ့သူတွေကတော့ သေချာပါတယ်။ လက်မှာကပ်နေတဲ့အရာတွေအားလုံး မုတ်ဆိတ်မှာပါ ကပ်ညိသွားပါပြီ။

ယောက်ျားလေးတွေက မုတ်ဆိတ်ပုံသွင်းဖို့ သတိမရကြပါဘူး

ထားတုန်းကတော့ ထားပြီး ဖြစ်သလိုကြီး ပစ်ထားတာ မကောင်းပါဘူး။ မိန်းကလေးတွေက သူတို့ရဲ့ ဆံကေသာလေးတွေကို အမျိုးစုံတန်ဆာဆင်ကြသလိုပဲ ယောက်ျားလေးတွေကလည်း ကိုယ့်မုတ်ဆိတ်ကိုယ်တော့ ပုံသွင်းဖို့ လိုအပ်ပါတယ်နော်။ မုတ်ဆိတ်မွှေးကို သန့်ရှင်းနေတတ်ပြီဆိုရင်တော့ နည်းနည်းတိုးတက်လာပြီလို့ ဆိုရမှာပါပဲ။ ဒါ့အပြင် နောက်တစ်ဆင့်ကတော့ မုတ်ဆိတ်ကို ပုံသွင်းပေးဖို့ပါ။

Duffy ကတော့ “ရုံးတွေဘာတွေသွားမယ်ဆိုရင်တော့ ရှုပ်ပွနေတဲ့မုတ်ဆိတ်ကို ဆီလေးဂျယ်လေးနဲ့ နည်းနည်းပါးပါး ပုံသွင်းသွားဖို့ ကောင်းပါရဲ့။” လို့ ဆိုပါတယ်။

အခုဆိုရင် ရန်ကုန်မှာ ကိုယ့်ဘာသာကိုယ် ပုံမသွင်းတတ်ရင်တောင်မှ ပုံသွားသွင်းလို့ရတဲ့ယောက်ျားလေးဆိုင်တွေရှိနေပြီပဲ။ နည်းနည်းပါးပါး သေသေသပ်သပ်နေသင့်ပါတယ်လေနော်။

ယောက်ျားလေးတွေက မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သစ်ဖို့ အချိန်မရကြဘူး

ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ တွေ့ဖူးမှာပါ။ ဖြစ်သလို ကိုယ်တိုက်ဆပ်ပြာနဲ့ပဲ မျက်နှာသစ်လိုက်ကြတဲ့ ယောက်ျားလေးတွေကို။ အပြင်မှာလည်း ဒီပုံစံအတိုင်းပါပဲ။ ကိုယ်တိုက်ဆပ်ပြာခဲတွေ၊ ကိုယ်တိုက်ဆပ်ပြာအရည်တွေနဲ့ ဖြစ်သလို သစ်လိုက်ကြတာ ဘာကြောင့်ရယ်မှန်း စဉ်းစားလို့ကိုမရပါဘူး။ မျက်နှာသစ်ဆပ်ပြာလေး လက်တစ်ဆစ်လောက် ယူသစ်လိုက်ဖို့ကို အချိန်မရကြတာပါ။

“ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာသစ်လိုက်ရင် ပြောင်ပြီးသန့်စင်သွားတယ်လို့ ယောက်ျားလေးတွေက ထင်နေကြတာ။”

Duffy ကတော့ အသားအရည်ထိန်းသိမ်းမှုမှာ အခြေခံဖြစ်တဲ့ မျက်နှာသစ်ဆပ်ပြာကို ယောက်ျားလေးတွေကို ဝယ်သုံးစေချင်တဲ့ပုံပါပဲ။ အထူးသဖြင့်တော့ တစ်ယောက်နဲ့တစ်ယောက် အသားအရည်ချင်းမတူတဲ့အတွက်ကြောင့် ကိုယ့်မျက်နှာအသားအရည်နဲ့ သင့်တော်တဲ့မျက်နှာသစ်ဆေးကို ဝယ်သုံးသင့်ပါတယ်နော်။

ယောက်ျားလေးတွေရေ ….. သိပ်ပြီး ဖြစ်ကလှည့်ဆန်းမနိုင်ပါနဲ့နော်။ ဒါတွေကတော့ Simon Duffy ထောက်ပြပေးထားတဲ့အချက်တွေပါပဲ။ သူ တည်ထောင်ထားတဲ့ “Bulldog” Skincare ဟာဆိုရင်လည်း လက်ရှိဆိုရင် နိုင်ငံပေါင်း (၂၆)နိုင်ငံမှာ ရောင်းချပေးနေပါပြီ။ သူကိုယ်တိုင်ကလည်း ယောက်ျားလေးလည်းဖြစ်တယ်။ Skincare နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့လူတစ်ယောက်လည်း ဖြစ်လေတော့ ဂရုစိုက်သင့်ပါတယ်။ မိန်းကလေးတွေလောက်တောင် အလုပ်ရှုပ်တာလည်း မဟုတ်ဘဲနဲ့လေနော်။

Moethaesay (Akhayar)

www.akhayar.com