20. BlackBerry Key2

ဒေါ်လာ ၆၅၀ ကျသင့်မယ့် BlackBerry Key2 မှာ Snapdragon 660 Processor နဲ့ 12MP Dual Camera ပါဝင်ပေမယ့် ထုံးစံအတိုင်း ဈေးတော့ကြီးနေပါတယ်။ Android OS နဲ့ မောင်းနှင်ထားတယ်၊ ၄ လက်မခွဲ Display နဲ့ Physical Keyboard ထည့်လိုက်တာက စာရိုက်ရ ပိုအစဉ်ပြေပေမယ့် မလိုအပ်ဘူးလို့ ထင်တာပဲ။ Fingerprint Sensor ကို Spacebar နဲ့ တွဲထည့်ထားလို့ ဖုန်း Unlock လုပ်ရင် တစ်ခါတရံ ကသိကအောက်နိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Dual 12MP နှစ်လုံးသုံးထားလို့ စွမ်းဆောင်ရည်က Google Pixel နဲ့ Samsung နီးနီးကာင်းတယ်လို့ ပြောနိုင်ပေမယ့် Selfie ရိုက်ကူးဖို့ကျ သာမန်လောက်ပဲ စွမ်းဆောင်နိုင်ပါတယ်။

Image (BlackBerry Mobile)

19. Moto G7

Motorola ရဲ့ G စီးရီး စမတ်ဖုန်းတွေက နှစ်သက်စရာအချက်တွေနဲ့ တခါတလေ အထူးဆန်းလုပ်တတ်ပါတယ်။ အထူးသဖြင့် ဒီလထဲ မိတ်ဆက်လာတဲ့ G7 ဟာဆိုရင် Mid-range တန်းမှာ စွဲမက်စရာ အချက်တွေပိုင်ဆိုင်ထားပြီး ကင်မရာပိုင်းမှာဆိုရင် 12MP (f/1.8) နဲ့ 5MP (f/2.2) တို့သုံးထားတယ်။ Snapdragon 632 (14nm) Processor ၊ 6.2″ LTPS IPS Screen နဲ့ 4K ဗီဒီယိုရိက်ကူးနိုင်တဲ့အားသာချက်၊ Type-C Connector ၊ Dolby Audio တို့နဲ့ပေါင်းစပ်ထားလို့ $300 Range ထဲမှာ ဈေးသက်သက်သာသာနဲ့ Performance ကောင်းကောင်းသုံးလိုသူတွေအတွက် ကွက်တိပါပဲ။

Image (Motrola)

18. iPhone 7 & 7 Plus

Apple ဖုန်းတလုံး ကောင်းကောင်းကိုင်ချင်လို့ လိုက်ရှာနေရရင် ဒီ iPhone 7 မော်ဒယ်နှစ်မျိုးဝယ်ဖို့ စဉ်းစားကြည့်လိုက်ပါ။ ထွက်ခဲ့တာ ၂ နှစ်လောက်ရှိသွားပြီဆိုမယ့် Apple Support ပေးနေဦးမှာပါ၊ ဒါကြောင့် Android ထက်ပိုကောင်းတဲ့ OS Update နဲ့ စိတ်ချချသုံးနိုင်သလို IP67 Rating ရှိသေးတာကြောင့် ရေစိုပြီးဖုန်းပျက်မှာ မစိုးရိမ်ရပါဘူး။ အဲ့ဒါထက် အလင်းရောင်အားနည်းချိန်မှာ ကောင်းကောင်းရိုက်ကူးလို့ရတာက iPhone 7 မှာ အကောင်းဆုံးကင်မရာ အရည်သွေးပိုင်ဆိုင်ထားသလို 7 Plus မှာ Dual Camera သုံးထားတဲ့ အားသာချက်ကြောင့် ပုံရိပ်ဝေဝါးခြင်းမရှိဘဲ Optical Zoom ၂ ဆထိ ဆွဲချဲ့ ရိုက်ကူးနိုင်ဦးမှာပါ။

Image (Apple)

17. HTC U12+

HTC အနာဂတ် မလှမပဖြစ်နေတဲ့အချိန် ကုမ္ပဏီထုတ် U12+ စမတ်ဖုန်းကတော့ Flagship တွေထဲ စွမ်းဆောင်ရည်ကောင်း ဖုန်းတလုံးအဖြစ် ရပ်တည်နေဆဲပါ။ Physical Button တခုမှမပါပဲ Pressure Sensitive Sensor နဲ့ပဲ အလုပ်လုပ်သလို ကင်မရာစွမ်းဆောင်ရည်မှာ DxoMark မှတ် ၁၀၃ မှတ်အထိ ရရှိထားလို့ U12+ ကို ကင်မရာဖုန်းလို့တောင် ပြောနိုင်ပါတယ်။ ဖုန်းကိုယ်ထည်ကို Glossy အရောင်နဲ့ ပြုလုပ်ထားလို့ အလင်းနဲ့ တွေ့တဲ့အခါ အရောင်တလဲ့လဲ့ ပြောင်းလဲသွားတာ သတိထားမိဦးမှာပါ။ လက်ရှိအချိန်မှာတော့ U12+ စမတ်ဖုန်းကို ဒေါ်လာ ၈၀၀ နဲ့ ရောင်းချပေးနေပါတယ်။

Image (HTC)

16. Razer Phone 2

ကမ္ဘာပေါ်မှာ တဦးတည်းသော IGZO (Indium Gallium Zinc Oxide) Panel သုံးနိုင်သူကတော့ Razer ပါပဲ။ 120Hz IPS Display နဲ့ ဂိမ်းမင်းဖုန်းလောကကို Unique အဖြစ်ဆုံး Signature Product တခုထုတ်ပြနိုင်ခဲ့ပြီး Powerful Processor (SD 845) ၊ အပူအတွက် Vapour Chamber Cooling နဲ့ THX Certified Stereo Speaker (with Dolby Atmos) စနစ်တွေ ရေရေလည်လည် သုံးထားတဲ့ အလန်းစား Gaming Phone တလုံးပါ။ ဒီလို Coolest Feature တွေကြောင့် Razer Phone 2 ဟာ ဂိမ်းဆော့ဖို့အတွက် အသင့်တော်ဆုံးဖြစ်စေသလို အရည်သွေးမြင့် အမျိုးစားထဲမှာလည်း ပါပါတယ်။ (လာမယ်နော် ROG လည်း)

Image (Razer)

15. LG G7

ကျနော်တို့ဆီမှာ LG ဖုန်းတွေနဲ့ ထိတွေ့ခွင့်နည်းတယ်ဆိုမယ့် အခုဖော်ပြမယ့် G7 က အတော်စွာ (အာဗြဲ) တဲ့ထဲမှာ ပါပါတယ်။ Flagship ဖုန်းဖြစ်တာနဲ့အညီ သုံးထားတဲ့ 6.1″ (1440 x 3120) Display မှာ DCI-P3 100% ၊ HDR10 နဲ့ Dolby Vision ပါတယ်။ Snapdragon 845 ၊ 6GB RAM ကို Adreno 630 နဲ့ ပေါင်းစပ်ထားပြီး Audio ပိုင်းမှာဆိုရင် DTS:X Surround Sound ၊ Hi-Fi Quad DAC Speaker တို့ကြောင့် တခြားဖုန်းတွေထက် အသံထွက်ပိုကောင်းပါတယ်။

Image (LG Mobile)

14. iPhone 8 Plus

Apple ထုတ် အကောင်းဆုံး iPhone ကိုင်ဖို့ရည်ရွယ်ထားရင် iPhone 8 Plus မော်ဒယ်ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ iPhone X လို OLED Display နဲ့ Face ID မပါတာကလွှဲရင် ကျန်တဲ့ Feature နဲ့ Specification အားလုံးအတူတူပါ။ နောက်ပြီး ဒေါ်လာ ၂၀၀ လောက် ပိုဈေးသက်သာတာမလို့ iPhone X ပြီးသွားရင် အကောင်းဆုံး iPhone လို့ ပြောနိုင်ပါတယ်။

Image (Apple)

13. Huawei Mate 20 Pro

Leica Lens တွေနဲ့ တထောင့်တနေရာကနေ ပါဝင်နေတဲ့ Huawei Flagship တွေကိုလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ DXOMark မိုဘိုင်းအမှတ်ပေးဇယားမှာ ဖုန်းမော်ဒယ် ၃ မျိုးနဲ့ပြုံယူထားပြီး အထူးသဖြင့် Lecia ကင်မရာတွေရဲ့ လုပ်ဆောင်ချက်က ကျေနပ်စရာဖြစ်စေပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် HiSilicon Kirin 980 SoC (7nm) နဲ့ မောင်းနှင်ထားပြီး AMOLED DIsplay ၊ Triple Camera ရဲ့ Night Shot လုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံးစမတ်ဖုန်းထဲမှာ ပါဝင်လာပါတယ်။

Image (Huawei)

12. Samsung Galaxy S9

တကယ်တမ်း တွေးကြည့်ရင် မော်ဒယ်အသစ် Galaxy S9 ပိုပြီး အောင်မြင်ရမှာပါ။ အရင် S8 မှာတုန်းက Complain တက်ခဲ့တဲ့ အားနည်းချက်တွေ Samsung အလေးနက်ထား ပြင်ဆင်ခဲ့ပေမယ့် S8 လောက်တောင် ရောင်းအား မကောင်းခဲ့ပါဘူး။ စွမ်းဆောင်ရည်ပိုင်းမှာ အပြစ်ပြောစရာမရှိသလို ကင်မရာပိုင်းမှာလည်း Single တလုံးထဲနဲ့ အရည်သွေးမြင့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့်လည်း Samsung အထူးတလည်ပြင်ဆင်ခဲ့တဲ့ Galaxy S9 ဖုန်းက စိတ်ဝင်စားမှုနည်းပါးခဲ့ပါတယ်။

Image (Samsung)

11. iPhone X

Apple အကြီးအကျယ် ဖန်တီးခဲ့တဲ့ iPhone X က အဆုံးမသတ်နိုင်တဲ့ Notch စစ်ပွဲစလမ်းခင်းခဲ့သလို ဒေါ်လာ ၁၀၀၀ ကျသင့်မယ့် အဓိကအချက်က Face ID အတွက်ပဲလားဆိုတဲ့ မေးခွန်းနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ iPhone မှာ ပထမဦးဆုံး OLED Display စသုံးလာခဲ့သလို ကင်မရာနဲ့ စွမ်းဆောင်ရည်တွေက ပိုဈေးသက်သာတဲ့ iPhone 8 Plus နဲ့ မတိမ်းမယိမ်းပါပဲ။

Image (Internet)

10. Samsung Galaxy S9 Plus

Galaxy Note 9 ကို S Pen နဲ့ 4,000 mAh ဘက်ထရီ ထည့်မပေးဘူးဆိုရင် S9 Plus မော်ဒယ်အသစ်လို့ပဲ လက်ခံမိကြမှာပါ။ iPhone X လို ဒေါ်လာ ၁၀၀၀ လောက် ပေးမသုံးချင်ဘူးဆိုရင် ပိုပြီးဈေးသက်သာတဲ့ S9 Plus က အသင့်တော်ဆုံး ရွေးချယ်မှုပါ။

Image (Samsung)

Note 9 လို Dual Camera သုံးထားသလို Secondary Camera နဲ့ပုံရိပ်တွေ ၂ဆ Zoom ဆွဲ ရိုက်ကူးနိုင်တယ်။ နောက်ပြီး S9 ထက် Memory ပိုများသလို ဒေါ်လာ ၇၄၀ ပဲကျသင့်မယ့်အချက်က S9 Plus ကို ဒုတိယ ရွေးချယ်ဖို့အသင့်ဆုံး စမတ်ဖုန်းဖြစ်သွားစေပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။
Credit: Antonio Villas-Boas
2B (Akhayar)