[Zawgyi]
We L!T Water Festival
God’s Theatre
GOTHAM Water Festival
SAVAGE Water Festival
www.akhayar.com
Photo Credit : Papawady
[Unicode]
၂၀၁၈ သင်္ကြန်မှာ ဝုန်းဖို့ အလန်းဆုံးမဏ္ဍပ်များ
ကဲ..ကဲ.. ကဲ ဘော်ဒါတို့ရေ ဒီနှစ်သင်္ကြန်မှာ ရန်ကုန်မှာ ရှိတယ်ဆိုရင်၊ ဝုန်းဖို့လည်း စိတ်အားထက်သန်နေတယ်ဆိုရင် ရန်ကုန်မှာ အလန်းဆုံး ဒီမဏ္ဍပ်တွေက ဘော်ဒါတို့ကို အသင့်စောင့်ကြိုနေပါတယ်။
Thingyan Music Festival – TMF
TMF ကတော့ အကောင်းကြိုက်သူတွေ သိပြီးသား ဖြစ်မှာပါ။ Headliners တွေကတော့ Day 1 မှာ Shapov ၊ Day 2 မှာ Krewella ၊ Day 3 မှာ Yellow Claw ၊ Day 4 မှာ Ummet Ozcan နဲ့ Brennan Heart တို့ ဖျော်ဖြေမှာ ဖြစ်ပြီး Local Djs တွေ ဖြစ်တဲ့ Biggy Wyne ၊ The Bugbears  တို့က အကြိုနေ့မှာ ရှိနေမှာပါ။
အကျနေ့မှာတော့ Y3LLO ၊ Terror Bass တို့ ရှိမှာ ဖြစ်သလို အကြတ်နေ့မှာတော့ Double U နဲ့ ပြည်ပက စူပါစတားတွေ ဖြစ်တဲ့ Sophie Francis တို့ကလည်း ဖျော်ဖြေပေးမှာပါ။ အတက်နေ့မှာတော့ Fuse ရဲ့ Resident Lady DJ တစ်ယောက်ဖြစ်တဲ့ Kitty တို့လည်း ရှိနေမှာပါ။
All Days Tickets တွေက Party Zone ကို တစ်သိန်းကျပ်နဲ့ Madness Zone ကို နှစ်သိန်းကျပ်သတ်မှတ်ထားပါတယ်။ တစ်ရက်ချင်းစီလည်း ဝယ်လို့ ရပြီး Party Zone အတွက် Day 1 ကို ၂၀,၀၀၀ ကျပ်၊ Day 2 ကို ၃၀,၀၀၀ ကျပ်၊ Day 3 နဲ့ Day 4 ကို ၅၀၀၀၀ ကျပ်သတ်မှတ်ထားပြီး Madness Zone အတွက်လည်း တစ်ရက်ကို ဈေးနည်းနည်းစီမြှင့်ပြီး သတ်မှတ်ထားပါတယ်။ အသေးစိတ်သိချင်ရင်တော့ TMF ရဲ့ Page မှာလည်း ကြည့်ရှုလို့ ရပြီး TMF ရဲ့ တည်နေရာကတော့ ပြည်လမ်းမှာပါနော်။
We L!T Water Festival
We L!T Water Festival ကတော့ ပြည်လမ်း ရွှေဟင်္သာကွန်ဒိုအနီး RC 2 ထွက်ပေါက်နားမှာ ရှိမှာ ဖြစ်ပြီး  ဧပြီ ၁၄ရက်နဲ့ ၁၅ ရက်တွေမှာ Big Bag Band က ရှိနေမှာ ဖြစ်ပါတယ်။ Dee Dee လို့ ခေါ်တဲ့ စန္ဒီမြင့်လွင့်လည်း ရှိနေမှာ ဖြစ်ပြီး Local Dj (၁၀) ယောက်ကျော်ခေါ်ထားတာဖြစ်လို့ EDM ရော၊ Rap နဲ့ Rock ပရိသတ်ရော အကုန်အစုံ ဝုန်းလို့ ရမှာပါ။ All Days Ticket တွေအနေနဲ့ကတော့ Tier 1 ကို GA ၄၇,၀၀၀ ကျပ် ၊ VIP ၉၀,၀၀၀ ကျပ်ဖြစ်ပြီး Tier 2 ကတော့ GA ၅၅,၀၀၀ ကျပ်၊ VIP ၁၀၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ တစ်နေ့ချင်းစီရဲ့ ဈေးနှုန်းတွေလည်း We L!T ရဲ့  Page မှာ တင်ထားတဲ့အတွက် ကြည့်ရှုဝယ်ယူနိုင်မှာပါ။
God’s Theatre
ဒီတစ်ခါလည်း Rock တွေနဲ့ ဝုန်းမယ်ဆိုတဲ့ ဘဲကြီးတွေအတွက် အမှတ် (၅၄) ပြည်လမ်းမှာ God’s Theatre ရှိနေမှာပါဗျ။ God’s Theatre ဆိုတာ ဟိုးအရင်တည်းက အစဉ်အလာရှိတဲ့ မဏ္ဍပ်ကြီးဖြစ်ပြီး အခုလည်း Rock Bands တွေ ဖြစ်တဲ့ Idiots ၊ Wanted နဲ့ Reason တို့နဲ့ အတူ ရှိနေမှာပါ။ ဈေးနှုန်းတွေကိုတော့ Zeus ၊ Poseidon ၊ Hermes ဆိုပြီး သတ်မှတ်ထားပြီး Hermes (Regular) ဆိုရင် All Days – ၇၀,၀၀၀ ကျပ်၊ Poseidon (VIP) ဆိုရင် All Days – ၁၄၀,၀၀၀ ကျပ်၊ Zeus (Table – 5 Pax) ဆိုရင်တော့ All Days – ၈၀၀,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
BlackJack Water Festival
BlackJack Water Festival ကတော့ အမှတ် 5D ၊ ပြည်လမ်း၊ Vantage Tower ဘေး၊ ရိုးမရိပ်သာလမ်းထောင့်၊ ကမာရွတ်မြို့နယ်မှာ တည်ရှိပြီး Int’l DJ တွေအနေနဲ့ Lucas & Steve ၊ Rave Radio တို့က Headliner အနေနဲ့ ရှိမှာ ဖြစ်ပြီး အခြား Local Female DJ တွေရော၊ Male DJ တွေပါ ရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ All Days Ticket တွေကို ၅၀,၀၀၀ ကျပ်ဖြစ်ပြီး VIP All Days ကိုတော့ ၁၀၀,၀၀၀ ကျပ် နဲ့ ရောင်းချပေးနေပါတယ်။ လက်မှတ်ဈေးအပြောင်းအလဲနဲ့ DJ Line Up ကို BlackJack Page မှာ ကြည့်နိုင်ပါတယ်။
Barrack Water Festival
ဒီနှစ်တော့ ပြည်လမ်းသင်္ကြန်ဆိုတဲ့အတိုင်း Barrack Water Festival ဟာလည်း ပြည်လမ်းမှာပဲ ရှိနေဦးမှာပါ။ Dirtcaps ၊ Da Candy တို့အပြင် Anegga ၊ Babu_x ၊ Beast နဲ့ DOUBLE U တို့လည်း ရှိနေမှာ ဖြစ်တဲ့အတွက် DJ တွေကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ GA Ticket (Tier 1) ကို ၅၀၀၀၀ ကျပ်နဲ့ ရောင်းချနေပြီး (Tier 2) ကို ၆၀၀၀၀ ကျပ်နဲ့ ရောင်းချနေပြီး VIP နဲ့ အခြား Ticket ဈေးနှုန်းအပြောင်းအလဲတွေကို Page မှာ ဝင်ကြည့်ပေးကြပါ။
Underground : Revolution 2k18 Water Festival
Underground မဏ္ဍပ်ကတော့ Market Place City Mart နဲ့ ရွှေဟသာၤကွန်ဒိုနားမှာ ရှိနေမှာပါတဲ့။ သူ့ရဲ့ အားသာချက်ကတော့ နေ့လည်စာကို တခြားမဏ္ဍပ်တွေလို မဟုတ်ဘဲ Buffet ကျွေးမှာပါ။ DJ တွေကတော့ DJ RUSH ၊ DJ MARINA စတဲ့ DJ တွေ ပါဝင်ပြီး All Day ကို ၄၅၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပြီး အသေးစိတ်ကိုတော့ သူတို့ Page မှာ ကြည့်နိုင်မှာပါ။
GOTHAM Water Festival
GOTHAM ဟာလည်း ပြည်လမ်းမှာပဲ ဖြစ်ပြီး GA Ticket တွေကို ၅၅,၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ DJ တွေအနေနဲ့  Local Djs တွေ ပါဝင်မှာ ဖြစ်ပြီး Line Up အသေးစိတ်နဲ့ Plan တွေကိုတော့ Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
SAVAGE Water Festival
Savage ကတော့ Hip Hop Premium လို့ အမည်တပ်ထားပြီး Int’l DJ ဖြစ်တဲ့ DJ Vlader နဲ့ အဆိုတော် Twista တို့အပြင် မြန်မာအဆိုတော်တွေ ဖြစ်တဲ့ J ME ၊ X Box တို့လည်း ရှိနေမှာ ဖြစ်တဲ့အတွက် Hip Hop သမားတွေကတော့ ကြိုက်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ မဏ္ဍပ်က အင်းလျားကန်ဘောင်ရှေ့မှာ ရှိနေမှာ ဖြစ်ပြီး GA All Day Tickets တွေကို ၅၀၀၀၀ ကျပ်နဲ့ VIP All Day Tickets တွေကို ၉၀၀၀၀ ကျပ်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ Savage ရဲ့ Page မှာ ကြည့်နိုင်ပါတယ်။
www.akhayar.com