ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး IT အလုပ်ကိုင် 10 မျိုး

ဘယ်အလုပ်ကိုင်မှာမဆို ကျွမ်းကျင်ရာလိမ္မာဆိုတဲ့စကားတိုင်း ကိုယ်စွမ်းဆောင်နိုင်တဲ့ အပိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ရင်တော့ အလုပ်ရှင်တွေက Welcome ဖြစ်မှာ အမှန်ပါပဲ။ ကိုယ်ကျွမ်းကျင်တဲ့ Skill အလိုက် လစာများများရနိုင်သလို ကမ္ဘာတစ်ဝှမ်းက ဝင်ငွေအကောင်းဆုံး IT အလုပ်ကိုင် 10 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

10. Information Security Engineer ($131,300)

Information Security Engineer တစ်ယောက်ရဲ့ တာဝန်ကမသေးလှပါဘူး၊ ကုမ္ပဏီတခုလုံး လည်ပတ်နေတဲ့ Data နဲ့ Assets အားလုံးကို Hacker နဲ့ ပြိုင်ဖက်တွေ လွယ်လွယ်ခိုးမရအောင် ကာကွယ်ပေးရပါတယ်။ ဒါကြောင့်မလို့ အရမ်းပဲ တာဝန်ကြီးသလို တစ်ခုခုချို့ယွင်းသွားတာနဲ့ ချက်ချင်းခေါင်းပေါ်ကျပြီး မတွေးရက်စရာ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရတတ်တဲ့အထိ တာဝန်ကြီးလှပါတယ်။

9. DevOps Engineer ($137,400)

Development and Operation Engineer ကတော့ Code ရေးသားတဲ့နေရာမှာ အရေးပါပြီး အချိန်နဲ့တပြေးညီ Code ဖော်၊ မြန်မြန်ဆန်ဆန် ရေးသားပေးရတဲ့ တာဝန်ယူထားရတာပါ။

8. Enterprise Architect ($144,400)

Enterprise Architect ကတော့ Servers ၊ Software နဲ့ တခြား IT Assets တွေအတွက် ဘယ်လို Plan မျိုးနဲ့ ဆောင်ရွက်ရမယ်၊ ဘယ် Workflow နဲ့သွားပြီး အစီစဉ်အကောင်ထည်ဖော်နိုင်ဖို့ ညွန်ကြားပေးရသူပါ။ ဒါကြောင့်မလို့ Enterprise Architect တယောက်ရဲ့ Strategy Plan ဟာ အရေးပါလှပြီး ယူထားတဲ့တာဝန်ကလည်း မသေးလှပါဘူး။

7.Technical Program Manager ($145,000)

Technical Programming Manager ကတော့ ကုမ္ပဏီအတွင်း Run နေတဲ့ Projects တွေ၊ အသုံးပြုနေတဲ့ Text Codes တွေကို အစဉ်မြဲလေ့လာစောင့်ကြည့်ရမှာဖြစ်ပြီး လိုအပ်ရင်လိုအပ်သလို Development Process အတွက် ရှေးရှုတာမျိုး၊ ထုတ်ကုန်ပစ္စည်းစာရင်းဇယားဆွဲပြီး စီမံခန့်ခွဲတာမျိုး လုပ်ဆောင်ရပါတယ်။

6. Software Architect ($145,400)

Software Architect ကတော့ Software ရေးဆွဲတဲ့ အစီစဉ်တခုလုံး တာဝန်ယူပေးရပြီး ဘယ်လို Plan ၊ Strategy နဲ့ လှုပ်ရှားမယ်ဆိုတာကအစ Setting ချပေးရတာပါ။

5. Application Architect ($149,000)

Application Architect ကျပြန်တော့ ကုမ္ပဏီမှာ ဘယ်လို Strategy Application သုံးပြီးလည်ပတ်မယ်၊ ရှိပြီးသား နည်းပညာတွေနဲ့ ဘယ်လို Develop ဖြစ်လာအောင် စွမ်းဆောင်ပြီး အသစ်တခုတည်ဆောက်ရင်ဆောက် ဒါမှမဟုတ် Prototype နမူနာတစ်ခုအနေနဲ့ အနာဂတ်မှာ ဘယ်လို Application မျိုးဖန်တီးမယ်ဆိုပြီး အမြဲတမ်း ဆန်းစစ်၊ ဦးနှောက်သုံးပြီး အလုပ်လုပ်နေရတာပါ။

4. Infrastructure Architect ($153,000)

သူကတော့ ကုမ္ပဏီတခုလုံးအသုံးပြုနေတဲ့ IT System ရဲ့ အကြီးဆုံးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားရပြီး Servers ၊ Data Centers နဲ့ Cloud Computing Platforms စတဲ့အပိုင်းကိုလည်း ဦးဆောင်ရပါသေးတယ်။

3. Software Development Manager ($153,300)

Manager ဆိုတဲ့အတိုင်း IT Team တစ်ခုလုံးကို ဦးဆောင်ရမှာဖြစ်ပြီး လည်ပတ်နေတဲ့ Development Process ၊ စမ်းသပ်နေတဲ့ System နဲ့ Application စတာအားလုံးရဲ့ အခြေနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာပြီး တိုးတက်လာအောင် ညွန်ကြားပေးရတာပါ။

2. Data Warehouse Architect ($154,800)

Data Warehouse Architect ကတော့ ကုမ္ပဏီအတွင်း ရင်းနှီးမြုပ်နှံထားတဲ့ တန်ဖိုးကြီး Data အချက်လက်တွေနဲ့ ဘယ်လိုလည်ပတ်မလဲ၊ နောက်ြပီး Data Analysis လုပ်ဖို့အတွက် ပါဝင်ကူညီရသေးပြီး တာဝန်ကြီးကြီးယူထားရတယ် ဆိုရပါမယ်။

1. Software Engineering Manager ($163,500)

Software Engineering Manager က လစာအကောင်းဆုံးဖြစ်သလို စွယ်စုံရ၊ ကျွမ်းကျင်ပညာရှင်ထဲမှာလည်း ပါဝင်ပါတယ်။ အဓိက Development နဲ့ Research အပိုင်းတာဝန်ယူထားရတာဆိုတော့ Software ပိုင်း လုံလုံခြုံခြုံဖြစ်ဖို့၊ Maintain လုပ်ဖို့၊ ကောင်းကောင်းလည်ပတ်ဖို့စတဲ့အချက်တွေအားလုံး အချိန်နဲ့တပြေးညီ စီမံခန့်ခွဲပြီး တာဝန်ပေးရတဲ့အလုပ်ကို လုပ်ကိုင်ရသူပါ။

2B (Akhayar)
www.akhayar.