[Zawgyi]

ကိုယ့္ရာသီခြင္အလိုက္ ဘယ္လိုစိတ္အပန္းေျဖရမလဲ

စိတ္ဓာတ္က်တယ္၊ စိတ္ပင္ပန္းတာကေတာ့ လူတိုင္းလူတိုင္း မၾကာခဏခံစားေနရတဲ့ ေ၀ဒနာေတြပါပဲ။ ရွဳပ္ေထြးေပြလီလြန္းတဲ့ ေလာကႀကီးမွာ ေနထိုင္ေနသေရြ႕ကေတာ့ ဒီလိုေ၀ဒနာေတြၾကားက ဘယ္လိုမွထြက္ေျပးလြတ္ေျမာက္ႏုိင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ခဏတာေတာ့ စိတ္သက္သာရာရေအာင္ ေျဖသိမ့္လို႔ေတာ့ ရပါတယ္။ စိတ္အပန္းေျဖတဲ့နည္းလမ္းေပါင္းစံုရွိေနတဲ့ၾကားကပဲ တစ္ေယာက္နဲ႔တစ္ေယာက္လည္း အသံုးျပဳတဲ့နည္းလမ္းေတြက မတူညီၾကပါဘူး။ ဒီေန႔ ေျပာျပခ်င္တာကေတာ့ ကိုယ့္ရဲ႕ ရာသီခြင္ေတြအေပၚမူတည္ေနတဲ့ အက်င့္စရိုက္ေတြအရ ကိုယ္နဲ႔အသင့္ေတာ္ဆံုး စိတ္အပန္းေျဖနည္းပဲျဖစ္ပါတယ္။

Aries

Aries ရာသီဖြားေတြဟာ ရုပ္ပိုင္းဆိုင္ရာဖြံ႕ ၿဖိဳးတဲ့သူေတြပါ။ လမ္းေလွ်ာက္ရင္ေတာင္ သူမ်ားထက္ ေျခလွမ္းက်ဲလို႔ အေရွ႕ေရာက္ေနတတ္တဲ့သူမ်ိဳးေတြေပါ့။ ဒါေၾကာင့္ ဒီလိုရာသီဖြားေတြအတြက္ အသင့္ေတာ္ဆံုး စိတ္အပန္းေျဖနည္းတစ္ခုကေတာ့ ေျပးတာပဲ ျဖစ္ပါတယ္။ စိတ္လြတ္လက္လြတ္ အျမန္ေျပးေနလိုက္ပါ။ ဒါက Aries ေတြကို စိတ္ဖိစီးမႈကေန လြတ္ေျမာက္ေစပါတယ္။

Go for a run

Go for a run

 Taurus

Taurus ရာသီဖြားေတြကို Venus က ေစာင့္ေရွာက္ပါတယ္။ ဒါေၾကာင့္ ဒီရာသီဖြားေတြဆိုတာ အလွအပနဲ႔ ဇိမ္ခံျခင္းစတာေတြရဲ႕ ျပယုဂ္တစ္ခုပါပဲ။ Taurus ေတြဟာ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ သူတို႔ သက္ေတာင့္သက္သာျဖစ္ေနဖို႔ကို ဦးစားေပးေလ့ရွိပါတယ္။ ဒီရာသီဖြားေတြ စိတ္ဖိစီးမႈခံစားေနရၿပီဆိုရင္ ရနံ႔ကုထံုးခံယူတာ အေကာင္းဆံုးပါပဲ။ အရာအားလံုးကို ေျဖေလွ်ာ့ရင္း မ်က္လံုးေလးေတြမွိတ္ထားၿပီး ရနံ႔ကုထံုးခံယူမယ္ဆိုရင္ေတာ့ Taurus ေတြအတြက္ စိတ္သက္သာရာအရဆံုး အခ်ိန္ေတြကို ပိုင္ဆိုင္ရပါလိမ့္မယ္။

Do aromatherapy

Do aromatherapy

Gemini

Gemini ရာသီဖြားေတြဟာ စကားလံုးေတြကို ခ်စ္ျမတ္ႏိုးတတ္ပါတယ္။ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ၿငိမ္ၿငိမ္ကုတ္ကုတ္ေလး ေနရတာကို ေပ်ာ္ေမြ႕ ၿပီး အၿမဲတမ္း အေတြးေတြ၊ ခံစားခ်က္ေတြ၊ စကားလံုးေတြနဲ႔ အလုပ္ရွဳပ္ေနတတ္တဲ့လူမ်ိဳးေတြေပါ့။ ဒီေတာ့ Gemini ေတြ စိတ္ရွဳပ္ေနၿပီဆိုရင္ စာအုပ္တစ္အုပ္ထဲမွာ ခံစားေနရတာေတြနဲ႔ ျဖစ္ေနတာေတြကို ေရးခ်လိုက္ပါ။ ဒီလို စာေလွ်ာက္ေရးတာဟာ သူတို႔ရဲ႕ စိတ္ထြက္ေပါက္တစ္ခုျဖစ္လာမွာပါ။

Try free writing

Try free writing

Cancer

Cancer ရာသီဖြားေတြဟာ ရာသီခြင္ေတြအားလံုးထဲမွာ စိတ္ခံစားခ်က္အျပင္းျပဆံုးရာသီခြင္တစ္ခုပါ။ သူတို႔ရဲ႕ အက်င့္စရိုက္ကေတာ့ အတိတ္ေတြနဲ႔ အမွတ္တရေတြကို ခံစားသက္၀င္ေလ့ရွိၾကတဲ့အတြက္ ဓာတ္ပံုေဟာင္းေတြျပန္ၾကည့္ၿပီး အခ်ိန္ျဖဳန္းတာဟာ Cancer ေတြရဲ႕ စိတ္အပန္းေျဖနည္းတစ္ခုပါပဲ။

Open the memories

Open the memories

Leo

Leo ရာသီဖြားေတြဟာ တစ္ကိုယ္ေကာင္းဆန္တဲ့ရာသီဖြားတစ္ခုပါ။ သူတို႔က သူတို႔ကိုယ္သူတို႔အခ်စ္ဆံုးပါပဲ။ ဒါေၾကာင့္ Leo ေတြဟာ စိတ္ဖိစီးမႈနဲ႔ စိတ္ပင္ပန္းမႈေတြ တျခားလူေတြေလာက္ ခံစားရေလ့မရွိပါဘူး။ ဘာေၾကာင့္လဲဆိုရင္ေတာ့ သူတို႔ဟာ သူတို႔ကိုယ္သူတို႔ပဲ ဂရုစိုက္တတ္ၾကတာမ်ားလို႔ပါပဲ။ ဒီလိုပဲ စိတ္ဖိစီးလာၿပီဆိုရင္လည္း Leo ေတြရဲ႕ အေကာင္းဆံုးထြက္ေပါက္က ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ရႊင္ေအာင္ထားတဲ့နည္းလမ္းပဲျဖစ္ပါတယ္။

Give self-pleasure

Give self-pleasure

Virgo

Virgo ရာသီဖြားေတြရဲ႕ စိတ္က 24/7 အလုပ္လုပ္ေနတဲ့သူပါ။ ဒါေၾကာင့္ သူတို႔အတြက္ အလိုအပ္ဆံုးကေတာ့ စိတ္ကို အတည္ၿငိမ္ဆံုးျဖစ္ေအာင္ ဘာမွမစဥ္းစားပဲ ေနၾကည့္ဖို႔ပါပဲ။ ဒီလိုနည္းလမ္းနဲ႔ပဲ သူတို႔ေတြရဲ႕ စိတ္ပင္ပန္းမႈေတြကို ေလွ်ာ့ခ်ႏိုင္မွာပါ။ အေကာင္းဆံုးအႀကံျပဳခ်က္ေပးပါဆိုရင္ေတာ့ တရားထိုင္ပါ၊ ေယာဂေဆာ့ပါ။ ဒီနည္းလမ္းေတြက သူတို႔ရဲ႕ ဥာဏ္ကြန္႔ျမဴးမႈကို ပိုၿပီး ေကာင္းလာေစသလို စိတ္ထြက္ေပါက္လည္း ျဖစ္ေစပါတယ္။

Do yoga

Do yoga

Libra

Libra ရာသီဖြားေတြကေတာ့ တည္ၿငိမ္သူႀကီးေတြပါပဲေနာ္။ ခံစားခ်က္ကို ထိန္းခ်ဳပ္ထားလို႔ တျခားရာသီဖြားေတြထက္ ႏွစ္ဆပိုခံရပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုးနည္းလမ္းနဲ႔ စိတ္ခံစားခ်က္ေတြကို ဖြင့္ထုတ္ေပးလိုက္ခ်င္တယ္ဆိုရင္ေတာ့ ရုပ္ရွင္ၾကည့္ပါ။ ပံုမွန္အားျဖင့္ဆိုရင္လည္း ပြဲလမ္းသဘက္ကိ မႏွစ္သက္တဲ့ရာသီဖြားေတြျဖစ္ေနေတာ့ အိမ္ထဲမွာ တစ္ေယာက္တည္း လြမ္းရတဲ့ရုပ္ရွင္ကားေတြၾကည့္လိုက္၊ ငိုလိုက္၊ ရယ္ရတဲ့ရုပ္ရွင္ကားေတြၾကည့္လိုက္၊ တ၀ါး၀ါးရယ္ေမာလိုက္။ ဒီနည္းလမ္းနဲ႔ပဲ ေျဖေဖ်ာက္သြားႏိုင္မွာပါ။

Watch movie

Watch movie

Scorpio

Scorpio ရာသီဖြားေတြဟာ စိတ္ခံစားခ်က္ အရမ္းျပင္းထန္ၾကၿပီး တန္ျပန္တုန္႔ျပန္တဲ့စိတ္ရွိၾကပါတယ္။ ေၾကာက္စရာေကာင္းတဲ့ရာသီခြင္လို႔လည္း သတ္မွတ္ၾကပါတယ္။ သူတို႔ကို စိတ္ထြက္ေပါက္ေပးႏိုင္တဲ့အရာကေတာ့ ဂီတတစ္မ်ိဳးထဲပဲရွိတာပါ။ သီခ်င္းေတြအက်ယ္ႀကီးဖြင့္နားေထာင္စီးေမ်ာၿပီး စိတ္ပ်က္စရာ အရာအားလံုးကို သီခ်င္းစာသားေတြထဲ လႊင့္ပစ္လိုက္ျခင္းအားျဖင့္ ကိုယ့္ကိုယ္ကိုယ္ စိတ္ဖိစီးမႈကေန ကယ္တင္လိုက္ပါေနာ္။

Listen to music

Listen to music

Sagittarius

Sagittarius ရာသီဖြားေတြဟာ စကားအရမ္းမ်ားၾကပါတယ္။ ဟုတ္တာေရာ၊ မဟုတ္တာေရာ အၿမဲေျပာေနေလ့ရွိၾကတာပါ။ ဒါေပမယ့္ သူတို႔တစ္ေတြ စိတ္ဓာတ္က်ၿပီဆိုရင္လည္း တစ္အိမ္လံုး တိတ္ဆိတ္သြားပါလိမ့္မယ္။ ေတာ္ရံုအေျခအေနမ်ိဳးနဲ႔ေတာ့ တိတ္ဆိတ္သြားတဲ့အထိ စိတ္ဓာတ္က်မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ဒီလိုတိတ္ဆိတ္သြားၿပီဆိုရင္လည္း သူတို႔ကို တကယ္စကားေျပာေပးၿပီး နားလည္မႈနဲ႔ အႀကံဥာဏ္ေတြေပးမယ့္ စိတ္ပညာရွင္တစ္ဦးဦးနဲ႔ စကားေျပာၿပီး ကုသတာဟာ အေကာင္းဆံုးပါပဲ။

Talk to doctor

Talk to doctor

Capricorn

Capricorn ရာသီဖြားေတြဟာ သဘာ၀အားျဖင့္ကို ဘယ္သူ႔တိုက္တြန္းမႈမွမပါဘဲ အလုပ္ႀကိဳးစားၾကသူေတြပဲျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း သူမတူေအာင္ ခိုင္းပါတယ္။ အပင္ပန္းလည္း ခံႏိုင္ၾကပါတယ္။ သူတို႔ စိတ္ဖိစီးၿပီဆိုရင္ေတာ့ အိမ္ေနာက္ေဖးသြားၿပီး ရွိသမွ်အ၀တ္ေတြေလွ်ာ္ေနတာမ်ိဳး၊ တစ္အိမ္လံုးသန္႔ရွင္းေရးလုပ္ေနတာမ်ိဳး စတဲ့ ကိုယ္ခႏၵာလႈပ္ရွားၿပီး လုပ္ရတဲ့အလုပ္ေတြကို လုပ္ေနလိုက္တာ အေကာင္းဆံုးပါပဲ။

Do housework

Do housework

Aquarius

Aquarius ရာသီဖြားေတြဟာ ဥာဏ္ေကာင္းၾကတာမ်ားပါတယ္။ ဥာဏ္စမ္းရတဲ့အလုပ္ေတြကို စိတ္၀င္စားၿပီး ေဒါက္ခနဲ ေဒါက္ခနဲ ေ၀ဖန္ဆံုးျဖတ္ႏိုင္တာဟာ သူတို႔တစ္ေတြရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔တစ္ေတြ စိတ္ဆင္းရဲေနၿပီဆိုရင္လည္း အေကာင္းဆံုးထြက္ေပါက္က Board Game တစ္ခုခုကို အခ်ိန္ေပးၿပီး ေဆာ့လိုက္တာပဲျဖစ္ပါတယ္။ တစ္ညလံုး စိတ္ႏွစ္ၿပီး ဥာဏ္စမ္းရတဲ့ Game တစ္ခုခုကို စိတ္ေအးလက္ေအးေဆာ့ေနလိုက္တာက Aquarius ေတြအတြက္ အေကာင္းဆံုး စိတ္ထြက္ေပါက္ပါ။

Play board game

Play board game

Pisces

Pisces ရာသီဖြားေတြက စိတ္စြမ္းအင္ျမင့္ၾကတဲ့ ရာသီဖြားေတြပါ။ သူတို႔ဟာ စိတ္စြမ္းအင္ျမင့္သေလာက္ စိတ္ဖိစီးမႈလည္း မ်ားေလ့ရွိၾကပါတယ္။ မ်ားေသာအားျဖင့္ Pisces ေတြဟာ အႏုပညာသည္ေတြ၊ ဖန္တီးတီထြင္သူေတြမ်ားၿပီး သူတို႔အတြက္ အလိုအပ္ဆံုးနဲ႔ အေကာင္းဆံုး စိတ္ထြက္ေပါက္ကေတာ့ တရားထိုင္တာပါ။ တရားထိုင္ျခင္းအားျဖင့္ သူတို႔ရဲ႕ စိတ္စြမ္းအင္ေတြလည္း ပိုၿပီးျမင့္တက္လာေစသလို စိတ္ဖိစီးမႈေတြလည္း ေလ်ာ့က်ေစပါတယ္။

Do meditation

Do meditation

ဒါေလးေတြကေတာ့ ရာသီခြင္အလုိက္ စိတ္ထြက္ေပါက္အျဖစ္ လုပ္ေဆာင္သင့္တဲ့ အျပဳအမူေလးေတြပဲျဖစ္ပါတယ္။ အေကာင္းဆံုး စိတ္ထြက္ေပါက္ကို ေရြးခ်ယ္ၿပီး စိတ္အပန္းေျဖၾကပါ။ မဟုတ္ရင္ေတာ့ ဘ၀ႀကီးက စိတ္ပ်က္စရာေကာင္းလြန္းပါတယ္။

Moethaesay (Akhayar)

[Unicode]

ကိုယ့်ရာသီခွင်အလိုက် ဘယ်လိုစိတ်အပန်းဖြေရမလဲ

စိတ်ဓာတ်ကျတယ်၊ စိတ်ပင်ပန်းတာကတော့ လူတိုင်းလူတိုင်း မကြာခဏခံစားနေရတဲ့ ဝေဒနာတွေပါပဲ။ ရှုပ်ထွေးပွေလီလွန်းတဲ့ လောကကြီးမှာ နေထိုင်နေသရွေ့ကတော့ ဒီလိုဝေဒနာတွေကြားက ဘယ်လိုမှထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ခဏတာတော့ စိတ်သက်သာရာရအောင် ဖြေသိမ့်လို့တော့ ရပါတယ်။ စိတ်အပန်းဖြေတဲ့နည်းလမ်းပေါင်းစုံရှိနေတဲ့ကြားကပဲ တစ်ယောက်နဲ့တစ်ယောက်လည်း အသုံးပြုတဲ့နည်းလမ်းတွေက မတူညီကြပါဘူး။ ဒီနေ့ ပြောပြချင်တာကတော့ ကိုယ့်ရဲ့ ရာသီခွင်တွေအပေါ်မူတည်နေတဲ့ အကျင့်စရိုက်တွေအရ ကိုယ်နဲ့အသင့်တော်ဆုံး စိတ်အပန်းဖြေနည်းပဲဖြစ်ပါတယ်။

Aries

Aries ရာသီဖွားတွေဟာ ရုပ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးတဲ့သူတွေပါ။ လမ်းလျှောက်ရင်တောင် သူများထက် ခြေလှမ်းကျဲလို့ အရှေ့ရောက်နေတတ်တဲ့သူမျိုးတွေပေါ့။ ဒါကြောင့် ဒီလိုရာသီဖွားတွေအတွက် အသင့်တော်ဆုံး စိတ်အပန်းဖြေနည်းတစ်ခုကတော့ ပြေးတာပဲ ဖြစ်ပါတယ်။ စိတ်လွတ်လက်လွတ် အမြန်ပြေးနေလိုက်ပါ။ ဒါက Aries တွေကို စိတ်ဖိစီးမှုကနေ လွတ်မြောက်စေပါတယ်။

Go for a run

Go for a run

Taurus

Taurus ရာသီဖွားတွေကို Venus က စောင့်ရှောက်ပါတယ်။ ဒါကြောင့် ဒီရာသီဖွားတွေဆိုတာ အလှအပနဲ့ ဇိမ်ခံခြင်းစတာတွေရဲ့ ပြယုဂ်တစ်ခုပါပဲ။ Taurus တွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့ သက်တောင့်သက်သာဖြစ်နေဖို့ကို ဦးစားပေးလေ့ရှိပါတယ်။ ဒီရာသီဖွားတွေ စိတ်ဖိစီးမှုခံစားနေရပြီဆိုရင် ရနံ့ကုထုံးခံယူတာ အကောင်းဆုံးပါပဲ။ အရာအားလုံးကို ဖြေလျှော့ရင်း မျက်လုံးလေးတွေမှိတ်ထားပြီး ရနံ့ကုထုံးခံယူမယ်ဆိုရင်တော့ Taurus တွေအတွက် စိတ်သက်သာရာအရဆုံး အချိန်တွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

Do aromatherapy

Do aromatherapy

Gemini

Gemini ရာသီဖွားတွေဟာ စကားလုံးတွေကို ချစ်မြတ်နိုးတတ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြိမ်ငြိမ်ကုတ်ကုတ်လေး နေရတာကို ပျော်မွေ့ ပြီး အမြဲတမ်း အတွေးတွေ၊ ခံစားချက်တွေ၊ စကားလုံးတွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့လူမျိုးတွေပေါ့။ ဒီတော့ Gemini တွေ စိတ်ရှုပ်နေပြီဆိုရင် စာအုပ်တစ်အုပ်ထဲမှာ ခံစားနေရတာတွေနဲ့ ဖြစ်နေတာတွေကို ရေးချလိုက်ပါ။ ဒီလို စာလျှောက်ရေးတာဟာ သူတို့ရဲ့ စိတ်ထွက်ပေါက်တစ်ခုဖြစ်လာမှာပါ။

Try free writing

Try free writing

Cancer

Cancer ရာသီဖွားတွေဟာ ရာသီခွင်တွေအားလုံးထဲမှာ စိတ်ခံစားချက်အပြင်းပြဆုံးရာသီခွင်တစ်ခုပါ။ သူတို့ရဲ့ အကျင့်စရိုက်ကတော့ အတိတ်တွေနဲ့ အမှတ်တရတွေကို ခံစားသက်ဝင်လေ့ရှိကြတဲ့အတွက် ဓာတ်ပုံဟောင်းတွေပြန်ကြည့်ပြီး အချိန်ဖြုန်းတာဟာ Cancer တွေရဲ့ စိတ်အပန်းဖြေနည်းတစ်ခုပါပဲ။

Open the memories

Open the memories

Leo

Leo ရာသီဖွားတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ရာသီဖွားတစ်ခုပါ။ သူတို့က သူတို့ကိုယ်သူတို့အချစ်ဆုံးပါပဲ။ ဒါကြောင့် Leo တွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေ တခြားလူတွေလောက် ခံစားရလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ဟာ သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်တတ်ကြတာများလို့ပါပဲ။ ဒီလိုပဲ စိတ်ဖိစီးလာပြီဆိုရင်လည်း Leo တွေရဲ့ အကောင်းဆုံးထွက်ပေါက်က ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်ထားတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

Give self-pleasure

Give self-pleasure

Virgo

Virgo ရာသီဖွားတွေရဲ့ စိတ်က 24/7 အလုပ်လုပ်နေတဲ့သူပါ။ ဒါကြောင့် သူတို့အတွက် အလိုအပ်ဆုံးကတော့ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ဘာမှမစဉ်းစားပဲ နေကြည့်ဖို့ပါပဲ။ ဒီလိုနည်းလမ်းနဲ့ပဲ သူတို့တွေရဲ့ စိတ်ပင်ပန်းမှုတွေကို လျှော့ချနိုင်မှာပါ။ အကောင်းဆုံးအကြံပြုချက်ပေးပါဆိုရင်တော့ တရားထိုင်ပါ၊ ယောဂဆော့ပါ။ ဒီနည်းလမ်းတွေက သူတို့ရဲ့ ဉာဏ်ကွန့်မြူးမှုကို ပိုပြီး ကောင်းလာစေသလို စိတ်ထွက်ပေါက်လည်း ဖြစ်စေပါတယ်။

Do yoga

Do yoga

Libra

Libra ရာသီဖွားတွေကတော့ တည်ငြိမ်သူကြီးတွေပါပဲနော်။ ခံစားချက်ကို ထိန်းချုပ်ထားလို့ တခြားရာသီဖွားတွေထက် နှစ်ဆပိုခံရပါတယ်။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းနဲ့ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ပေးလိုက်ချင်တယ်ဆိုရင်တော့ ရုပ်ရှင်ကြည့်ပါ။ ပုံမှန်အားဖြင့်ဆိုရင်လည်း ပွဲလမ်းသဘက်ကိ မနှစ်သက်တဲ့ရာသီဖွားတွေဖြစ်နေတော့ အိမ်ထဲမှာ တစ်ယောက်တည်း လွမ်းရတဲ့ရုပ်ရှင်ကားတွေကြည့်လိုက်၊ ငိုလိုက်၊ ရယ်ရတဲ့ရုပ်ရှင်ကားတွေကြည့်လိုက်၊ တဝါးဝါးရယ်မောလိုက်။ ဒီနည်းလမ်းနဲ့ပဲ ဖြေဖျောက်သွားနိုင်မှာပါ။

Watch movie

Watch movie

Scorpio

Scorpio ရာသီဖွားတွေဟာ စိတ်ခံစားချက် အရမ်းပြင်းထန်ကြပြီး တန်ပြန်တုန့်ပြန်တဲ့စိတ်ရှိကြပါတယ်။ ကြောက်စရာကောင်းတဲ့ရာသီခွင်လို့လည်း သတ်မှတ်ကြပါတယ်။ သူတို့ကို စိတ်ထွက်ပေါက်ပေးနိုင်တဲ့အရာကတော့ ဂီတတစ်မျိုးထဲပဲရှိတာပါ။ သီချင်းတွေအကျယ်ကြီးဖွင့်နားထောင်စီးမျောပြီး စိတ်ပျက်စရာ အရာအားလုံးကို သီချင်းစာသားတွေထဲ လွှင့်ပစ်လိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမှုကနေ ကယ်တင်လိုက်ပါနော်။

Listen to music

Listen to music

Sagittarius

Sagittarius ရာသီဖွားတွေဟာ စကားအရမ်းများကြပါတယ်။ ဟုတ်တာရော၊ မဟုတ်တာရော အမြဲပြောနေလေ့ရှိကြတာပါ။ ဒါပေမယ့် သူတို့တစ်တွေ စိတ်ဓာတ်ကျပြီဆိုရင်လည်း တစ်အိမ်လုံး တိတ်ဆိတ်သွားပါလိမ့်မယ်။ တော်ရုံအခြေအနေမျိုးနဲ့တော့ တိတ်ဆိတ်သွားတဲ့အထိ စိတ်ဓာတ်ကျမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုတိတ်ဆိတ်သွားပြီဆိုရင်လည်း သူတို့ကို တကယ်စကားပြောပေးပြီး နားလည်မှုနဲ့ အကြံဉာဏ်တွေပေးမယ့် စိတ်ပညာရှင်တစ်ဦးဦးနဲ့ စကားပြောပြီး ကုသတာဟာ အကောင်းဆုံးပါပဲ။

Talk to doctor

Talk to doctor

Capricorn

Capricorn ရာသီဖွားတွေဟာ သဘာဝအားဖြင့်ကို ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲ အလုပ်ကြိုးစားကြသူတွေပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သူမတူအောင် ခိုင်းပါတယ်။ အပင်ပန်းလည်း ခံနိုင်ကြပါတယ်။ သူတို့ စိတ်ဖိစီးပြီဆိုရင်တော့ အိမ်နောက်ဖေးသွားပြီး ရှိသမျှအဝတ်တွေလျှော်နေတာမျိုး၊ တစ်အိမ်လုံးသန့်ရှင်းရေးလုပ်နေတာမျိုး စတဲ့ ကိုယ်ခန္ဒာလှုပ်ရှားပြီး လုပ်ရတဲ့အလုပ်တွေကို လုပ်နေလိုက်တာ အကောင်းဆုံးပါပဲ။

Do housework

Do housework

Aquarius

Aquarius ရာသီဖွားတွေဟာ ဉာဏ်ကောင်းကြတာများပါတယ်။ ဉာဏ်စမ်းရတဲ့အလုပ်တွေကို စိတ်ဝင်စားပြီး ဒေါက်ခနဲ ဒေါက်ခနဲ ဝေဖန်ဆုံးဖြတ်နိုင်တာဟာ သူတို့တစ်တွေရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့တစ်တွေ စိတ်ဆင်းရဲနေပြီဆိုရင်လည်း အကောင်းဆုံးထွက်ပေါက်က Board Game တစ်ခုခုကို အချိန်ပေးပြီး ဆော့လိုက်တာပဲဖြစ်ပါတယ်။ တစ်ညလုံး စိတ်နှစ်ပြီး ဉာဏ်စမ်းရတဲ့ Game တစ်ခုခုကို စိတ်အေးလက်အေးဆော့နေလိုက်တာက Aquarius တွေအတွက် အကောင်းဆုံး စိတ်ထွက်ပေါက်ပါ။

Play board game

Play board game

Pisces

Pisces ရာသီဖွားတွေက စိတ်စွမ်းအင်မြင့်ကြတဲ့ ရာသီဖွားတွေပါ။ သူတို့ဟာ စိတ်စွမ်းအင်မြင့်သလောက် စိတ်ဖိစီးမှုလည်း များလေ့ရှိကြပါတယ်။ များသောအားဖြင့် Pisces တွေဟာ အနုပညာသည်တွေ၊ ဖန်တီးတီထွင်သူတွေများပြီး သူတို့အတွက် အလိုအပ်ဆုံးနဲ့ အကောင်းဆုံး စိတ်ထွက်ပေါက်ကတော့ တရားထိုင်တာပါ။ တရားထိုင်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်စွမ်းအင်တွေလည်း ပိုပြီးမြင့်တက်လာစေသလို စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။

Do meditation

Do meditation

ဒါလေးတွေကတော့ ရာသီခွင်အလိုက် စိတ်ထွက်ပေါက်အဖြစ် လုပ်ဆောင်သင့်တဲ့ အပြုအမူလေးတွေပဲဖြစ်ပါတယ်။ အကောင်းဆုံး စိတ်ထွက်ပေါက်ကို ရွေးချယ်ပြီး စိတ်အပန်းဖြေကြပါ။ မဟုတ်ရင်တော့ ဘဝကြီးက စိတ်ပျက်စရာကောင်းလွန်းပါတယ်။

Moethaesay (Akhayar)