[Zawgyi]

နာမည္ႀကီးကစားသမားေတြကုိ ေခၚဖုိ႔ နီးစပ္ခဲ့ၿပီးမွ လက္လႊတ္ခဲ့ရတဲ့ အသင္းမ်ား

ေဘာလုံးေလာကမွာ ကစားသမားတစ္ဦးရဲ႕ အေျပာင္းအေရႊ႕ဆုိတာက ေလာင္းကစားဆန္လြန္းပါတယ္။ ေျခစြမ္းမေကာင္းဘူးထင္လုိ႔ လက္လႊတ္ခဲ့ၿပီးမွ တျခားအသင္းမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တာမ်ိဳး၊ တျခားအသင္းမွာ ေျခစြမ္းျပခဲ့ေပမယ့္ ကုိယ့္အသင္းက်မွ သုံးစားလုိ႔ မရေတာ့တာမ်ိဳးစတဲ့ ျဖစ္ရပ္ေတြက အရင္ကလည္းရွိခဲ့သလုိ ေနာက္လညး္ရွိေနဦးမွာပဲ။ အခုေဖာ္ျပမယ့္ျဖစ္ရပ္ေတြကေတာ့ နာမည္ႀကီးကစားသမားေတြကုိ ေခၚယူႏုိင္ဖုိ႔နီးစပ္ၿပီးမွ အထမေျမာက္ခဲ့တဲ့ အသင္းေတြပဲျဖစ္ပါတယ္ . . .

ကာကာ Kaka (မန္စီးတီး)

Kaka

Kaka

၂၀၀၉ ခုႏွစ္တုန္းက အာရပ္ေငြေၾကးေတြ စီးဆင္းမႈနဲ႔အတူ ထင္တုိင္းစႀကဲခဲ့တဲ့ မန္စီးတီးအသင္းဟာ ေအစီမီလန္အသင္းရဲ႕ ဘရာဇီးလ္နာမည္ေက်ာ္ကစားသမား ကာကာ Kaka ကုိ ေခၚယူဖုိ႔ အရမ္းနီးစပ္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းကဆုိရင္ မန္စီးတီးအသင္းက ကာကာအတြက္ ေပါင္(၁၀၈)သန္းအထိ ေပးခဲ့တာျဖစ္ၿပီး အေျပာင္းအေရႊ႕ျဖစ္လာဖုိ႔ လက္တစ္ကမ္းအလုိမွ ရီးယဲလ္ကုိ ေျပာင္းခဲ့တာပဲျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ Steven Gerrard (ခ်ယ္လ္ဆီး)

Carragher-and-Gerrard

Carragher-and-Gerrard

လီဗာပူးလ္အသင္း ၂၀၀၅ ခ်န္ပီယံလိဂ္ဖလားကုိ ဆြတ္ခူးခဲ့ၿပီးခ်ိန္မွာ အသင္းေခါင္းေဆာင္ စတီဗင္ဂ်ရတ္ က အသင္းက ထြက္ခြာခြင့္ေပးဖုိ႔ ေတာင္းဆုိခဲ့တာေၾကာင့္ ပရိသတ္ေတြက စိတ္ဆုိးေဒါသထြက္ခဲ့ၾကတယ္။ ဂ်ရတ္ကုိ ေခၚဖုိ႔ ေမာ္ရင္ဟုိ Mourinho ရဲ႕ ခ်ယ္လ္ဆီးအသင္းက အသည္းအသန္ ႀကိဳးပမ္းေနခ်ိန္ျဖစ္ၿပီး ေနာက္ပုိင္းမွ ဂ်ရတ္က သူ႔စိတ္ကုိ ေျပာင္းလဲခဲ့သလုိ လီဗာပူးလ္မွာပဲ ဆက္ကစားဖုိ႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

လီ၀န္ေဒါစကီး Lewandowski (ဘလက္ဘန္း)

Lewandowski

Lewandowski

ဘလက္ဘန္းအသင္းကလည္း လီ၀န္ေဒါစကီးကုိ ေခၚဖုိ႔ နီးစပ္ခဲ့ၿပီးမွ ဘာမဟုတ္တဲ့ အေၾကာင္းေလးတစ္ခုေၾကာင့္ ပ်က္ျပယ္ခဲ့ရတာပါ။ ၂၀၁၀ ခုႏွစ္တုန္းက ပုိလန္ကလပ္ လက္ခ်္ေပ့ါဇ္နန္အသင္းမွာ ေျခစြမ္းျပေနတဲ့ လူငယ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးကုိ ဘလက္ဘန္းအသင္းက ေပါင္(၄)သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီး ဘလက္ဘန္းအသင္းဆီ လာဖုိ႔ စီစဥ္ခဲ့ေပမယ့္ အဲဒီအခ်ိန္မွာ အုိက္စလန္မွာ မီးေတာင္ေပါက္ကဲြမႈေၾကာင့္ ျပာေတြ ဖုံးလႊမ္းေနလုိ႔ ေလေၾကာင္းလုိင္းေတြ ခဏရပ္ဆုိင္းထားတဲ့အတြက္ အေျပာင္းအေရႊ႕မျဖစ္ခဲ့ဘူး။ တကယ္လုိ႔သာ လီ၀န္ေဒါစကီး ဘလက္ဘန္းကုိ ေရာက္ခဲ့ရင္ အခုလုိ ေအာင္ျမင္မႈေတြ ရယူႏုိင္ပါ့မလား . .

ရွက္ဗ္ခ်င္ကုိ Shevchenko (၀က္စ္ဟမ္း)

Andriy-Shevchenko

Andriy-Shevchenko

ကမၻာ႔အေကာင္းဆုံး တိုက္စစ္မွဴးေတြထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ယူကရိန္းဂႏၳ၀င္ ရွက္ဗ္ခ်င္ကုိကုိ ၀က္စ္ဟမ္းအသင္းက ေခၚဖုိ႔ နီးစပ္ခဲ့တယ္ဆုိရင္ ပရိသတ္ေတြက ပုံျပင္လာေျပာေနတယ္လုိ႔ ထင္ၾကမယ္။ ၁၉၉၄ ခုႏွစ္တုန္းက ယူကရိန္းကလပ္ ဒုိင္နမုိကိဗ္အသငး္မွာ မထင္မရွားျဖစ္ေနတဲ့ လူငယ္ၾကယ္ပြင့္ ရွက္ဗ္ခ်င္ကုိရဲ႕ေျခစြမ္းကုိ ၀က္စ္ဟမ္းနည္းျပဟယ္ရီရက္ဒ္နက္ပ္ Redknapp က သတိျပဳမိခဲ့ၿပီး အသင္းမွာ အစမ္းေလ့က်င့္ခန္းလာဆင္းတဲ့အထိ ျဖစ္ခဲ့ေပမယ့္လည္း အေျပာင္းအေရႊ႕က မျဖစ္လာခဲ့ပါဘူး။

အီဘရာဟီမုိဗစ္ Ibrahimovic (အာဆင္နယ္)

Ibrahimovic

Ibrahimovic

၂၀၀၀ ခုႏွစ္တုန္းက အာဆင္နယ္နည္းျပ အာစင္၀င္းဂါး Arsene Wenger ဟာ ဆြီဒင္ၾကယ္ပြင့္ အီဘရာဟီမုိဗစ္ကုိ သူ႔အသင္းဆီ လာဖုိ႔ ေခၚခဲ့ၿပီး ေက်ာနံပါတ္(၉)ကုိ ၀တ္ဆင္ဖုိ႔သတ္မွတ္ခဲ့တယ္။ အားလုံးအဆင္ေျပၿပီးခါမွ အာစင္၀င္းဂါးက အီဘရာဟီမုိဗစ္ကုိ အသင္းမွာ အစမ္းေလ့က်င့္ခန္းဆင္းဖုိ႔ ေတာင္းဆုိခဲ့ခ်ိန္မွာ အီဘရာဟီမုိဗစ္က လက္မခံဘဲ ျငင္းဆန္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ ကမၻာ႔အေကာင္းဆုံး တိုက္စစ္မွဴးတစ္ဦးကုိ လက္လႊတ္ခဲ့ရတာပါ။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အီဘရာဟီမုိဗစ္က “ကၽြန္ေတာ့္လုိ ကစားသမားမ်ိဳးက အစမ္းေလ့က်င့္ခန္းဆင္းဖုိ႔ လုိအပ္သူမဟုတ္ပါဘူး။ ေလလံတင္သလုိ အေနအထားမ်ိဳး ကၽြန္ေတာ္ မႀကိဳက္လုိ႔ပါ”လုိ႔ ေျပာခဲ့ပါတယ္။

ဒါေတြကေတာ့ နာမည္ေက်ာ္ကစားသမားေတြကုိ ေခၚယူခြင့္ရဖုိ႔ နီးစပ္ခဲ့ၿပီးမွ လက္လႊတ္ခဲ့ရတဲ့ျဖစ္ရပ္ေတြပါပဲ။ တကယ္လုိ႔ ဒီအေျပာင္းအေရႊ႕ေတြသာ တကယ္ျဖစ္ခဲ့ရင္ ဒီကစားသမားေတြရဲ႕ အနာဂတ္က ဘယ္လုိေျပာင္းလဲသြားမလဲဆုိတာ စိတ္၀င္စားစရာပါ . . . .

REF:BBC
Photo:squawka.com,Getty Images,.theanfieldwrap.Goal
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နာမည်ကြီးကစားသမားတွေကို ခေါ်ဖို့ နီးစပ်ခဲ့ပြီးမှ လက်လွှတ်ခဲ့ရတဲ့ အသင်းများ

ဘောလုံးလောကမှာ ကစားသမားတစ်ဦးရဲ့ အပြောင်းအရွှေ့ဆိုတာက လောင်းကစားဆန်လွန်းပါတယ်။ ခြေစွမ်းမကောင်းဘူးထင်လို့ လက်လွှတ်ခဲ့ပြီးမှ တခြားအသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာမျိုး၊ တခြားအသင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် ကိုယ့်အသင်းကျမှ သုံးစားလို့ မရတော့တာမျိုးစတဲ့ ဖြစ်ရပ်တွေက အရင်ကလည်းရှိခဲ့သလို နောက်လည်းရှိနေဦးမှာပဲ။ အခုဖော်ပြမယ့်ဖြစ်ရပ်တွေကတော့ နာမည်ကြီးကစားသမားတွေကို ခေါ်ယူနိုင်ဖို့နီးစပ်ပြီးမှ အထမမြောက်ခဲ့တဲ့ အသင်းတွေပဲဖြစ်ပါတယ် . . .

ကာကာ Kaka (မန်စီးတီး)

Kaka

Kaka

၂၀၀၉ ခုနှစ်တုန်းက အာရပ်ငွေကြေးတွေ စီးဆင်းမှုနဲ့အတူ ထင်တိုင်းစကြဲခဲ့တဲ့ မန်စီးတီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော်ကစားသမား ကာကာ Kaka ကို ခေါ်ယူဖို့ အရမ်းနီးစပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကဆိုရင် မန်စီးတီးအသင်းက ကာကာအတွက် ပေါင်(၁၀၈)သန်းအထိ ပေးခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်လာဖို့ လက်တစ်ကမ်းအလိုမှ ရီးယဲလ်ကို ပြောင်းခဲ့တာပဲဖြစ်ပါတယ်။

စတီဗင်ဂျရတ် Steven Gerrard (ချယ်လ်ဆီး)

Carragher-and-Gerrard

Carragher-and-Gerrard

လီဗာပူးလ်အသင်း ၂၀၀၅ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီးချိန်မှာ အသင်းခေါင်းဆောင် စတီဗင်ဂျရတ် က အသင်းက ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ပရိသတ်တွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြတယ်။ ဂျရတ်ကို ခေါ်ဖို့ မော်ရင်ဟို Mourinho ရဲ့ ချယ်လ်ဆီးအသင်းက အသည်းအသန် ကြိုးပမ်းနေချိန်ဖြစ်ပြီး နောက်ပိုင်းမှ ဂျရတ်က သူ့စိတ်ကို ပြောင်းလဲခဲ့သလို လီဗာပူးလ်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး Lewandowski (ဘလက်ဘန်း)

Lewandowski

Lewandowski

ဘလက်ဘန်းအသင်းကလည်း လီဝန်ဒေါစကီးကို ခေါ်ဖို့ နီးစပ်ခဲ့ပြီးမှ ဘာမဟုတ်တဲ့ အကြောင်းလေးတစ်ခုကြောင့် ပျက်ပြယ်ခဲ့ရတာပါ။ ၂၀၁၀ ခုနှစ်တုန်းက ပိုလန်ကလပ် လက်ချ်ပေ့ါဇ်နန်အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘလက်ဘန်းအသင်းက ပေါင်(၄)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဘလက်ဘန်းအသင်းဆီ လာဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီအချိန်မှာ အိုက်စလန်မှာ မီးတောင်ပေါက်ကွဲမှုကြောင့် ပြာတွေ ဖုံးလွှမ်းနေလို့ လေကြောင်းလိုင်းတွေ ခဏရပ်ဆိုင်းထားတဲ့အတွက် အပြောင်းအရွှေ့မဖြစ်ခဲ့ဘူး။ တကယ်လို့သာ လီဝန်ဒေါစကီး ဘလက်ဘန်းကို ရောက်ခဲ့ရင် အခုလို အောင်မြင်မှုတွေ ရယူနိုင်ပါ့မလား . .

ရှက်ဗ်ချင်ကို Shevchenko (ဝက်စ်ဟမ်း)

Andriy-Shevchenko

Andriy-Shevchenko

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ယူကရိန်းဂန္ထဝင် ရှက်ဗ်ချင်ကိုကို ဝက်စ်ဟမ်းအသင်းက ခေါ်ဖို့ နီးစပ်ခဲ့တယ်ဆိုရင် ပရိသတ်တွေက ပုံပြင်လာပြောနေတယ်လို့ ထင်ကြမယ်။ ၁၉၉၄ ခုနှစ်တုန်းက ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းမှာ မထင်မရှားဖြစ်နေတဲ့ လူငယ်ကြယ်ပွင့် ရှက်ဗ်ချင်ကိုရဲ့ခြေစွမ်းကို ဝက်စ်ဟမ်းနည်းပြဟယ်ရီရက်ဒ်နက်ပ် Redknapp က သတိပြုမိခဲ့ပြီး အသင်းမှာ အစမ်းလေ့ကျင့်ခန်းလာဆင်းတဲ့အထိ ဖြစ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က မဖြစ်လာခဲ့ပါဘူး။

အီဘရာဟီမိုဗစ် Ibrahimovic (အာဆင်နယ်)

Ibrahimovic

Ibrahimovic

၂၀၀၀ ခုနှစ်တုန်းက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး Arsene Wenger ဟာ ဆွီဒင်ကြယ်ပွင့် အီဘရာဟီမိုဗစ်ကို သူ့အသင်းဆီ လာဖို့ ခေါ်ခဲ့ပြီး ကျောနံပါတ်(၉)ကို ဝတ်ဆင်ဖို့သတ်မှတ်ခဲ့တယ်။ အားလုံးအဆင်ပြေပြီးခါမှ အာစင်ဝင်းဂါးက အီဘရာဟီမိုဗစ်ကို အသင်းမှာ အစမ်းလေ့ကျင့်ခန်းဆင်းဖို့ တောင်းဆိုခဲ့ချိန်မှာ အီဘရာဟီမိုဗစ်က လက်မခံဘဲ ငြင်းဆန်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးကို လက်လွှတ်ခဲ့ရတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အီဘရာဟီမိုဗစ်က “ကျွန်တော့်လို ကစားသမားမျိုးက အစမ်းလေ့ကျင့်ခန်းဆင်းဖို့ လိုအပ်သူမဟုတ်ပါဘူး။ လေလံတင်သလို အနေအထားမျိုး ကျွန်တော် မကြိုက်လို့ပါ”လို့ ပြောခဲ့ပါတယ်။

ဒါတွေကတော့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူခွင့်ရဖို့ နီးစပ်ခဲ့ပြီးမှ လက်လွှတ်ခဲ့ရတဲ့ဖြစ်ရပ်တွေပါပဲ။ တကယ်လို့ ဒီအပြောင်းအရွှေ့တွေသာ တကယ်ဖြစ်ခဲ့ရင် ဒီကစားသမားတွေရဲ့ အနာဂတ်က ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ . . . .

REF:BBC
Photo:squawka.com,Getty Images,.theanfieldwrap.Goal
Naing Linn(Akhayar)
www.akhayar.com