[Zawgyi]

သႀကၤန္ကဲၾကမယ့္သူေတြအတြက္ ေနေလာင္ဒဏ္ေၾကာင့္ အသားအေရမပ်က္စီးေစဖို႔ အိမ္တြင္းကုထံုး

သႀကၤန္လည္း ေရာက္ေတာ့မွာဆိုေတာ့ ကဲဖို႔အတြက္ အားတင္းထားၾကၿပီ ထင္ပါတယ္။ ဒါေပမယ့္ ပူျပင္းလွတဲ့ ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးမွာကိုလည္း စိုးရိမ္ေနရပါေသးတယ္။ ဒီလိုမျဖစ္ရေလေအာင္ ေနေရာင္ျခည္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရကို ျပန္လည္ကုသဖို႔အတြက္ နည္းလမ္းေကာင္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အုတ္ဂ်ံဳ

အုတ္ဂ်ံဳက အသားအေရႏူးညံ႔မႈအတြက္ တကယ့္ကိုေကာင္းမြန္တဲ့ တစ္ခုတည္းေသာအရာပါပဲ။ ဒါ့အျပင္ ပူျပင္းလြန္းတဲ့ ရာသီဥတုေၾကာင့္ ေခၽြးမွတစ္ဆင့္ ျဖစ္ေပၚႏုိင္တဲ့ မိတ္ဖု၊ ေပြး၊ ဝဲ၊ ႏွင္းခူ စတာေတြကိုလည္း သက္သာေစႏိုင္ပါေသးတယ္။ ပန္းကန္လံုးတစ္လံုးထဲကို အုတ္ဂ်ံဳသံုးပံုတစ္ပံုခန္႔ ထည့္ပါ။ ၿပီးေတာ့ ေရေႏြးပူပူကို ပန္းကန္လံုးရဲ႕ ႏွစ္ပံုတစ္ပံုခန္႔၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ အခ်ိဳမပါတဲ့ ဒိန္ခ်ဥ္တို႔ကို ေရာစပ္ၿပီး ရရွိလာတဲ့အေရာအေႏွာကို ေနေလာင္ထားတဲ့ အသားအေရေပၚကို သုတ္လိမ္းေပးပါ။ ၁၀ မိနစ္ခန္႔ထားၿပီး ေရနဲ႔ေဆးခ်လုိက္မယ္ဆိုရင္ ျဖဴေဖြးေခ်ာမြတ္တဲ့ အသားအေရကို ပိုင္ဆိုင္ႏုိင္ၿပီေပါ့။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၂) ရႊံ႕ေစး

ရႊံ႕ေစးက မ်က္ႏွာသစ္ဆပ္ျပာေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္တဲ့ ဓာတ္ပစၥည္းတစ္မ်ိဳးျဖစ္တယ္ဆိုတာ လူတိုင္းသိၿပီးသား ျဖစ္မွာပါ။ ဒါ့ေၾကာင့္ အသားအေရအတြက္ ေကာင္းမြန္တဲ့အေၾကာင္းကို အထူးေျပာစရာ လိုမယ္မထင္ပါဘူး။ ေနေရာင္ျခည္နဲ႔ တုိက္ရိုက္ထိေတြ႔ၿပီး ေလထုထဲမွ ပ်ံ႔လြင့္လာတဲ့ ဖုန္မႈန္႔၊ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြေၾကာင့္ မ်က္ႏွာမည္းညစ္ၿပီး ဝက္ျခံ၊ တင္းတိတ္ စတာေတြ ျဖစ္ေပၚလာရတာပဲ ျဖစ္ပါတယ္။ ဒါေတြကို ေျဖရွင္းေပးႏုိင္ဖို႔အတြက္ ရႊံ႕ေစးနဲ႔ ေပါင္းတင္နည္းလမ္းေလးကို ေျပာျပခ်င္ပါတယ္။ ရႊံ႕ေစး လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ စပ်စ္သီးအရည္ညွစ္ၿပီး လက္ဖက္ရည္ဇြန္းတစ္ဇြန္းႏွင့္ သဘာဝသံလြင္ဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္းတုိ႔ကို ေရာစပ္လုိက္ပါ။ အရည္ခပ္ပ်စ္ပ်စ္ေလး ျဖစ္ေနေစဖို႔အတြက္ ေရအနည္းငယ္ ထည့္လို႔ရပါတယ္။ ၿပီးရင္ေတာ့ ရရွိလာတဲ့ အေရာအေႏွာကို မ်က္ႏွာအႏွံ႔ သုတ္လိမ္းၿပီး ၁၅ မိနစ္ခန္႔ ေလသလပ္ခံလိုက္ပါ။ ေနာက္ဆံုးမွာေတာ့ ေရေအးေအးေလးနဲ႔ ေဆးခ်လုိက္ရံုပါပဲ။ ဒီနည္းလမ္းအတိုင္း ပံုမွန္ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ ဝက္ၿခံကင္းစင္ၿပီး အသားအရည္ ၾကည္လင္ဝင္းပသြားမွာပါ။

(၃) စေတာ္ဘယ္ရီ

မ်က္ႏွာ အဆီျပန္ျခင္း၊ ေနေရာင္ျခည္ေၾကာင့္ မ်က္ႏွာနီျမန္းျခင္း၊ ညစ္ညမ္းတဲ့ ေရေၾကာင့္ အလာ့ဂ်စ္ျဖစ္ျခင္း စတဲ့ အသားအေရျပႆနာမ်ားအတြက္ စေတာ္ဘယ္ရီက ေျဖရွင္းေပးပါလိမ့္မယ္။ စေတာ္ဘယ္ရီက မ်က္ႏွာျပင္ေပၚမွာရွိတဲ့ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးႏုိင္တာေၾကာင့္ အဆီျပန္တာကိုလည္း သက္သာေစပါတယ္။ စေတာ္ဘယ္ရီသီး၊ သံပရုိရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ဒိန္ခ်ဥ္ႏွင့္ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း စတာေတြကို ေရာစပ္ၿပီး ေပါင္းတင္ခ်င္တဲ့ အသားအေရေပၚကို သုတ္လိမ္းေပးပါ။ မိနစ္အနည္းငယ္ထားၿပီး ေရေဆးခ်လိုက္မယ္ဆိုရင္ ေနေလာင္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရေတြ ျပန္လည္ဝင္းပလာတာကို ေတြ႔ျမင္ရမွာပါ။

(၄) အာလူး

အာလူးမွာပါဝင္တဲ့ ဓာတ္မ်ားက ေနေလာင္ဒဏ္ေၾကာင့္ အသားအေရနီျမန္းၿပီး ပူေလာင္ျခင္း၊ စပ္ဖ်င္းဖ်င္းျဖစ္ျခင္း စတာေတြကို သက္သာေစႏိုင္တာေၾကာင့္ နည္းလမ္းေကာင္းေလးပါပဲေနာ္။ အခြံခြာၿပီးသား အာလူးကို အတံုးေသးေသးေလးမ်ား လွီးျဖတ္ထားပါ။ အာလူးတံုးမ်ားနဲ႔ ေရအနည္းငယ္ ေရာစပ္ၿပီး ႀကိတ္စက္ထဲသို႔ ထည့္ႀကိတ္ေပးပါ။ အာလူးအႏွစ္ရည္ျဖစ္သြားသည္အထိ ႀကိတ္ပါ။ ၿပီးရင္ေတာ့ ဝါဂြမ္း၊ ဒါမွမဟုတ္ အရည္စုပ္ယူႏိုင္တဲ့ အဝတ္စတစ္ခုခုနဲ႔ အာလူးအႏွစ္ရည္ထဲကို စိမ္ၿပီး ေနေလာင္ထားတဲ့ အေရျပားေပၚကို သုတ္လိမ္းေပးရမွာပဲ ျဖစ္ပါတယ္။ အာလူးအႏွစ္ရည္ေတြ အသားထဲ စုပ္ယူသြားႏုိင္ေအာင္ ပြတ္တိုက္ေပးပါ။ ဒီနည္းလမ္းအတိုင္း မၾကာမၾကာ ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ ေနေလာင္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရက နဂိုအသားအရည္အတိုင္း ျပန္ျဖစ္လာတာကို ေတြ႔ျမင္ရမွာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၅) မုန္႔ဖုတ္ဆိုဒါ

ေနာက္ထပ္နည္းလမ္းေလးကေတာ့ မုန္႔ဖုတ္ဆိုဒါကို အသံုးျပဳရမွာပဲ ျဖစ္ပါတယ္။ အသားအေရလွပမႈအတြက္ အထူးအားထားရတဲ့ မုန္႔ဖုတ္ဆိုဒါဟာဆိုရင္ ေနေလာင္ဒဏ္ေၾကာင့္ ၾကမ္းတမ္းသြားတဲ့ အသားအေရကို ျပန္လည္ႏူးညံ႔ေခ်ာေမြ႔သြားေစၿပီး နီျမန္းျခင္းကို သက္သာေစႏိုင္တဲ့ အစြမ္းမ်ားစြာ ပါရွိပါတယ္။ အသံုးျပဳပံုကလည္း ရိုးရွင္းလွပါတယ္။ မုန္႔ဖုတ္ဆိုဒါထဲသို႔ ေအးျမေနတဲ့ေရ (ေအးလြန္းေသာေရမဟုတ္) အနည္းငယ္ေရာစပ္လိုက္ၿပီး ရရွိလာတဲ့ အႏွစ္ကို ေနေလာင္ထားတဲ့ အသားအေရေပၚကို သုတ္လိမ္းေပးရမွာပဲ ျဖစ္ပါတယ္။ ေျခာက္ေသြ႔သြားၿပီဆိုရင္ေတာ့ ေရသန္႔သန္႔ေလးနဲ႔ ေဆးေၾကာသန္႔စင္လုိက္ရံုပါပဲ။ ဒီနည္းလမ္းေလးကေတာ့ လြယ္ကူရိုးရွင္းတဲ့အျပင္ တစ္ခဏအတြင္း ထူးျခားမႈကို ခံစားရမွာပါ။

(၆) ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္က အသားအေရေအးျမေစၿပီး ေနေလာင္ဒဏ္ေၾကာင့္ ထြက္ေပၚလာတဲ့ အမည္းစက္မ်ား၊ အနီစက္မ်ားကို အထိေရာက္ဆံုး ဖယ္ရွားေပးႏုိင္တဲ့ ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ပါပဲ။ ရွားေစာင္းလက္ပတ္အတြင္းသားကို ေနေလာင္ထားတဲ့ ေနရာအႏွ႔ံကို ပြတ္တိုက္ေပးပါ။ အသားအေရေအးျမလာၿပီး ထူးျခားတဲ့အစြမ္းမ်ားကို ေတြ႔ျမင္ခံစားရမွာပါ။ ရွားေစာင္းလက္ပတ္ရဲ႔ ထူးျခားတဲ့ အစြမ္းအာနိသင္မ်ားေၾကာင့္ ေနေလာင္လို႔ ပ်က္စီးသြားတဲ့ အသားအေရအတြက္ စိတ္ပူစရာ မလိုေတာ့ပါဘူး။

ေဖာ္ျပေပးသြားတဲ့ နည္းလမ္းေလးေတြဟာဆိုရင္ လြယ္ကူရိုးရွင္းတဲ့အျပင္ ထိေရာက္မႈရွိလွတာေၾကာင့္ ေနေလာင္မွာကို စိုးရိမ္ေနစရာမလိုေတာ့ဘဲ ႏွစ္သစ္ကူး အတာသႀကၤန္ပြဲေတာ္ကို ေပ်ာ္ေပ်ာ္ႀကီး ဆင္ႏႊဲလုိက္ပါေတာ့ေနာ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်ကဲကြမယ့်သူတွေအတွက် နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ အိမ်တွင်းကုထုံး

သင်္ကြန်လည်း ရောက်တော့မှာဆိုတော့ ကဲဖို့အတွက် အားတင်းထားကြပြီ ထင်ပါတယ်။ ဒါပေမယ့် ပူပြင်းလှတဲ့ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမှာကိုလည်း စိုးရိမ်နေရပါသေးတယ်။ ဒီလိုမဖြစ်ရလေအောင် နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုသဖို့အတွက် နည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အုတ်ဂျုံ

အုတ်ဂျုံက အသားအရေနူးညံ့မှုအတွက် တကယ့်ကိုကောင်းမွန်တဲ့ တစ်ခုတည်းသောအရာပါပဲ။ ဒါ့အပြင် ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ချွေးမှတစ်ဆင့် ဖြစ်ပေါ်နိုင်တဲ့ မိတ်ဖု၊ ပွေး၊ ဝဲ၊ နှင်းခူ စတာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ပန်းကန်လုံးတစ်လုံးထဲကို အုတ်ဂျုံသုံးပုံတစ်ပုံခန့် ထည့်ပါ။ ပြီးတော့ ရေနွေးပူပူကို ပန်းကန်လုံးရဲ့ နှစ်ပုံတစ်ပုံခန့်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ အချိုမပါတဲ့ ဒိန်ချဉ်တို့ကို ရောစပ်ပြီး ရရှိလာတဲ့အရောအနှောကို နေလောင်ထားတဲ့ အသားအရေပေါ်ကို သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ဖြူဖွေးချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပြီပေါ့။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၂) ရွှံ့စေး

ရွှံ့စေးက မျက်နှာသစ်ဆပ်ပြာတော်တော်များများမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ဒါ့ကြောင့် အသားအရေအတွက် ကောင်းမွန်တဲ့အကြောင်းကို အထူးပြောစရာ လိုမယ်မထင်ပါဘူး။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပြီး လေထုထဲမှ ပျံ့လွင့်လာတဲ့ ဖုန်မှုန့်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် မျက်နှာမည်းညစ်ပြီး ဝက်ခြံ၊ တင်းတိတ် စတာတွေ ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ရွှံ့စေးနဲ့ ပေါင်းတင်နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ ရွှံ့စေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ စပျစ်သီးအရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် သဘာဝသံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်လိုက်ပါ။ အရည်ခပ်ပျစ်ပျစ်လေး ဖြစ်နေစေဖို့အတွက် ရေအနည်းငယ် ထည့်လို့ရပါတယ်။ ပြီးရင်တော့ ရရှိလာတဲ့ အရောအနှောကို မျက်နှာအနှံ့ သုတ်လိမ်းပြီး ၁၅ မိနစ်ခန့် လေသလပ်ခံလိုက်ပါ။ နောက်ဆုံးမှာတော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံကင်းစင်ပြီး အသားအရည် ကြည်လင်ဝင်းပသွားမှာပါ။

(၃) စတော်ဘယ်ရီ

မျက်နှာ အဆီပြန်ခြင်း၊ နေရောင်ခြည်ကြောင့် မျက်နှာနီမြန်းခြင်း၊ ညစ်ညမ်းတဲ့ ရေကြောင့် အလာ့ဂျစ်ဖြစ်ခြင်း စတဲ့ အသားအရေပြဿနာများအတွက် စတော်ဘယ်ရီက ဖြေရှင်းပေးပါလိမ့်မယ်။ စတော်ဘယ်ရီက မျက်နှာပြင်ပေါ်မှာရှိတဲ့ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်တာကြောင့် အဆီပြန်တာကိုလည်း သက်သာစေပါတယ်။ စတော်ဘယ်ရီသီး၊ သံပရိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ်နှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း စတာတွေကို ရောစပ်ပြီး ပေါင်းတင်ချင်တဲ့ အသားအရေပေါ်ကို သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေဆေးချလိုက်မယ်ဆိုရင် နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေ ပြန်လည်ဝင်းပလာတာကို တွေ့မြင်ရမှာပါ။

(၄) အာလူး

အာလူးမှာပါဝင်တဲ့ ဓာတ်များက နေလောင်ဒဏ်ကြောင့် အသားအရေနီမြန်းပြီး ပူလောင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း စတာတွေကို သက်သာစေနိုင်တာကြောင့် နည်းလမ်းကောင်းလေးပါပဲနော်။ အခွံခွာပြီးသား အာလူးကို အတုံးသေးသေးလေးများ လှီးဖြတ်ထားပါ။ အာလူးတုံးများနဲ့ ရေအနည်းငယ် ရောစပ်ပြီး ကြိတ်စက်ထဲသို့ ထည့်ကြိတ်ပေးပါ။ အာလူးအနှစ်ရည်ဖြစ်သွားသည်အထိ ကြိတ်ပါ။ ပြီးရင်တော့ ဝါဂွမ်း၊ ဒါမှမဟုတ် အရည်စုပ်ယူနိုင်တဲ့ အဝတ်စတစ်ခုခုနဲ့ အာလူးအနှစ်ရည်ထဲကို စိမ်ပြီး နေလောင်ထားတဲ့ အရေပြားပေါ်ကို သုတ်လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ အာလူးအနှစ်ရည်တွေ အသားထဲ စုပ်ယူသွားနိုင်အောင် ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းအတိုင်း မကြာမကြာ ပြုလုပ်ပေးမယ်ဆိုရင်တော့ နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေက နဂိုအသားအရည်အတိုင်း ပြန်ဖြစ်လာတာကို တွေ့မြင်ရမှာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၅) မုန့်ဖုတ်ဆိုဒါ

နောက်ထပ်နည်းလမ်းလေးကတော့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ အသားအရေလှပမှုအတွက် အထူးအားထားရတဲ့ မုန့်ဖုတ်ဆိုဒါဟာဆိုရင် နေလောင်ဒဏ်ကြောင့် ကြမ်းတမ်းသွားတဲ့ အသားအရေကို ပြန်လည်နူးညံ့ချောမွေ့သွားစေပြီး နီမြန်းခြင်းကို သက်သာစေနိုင်တဲ့ အစွမ်းများစွာ ပါရှိပါတယ်။ အသုံးပြုပုံကလည်း ရိုးရှင်းလှပါတယ်။ မုန့်ဖုတ်ဆိုဒါထဲသို့ အေးမြနေတဲ့ရေ (အေးလွန်းသောရေမဟုတ်) အနည်းငယ်ရောစပ်လိုက်ပြီး ရရှိလာတဲ့ အနှစ်ကို နေလောင်ထားတဲ့ အသားအရေပေါ်ကို သုတ်လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ခြောက်သွေ့သွားပြီဆိုရင်တော့ ရေသန့်သန့်လေးနဲ့ ဆေးကြောသန့်စင်လိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးကတော့ လွယ်ကူရိုးရှင်းတဲ့အပြင် တစ်ခဏအတွင်း ထူးခြားမှုကို ခံစားရမှာပါ။

(၆) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အသားအရေအေးမြစေပြီး နေလောင်ဒဏ်ကြောင့် ထွက်ပေါ်လာတဲ့ အမည်းစက်များ၊ အနီစက်များကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပါပဲ။ ရှားစောင်းလက်ပတ်အတွင်းသားကို နေလောင်ထားတဲ့ နေရာအနှံ့ကို ပွတ်တိုက်ပေးပါ။ အသားအရေအေးမြလာပြီး ထူးခြားတဲ့အစွမ်းများကို တွေ့မြင်ခံစားရမှာပါ။ ရှားစောင်းလက်ပတ်ရဲ့ ထူးခြားတဲ့ အစွမ်းအာနိသင်များကြောင့် နေလောင်လို့ ပျက်စီးသွားတဲ့ အသားအရေအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။

ဖော်ပြပေးသွားတဲ့ နည်းလမ်းလေးတွေဟာဆိုရင် လွယ်ကူရိုးရှင်းတဲ့အပြင် ထိရောက်မှုရှိလှတာကြောင့် နေလောင်မှာကို စိုးရိမ်နေစရာမလိုတော့ဘဲ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပျော်ပျော်ကြီး ဆင်နွှဲလိုက်ပါတော့နော်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။