[Zawgyi]

ခႏၶာကိုယ္ကို ေၾကာ႔ရွင္းလွပေစတဲ့ Lingerie မ်ား

မိန္းကေလးတစ္ေယာက္ကို အလွပဆံုးနဲ႔ အေၾကာ႔ရွင္းဆံုးျဖစ္ေအာင္ ဖန္တီးေပးႏိုင္တာ မိတ္ကပ္ေတြ အလွကုန္ပစၥည္းေတြမဟုတ္ခဲ့ပါဘူး။ အက်ီၤအဝတ္အစားလို႔ေျပာမယ္ဆိုရင္လည္း မမွန္ေသးျပန္ဘူး။ အက်ီၤအဝတ္အစားကို ဘယ္လိုပဲ အေကာင္းစား Brand တစ္ခုကို ဝယ္ထားေနပါေစဦးေတာ့ ကိုယ့္ရဲ႕ အတြင္းခံ Lingerie ေတြ ပံုစံမက်ရင္ ဘယ္လိုမွ ေသေသသပ္သပ္နဲ႔ ေၾကာ႔ရွင္းျပီးလွေနႏိုင္မွာ မဟုတ္ပါဘူး။ သာမန္အတြင္းခံဝတ္ရင္လည္း ရေနသားပဲ ဘာလို႔ Lingerie ဝတ္ဖို႔လိုအပ္လဲဆိုျပီး ေမးခြန္းထုတ္နိုင္ပါတယ္။ ဘာေတြကြာျခားလဲဆိုတာကို ေအာက္မွာဆက္ျပီး ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

ရိုးရိုးသာမန္အတြင္းခံဟာ အဝတ္အစားတစ္ခုအေနနဲ႔သာ တည္ရွိေနတာျဖစ္ပါတယ္။ ဒီဇိုင္းနဲ႔ အရည္အေသြးကို အသားမေပးဘဲ ထသြားထလာဝတ္ဖို႔ကိုသာ ဦးတည္ျပီး ထုတ္ၾကတာျဖစ္ပါတယ္။ Lingerie ကေတာ့ ဒီဇုိင္း၊ ခ်ုပ္တဲ့ပိတ္စကအစ ခ်ဳပ္ရိုးခ်ဳပ္သားေတြအထိ အဆံုး အေသအခ်ာဂရုစိုက္ျပီး ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ႏွစ္ခုလံုးေတာ့ အတြင္းခံေတြပါပဲ။ ဒါေပမယ့္ ရည္ရြယ္ခ်က္ေတြေတာ့ မတူၾကပါဘူး။

lingerie-suit

သာမန္အတြင္းခံေတြက အေပၚမွာေျပာခဲ့သလို ထသြားထလာသြားတဲ့အခါေတြမွာသာ ဝတ္ဆင္ဖို႔သင့္ေတာ္ပါတယ္။ Lingerie ကေတာ့ ကိုယ့္ဟိတ္ကိုယ့္ဟန္နဲ႔ လူအမ်ားကို အုပ္ခ်ဳပ္ေနၾကတဲ့ စီးပြားေရးလုပ္ငန္းရွင္ အမ်ိဳးသမီးေတြ ဝတ္ဆင္သင့္ပါတယ္။ အထူးသျဖင့္ ကိုယ္က Fashion လိုက္စားေနတဲ့သူမ်ိဳး၊ ေမာ္ဒယ္လ္တစ္ေယာက္ဆိုရင္ေတာ့ မျဖစ္မေနဝတ္သင့္ပါတယ္ေနာ္။ ဒါ့အျပင္ Special Occasion ေတြ သြားတဲ့အခါမ်ိဳးေတြမွာလည္း ဝတ္ဆင္သင့္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ရည္ရြယ္ခ်က္မတူၾကတဲ့အျပင္ ခံစားရတဲ့ခံစားခ်က္ေတြကလည္း မတူၾကပါဘူး။ ခံစားရတဲ့ခံစားခ်က္လည္း မတူၾကပါဘူး။ Lingerie ကို ဝတ္လုိက္တာနဲ႔ ယံုၾကည္မႈပိုရွိသြားေစသလို၊ ပိုုျပီး ဆြဲေဆာင္မႈပိုရွိိိသြားေစပါတယ္။ ဒါေၾကာင့္လည္း Valentine Day ေတြမ်ား ခ်စ္သူေကာင္ေလးေတြက Valentine Day Present အေနနဲ႔ လက္ေဆာင္ေပးၾကတာျဖစ္ပါတယ္။ ခ်စ္သူေကာင္ေလးနဲ႔ Date တဲ့အခါမွာလည္း ဝတ္ဆင္ၾကပါေသးတယ္တဲ့ေနာ္။

ဒီအတြက္ မိန္းကေလးေတြမွာ တစ္ထည္ေလာက္ေတာ့ ရွိထားသင့္တဲ့ Lingerie Brand ေတြကို ေဖာ္ျပလို႔ေပးလိုက္ပါတယ္။ အေကာင္းဆံုး Lingerie Brand ၁၀ ခုရွိလို႔ေနပါတယ္။

၁။ Victoria’s Secret
၂။ Pink
၃။ Zivame
၄။ Gap Body
၅။ Amante
၆။ Bare Necessities
၇။ Calvin Klein
၈။ Triumph
၉။ Marks and Spencer
၁၀။ Jockey တို႔ပါပဲ။

ကိုယ့္ရဲ႕ ခႏၶာကိုယ္ေလးကို အေပၚယံ ပကာသနေတြအတြက္ ျဖဳန္းတီးမေနဘဲ အဓိကျဖစ္တဲ့ Shape လည္းေပၚ Style လည္းက် ေစမယ့္ Lingerie ကို အလွ်ံအပယ္ၾကီး ဝယ္မထားရင္ေတာင္ တစ္ထည္ေလာက္ေတာ့ ဝယ္ျဖစ္ေအာင္ ဝယ္ထားသင့္ပါတယ္ေနာ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ခန္ဓာကိုယ်ကို ကြော့ရှင်းလှပစေတဲ့ Lingerie များ

မိန်းကလေးတစ်ယောက်ကို အလှပဆုံးနဲ့ အကြော့ရှင်းဆုံးဖြစ်အောင် ဖန်တီးပေးနိုင်တာ မိတ်ကပ်တွေ အလှကုန်ပစ္စည်းတွေမဟုတ်ခဲ့ပါဘူး။ အကျီၤအဝတ်အစားလို့ပြောမယ်ဆိုရင်လည်း မမှန်သေးပြန်ဘူး။ အကျီၤအဝတ်အစားကို ဘယ်လိုပဲ အကောင်းစား Brand တစ်ခုကို ဝယ်ထားနေပါစေဦးတော့ ကိုယ့်ရဲ့ အတွင်းခံ Lingerie တွေ ပုံစံမကျရင် ဘယ်လိုမှ သေသေသပ်သပ်နဲ့ ကြော့ရှင်းပြီးလှနေနိုင်မှာ မဟုတ်ပါဘူး။ သာမန်အတွင်းခံဝတ်ရင်လည်း ရနေသားပဲ ဘာလို့ Lingerie ဝတ်ဖို့လိုအပ်လဲဆိုပြီး မေးခွန်းထုတ်နိုင်ပါတယ်။ ဘာတွေကွာခြားလဲဆိုတာကို အောက်မှာဆက်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

ရိုးရိုးသာမန်အတွင်းခံဟာ အဝတ်အစားတစ်ခုအနေနဲ့သာ တည်ရှိနေတာဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ အရည်အသွေးကို အသားမပေးဘဲ ထသွားထလာဝတ်ဖို့ကိုသာ ဦးတည်ပြီး ထုတ်ကြတာဖြစ်ပါတယ်။ Lingerie ကတော့ ဒီဇိုင်း၊ ချုပ်တဲ့ပိတ်စကအစ ချုပ်ရိုးချုပ်သားတွေအထိ အဆုံး အသေအချာဂရုစိုက်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နှစ်ခုလုံးတော့ အတွင်းခံတွေပါပဲ။ ဒါပေမယ့် ရည်ရွယ်ချက်တွေတော့ မတူကြပါဘူး။

lingerie-suit

သာမန်အတွင်းခံတွေက အပေါ်မှာပြောခဲ့သလို ထသွားထလာသွားတဲ့အခါတွေမှာသာ ဝတ်ဆင်ဖို့သင့်တော်ပါတယ်။ Lingerie ကတော့ ကိုယ့်ဟိတ်ကိုယ့်ဟန်နဲ့ လူအများကို အုပ်ချုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတွေ ဝတ်ဆင်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်က Fashion လိုက်စားနေတဲ့သူမျိုး၊ မော်ဒယ်လ်တစ်ယောက်ဆိုရင်တော့ မဖြစ်မနေဝတ်သင့်ပါတယ်နော်။ ဒါ့အပြင် Special Occasion တွေ သွားတဲ့အခါမျိုးတွေမှာလည်း ဝတ်ဆင်သင့်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ရည်ရွယ်ချက်မတူကြတဲ့အပြင် ခံစားရတဲ့ခံစားချက်တွေကလည်း မတူကြပါဘူး။ ခံစားရတဲ့ခံစားချက်လည်း မတူကြပါဘူး။ Lingerie ကို ဝတ်လိုက်တာနဲ့ ယုံကြည်မှုပိုရှိသွားစေသလို၊ ပိုုပြီး ဆွဲဆောင်မှုပိုရှိသွားစေပါတယ်။ ဒါကြောင့်လည်း Valentine Day တွေများ ချစ်သူကောင်လေးတွေက Valentine Day Present အနေနဲ့ လက်ဆောင်ပေးကြတာဖြစ်ပါတယ်။ ချစ်သူကောင်လေးနဲ့ Date တဲ့အခါမှာလည်း ဝတ်ဆင်ကြပါသေးတယ်တဲ့နော်။

ဒီအတွက် မိန်းကလေးတွေမှာ တစ်ထည်လောက်တော့ ရှိထားသင့်တဲ့ Lingerie Brand တွေကို ဖော်ပြလို့ပေးလိုက်ပါတယ်။ အကောင်းဆုံး Lingerie Brand ၁၀ ခုရှိလို့နေပါတယ်။

၁။ Victoria’s Secret
၂။ Pink
၃။ Zivame
၄။ Gap Body
၅။ Amante
၆။ Bare Necessities
၇။ Calvin Klein
၈။ Triumph
၉။ Marks and Spencer
၁၀။ Jockey တို့ပါပဲ။

ကိုယ့်ရဲ့ ခန္ဓာကိုယ်လေးကို အပေါ်ယံ ပကာသနတွေအတွက် ဖြုန်းတီးမနေဘဲ အဓိကဖြစ်တဲ့ Shape လည်းပေါ် Style လည်းကျ စေမယ့် Lingerie ကို အလျှံအပယ်ကြီး ဝယ်မထားရင်တောင် တစ်ထည်လောက်တော့ ဝယ်ဖြစ်အောင် ဝယ်ထားသင့်ပါတယ်နော်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။