[Zawgyi]

ဂႏၳဝင္မင္းသားႀကီး Tom Hanks ရဲ႕ အေကာင္းဆုံးရုပ္ရွင္ (၅) ကား

Tom Hanks နဲ႔ Forrest Gump (1994) ဟာ ခြဲျခားလို႕မရပါဘူး။ မင္းသားႀကီး Tom Hanks ရဲ႕ဇာတ္ကားေကာင္းေတြကုိ ေျပာရရင္ Forrest Gump (1994) တစ္ခုတည္း မဟုတ္ျပန္ပါဘူး။ Big (1989) ၊ Philadelphia (1993) ၊ Forrest Gump (1994) ၊ Apollo 13 (1995) ၊ Toy Story 1- 2- 3 ၊ Saving Private Ryan (1998) ၊ You’ve Got A Mail (1998)  ၊ The Green Miles (1999) ၊ Cast Away (2000) ၊ Catch Me If U Can (2002) ၊ Lady Killer (2004) ၊ The Terminal (2004) နဲ႔ The Polar Express (2004) ၊ The Da Vin Ci Code (2006) ၊ Angels And Demons (2009) ၊ Captain Phillips (2013) နဲ႔ The Post (2017) ဇာတ္ကားေတြဟာ ပရိသတ္ရင္ကုိ ဆြဲလႈပ္ခဲ့ပါတယ္။

သဘာဝမင္းသားႀကီးပီပီ က်ရာဇာတ္ရုပ္ကုိ ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့တဲ့အတြက္ ‘Philadelphia (1993)’ နဲ႔ ‘Forrest Gump (1994)’ ဇာတ္ကားေတြမွာ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု (Academy Award for Best Actor) ရရွိခဲ့ပါတယ္။ အခုတစ္ပတ္မွာေတာ့ မင္းသားႀကီး Tom Hanks ရဲ႕ အေကာင္းဆုံးရုပ္ရွင္ (၅) ကားကုိ ေဖာ္ျပလုိက္ရပါတယ္။

(၅) Splash (1984)

Tom Hanks ရဲ႕အေကာင္းဆုံးရုပ္ရွင္ထဲမွာ Splash (1984) ကုိ ေမ့ထားလုိ႔ မရပါဘူး။ အသည္းကြဲၿပီး ပင္လယ္ဘက္ကုိ ထြက္လာတဲ့ Allen Bauer (Tom Hanks) ဟာ စက္ေလွပ်က္ၿပီး ေရထဲထုိးက်သြားခဲ့ပါတယ္။ ေရသူမေလး Madison (Daryl Hannah) က ကယ္ဆယ္ရင္းကေန ခ်စ္သူျဖစ္သြားတဲ့ ဇာတ္ကားပါ။ Tom Hanks ရဲ႕ ႏုပ်ိဳမႈကုိ အထင္းသားျမင္ႏုိင္တဲ့ အခ်စ္ဟာသဇာတ္ကားပဲျဖစ္ပါတယ္။ နည္းပညာအထူးျပဳလုပ္ခ်က္ေတြ မထြန္းကားေသတဲ့အခ်ိန္မွာ ရုိက္ကူးထားေပမယ့္ အခုထက္ထိ ေခတ္မီေနပါေသးတယ္။

(၄) Philadelphia (1993)

Andrew Beckett (Tom Hanks) ဟာ နာမည္ေက်ာ္ေရွ႕ေနတစ္ေယာက္ျဖစ္ပါတယ္။ လိင္တူခ်စ္သူတစ္ေယာက္ဆုိေပမယ့္ လိင္တိမ္းညႊတ္မႈနဲ႔ လုပ္ငန္းခြင္ကုိ ခြဲျခားႏုိင္ၿပီး ပေရာ္ဖက္ရွင္နယ္စိတ္ျပည့္ဝသူပါ။ ေနာက္ေတာ့ သူ႕ကုိယ္ေပၚမွာ ေရယုန္ေတြ ေပါက္လာပါတယ္။

အဲဒီေခတ္တုန္းက AIDS ေရာဂါဟာ အေမရိကန္တစ္ခြင္မွာ ေခတ္စားေနတဲ့အခ်ိန္ျဖစ္ေနပါတယ္။ ေရာဂါျဖစ္ေနတဲ့ သူ႕ကုိ အလုပ္က ထုတ္လုိက္ပါတယ္။ ဒါ့ေၾကာင့္ Andrew Beckett (Tom Hanks) ဟာ ကုမၸဏီကုိ တရားစြဲဆုိတဲ့ အထိကုိျဖစ္လာပါတယ္။ သူ႕ဘက္ကုိ ဘယ္သူမွ ေရွ႕ေနလုိက္မေပးခ်င္ၾကဘဲ ၿပိဳင္ဘက္ျဖစ္သူ Joe Miller (Denzel Washington) ကုိ ငွားရပါေတာ့တယ္။ တရားခြင္မွာ အႏုိင္ရမလား၊ ရႈံးနိမ့္မွာလား။ အႏုိင္ရတဲ့အခ်ိန္ထိ Andrew Beckett (Tom Hanks) ဟာ အသက္ရွင္ဦးမလား။ ဒီဇာတ္ကားႀကီးဟာ ၁၉၉၃ခုႏွစ္မွာ အေကာင္းဆုံးစာရင္းဝင္ခဲ့ပါတယ္။

(၃) Forrest Gump (1994)

Tom Hanks လုိ႔ေျပာလုိက္ရင္ ျမန္မာပရိသတ္ေတြက ‘Forrest Gump’ ဇာတ္ေကာင္ကုိပဲ ေျပးျမင္မိၾကပါတယ္။ ‘Run, Forrest run’ ဆုိတဲ့ အသံစာစာေလးရဲ႕ေနာက္ကြယ္မွာ တဟုန္ထုိးေျပးလႊားေနတဲ့ သူ႕ရဲ႕သရုပ္ေဆာင္ခ်က္ေတြကလည္း ေအာ္စကာဆုနဲ႔ ထုိက္တန္ပါေပတယ္။ ဒီဇာတ္ကားမွာက မိဘေမတၱာကုိ အထင္းသားေဖာ္ျပႏုိင္ရုံမက စိတ္သေဘာေကာင္းတဲ့လူဟာ ဘယ္ေတာ့မွ ဒုကၡမေရာက္ဖူးဆုိတဲ့ နိယာမကုိလည္း သိေစပါတယ္။

(၂) Toy Story (1995)

Toy Story (1995) ဆုိတာ စြန္႔စားခန္းအမ်ိဳးအစား ကာတြန္းဇာတ္ကားျဖစ္ပါတယ္။ Andy Davis ဆုိတဲ့ ေျခာက္ႏွစ္သား ေကာင္ေလးဟာ အရုပ္ေတြအမ်ားႀကီးပုိင္တယ္။ အဲဒီအထဲကမွ Woody ဆုိတဲ့ ႏြားေက်ာင္းသားအရုပ္ေလးကုိေတာ့ သူ အႀကိဳက္ဆုံး။ အရုပ္ေတြအသက္ဝင္လာၿပီး စြန္႔စားခန္းေတြကုိ ၾကည့္ရႈရမွာပါ။ Woody ဇာတ္ေကာင္ကုိ မင္းသားႀကီး Tom Hanks က အသံနဲ႔ သရုပ္ေဆာင္ထားပါတယ္။ အခုခ်ိန္ထိ ၾကည့္လုိ႔မရုိးႏုိင္တဲ့ ကာတြန္းကားပါ။

(၁) Saving Private Ryan (1998)

ဒီစာရင္းမွာ Forrest Gump (1994) က နံပါတ္ (၁) မဟုတ္ဘဲ Saving Private Ryan (1998) ျဖစ္ေနပါတယ္။ ဒုတိယကမၻာစစ္ေနာက္ခံ ေမတၱာဖြဲ႕ ရုပ္ရွင္ႀကီးျဖစ္ၿပီး မင္းသားႀကီး Tom Hanks အျပင္ Matt Damon ၊ Vin Diesel ၊ Edward Burns နဲ႔ Tom Sizemore တုိ႔က အားျဖည့္ထားပါတယ္။ အမ်ိဳးသမီးႀကီးတစ္ဦးဟာ သားေလးေယာက္ ေမြးထားတယ္။

အကုန္လုံးက စစ္သားေတြခ်ည္းပဲ။ သုံးေယာက္က တုိက္ပြဲက်သြားတယ္။ မိဘေမတၱာကုိ စာနာတဲ့အေနနဲ႔ စစ္ပြဲမွာ အသက္ရွင္က်န္ေသးတဲ့ တပ္သား Ryan (Matt Damon) ကုိ ကယ္ဆယ္ဖုိ႔ ဗုိလ္ခ်ဳပ္ George Marshall (Harve Presnell) က ဗုိလ္ႀကီး Miller (Tom Hanks) ကုိ တာဝန္ေပးလုိက္ပါတယ္။ ေကာက္ရုိးပုံထဲ အပ္ေပ်ာက္ရွာရသလုိ ခက္ခဲတဲ့ စစ္ေျမျပင္မွာ တပ္သားေလးကုိ ေတြ႕ပါ့မလား ရင္တေမာေမာနဲ႔ ၾကည့္ရမွာပါ။

Business Insider အဖြဲ႕ ရဲ႕  ရုပ္ရွင္သုံးသပ္သူေတြအႀကိဳက္ Tom Hanks ရဲ႕ အေကာင္းဆုံးရုပ္ရွင္ (၅) ကားကုိ တင္ျပလုိက္တာပါ။ ဒီစာရင္းမွာ The Green Miles (1999) ၊ Cast Away (2000) ၊ Catch Me If U Can (2002) ၊ The Terminal (2004) နဲ႔ Captain Phillips (2013) တုိ႔လုိ ဇာတ္ကားေကာင္းေတြ မပါဘဲ Splash (1984) ပဲ ပါေနတဲ့အတြက္ ရုပ္ရွင္ခ်စ္သူေတြက ေစာဒကတက္ေကာင္း တက္ႏုိင္ပါတယ္။ ပရိသတ္ႀကီးေရာ Tom Hanks ရဲ႕ အႀကိဳက္ဆုံးရုပ္ရွင္ကုိ ေဝမ်ွေပးပါလား။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဂန္ထဝင်မင်းသားကြီး Tom Hanks ရဲ့ အကောင်းဆုံးရုပ်ရှင် (၅) ကား

Tom Hanks နဲ့ Forrest Gump (1994) ဟာ ခွဲခြားလို့မရပါဘူး။ မင်းသားကြီး Tom Hanks ရဲ့ဇာတ်ကားကောင်းတွေကို ပြောရရင် Forrest Gump (1994) တစ်ခုတည်း မဟုတ်ပြန်ပါဘူး။ Big (1989) ၊ Philadelphia (1993) ၊ Forrest Gump (1994) ၊ Apollo 13 (1995) ၊ Toy Story 1- 2- 3 ၊ Saving Private Ryan (1998) ၊ You’ve Got A Mail (1998)  ၊ The Green Miles (1999) ၊ Cast Away (2000) ၊ Catch Me If U Can (2002) ၊ Lady Killer (2004) ၊ The Terminal (2004) နဲ့ The Polar Express (2004) ၊ The Da Vin Ci Code (2006) ၊ Angels And Demons (2009) ၊ Captain Phillips (2013) နဲ့ The Post (2017) ဇာတ်ကားတွေဟာ ပရိသတ်ရင်ကို ဆွဲလှုပ်ခဲ့ပါတယ်။

သဘာဝမင်းသားကြီးပီပီ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ‘Philadelphia (1993)’ နဲ့ ‘Forrest Gump (1994)’ ဇာတ်ကားတွေမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (Academy Award for Best Actor) ရရှိခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ မင်းသားကြီး Tom Hanks ရဲ့ အကောင်းဆုံးရုပ်ရှင် (၅) ကားကို ဖော်ပြလိုက်ရပါတယ်။

(၅) Splash (1984)

Tom Hanks ရဲ့အကောင်းဆုံးရုပ်ရှင်ထဲမှာ Splash (1984) ကို မေ့ထားလို့ မရပါဘူး။ အသည်းကွဲပြီး ပင်လယ်ဘက်ကို ထွက်လာတဲ့ Allen Bauer (Tom Hanks) ဟာ စက်လှေပျက်ပြီး ရေထဲထိုးကျသွားခဲ့ပါတယ်။ ရေသူမလေး Madison (Daryl Hannah) က ကယ်ဆယ်ရင်းကနေ ချစ်သူဖြစ်သွားတဲ့ ဇာတ်ကားပါ။ Tom Hanks ရဲ့ နုပျိုမှုကို အထင်းသားမြင်နိုင်တဲ့ အချစ်ဟာသဇာတ်ကားပဲဖြစ်ပါတယ်။ နည်းပညာအထူးပြုလုပ်ချက်တွေ မထွန်းကားသေတဲ့အချိန်မှာ ရိုက်ကူးထားပေမယ့် အခုထက်ထိ ခေတ်မီနေပါသေးတယ်။

(၄) Philadelphia (1993)

Andrew Beckett (Tom Hanks) ဟာ နာမည်ကျော်ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ လိင်တူချစ်သူတစ်ယောက်ဆိုပေမယ့် လိင်တိမ်းညွှတ်မှုနဲ့ လုပ်ငန်းခွင်ကို ခွဲခြားနိုင်ပြီး ပရော်ဖက်ရှင်နယ်စိတ်ပြည့်ဝသူပါ။ နောက်တော့ သူ့ကိုယ်ပေါ်မှာ ရေယုန်တွေ ပေါက်လာပါတယ်။

အဲဒီခေတ်တုန်းက AIDS ရောဂါဟာ အမေရိကန်တစ်ခွင်မှာ ခေတ်စားနေတဲ့အချိန်ဖြစ်နေပါတယ်။ ရောဂါဖြစ်နေတဲ့ သူ့ကို အလုပ်က ထုတ်လိုက်ပါတယ်။ ဒါ့ကြောင့် Andrew Beckett (Tom Hanks) ဟာ ကုမ္ပဏီကို တရားစွဲဆိုတဲ့ အထိကိုဖြစ်လာပါတယ်။ သူ့ဘက်ကို ဘယ်သူမှ ရှေ့နေလိုက်မပေးချင်ကြဘဲ ပြိုင်ဘက်ဖြစ်သူ Joe Miller (Denzel Washington) ကို ငှားရပါတော့တယ်။ တရားခွင်မှာ အနိုင်ရမလား၊ ရှုံးနိမ့်မှာလား။ အနိုင်ရတဲ့အချိန်ထိ Andrew Beckett (Tom Hanks) ဟာ အသက်ရှင်ဦးမလား။ ဒီဇာတ်ကားကြီးဟာ ၁၉၉၃ခုနှစ်မှာ အကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်။

(၃) Forrest Gump (1994)

Tom Hanks လို့ပြောလိုက်ရင် မြန်မာပရိသတ်တွေက ‘Forrest Gump’ ဇာတ်ကောင်ကိုပဲ ပြေးမြင်မိကြပါတယ်။ ‘Run, Forrest run’ ဆိုတဲ့ အသံစာစာလေးရဲ့နောက်ကွယ်မှာ တဟုန်ထိုးပြေးလွှားနေတဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း အော်စကာဆုနဲ့ ထိုက်တန်ပါပေတယ်။ ဒီဇာတ်ကားမှာက မိဘမေတ္တာကို အထင်းသားဖော်ပြနိုင်ရုံမက စိတ်သဘောကောင်းတဲ့လူဟာ ဘယ်တော့မှ ဒုက္ခမရောက်ဖူးဆိုတဲ့ နိယာမကိုလည်း သိစေပါတယ်။

(၂) Toy Story (1995)

Toy Story (1995) ဆိုတာ စွန့်စားခန်းအမျိုးအစား ကာတွန်းဇာတ်ကားဖြစ်ပါတယ်။ Andy Davis ဆိုတဲ့ ခြောက်နှစ်သား ကောင်လေးဟာ အရုပ်တွေအများကြီးပိုင်တယ်။ အဲဒီအထဲကမှ Woody ဆိုတဲ့ နွားကျောင်းသားအရုပ်လေးကိုတော့ သူ အကြိုက်ဆုံး။ အရုပ်တွေအသက်ဝင်လာပြီး စွန့်စားခန်းတွေကို ကြည့်ရှုရမှာပါ။ Woody ဇာတ်ကောင်ကို မင်းသားကြီး Tom Hanks က အသံနဲ့ သရုပ်ဆောင်ထားပါတယ်။ အခုချိန်ထိ ကြည့်လို့မရိုးနိုင်တဲ့ ကာတွန်းကားပါ။

(၁) Saving Private Ryan (1998)

ဒီစာရင်းမှာ Forrest Gump (1994) က နံပါတ် (၁) မဟုတ်ဘဲ Saving Private Ryan (1998) ဖြစ်နေပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ခံ မေတ္တာဖွဲ့ ရုပ်ရှင်ကြီးဖြစ်ပြီး မင်းသားကြီး Tom Hanks အပြင် Matt Damon ၊ Vin Diesel ၊ Edward Burns နဲ့ Tom Sizemore တို့က အားဖြည့်ထားပါတယ်။ အမျိုးသမီးကြီးတစ်ဦးဟာ သားလေးယောက် မွေးထားတယ်။

အကုန်လုံးက စစ်သားတွေချည်းပဲ။ သုံးယောက်က တိုက်ပွဲကျသွားတယ်။ မိဘမေတ္တာကို စာနာတဲ့အနေနဲ့ စစ်ပွဲမှာ အသက်ရှင်ကျန်သေးတဲ့ တပ်သား Ryan (Matt Damon) ကို ကယ်ဆယ်ဖို့ ဗိုလ်ချုပ် George Marshall (Harve Presnell) က ဗိုလ်ကြီး Miller (Tom Hanks) ကို တာဝန်ပေးလိုက်ပါတယ်။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ခက်ခဲတဲ့ စစ်မြေပြင်မှာ တပ်သားလေးကို တွေ့ပါ့မလား ရင်တမောမောနဲ့ ကြည့်ရမှာပါ။

Business Insider အဖွဲ့ ရဲ့  ရုပ်ရှင်သုံးသပ်သူတွေအကြိုက် Tom Hanks ရဲ့ အကောင်းဆုံးရုပ်ရှင် (၅) ကားကို တင်ပြလိုက်တာပါ။ ဒီစာရင်းမှာ The Green Miles (1999) ၊ Cast Away (2000) ၊ Catch Me If U Can (2002) ၊ The Terminal (2004) နဲ့ Captain Phillips (2013) တို့လို ဇာတ်ကားကောင်းတွေ မပါဘဲ Splash (1984) ပဲ ပါနေတဲ့အတွက် ရုပ်ရှင်ချစ်သူတွေက စောဒကတက်ကောင်း တက်နိုင်ပါတယ်။ ပရိသတ်ကြီးရော Tom Hanks ရဲ့ အကြိုက်ဆုံးရုပ်ရှင်ကို ဝေမျှပေးပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com