[Zawgyi]



Jennifer Lopez

Jennifer Lopez 





Paris Hilton

Paris Hilton


Penelope Cruz

Penelope Cruz





Cate Blanchett

Cate Blanchett








Ryan Reynolds

Ryan Reynolds


Gigi Hadid

Gigi Hadid


Yoe Lu (Akhayar)

www.akhayar.com

[Unicode]

တစ်ပတ်အတွင်း ကမ္ဘာကျော်အနုပညာရှင်များရဲ့ လှုပ်ရှားမှုပုံရိပ်အလန်းစားများ

ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာတော့ 2018 Met Gala ပွဲကြီးနဲ့ Cannes Film Festival ရဲ့ ပုံရိပ်တွေက လွှမ်းမိုးနေခဲ့ပါတယ်။ ဒါကြောင့် တစ်ပတ်အတွှင်း ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ပွဲတက်ပုံရိပ်တွေနဲ့ အမှတ်တရပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်အချစ်တော်ဘယ်မင်းသားမင်းသမီးတွေပါတယ်ဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။

Jennifer Lopez

Jennifer Lopez 

အလုပ်ကြိုးစားတဲ့ J Lo တစ်ယောက် Beige ဝတ်စုံနဲ့ နယူးယောက်မြို့ထဲ လျှောက်လည်နေတုန်း ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။

Kendall Jenner နဲ့ Luka Sabbat

Kendall Jenner & Luka Sabbat

Kandall Jenner တစ်ယောက် သူ့သူငယ်ချင်း Luka Sabbath နဲ့ အေးအေးဆေးဆေးလမ်းလျှောက်စကားစမြည်ပြောနေတဲ့ပုံဖြစ်ပါတယ်။

Paris Hilton

Paris Hilton

Paris Hilton တစ်ယောက်ကတော့ ဒီအဖြူရောင်ဝမ်းဆက်နဲ့ သူဝတ်နေကျပုံမျိုးမဟုတ်ဘဲ ရိုးရှင်းအေးချမ်းနေပြီး Beverly Hills မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။

Penelope Cruz

Penelope Cruz

ဘယ်လောက်ပဲ အသက်တွေကြီးကြီး Penelope Cruz ကတော့ အမြဲကျက်သရေရှိနေတာပါ။ ဒီပုံကတော့ (၇၁) ကြိမ်မြောက် Cannes Film Festival ပွဲကို Everybody Knows ဇာတ်ကားအတွက် တက်ရောက်ခဲ့တဲ့ပုံဖြစ်ပါတယ်။

Kris Jenner ၊ Kendall Jenner ၊ Kylie Jenner ၊ Kim Kardashian

Kris Jenner ၊ Kendall Jenner ၊ Kylie Jenner ၊ Kim Kardashian

သူတို့ကို ဒီလို စုစုစည်းစည်းတွေ့ရတာ ရှားပါတယ်။ The Business of Fashion က တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်လာတုန်း အမိအရရိုက်ကူးထားတာဖြစ်ပါတယ်။

Cate Blanchett

Cate Blanchett

(၇၁) ကြိမ်မြောက် Cannes Film Festival ဖွင့်ပွဲကို တက်ရောက်လာတဲ့ သြစတြေးလျမင်းသမီးကြီး Cate Blanchett ရဲ့ အလှတရားဖြစ်ပါတယ်။

Kylie Jenner နဲ့ Travis Scott

Kylie Jenner & Travis Scott

Kylie နဲ့ Travis တို့က အရမ်းချစ်နေကြတဲ့ပုံပါပဲ။ New York မြို့ရဲ့ Stadium Goods မှာ ဈေးဝယ်ထွက်နေတုန်း နမ်းနေကြတာ တွေ့ရပါတယ်။

George Clooney နဲ့ Amal Clooney

George Clooney & Amal Clooney

မင်းသားကြီး George Clooney တို့ စုံတွဲကို Met Gala 2018 မှာ ပွဲတက်လာတာတွေ့ရပြီး အရမ်းကို လိုက်ဖက်ခန့်ငြားနေပါတော့တယ်။

Ryan Reynolds

Ryan Reynolds

Mr. Deadpool ဟာ အရပ်သားဝတ်စုံနဲ့လည်း မိုက်နေတုန်းပါပဲ။ ဒီပုံကို အီတလီနိုင်ငံ ၊ရောမမြို့မှာ တွေ့တုန်း ရိုက်ထားတာ ဖြစ်ပါတယ်။

Gigi Hadid

Gigi Hadid

လတ်တလော Zayn နဲ့ ပြန်တွဲနေတဲ့ Gigi ကိုတော့ Met Gala ပွဲမတိုင်ခင်တွေ့ရတာပါ။ ရိုးရိုးရှင်းရှင်းလေးဝတ်တလည်း မိုက်တုန်းပါပဲ Gigi ရေ။