[Zawgyi]

Gym ကစားၿပီးတဲ့အခါ လံုးဝမေသာက္သံုးသင့္တဲ့ ေသာက္သံုးစရာမ်ား

က်န္းမာႀကံ႕ခိုင္ဖို႔အတြက္ Gym ေဆာ့တဲ့သူလည္းရွိသလို၊ အလွအပအတြက္၊ ကိုယ္ခႏၶာေတာင့္တင္းဖို႔၊ ဝိတ္က်ဖို႔အတြက္ Gym ေဆာ့တဲ့သူေတြလည္း ရွိပါတယ္။ ဘယ္လိုခံယူခ်က္နဲ႔ပဲျဖစ္ျဖစ္၊ Gym ေဆာ့တဲ့သူေတြအေနနဲ႔ ျပဳလုပ္မိေနၾကတဲ့ အမွားအယြင္းေလးတစ္ခု ရွိေနပါတယ္။ Gym သာေဆာ့ေနေပမယ့္ အစားအေသာက္ကိုက်ေတာ့ မဆင္မျခင္စားေသာက္ၾကတဲ့ အမူအက်င့္ပါ။ Gym ေဆာ့တဲ့သူတစ္ေယာက္အေနနဲ႔ က်န္းမာေရးနဲ႔ ကိုက္ညီမယ့္ အစားအေသာက္မ်ားကိုလည္း ပံုမွန္စားသံုးသင့္သလို၊ ေရွာင္ၾကဥ္သင့္တာေတြကိုလည္း ေရွာင္ၾကဥ္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ Gym ကစားၿပီးတဲ့အခါမွာ လံုးဝမေသာက္သံုးသင့္တဲ့ ေသာက္စရာေဖ်ာ္ရည္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ ဒါေတြကို ေသာက္သံုးမိေနမယ္ဆိုရင္ Gym ေဆာ့ေနတာ ဘာမွအက်ိဳးသက္ေရာက္မႈ ရွိမွာမဟုတ္ပါဘူး။

(၁) Sport Drinks

အားကစားသမားမ်ား လက္စြဲေသာက္စရာတစ္မ်ိဳးပါ။ ေမာပန္းႏြမ္းနယ္မႈကို လ်င္ျမန္စြာ သက္သာေစၿပီးေတာ့ သက္လံုအားေကာာင္းေစတဲ့အတြက္ Sport Drinks က အားကစားသမားမ်ားရဲ႕ လက္စြဲပါပဲ။ ဒါေပမဲ့ Gym ကစားၿပီးတဲ့အခါမွာ Sport Drink ကို မေသာက္သံုးသင့္ပါဘူး။ Sport Drinks မွာပါဝင္တဲ့ အာဟာရဓာတ္္မ်ားနဲ႔ သၾကားဓာတ္မ်ားက ေဘးဥပါဒ္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေသာက္မယ္ဆိုရင္ေတာင္ သၾကားပါဝင္မႈနဲ႔ ပရိုတင္းဓာတ္ပါဝင္မႈႏႈန္းကို ေသခ်ာစိစစ္ၿပီးမွ ေသာက္သံုးသင့္ပါတယ္။

(၂) အရက္၊ ဘီယာ

Gym ကစားတဲ့သူတုိင္း အယ္လ္ကိုေဟာပါဝင္တဲ့ အေဖ်ာ္ယမကာမ်ားကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။ Gym ကစားၿပီး ညေနမွာ ဝိုင္တစ္ခြက္ ဒါမွမဟုတ္ အရက္တစ္ခြက္ေသာက္သံုးတာက တကယ့္ကိုမွားယြင္းတဲ့ လုပ္ရပ္ပါ။ အယ္လ္ကိုေဟာဓာတ္က ေရဓာတ္ခမ္းေျခာက္မႈကို ျဖစ္ေပၚေစၿပီး Gym ကစားတဲ့အခါမွာလည္း ေခၽြးထြက္ျခင္းေၾကာင့္ ေရဓာတ္ခမ္းေျခာက္မႈကို ပိုမိုအားေပးပါတယ္။ ဒါေၾကာင့္ Gym ကစားေနစဥ္အတြင္း အရက္၊ ဘီယာေသာက္သံုးျခင္းကို အထူးေရွာင္ၾကဥ္သင့္ပါတယ္။

(၃) ဆိုဒါပါဝင္ေသာအေဖ်ာ္ယမကာမ်ား

Gas နဲ႔ Soda ပါဝင္တဲ့ အေဖ်ာ္ယမကာမ်ားကိုလည္း Gym ကစားသူမ်ား မေသာက္သံုးသင့္ပါဘူး။Work Out လုပ္ၿပီး ေမာပန္းႏြမ္းနယ္လာတဲ့အခါ အလ်င္အျမန္အေမာေျပေစဖုိ႔အတြက္ ေဖ်ာ္ရည္ကို ေသာက္သံုးၾကပါတယ္။ ဒီလိုေဖ်ာ္ရည္ေတြကလည္း အေမာေျပေစႏုိင္ၿပီး အခ်ိဳဓာတ္ပါဝင္မႈေၾကာင့္ အားအင္ျပန္လည္ျပည့္ဝလာသလို ခံစားရေစပါတယ္။ ဒါေပမဲ့ ဒါဟာ ေခတၱခဏတာအတြက္ပဲ ေကာင္းပါတယ္။ ေဖ်ာ္ရည္၊ အခ်ိဳရည္မွာပါဝင္တဲ့ ဆိုဒါနဲ႔ သၾကားဓာတ္က က်န္းမာေရးကိုထိခုိက္ေစႏုိင္ၿပီး Gym ေဆာ့တဲ့သူအတြက္လည္း ဘာအာဟာရမွ မေပးစြမ္းႏုိင္ပါဘူး။

(၄) အသင့္ေသာက္သစ္သီးေဖ်ာ္ရည္

Gym ေဆာ့ေနတဲ့အတြက္ သစ္သီးေဖ်ာ္ရည္ကို ေသာက္သံုးမယ္လို႔ ေတြးမိဖူးလား။ မွန္ပါတယ္။ သစ္သီးေဖ်ာ္ရည္က Gym ေဆာ့ေနသူေတြအတြက္ အေကာင္းဆံုးပါပဲ။ ဒါေပမဲ့ ၾကာရွည္ခံေအာင္ ထုပ္ပိုးထားတဲ့ အသင့္ေသာက္သစ္သီးေဖ်ာ္ရည္ကိုလည္း မေသာက္သံုးသင့္ပါဘူး။ ဒီလိုအသင့္ေသာက္ သစ္သီးေဖ်ာ္ရည္ဘူးမွာ ပါဝင္တဲ့ သၾကားဓာတ္နဲ႔ ကယ္လိုရီမ်ားက Gym ေဆာ့ထားတာေတြကို အလကားျဖစ္သြားေစပါတယ္။ ဒါေၾကာင့္ သဘာဝသစ္သီးေဖ်ာ္ရည္ကို အိမ္မွာပဲ ကုိယ္တုိင္ေဖ်ာ္ေသာက္တာ အေကာင္းဆံုးပါ။

(၅) ေကာ္ဖီ

မနက္ေစာေစာ Gym ေဆာ့ၿပီး မနက္စာကိုေတာ့ ေကာ္ဖီေသာက္တယ္ဆိုရင္ သင့္အတြက္ Gym ေဆာ့တာက ဘာမွထူးျခားမႈ ျဖစ္လာမွာမဟုတ္ပါဘူး။ ကဖင္းဓာတ္ပါဝင္တဲ့ ေကာ္ဖီက အာဟာရ စုပ္ယူမႈကို အဟန္႔အတားျဖစ္ေစၿပီး Gym ကစားၿပီးတဲ့အခါမွာ ေသာက္သံုးမိမယ္ဆုိရင္ ရင္တုန္ေစတဲ့အတြက္ သက္လံုအားေလ်ာ့နည္းသြားေစပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Gym ကစားပြီးတဲ့အခါ လုံးဝမသောက်သုံးသင့်တဲ့ သောက်သုံးစရာများ

ကျန်းမာကြံ့ခိုင်ဖို့အတွက် Gym ဆော့တဲ့သူလည်းရှိသလို၊ အလှအပအတွက်၊ ကိုယ်ခန္ဓာတောင့်တင်းဖို့၊ ဝိတ်ကျဖို့အတွက် Gym ဆော့တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုခံယူချက်နဲ့ပဲဖြစ်ဖြစ်၊ Gym ဆော့တဲ့သူတွေအနေနဲ့ ပြုလုပ်မိနေကြတဲ့ အမှားအယွင်းလေးတစ်ခု ရှိနေပါတယ်။ Gym သာဆော့နေပေမယ့် အစားအသောက်ကိုကျတော့ မဆင်မခြင်စားသောက်ကြတဲ့ အမူအကျင့်ပါ။ Gym ဆော့တဲ့သူတစ်ယောက်အနေနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အစားအသောက်များကိုလည်း ပုံမှန်စားသုံးသင့်သလို၊ ရှောင်ကြဉ်သင့်တာတွေကိုလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒါကြောင့် Gym ကစားပြီးတဲ့အခါမှာ လုံးဝမသောက်သုံးသင့်တဲ့ သောက်စရာဖျော်ရည်များကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကို သောက်သုံးမိနေမယ်ဆိုရင် Gym ဆော့နေတာ ဘာမှအကျိုးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။

(၁) Sport Drinks

အားကစားသမားများ လက်စွဲသောက်စရာတစ်မျိုးပါ။ မောပန်းနွမ်းနယ်မှုကို လျင်မြန်စွာ သက်သာစေပြီးတော့ သက်လုံအားကောာင်းစေတဲ့အတွက် Sport Drinks က အားကစားသမားများရဲ့ လက်စွဲပါပဲ။ ဒါပေမဲ့ Gym ကစားပြီးတဲ့အခါမှာ Sport Drink ကို မသောက်သုံးသင့်ပါဘူး။ Sport Drinks မှာပါဝင်တဲ့ အာဟာရဓာတ်များနဲ့ သကြားဓာတ်များက ဘေးဥပါဒ်ဖြစ်စေပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင်တောင် သကြားပါဝင်မှုနဲ့ ပရိုတင်းဓာတ်ပါဝင်မှုနှုန်းကို သေချာစိစစ်ပြီးမှ သောက်သုံးသင့်ပါတယ်။

(၂) အရက်၊ ဘီယာ

Gym ကစားတဲ့သူတိုင်း အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ Gym ကစားပြီး ညနေမှာ ဝိုင်တစ်ခွက် ဒါမှမဟုတ် အရက်တစ်ခွက်သောက်သုံးတာက တကယ့်ကိုမှားယွင်းတဲ့ လုပ်ရပ်ပါ။ အယ်လ်ကိုဟောဓာတ်က ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး Gym ကစားတဲ့အခါမှာလည်း ချွေးထွက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ပိုမိုအားပေးပါတယ်။ ဒါကြောင့် Gym ကစားနေစဉ်အတွင်း အရက်၊ ဘီယာသောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။

(၃) ဆိုဒါပါဝင်သောအဖျော်ယမကာများ

Gas နဲ့ Soda ပါဝင်တဲ့ အဖျော်ယမကာများကိုလည်း Gym ကစားသူများ မသောက်သုံးသင့်ပါဘူး။Work Out လုပ်ပြီး မောပန်းနွမ်းနယ်လာတဲ့အခါ အလျင်အမြန်အမောပြေစေဖို့အတွက် ဖျော်ရည်ကို သောက်သုံးကြပါတယ်။ ဒီလိုဖျော်ရည်တွေကလည်း အမောပြေစေနိုင်ပြီး အချိုဓာတ်ပါဝင်မှုကြောင့် အားအင်ပြန်လည်ပြည့်ဝလာသလို ခံစားရစေပါတယ်။ ဒါပေမဲ့ ဒါဟာ ခေတ္တခဏတာအတွက်ပဲ ကောင်းပါတယ်။ ဖျော်ရည်၊ အချိုရည်မှာပါဝင်တဲ့ ဆိုဒါနဲ့ သကြားဓာတ်က ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး Gym ဆော့တဲ့သူအတွက်လည်း ဘာအာဟာရမှ မပေးစွမ်းနိုင်ပါဘူး။

(၄) အသင့်သောက်သစ်သီးဖျော်ရည်

Gym ဆော့နေတဲ့အတွက် သစ်သီးဖျော်ရည်ကို သောက်သုံးမယ်လို့ တွေးမိဖူးလား။ မှန်ပါတယ်။ သစ်သီးဖျော်ရည်က Gym ဆော့နေသူတွေအတွက် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ကြာရှည်ခံအောင် ထုပ်ပိုးထားတဲ့ အသင့်သောက်သစ်သီးဖျော်ရည်ကိုလည်း မသောက်သုံးသင့်ပါဘူး။ ဒီလိုအသင့်သောက် သစ်သီးဖျော်ရည်ဘူးမှာ ပါဝင်တဲ့ သကြားဓာတ်နဲ့ ကယ်လိုရီများက Gym ဆော့ထားတာတွေကို အလကားဖြစ်သွားစေပါတယ်။ ဒါကြောင့် သဘာဝသစ်သီးဖျော်ရည်ကို အိမ်မှာပဲ ကိုယ်တိုင်ဖျော်သောက်တာ အကောင်းဆုံးပါ။

(၅) ကော်ဖီ

မနက်စောစော Gym ဆော့ပြီး မနက်စာကိုတော့ ကော်ဖီသောက်တယ်ဆိုရင် သင့်အတွက် Gym ဆော့တာက ဘာမှထူးခြားမှု ဖြစ်လာမှာမဟုတ်ပါဘူး။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီက အာဟာရ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး Gym ကစားပြီးတဲ့အခါမှာ သောက်သုံးမိမယ်ဆိုရင် ရင်တုန်စေတဲ့အတွက် သက်လုံအားလျော့နည်းသွားစေပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။