[Zawgyi]

သမိုင္းတေလွ်ာက္ ဝင္ေငြအေကာင္းဆံုး ရုပ္ရွင္ဇာတ္ကား (၁၀) ကား

သမုိင္းတေလွ်ာက္ ရုပ္ရွင္ဇာတ္ကားေကာင္းေပါင္းမ်ားစြာ ထြက္ရွိခဲ့တာမွာ သူ႔ထက္ငါ အျပိဳင္ အႏုပညာအရည္အေသြးအရေရာ၊ ဝင္ေငြအရေရာ ျပိဳင္ဆုိင္ခဲ့ၾကပါတယ္။ ဒီထဲကမွ ရုပ္ရွွင္သမုိင္းတေလွ်ာက္ ဝင္ေငြအေကာင္းဆံုး ဇာတ္ကားနဲ႔ သူတို႔ ဘယ္ေလာက္ဝင္ေငြရရွိခဲ့တယ္ဆုိတာ ေဖာ္ျပလိုက္ပါရေစ။

၁) Avatar (2009)

Avatar

၂၀၀၉ ခုႏွစ္က ရုိက္ကူးခဲ့တဲ့ Jame Cameron ရဲ့ Sci-fi ဇာတ္ကားျဖစ္တဲ့ Avatar ကေတာ့ ဝင္ေငြ ေဒၚလာ ၂.၇၈ ဘီလ်ံေက်ာ္နဲ႔ ထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။ ဒီဇာတ္ကားမွာ မင္းသား Sam Worthington နဲ႔ မင္းသမီး  Zoe Saldana တို႔ ေခါင္းေဆာင္ပါဝင္ရိုက္ကူးထားျပီး ရိုက္တုန္းက ဘတ္ဂ်တ္ ေဒၚလာ ၂၃၇ သန္းနဲ႔ မထြက္ခင္မွာ ဘတ္ဂ်တ္ ၉ သန္း ထပ္သံုးခဲ့ဲတဲ့အတြက္ အသံုးစရိတ္နဲ႔ ဝင္ေငြယွဥ္ရင္ အရမ္းအရမ္းကို အျမတ္အစြန္းရရွိခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

၂) Titanic (1997)

Titanic

Titanic

ဒါကေတာ့ လူတုိင္းသိျပီးသား Jack နဲ႔ Rose တုိ႔ရဲ႕ Titanic သေဘၤာၾကီးေပၚက အခ်စ္ဇာတ္လမ္းပါပဲ။ ထူးထူးျခားျခား ဒီဇာတ္ကားဟာလည္း ဒါရို္က္တာၾကီး James Cameron ရဲ႕ လက္ရာျဖစ္ျပီး ဝင္ေငြ ေဒၚလာ ၂.၁၈၇ ဘီလ်ံနဲ႔ ဒုတိယဝင္ေငြအေကာင္းဆံုးအေနနဲ႔ ရပ္တည္ေနပါတယ္။ မင္းသား Leonardo DiCaprio နဲ႔ မင္းသမီး Kate Winslet တို႔ ပါဝင္ထားျပီး ၁၉၉၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဇာတ္ကားျဖစ္ေပမယ့္ ေနာက္ထြက္တဲ့ ဇာတ္ကားသစ္ေတြက သူ႔စံခ်ိန္ကို မခ်ိဳးႏုိ္င္ေသးတာေတာ့ အံ့ၾသစရာပါ။

၃) Star Wars : The Force Awakens (2015)

Star Wars : The Force Awakens

Star Wars : The Force Awakens

ဒီဇာတ္ကားဟာလည္း Sci-fi ဇာတ္ကားျဖစ္ျပီး J.J Abram ေရးသားရုိက္ကူးထုတ္လုပ္တဲ့ Star Wars Sequel Trilogy ရဲ့ ပထမဆံုးဇာတ္ကားလည္း ျဖစ္ပါတယ္။ Star Wars ပရိသတ္ကလည္း ကမာၻတဝွမ္းမွာ မ်ားျပားတဲ့အတြက္ ရံုတင္ျပသတဲ့အခါ ေဒၚလာ ၂ ဘီလ်ံေက်ာ္ဝင္ေငြရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကို ၂၀၁၅ ခုႏွစ္က ရံုတင္ျပသခဲ့ျပီး John Boyea ၊ Daisy Ridley ၊ Harrison Ford ၊ Adam Driver ၊ Oscar Isaac နဲ႔ Carrier Fisher တို႔က ပါဝင္သရုပ္ေဆာင္ထားခဲ့ပါတယ္။

၄) Avengers : Infinity War (2018)

Avengers : Infinity War

Avengers : Infinity War

Sci-fi ဇာတ္ကားေတြဟာ ပရိသတ္ေတြ သည္းေျခၾကိဳက္ဇာတ္ကားေတြ ျဖစ္သလိုပဲ Superhero ဇာတ္ကားေတြဟာလည္း ရံုတင္လိုက္တာနဲ႔ ဝင္ေငြမ်ားတဲ့ စာရင္းထဲမွာ ပါေလ့ရွိပါတယ္။ ဒီထဲကမွ လတ္တေလာ ရံုတင္ခဲ့တဲ့ Avengers : Infinity War ဇာတ္ကားကေတာ့ တင္တင္ခ်င္းရက္သတၱပတ္မွာလည္း ဝင္ေငြအေကာင္းဆံုးစံခ်ိန္ရရွိခဲ့သလို ကမာၻ႔ဝင္ေငြအေကာင္းဆံုးဇာတ္ကားမ်ားစာရင္းမွာလည္း ဝင္ေငြ ေဒၚလာ ၂.၀၀၃ ဘီလ်ံနဲ႔ နံပါတ္ (၄)ေနရာခ်ိတ္ခဲ့တာ ျဖစ္ပါတယ္။

၅) Jurassic World (2015)

Jurassic World

Jurassic World

၂၀၁၅ မွာပဲ ထြက္ရွိခဲ့တဲ့ Jurassic Park ဇာတ္ကားေတြရဲ႕ စတုတၳေျမာက္ဇာတ္ကားလည္း ျဖစ္တဲ့ Jurassic World ဇာတ္ကားဟာ ဝင္ေငြအေကာင္းဆံုး ဇာတ္ကားမ်ားစာရင္းမွာ နံပါတ္(၅) ေနရာက တန္းစီေနပါတယ္။ သူ႔ရဲ့ ဝင္ေငြကေတာ့ ေဒၚလာ ၁.၆၇ ဘီလ်ံေက်ာ္ျဖစ္ျပီး ဒါရုိက္တာ Colin Trevorrow ရိုက္ကူးကာ Chris Pratt နဲ႔ Bryce Dallas Howard တို႔ ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

၆) The Avengers (2012)

The Avengers

The Avengers

အေပၚမွာ ေျပာခဲ့သလိုပဲ Superhero ဇာတ္ကားေတြဟာ ဝင္ေငြေကာင္းေလ့ရွိတယ္ဆိုတဲ့အတုိင္း နံပါတ္ (၆) ေနရာမွာ ဗိုလ္စြဲေနတာေတာ့ ဒါရို္က္တာ Joss Whedon ရုိက္ကူးတင္ဆက္ခဲ့တဲ့ The Avengers (2012) ဇာတ္ကားပဲ ျဖစ္ပါတယ္။ Scarlett Johansson ၊ Robert Downey Jr. ၊ Chris Evans ၊ Chris Hemsworth နဲ႔ Mark Ruffalo တို႔ ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားဟာ ေဒၚလာ ၁.၅၁၉ ဘီလ်ံနဲ႔ ဝင္ေငြအေကာင္းဆံုးဇာတ္ကားစာရင္းမွာ ပါဝင္ခဲ့တာပါ။

၇) Furious 7 (2015)

Furious 7

Furious 7

နာမည္ၾကီး ဒါရုိက္တာ James Wan ရိုက္ကူးတင္ဆက္ထားျပီး The Fast and the Furious ဇာတ္ကားတြဲေတြရဲ့ (၇) ကားေျမာက္ဇာတ္ကားလည္း ျဖစ္ပါတယ္။ သရုပ္ေဆာင္ေတြဆုိရင္လည္း နာမည္ၾကီးေတြ ျဖစ္တဲ့ Vin Diesel ၊ Paul Walker ၊ Dwaye Johnson ၊ Michelle Rodriguez နဲ႔ Jason Statham တို႔ အစံုအလင္ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ေဝဖန္မႈေတြေရာ ၊ ခ်ီးက်ဴးမႈေတြပါ ေသာေသာညံခဲ့ေပမယ့္ Paul Walker အလြမ္းေျပလာၾကည့္ၾကတဲ့ ပရိသတ္ေတြမ်ားတဲ့အတြက္ ဝင္ေငြ ေဒၚလာ ၁.၅၁၆ ဘီလ်ံေက်ာ္ရရွိျပီး ဝင္ေငြေကာင္းခဲ့ပါတယ္။

၈) Avengers : Age of Ultron (2015)

Avengers: Age of Ultron

Avengers: Age of Ultron

Avengers ေတြ ေရႊထီးေဆာင္းတဲ့ ကာလလို႔ ေျပာရေလာက္ေအာင္ ဒီတစ္ခါလည္း ဝင္ေငြေကာင္းဇာတ္ကားဟာ Marvel ရဲ့ Superhero Team ျဖစ္တဲ့ Avengers ေတြရဲ့ ဇာတ္ကားပါပဲ။ ဒါရိိုက္တာ Joss Whedon ပဲ ရိုက္ကူးျပီး Avengers လူစံုပါဝင္ပါတယ္။ ဒီဇာတ္ကားရဲ့ ဝင္ေငြကေတာ့ ေဒၚလာ ၁.၄၀၅ ဘီလ်ံရရွိျပီး နံပါတ္ ၈ ေနရာမွာ ရပ္တည္ေနႏုိင္ခဲ့ပါတယ္။

၉) Black Panther (2018)

Black Panther

Black Panther

Marvel ဇာတ္ကားေနာက္တစ္ကားလာျပန္ပါျပီ။ ဒါရိုက္တာ Ryan Coogler ရိုက္ကူးျပီး Chadwick Boseman ကို ေခါင္းေဆာင္တင္ရို္က္ကူးထားတဲ့ ဒီလူမည္း Superhero ဇာတ္ကားဟာလည္း ေဒၚလာ ၁.၃၄၆ ဘီလ်ံရရွိျပီး နံပါတ္ (၉) ေနရာရရွိထားတဲ့အတြက္ Superhero ဇာတ္ကားေတြရဲ့ အစဥ္အလာေကာင္းကို ထိန္းသိမ္းထားတယ္ဆိုရပါမယ္။

၁၀) Harry Potter and the Deathly Hallows Part 2 (2011)

Harry Potter and the Deathly Hallows Part 2

Harry Potter and the Deathly Hallows Part 2

အရင္ကေတာ့ ဝင္ေငြေကာင္းတဲ့ ဇာတ္ကားဆိုတာ Harry Potter ဇာတ္ကားေတြပါ။ Superhero ဇာတ္ကားေတြ ေခတ္ထလာေတာ့လည္း Harry Potter တစ္ေယာက္ေဘးဖယ္ေနရေပမယ့္ နံပါတ္ (၁၀) ေနရာမွာေတာ့ ရွိေနပါေသးတယ္။ ဒီဇာတ္ကားဟာ ဝင္ေငြ ေဒၚလာ ၁.၃၄၂ ဘီလ်ံရရွိခဲ့ျပီး Harry Potter ဇာတ္ကားေတြထဲမွာ ဝင္ေငြအရ အေအာင္ျမင္ဆံုးဇာတ္ကားျဖစ္ခဲ့ပါတယ္။

ဇာတ္ကားေတြရဲ႕ အေျခအေနၾကည့္ရရင္ ၁၉၉၀ ျပည့္ႏွစ္ေတြ၊ ၂၀၀၀ ျပည့္ႏွစ္ေတြလို ဒရာမာဇာတ္ကားေတြရဲ့ ေအာင္ျမင္မႈႏႈနး္ထက္ ဒီဘက္ႏွ္စ္ေတြမွာ Sci-fi နဲ႔ Superhero ဇာတ္ကားေတြရဲ႕ ေအာင္ျမင္မႈႏႈနး္က ဖုံးလႊမ္းေနတဲ့ ႏွစ္ေတြလို႔လည္း ေကာက္ခ်က္ခ်လို႔ ရပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.newsday.com
[Unicode]

သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား (၁၀) ကား

သမိုင်းတလျှောက် ရုပ်ရှင်ဇာတ်ကားကောင်းပေါင်းများစွာ ထွက်ရှိခဲ့တာမှာ သူ့ထက်ငါ အပြိုင် အနုပညာအရည်အသွေးအရရော၊ ဝင်ငွေအရရော ပြိုင်ဆိုင်ခဲ့ကြပါတယ်။ ဒီထဲကမှ ရုပ်ရှှင်သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ဇာတ်ကားနဲ့ သူတို့ ဘယ်လောက်ဝင်ငွေရရှိခဲ့တယ်ဆိုတာ ဖော်ပြလိုက်ပါရစေ။

၁) Avatar (2009)

Avatar

၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Jame Cameron ရဲ့ Sci-fi ဇာတ်ကားဖြစ်တဲ့ Avatar ကတော့ ဝင်ငွေ ဒေါ်လာ ၂.၇၈ ဘီလျံကျော်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Sam Worthington နဲ့ မင်းသမီး  Zoe Saldana တို့ ခေါင်းဆောင်ပါဝင်ရိုက်ကူးထားပြီး ရိုက်တုန်းက ဘတ်ဂျတ် ဒေါ်လာ ၂၃၇ သန်းနဲ့ မထွက်ခင်မှာ ဘတ်ဂျတ် ၉ သန်း ထပ်သုံးခဲ့ဲတဲ့အတွက် အသုံးစရိတ်နဲ့ ဝင်ငွေယှဉ်ရင် အရမ်းအရမ်းကို အမြတ်အစွန်းရရှိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

၂) Titanic (1997)

Titanic

Titanic

ဒါကတော့ လူတိုင်းသိပြီးသား Jack နဲ့ Rose တို့ရဲ့ Titanic သင်္ဘောကြီးပေါ်က အချစ်ဇာတ်လမ်းပါပဲ။ ထူးထူးခြားခြား ဒီဇာတ်ကားဟာလည်း ဒါရိုက်တာကြီး James Cameron ရဲ့ လက်ရာဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၂.၁၈၇ ဘီလျံနဲ့ ဒုတိယဝင်ငွေအကောင်းဆုံးအနေနဲ့ ရပ်တည်နေပါတယ်။ မင်းသား Leonardo DiCaprio နဲ့ မင်းသမီး Kate Winslet တို့ ပါဝင်ထားပြီး ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပေမယ့် နောက်ထွက်တဲ့ ဇာတ်ကားသစ်တွေက သူ့စံချိန်ကို မချိုးနိုင်သေးတာတော့ အံ့သြစရာပါ။

၃) Star Wars : The Force Awakens (2015)

Star Wars : The Force Awakens

Star Wars : The Force Awakens

ဒီဇာတ်ကားဟာလည်း Sci-fi ဇာတ်ကားဖြစ်ပြီး J.J Abram ရေးသားရိုက်ကူးထုတ်လုပ်တဲ့ Star Wars Sequel Trilogy ရဲ့ ပထမဆုံးဇာတ်ကားလည်း ဖြစ်ပါတယ်။ Star Wars ပရိသတ်ကလည်း ကမ္ဘာတဝှမ်းမှာ များပြားတဲ့အတွက် ရုံတင်ပြသတဲ့အခါ ဒေါ်လာ ၂ ဘီလျံကျော်ဝင်ငွေရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၅ ခုနှစ်က ရုံတင်ပြသခဲ့ပြီး John Boyea ၊ Daisy Ridley ၊ Harrison Ford ၊ Adam Driver ၊ Oscar Isaac နဲ့ Carrier Fisher တို့က ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။

၄) Avengers : Infinity War (2018)

Avengers : Infinity War

Avengers : Infinity War

Sci-fi ဇာတ်ကားတွေဟာ ပရိသတ်တွေ သည်းခြေကြိုက်ဇာတ်ကားတွေ ဖြစ်သလိုပဲ Superhero ဇာတ်ကားတွေဟာလည်း ရုံတင်လိုက်တာနဲ့ ဝင်ငွေများတဲ့ စာရင်းထဲမှာ ပါလေ့ရှိပါတယ်။ ဒီထဲကမှ လတ်တလော ရုံတင်ခဲ့တဲ့ Avengers : Infinity War ဇာတ်ကားကတော့ တင်တင်ချင်းရက်သတ္တပတ်မှာလည်း ဝင်ငွေအကောင်းဆုံးစံချိန်ရရှိခဲ့သလို ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဇာတ်ကားများစာရင်းမှာလည်း ဝင်ငွေ ဒေါ်လာ ၂.၀၀၃ ဘီလျံနဲ့ နံပါတ် (၄)နေရာချိတ်ခဲ့တာ ဖြစ်ပါတယ်။

၅) Jurassic World (2015)

Jurassic World

Jurassic World

၂၀၁၅ မှာပဲ ထွက်ရှိခဲ့တဲ့ Jurassic Park ဇာတ်ကားတွေရဲ့ စတုတ္ထမြောက်ဇာတ်ကားလည်း ဖြစ်တဲ့ Jurassic World ဇာတ်ကားဟာ ဝင်ငွေအကောင်းဆုံး ဇာတ်ကားများစာရင်းမှာ နံပါတ်(၅) နေရာက တန်းစီနေပါတယ်။ သူ့ရဲ့ ဝင်ငွေကတော့ ဒေါ်လာ ၁.၆၇ ဘီလျံကျော်ဖြစ်ပြီး ဒါရိုက်တာ Colin Trevorrow ရိုက်ကူးကာ Chris Pratt နဲ့ Bryce Dallas Howard တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

၆) The Avengers (2012)

The Avengers

The Avengers

အပေါ်မှာ ပြောခဲ့သလိုပဲ Superhero ဇာတ်ကားတွေဟာ ဝင်ငွေကောင်းလေ့ရှိတယ်ဆိုတဲ့အတိုင်း နံပါတ် (၆) နေရာမှာ ဗိုလ်စွဲနေတာတော့ ဒါရိုက်တာ Joss Whedon ရိုက်ကူးတင်ဆက်ခဲ့တဲ့ The Avengers (2012) ဇာတ်ကားပဲ ဖြစ်ပါတယ်။ Scarlett Johansson ၊ Robert Downey Jr. ၊ Chris Evans ၊ Chris Hemsworth နဲ့ Mark Ruffalo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟာ ဒေါ်လာ ၁.၅၁၉ ဘီလျံနဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားစာရင်းမှာ ပါဝင်ခဲ့တာပါ။

၇) Furious 7 (2015)

Furious 7

Furious 7

နာမည်ကြီး ဒါရိုက်တာ James Wan ရိုက်ကူးတင်ဆက်ထားပြီး The Fast and the Furious ဇာတ်ကားတွဲတွေရဲ့ (၇) ကားမြောက်ဇာတ်ကားလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေဆိုရင်လည်း နာမည်ကြီးတွေ ဖြစ်တဲ့ Vin Diesel ၊ Paul Walker ၊ Dwaye Johnson ၊ Michelle Rodriguez နဲ့ Jason Statham တို့ အစုံအလင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဝေဖန်မှုတွေရော ၊ ချီးကျူးမှုတွေပါ သောသောညံခဲ့ပေမယ့် Paul Walker အလွမ်းပြေလာကြည့်ကြတဲ့ ပရိသတ်တွေများတဲ့အတွက် ဝင်ငွေ ဒေါ်လာ ၁.၅၁၆ ဘီလျံကျော်ရရှိပြီး ဝင်ငွေကောင်းခဲ့ပါတယ်။

၈) Avengers : Age of Ultron (2015)

Avengers: Age of Ultron

Avengers: Age of Ultron

Avengers တွေ ရွှေထီးဆောင်းတဲ့ ကာလလို့ ပြောရလောက်အောင် ဒီတစ်ခါလည်း ဝင်ငွေကောင်းဇာတ်ကားဟာ Marvel ရဲ့ Superhero Team ဖြစ်တဲ့ Avengers တွေရဲ့ ဇာတ်ကားပါပဲ။ ဒါရိုက်တာ Joss Whedon ပဲ ရိုက်ကူးပြီး Avengers လူစုံပါဝင်ပါတယ်။ ဒီဇာတ်ကားရဲ့ ဝင်ငွေကတော့ ဒေါ်လာ ၁.၄၀၅ ဘီလျံရရှိပြီး နံပါတ် ၈ နေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။

၉) Black Panther (2018)

Black Panther

Black Panther

Marvel ဇာတ်ကားနောက်တစ်ကားလာပြန်ပါပြီ။ ဒါရိုက်တာ Ryan Coogler ရိုက်ကူးပြီး Chadwick Boseman ကို ခေါင်းဆောင်တင်ရိုက်ကူးထားတဲ့ ဒီလူမည်း Superhero ဇာတ်ကားဟာလည်း ဒေါ်လာ ၁.၃၄၆ ဘီလျံရရှိပြီး နံပါတ် (၉) နေရာရရှိထားတဲ့အတွက် Superhero ဇာတ်ကားတွေရဲ့ အစဉ်အလာကောင်းကို ထိန်းသိမ်းထားတယ်ဆိုရပါမယ်။

၁၀) Harry Potter and the Deathly Hallows Part 2 (2011)

Harry Potter and the Deathly Hallows Part 2

Harry Potter and the Deathly Hallows Part 2

အရင်ကတော့ ဝင်ငွေကောင်းတဲ့ ဇာတ်ကားဆိုတာ Harry Potter ဇာတ်ကားတွေပါ။ Superhero ဇာတ်ကားတွေ ခေတ်ထလာတော့လည်း Harry Potter တစ်ယောက်ဘေးဖယ်နေရပေမယ့် နံပါတ် (၁၀) နေရာမှာတော့ ရှိနေပါသေးတယ်။ ဒီဇာတ်ကားဟာ ဝင်ငွေ ဒေါ်လာ ၁.၃၄၂ ဘီလျံရရှိခဲ့ပြီး Harry Potter ဇာတ်ကားတွေထဲမှာ ဝင်ငွေအရ အအောင်မြင်ဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။

ဇာတ်ကားတွေရဲ့ အခြေအနေကြည့်ရရင် ၁၉၉၀ ပြည့်နှစ်တွေ၊ ၂၀၀၀ ပြည့်နှစ်တွေလို ဒရာမာဇာတ်ကားတွေရဲ့ အောင်မြင်မှုနှုန်းထက် ဒီဘက်နှ်စ်တွေမှာ Sci-fi နဲ့ Superhero ဇာတ်ကားတွေရဲ့ အောင်မြင်မှုနှုန်းက ဖုံးလွှမ်းနေတဲ့ နှစ်တွေလို့လည်း ကောက်ချက်ချလို့ ရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.newsday.com