[Zawgyi]

ျမန္မာႏိုင္ငံသားတိုင္းရဲ႕ ဦးေရျပားနဲ႔ကိုက္ညီတဲ့ Shampoo Brands မ်ား

လူတိုင္းဟာ မနက္မိုးလင္း မ်က္စိႏွစ္လံုးပြင့္တဲ့အခ်ိန္ကစျပီး ညေနခင္းအခ်ိန္အထိ အလုပ္ကိစၥျဖစ္ေစ၊ ပညာေရး (သို႔) လူမႈေရးကိစၥျဖစ္ေစ အေၾကာင္းေၾကာင့္ လႈပ္ရွားသြားလာေနရတယ္။ လူၾကီးလူငယ္မေရြးအားလံုး အခ်ိန္တိုင္းလို ေနပူူမိုးရြာ သြားလာလႈပ္ရွားေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလက္ရွိရာသီဥတုအေျခအေနအရ ေနေရာင္ျခည္ရဲ႕ အပူူခ်ိန္ဟာ ပိုမိုပူျပင္းလို႔လာပါတယ္။ ဒီအတြက္ အခ်ိန္နဲ႔ စကၠန္႔အမွ် လႈပ္ရွားသြားလာေနၾကတဲ့သူတိုင္းက ပူျပင္းလြန္းလာတဲ့ေနေရာင္ျခည္ေအာက္မွာ ေလာင္ျမိက္စြာ သြားလာေနရပါတယ္။ ေနေရာင္ျခည္ရဲ႕ ဒဏ္ကိုလည္း ကိုယ္တတ္စြမ္းသေလာက္ မကာကြယ္ႏိုင္တဲ့အခါ ကိုယ့္ရဲ႕ လုပ္ငန္းေတြ၊ တစ္ေန႔တာလုပ္ေဆာင္ရမယ့္ လုပ္ငန္းေဆာင္တာေတြအားလံုးကို ယံုၾကည္မႈရွိရွိနဲ႔ မေဆာင္ရြက္ႏိုင္ၾကေတာ့ပါဘူး။

ဒီလုိမ်ိဳးျဖစ္လာျပီဆိုရင္ ယံုၾကည္မႈမပ်က္သြားေအာင္အတြက္ ကနဦးအစဟာ ဦးေခါင္းအေရျပားကေနစတင္လို႔လာပါတယ္။ လူေတြအားလံုးဟာ ကိုယ္ရဲ႕တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြကို ေဆာင္ရြက္ဖို႔အတြက္ ေတြးေခၚစဥ္းစားရတဲ့အခ်ိန္ေတြမွာ ေတြးေခၚရခက္တာမ်ဳိး စဥ္းစားရက်ပ္တည္းလာတာမ်ိဳး ျဖစ္ေပၚလာခဲ့တဲ့အခါ ေဇာေခြ်းျပန္တာမ်ိဳး၊ ေခါင္းကုတ္မ်ိဳးတို႔ ျပဳလုပ္လာတတ္ၾကပါတယ္။ ဒီလိုျဖစ္လာတဲ့အခါ ကိုယ့္ရဲ႕ ေတြးေခၚႏိုင္စြမ္းဟာ က်သြားႏုိင္သလို ပတ္ဝန္းက်င္ကိုလည္း အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ေန႔စဥ္အျပင္ထြက္သြားလာေနရတာျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုကလည္း ပူျပင္းသထက္ပူျပင္းလာတဲ့အခါမွာ ကိုယ့္ရဲ႕ဦးေခါင္းနဲ႔ ဆံပင္ဆံသားတို႔ဟာ ေနေရာင္ျခည္ေအာက္မွာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ထိေတြ႔ေနရတာျဖစ္ပါတယ္။ ဒီအတြက္ ေခြ်းထြက္လြန္ျခင္းေၾကာင့္ ဦးေရျပားယားယံျခင္း၊ ေဗာက္ထျခင္း အစရွိတဲ့ စိတ္ညစ္စရာေတြကို ေန႔တိုင္းၾကံဳေတြ႔ေနရတဲ့သူေတြရွိလို႔ေနပါတယ္။

ဒီလိုအခက္အခဲေတြျဖစ္ေနလာတဲ့အခါ ကိုယ့္သိကၡာထိခိုက္ေစတဲ့အျပင္ ကိုယ့္လုပ္ငန္းခြင္မွာရွိေနတဲ့သူေတြ၊ အသြားအလာအတူတူလုပ္ေနတဲ့ ကိုယ့္သူငယ္ခ်င္းေတြပဲျဖစ္ျဖစ္၊ ကိုယ့္ခ်စ္သူ (သို႔) လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒီလိုမ်ိိဳးေတြမျဖစ္ေတာ့ေအာင္ လူတိုင္းရဲ႕ ဦးေရျပားတိုင္းနဲ႔အဆင္ေျပေစမယ္၊ ရာသီဥတုပူျပင္းတဲ့အခါျဖစ္ေလ့ျဖစ္ထရွိတဲ့ ဦးေရျပားျပႆနာေတြနဲ႔လည္း အဆင္ေျပေစမယ့္ Shampoo Brand မ်ားကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

L’Oreal Paris Elvive Extraordinary Clay

L'Oreal Paris Elvive Extraordinary Clay (Source : https://www.patro.cz)

L’Oreal Paris Elvive Extraordinary Clay (Source : https://www.patro.cz)

သူကေတာ့ ရန္ကုန္ျမိဳ႕မွာ လူအမ်ား အျဖစ္မ်ားေနတဲ့ ဦးေရျပားအဆီျပန္ျခင္းနဲ႔ ဆံသားအဖ်ားေျခာက္ေသြ႔ျခင္း (Oily Roots & Dry Ends) တို႔အတြက္ အဓိက ျပဳျပင္ေပးပါတယ္။ ရန္ကုန္အတြင္းနဲ႔ အျခား L’Oreal Paris Counter တိုငး္မွာဝယ္ယူလို႔ရတဲ့အတြက္ အားလံုးအတြက္လည္း အဆင္ေျပေစပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Dove Shampoo

Dove Shampoo (Source : http://www.bondhonshop.com)

Dove Shampoo (Source : http://www.bondhonshop.com)

Dove ကေတာ့ ဆံသားကို Moisture အေကာင္းဆံုးနဲ႔ အသင့္ေတာ္ဆံုး ပမာဏအတြင္း ျဖည့္စြက္ေပးႏိုင္တဲ့ Shampoo တစ္ခုျဖစ္ပါတယ္။ ေစ်းကြက္ထဲမွာေတာ့ အမ်ိဳးအစားအမ်ိဳးမ်ိဳးကြဲစြာနဲ႔ ေရာင္းခ်ေနပါတယ္။ ထုတ္လုပ္တဲ့ Effect အေပၚမူတည္ျပီး အနည္းငယ္သာကြာျခားပါလိမ့္မယ္။ အားလံုးက ကိုယ့္ရဲ႕ ဆံသားကို ႏြယ္ဆင္းသြားေစျပီး ေျပာင္ေျပာင္ေလးျဖစ္ေနေစပါတယ္။

Lush Solid Shampoo

Lush Solid Shampoo (Source : https://swatchandreview.com)

Lush Solid Shampoo (Source : https://swatchandreview.com)

Lush Shampoo Bar ေလးေတြဟာလည္း ရန္ကုန္ရာသီဥတုနဲ႔ လုိက္ဖက္လွတဲ့ Shampoo Brand တစ္ခုျဖစ္ပါတယ္။ Lush Brand ဟာ သိၾကတဲ့အတိုင္းပဲ Hand-made Product တစ္ခုျဖစ္တဲ့အတြက္ ထြက္သမွ်ပစၥည္းတိုင္းဟာ သဘာဝပစၥည္းမ်ားႏွင့္သာျပဳလုပ္ထားတဲ့အတြက္ Quality ေကာင္းတယ္။ Side-effect ခံစားရတာမ်ိဳးမရွိပါဘူး။ ပစၥည္းကိုမွယူခ်င္ရင္ေတာ့ Lush Cosmetic Myanmar မွာ ဝယ္ယူႏိုင္ပါတယ္။

Pantene Pro-V Smooth & Sleek Shampoo (Editor Recommend ေပးပါတယ္)

Pantene Pro-V Smooth & Sleek Shampoo (Source : https://www.londondrugs.com)

Pantene Pro-V Smooth & Sleek Shampoo (Source : https://www.londondrugs.com)

Pantene ရဲ႕ Pro-V Smooth & Sleek Shampoo ဟာ Editor အသည္းစြဲလို႔လည္းေျပာလို႔ရပါတယ္။ ေရကူးကန္ကေန ေရခ်ိဳးျပီးတဲ့အခ်ိန္မ််ိဳးမွာ အရမ္းအေထာက္အကူျဖစ္တဲ့ Shampoo ျဖစ္ပါတယ္။ ေရကူးကန္ထဲကတက္လာတိုင္း ကန္ထဲက ကလိုရင္းေတြနဲ႔ ဆံပင္က ေျခာက္ျပီး ျငိေထြးေနတဲ့အခ်ိန္မွာ Pro-V Smooth & Sleek Shampoo က ဆံပင္ကို သူ႔အလိုလုိ ေပ်ာ့ေျပာင္းျပီးရွင္းသြားေစပါတယ္။ Pantene ရဲ႕ အထူးထုတ္ Shampoo ေတြကို ဝယ္ယူခ်င္တယ္ဆိုရင္ေတာ့ Taw Win Center ရဲ႕ တတိယထပ္မွာရွိတဲ့ American Store မွာဝယ္ယူႏိုင္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Kérastase Spécifique Bain Divalent

Kérastase Spécifique Bain Divalent (Source : https://www.lookfantastic.com)

Kérastase Spécifique Bain Divalent (Source : https://www.lookfantastic.com)

Shampoo Brand ေတြထဲမွာဆိုရင္ေတာ့ Kérastase Paris ဟာ High End Shampoo Brand တစ္ခုျဖစ္ပါတယ္။ သူက ဦးေရျပားအဆီထြက္ျမန္တတ္တဲ့သူေတြအတြက္ ျပန္လည္ေကာင္းမြန္ေစတယ္။ ဒါ့အျပင္ကိုမွ ဆံသားတစ္ခုလံုးကို Moisturizer ျပန္ျဖည့္ေပးတဲ့အျပင္ ဆံပင္ကိုလည္း နဂိုရွိရင္းစြဲအတိုင္းထက္ ပိုသန္စြမ္းေစပါတယ္တဲ့ေနာ္။ ေစ်းႏႈန္းတန္ဖိုးကေတာ့ အဆမတန္ေျမာက္လြန္းတယ္ပဲေျပာရမယ္။ ေရာင္းခ်ေနတဲ့ေစ်းႏႈန္းက ေဒၚလာ ၇၅က်ပ္ရွိပါတယ္။ ျမန္မာေငြနဲ႔ ျပန္တြက္ရင္ေတာ့ ကိုးေသာင္းနီးပါးေလာက္က်ႏိုင္ပါတယ္။

ပူျပင္းတဲ့ရာသီမွာ ထီးေဆာင္းဖို႔မေမ့ဖို႔မွာခ်င္သလို ေခါင္းကိုလည္း ၂ရက္ျခားတစ္ခါေလာက္သာေလွ်ာ္ဖို႔ အၾကံေပးလိုပါတယ္။ ထီးမေဆာင္းတဲ့အခါ ဆံပင္အစိုဓာတ္ေတြကို ကုန္ခမ္းေစပါတယ္။ ႏွစ္ရက္တစ္ခါေခါင္းေလွ်ာ္တာဟာလည္း ကိုယ့္ရဲ႕ေခါင္းကို ေဗာက္ထဖို႔လွမ္းစေပးသလိုျဖစ္ေနတတ္ပါတယ္။ ပူျပင္းေနတဲ့ရာသီဥတုအေျခအေနျဖစ္ေနရင္ေတာင္မွ လွပတဲ့ဆံႏြယ္ေလးေတြနဲ႔ ကိုယ့္ရဲ႕ ေန႔ရက္တိုင္းကို ျဖတ္သန္းလိုက္ပါ။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မြန်မာနိုင်ငံသားတိုင်းရဲ့ ဦးရေပြားနဲ့ကိုက်ညီတဲ့ Shampoo Brands များ

လူတိုင်းဟာ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်တဲ့အချိန်ကစပြီး ညနေခင်းအချိန်အထိ အလုပ်ကိစ္စဖြစ်စေ၊ ပညာရေး (သို့) လူမှုရေးကိစ္စဖြစ်စေ အကြောင်းကြောင့် လှုပ်ရှားသွားလာနေရတယ်။ လူကြီးလူငယ်မရွေးအားလုံး အချိန်တိုင်းလို နေပူူမိုးရွာ သွားလာလှုပ်ရှားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိရာသီဥတုအခြေအနေအရ နေရောင်ခြည်ရဲ့ အပူူချိန်ဟာ ပိုမိုပူပြင်းလို့လာပါတယ်။ ဒီအတွက် အချိန်နဲ့ စက္ကန့်အမျှ လှုပ်ရှားသွားလာနေကြတဲ့သူတိုင်းက ပူပြင်းလွန်းလာတဲ့နေရောင်ခြည်အောက်မှာ လောင်မြိက်စွာ သွားလာနေရပါတယ်။ နေရောင်ခြည်ရဲ့ ဒဏ်ကိုလည်း ကိုယ်တတ်စွမ်းသလောက် မကာကွယ်နိုင်တဲ့အခါ ကိုယ့်ရဲ့ လုပ်ငန်းတွေ၊ တစ်နေ့တာလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေအားလုံးကို ယုံကြည်မှုရှိရှိနဲ့ မဆောင်ရွက်နိုင်ကြတော့ပါဘူး။

ဒီလိုမျိုးဖြစ်လာပြီဆိုရင် ယုံကြည်မှုမပျက်သွားအောင်အတွက် ကနဦးအစဟာ ဦးခေါင်းအရေပြားကနေစတင်လို့လာပါတယ်။ လူတွေအားလုံးဟာ ကိုယ်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့အတွက် တွေးခေါ်စဉ်းစားရတဲ့အချိန်တွေမှာ တွေးခေါ်ရခက်တာမျိုး စဉ်းစားရကျပ်တည်းလာတာမျိုး ဖြစ်ပေါ်လာခဲ့တဲ့အခါ ဇောချွေးပြန်တာမျိုး၊ ခေါင်းကုတ်မျိုးတို့ ပြုလုပ်လာတတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ တွေးခေါ်နိုင်စွမ်းဟာ ကျသွားနိုင်သလို ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ်အပြင်ထွက်သွားလာနေရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုကလည်း ပူပြင်းသထက်ပူပြင်းလာတဲ့အခါမှာ ကိုယ့်ရဲ့ဦးခေါင်းနဲ့ ဆံပင်ဆံသားတို့ဟာ နေရောင်ခြည်အောက်မှာ တစ်ချိန်မဟုတ်တစ်ချိန်ထိတွေ့နေရတာဖြစ်ပါတယ်။ ဒီအတွက် ချွေးထွက်လွန်ခြင်းကြောင့် ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်း အစရှိတဲ့ စိတ်ညစ်စရာတွေကို နေ့တိုင်းကြုံတွေ့နေရတဲ့သူတွေရှိလို့နေပါတယ်။

ဒီလိုအခက်အခဲတွေဖြစ်နေလာတဲ့အခါ ကိုယ့်သိက္ခာထိခိုက်စေတဲ့အပြင် ကိုယ့်လုပ်ငန်းခွင်မှာရှိနေတဲ့သူတွေ၊ အသွားအလာအတူတူလုပ်နေတဲ့ ကိုယ့်သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူ (သို့) လုပ်ဖော်ကိုင်ဖက်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုမျိုးတွေမဖြစ်တော့အောင် လူတိုင်းရဲ့ ဦးရေပြားတိုင်းနဲ့အဆင်ပြေစေမယ်၊ ရာသီဥတုပူပြင်းတဲ့အခါဖြစ်လေ့ဖြစ်ထရှိတဲ့ ဦးရေပြားပြဿနာတွေနဲ့လည်း အဆင်ပြေစေမယ့် Shampoo Brand များကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

L’Oreal Paris Elvive Extraordinary Clay

L'Oreal Paris Elvive Extraordinary Clay (Source : https://www.patro.cz)

L’Oreal Paris Elvive Extraordinary Clay (Source : https://www.patro.cz)

သူကတော့ ရန်ကုန်မြို့မှာ လူအများ အဖြစ်များနေတဲ့ ဦးရေပြားအဆီပြန်ခြင်းနဲ့ ဆံသားအဖျားခြောက်သွေ့ခြင်း (Oily Roots & Dry Ends) တို့အတွက် အဓိက ပြုပြင်ပေးပါတယ်။ ရန်ကုန်အတွင်းနဲ့ အခြား L’Oreal Paris Counter တိုင်းမှာဝယ်ယူလို့ရတဲ့အတွက် အားလုံးအတွက်လည်း အဆင်ပြေစေပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Dove Shampoo

Dove Shampoo (Source : http://www.bondhonshop.com)

Dove Shampoo (Source : http://www.bondhonshop.com)

Dove ကတော့ ဆံသားကို Moisture အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ပမာဏအတွင်း ဖြည့်စွက်ပေးနိုင်တဲ့ Shampoo တစ်ခုဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ အမျိုးအစားအမျိုးမျိုးကွဲစွာနဲ့ ရောင်းချနေပါတယ်။ ထုတ်လုပ်တဲ့ Effect အပေါ်မူတည်ပြီး အနည်းငယ်သာကွာခြားပါလိမ့်မယ်။ အားလုံးက ကိုယ့်ရဲ့ ဆံသားကို နွယ်ဆင်းသွားစေပြီး ပြောင်ပြောင်လေးဖြစ်နေစေပါတယ်။

Lush Solid Shampoo

Lush Solid Shampoo (Source : https://swatchandreview.com)

Lush Solid Shampoo (Source : https://swatchandreview.com)

Lush Shampoo Bar လေးတွေဟာလည်း ရန်ကုန်ရာသီဥတုနဲ့ လိုက်ဖက်လှတဲ့ Shampoo Brand တစ်ခုဖြစ်ပါတယ်။ Lush Brand ဟာ သိကြတဲ့အတိုင်းပဲ Hand-made Product တစ်ခုဖြစ်တဲ့အတွက် ထွက်သမျှပစ္စည်းတိုင်းဟာ သဘာဝပစ္စည်းများနှင့်သာပြုလုပ်ထားတဲ့အတွက် Quality ကောင်းတယ်။ Side-effect ခံစားရတာမျိုးမရှိပါဘူး။ ပစ္စည်းကိုမှယူချင်ရင်တော့ Lush Cosmetic Myanmar မှာ ဝယ်ယူနိုင်ပါတယ်။

Pantene Pro-V Smooth & Sleek Shampoo (Editor Recommend ပေးပါတယ်)

Pantene Pro-V Smooth & Sleek Shampoo (Source : https://www.londondrugs.com)

Pantene Pro-V Smooth & Sleek Shampoo (Source : https://www.londondrugs.com)

Pantene ရဲ့ Pro-V Smooth & Sleek Shampoo ဟာ Editor အသည်းစွဲလို့လည်းပြောလို့ရပါတယ်။ ရေကူးကန်ကနေ ရေချိုးပြီးတဲ့အချိန်မျျိုးမှာ အရမ်းအထောက်အကူဖြစ်တဲ့ Shampoo ဖြစ်ပါတယ်။ ရေကူးကန်ထဲကတက်လာတိုင်း ကန်ထဲက ကလိုရင်းတွေနဲ့ ဆံပင်က ခြောက်ပြီး ငြိထွေးနေတဲ့အချိန်မှာ Pro-V Smooth & Sleek Shampoo က ဆံပင်ကို သူ့အလိုလို ပျော့ပြောင်းပြီးရှင်းသွားစေပါတယ်။ Pantene ရဲ့ အထူးထုတ် Shampoo တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ Taw Win Center ရဲ့ တတိယထပ်မှာရှိတဲ့ American Store မှာဝယ်ယူနိုင်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Kérastase Spécifique Bain Divalent

Kérastase Spécifique Bain Divalent (Source : https://www.lookfantastic.com)

Kérastase Spécifique Bain Divalent (Source : https://www.lookfantastic.com)

Shampoo Brand တွေထဲမှာဆိုရင်တော့ Kérastase Paris ဟာ High End Shampoo Brand တစ်ခုဖြစ်ပါတယ်။ သူက ဦးရေပြားအဆီထွက်မြန်တတ်တဲ့သူတွေအတွက် ပြန်လည်ကောင်းမွန်စေတယ်။ ဒါ့အပြင်ကိုမှ ဆံသားတစ်ခုလုံးကို Moisturizer ပြန်ဖြည့်ပေးတဲ့အပြင် ဆံပင်ကိုလည်း နဂိုရှိရင်းစွဲအတိုင်းထက် ပိုသန်စွမ်းစေပါတယ်တဲ့နော်။ ဈေးနှုန်းတန်ဖိုးကတော့ အဆမတန်မြောက်လွန်းတယ်ပဲပြောရမယ်။ ရောင်းချနေတဲ့ဈေးနှုန်းက ဒေါ်လာ ၇၅ကျပ်ရှိပါတယ်။ မြန်မာငွေနဲ့ ပြန်တွက်ရင်တော့ ကိုးသောင်းနီးပါးလောက်ကျနိုင်ပါတယ်။

ပူပြင်းတဲ့ရာသီမှာ ထီးဆောင်းဖို့မမေ့ဖို့မှာချင်သလို ခေါင်းကိုလည်း ၂ရက်ခြားတစ်ခါလောက်သာလျှော်ဖို့ အကြံပေးလိုပါတယ်။ ထီးမဆောင်းတဲ့အခါ ဆံပင်အစိုဓာတ်တွေကို ကုန်ခမ်းစေပါတယ်။ နှစ်ရက်တစ်ခါခေါင်းလျှော်တာဟာလည်း ကိုယ့်ရဲ့ခေါင်းကို ဗောက်ထဖို့လှမ်းစပေးသလိုဖြစ်နေတတ်ပါတယ်။ ပူပြင်းနေတဲ့ရာသီဥတုအခြေအနေဖြစ်နေရင်တောင်မှ လှပတဲ့ဆံနွယ်လေးတွေနဲ့ ကိုယ့်ရဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းလိုက်ပါ။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။