Start Menu Folder

ဒီ Feature လေးကတော့ October Update မှ ပါဝင်လာတာဖြစ်ပြီး Start Menu ပေါ်က ရှုပ်ပွနေတဲ့ Apps လေးတွေကို Folder နာမည်ပေးပြီး တစုထဲ Organize လုပ်နိုင်မှာဖြစ်ပါတယ်။ အရင်က Category ခွဲပြီး Group အလိုက် နာမည်ပေးတာကနေ သေသေသပ်သပ် ဖြစ်အောင် ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။

Troubleshoot

Windows တွေမှာပါနေကြ Troubleshoot လေးက Driver Error တက်တာဖြစ်ဖြစ် System File Crash ဖြစ်လို့ ကမှောက်ကမ ဖြစ်နေရင် ဘာကြောင့်လဲဆိုတဲ့ Reason ကို အဖြေရှာပေးတဲ့ Feature လေးပါ။ ဒါပေမယ့် ဒီကောင့်ကို ဆင့်ခေါ်လို့မရဘဲ Creator Update မှသာ သီးသန့်အသုံးပြုလို့ရတာပါ။ Update & Security ထဲက Troubleshoot ထဲဝင်လိုက်ပြီး ကိုယ့်ကွန်ပျူတာမှာ ဘာ Error ရှိနေမလဲဆိုတာ အလွယ်တကူရှာနိုင်ပါပြီ။

Windows Update ကို တခြား Source ကယူမယ်

အရင်က Update ကို Microsoft ကပဲ တိုက်ရိုက် Download ဆွဲရတယ်ဆိုမယ့် Windows 10 မှာပါဝင်လာတဲ့ Feature အရ အနီးစပ်ဆုံး Dedicated Server ကနေရယူနိုင်မယ် အဲ့လိုမှမဟုတ်ဘဲ Delivery Optimization သုံးပြီး Update ကို Local Network သာမဟုတ်ဘဲ အင်တာနက်ပေါ်က ကွန်ပျူတာတွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။

အခုလို Sharing မသုံးချင်ဘူးဆိုရင် Disable လုပ်ထားနိုင်ပါတယ်။ တကယ်လို့ သုံးချင်တယ်ဆိုရင်လည်း Advanced Options ထဲမှာ အင်တာနက် ဘယ်လိုအသုံးပြုပြီး Update ကို Download ဆွဲမယ်၊ ဘယ်လို Sharing လုပ်မလဲဆိုတာကို ရွေးချယ်နိုင်ပါတယ်။

Keyboard Shortcut သုံးကြမယ်

Alt + Tab တွဲနှိပ်ပြီး Windows တခုပြီးတခု Switch လုပ်နိုင်တဲ့ Shortcut မျိုးသိမယ်ထင်ပါတယ်။ Windows + L နှိပ်ပြီး Lock ချနိုင်တဲ့ Shortcut မျိုး Windows 10 မှာ ပြည့်ပြည့်စုံစုံပါဝင်လာပြီမလို့ ဒီကဏ္ဍကို သီးသန့် Article တင်ပြီး ပြည့်ပြည့်စုံစုံ ဖော်ပြသွားပါ့မယ်။

Taskbar ကို ရှင်းရှင်းလင်းလင်းလုပ်ကြမယ်

Windows 10 Taskbar က အနက်ရောင်နဲ့ ကြည့်ကောင်းတယ်ဆိုမယ့် Cortana လို Search Bar နဲ့ People ၊ Taskview တွေက နေရာအရမ်းယူတတ်ပါတယ်။ ဒီကောင်တွေ အသုံးမများဘူးဆိုရင် Taskbar ကို ညာကလစ်ထောက် Show Cortana Icon Only လုပ်မယ်၊ Show People ၊ Show Taskview စတာတွေ အမှန်ခြစ်ဖြုတ်ပြီး အသုံးများတဲ့ Shortcut လောက်ပဲ Taskbar ပေါ်တင်ပြီး သပ်သပ်ရပ်ရပ် သုံးနိုင်ပါတယ်။

Cortana ပိတ်ကြမယ်

For WIndows 10 Pro

Cortana Assistant အရေးပါတယ်ဆိုမယ့် ကျွန်တော်တို့ဆီမှာတော့ Support မလုပ်သေးပါဘူး။ အဲ့ဒီတော့ Cortana အစား Windows Search ကို ပြောင်းသုံးနိုင်ပြီး ပိတ်ချင်တယ်ဆိုရင် Windows + R တွဲနှိပ်ပါ။ Run Box ထဲမှာ gpedit.msc လိုရိုက်ပြီး ပေါ်လာတဲ့ Policy Editor ထဲမှာ Computer Configuration ဝင် Administrative Templates ထဲက Windows Component ဆက်သွား ပြီးသွားရင် Search ကိုရွေး ညာဖက်က Panel ထဲမှာ Allow Cortana ကို Disabled လုပ်လိုက်ရင် Icon လေးပျောက်သွားမှာဖြစ်ပါတယ်။

For Windows 10 Home Edition

Windows 10 Home Edition တွက်ဆိုရင်တော့ Registry Editor ထဲဝင်ရမှာဖြစ်ပြီး လုပ်ဆောင်ရမှာက WIndows + R နှိပ် ပေါ်လာတဲ့ Run Box မှာ regedit.msc လို့ရိုက်ရမှာပါ။ ဒုတိယအဆင့်အနေနဲ့ HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows အထိသွားပြီး WIndows Search ဆိုတာကို ရှာကြည့်ပါ။

မတွေ့ရင် “Windows” ကို Right-click ထောက်ပြီး Select>New လုပ်၊ နာမည်ကို Windows Search လို့ရိုက်ပါ။

ဒီ Windows Search ကိုထောက်လိုက်ရင် ညာဖက် Panel မှာဖြစ်ပြီး Right-click ထပ်ထောက်ပါ။ Select New>DWORD (32-bit) Value ကိုထပ်ရွေးပါ။

ဒီကောင့်ကိုပဲ AllowCortana လို့ နာမည်ထပ်ပေးပြီး Value ကို 0 လို့ထားလိုက်ပါ။ ဒီအဆင့်ထိ ပြီးသွားရင် Computer ကို Restart ချလိုက်ပါ။ Cortana နေရာမှာ Search Icon လေး နေရာယူနေတာ တွေ့ပါလိမ့်မယ်။

Credit: Ewtnet
Windows 10 ရဲ့ အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး Features ၈ မျိုး ပထမပိုင်း
Windows 10 ရဲ့ အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး Features အမျိုး ၃၀ ဒုတိယပိုင်း