[Zawgyi]

၂၀၁၈ ဇြန္လမွာ ေပါက္ေနတဲ့ အေကာင္းဆံုး ႏုိင္ငံတကာ သီခ်င္း (၁၀) ပုဒ္

ဒီလိုေန႔ဟာ သာယာေသာ ပိတ္ရက္ေလးဆုိေတာ့ အားလံုးပဲ အျပင္သြားစရာရွိတာသြား၊ မရွိတဲ့သူကလည္း အိမ္မွာပဲ သီခ်င္းေလးနားေထာင္လိုက္၊ အေခြေလးၾကည့္လိုက္လုပ္ေနၾကမွာပါပဲ။ ဒီလို လူေတြထဲကမွ ဂီတကို ေရြးခ်ယ္တဲ့သူေတြအတြက္ အသစ္စက္စက္ ႏုိင္ငံတာကာသီခ်င္းေကာငး္ေလးေတြကို ညႊန္းခ်င္ပါတယ္။ ဒီသီခ်င္းေတြဟာ ထြက္ရွိတာ သိပ္မၾကာေသးဘဲ YouTube မွာလည္း Hit ျဖစ္ေနတဲ့ သီခ်င္းေလးေတြမို႔ နားဆင္ၾကည့္လိုက္ၾကပါဦး။

Girls Like You – Maroon 5 ft. Cardi B

ဒီသီခ်င္းကေတာ့ Maroon 5 ရဲ့ ဆဌမေျမာက္ Album ျဖစ္တဲ့ Red Pill Blues ထဲက သီခ်င္းျဖစ္ျပီး Cardi B က Rap အပိုဒ္ကို ပါဝင္ေရးသားသီဆုိထားပါတယ္။ “မင္းလို မိန္းကေလးတစ္ေယာက္ကို လိုအပ္တယ္” ဆိုတာကို Melody ေျပေျပျပစ္ျပစ္နဲ႔ ရိုးရုိးရွင္းရွင္းေလး ဖြဲ႔ျပထားျပီး နားစြဲလြယ္ေစပါတယ္။ သီခ်င္းထက္ Music Video က ပိုစိတ္ဝင္စားဖို႔ ေကာင္းျပီး Gal Gadot ၊ Jennifer Lopez ၊ Camila Cabello တို႔ကအစ Ellen DeGeneres အဆံုး နာမည္ေက်ာ္အမိ်ဳးသမီးေတြ အမ်ားၾကီးပါဝင္ထားပါတယ္။

Back to You – Selena Gomez

Back to You သီခ်ငး္ကေတာ့ သိျပီးၾကတဲ့ အတုိင္း 13 Reasons Why Season 2 ရဲ႕ Soundtrack ျဖစ္ျပီး ႏုိင္ငံအေတာ္မ်ားမ်ားရဲ့ Top 20 စာရင္းထဲ ဝင္ခဲ့ပါတယ္။ US မွာလည္း Billboard Hot 100 ထဲ ဝင္ခဲ့တဲ့ သီခ်င္းျဖစ္ပါတယ္။ “You could break my heart in two
But when it heals, it beats for you” ဆိုတဲ့ လွပတဲ့့ စာသားနဲ႔ I’d go back to you ဆိုတဲ့ အဖြဲ႔ေလးကို ၾကိဳက္ၾကမယ္ ထင္ပါတယ္။ Music Video ကို ခပ္ဆန္းဆန္းေလးရိုက္ကူးတင္ဆက္ထားျပီး ၁၉၆၅ ခုႏွစ္က ျပင္သစ္ရုပ္ရွင္ ‘Pierrot le Fou’ ကေန Inspiration ရယူထားတယ္လို႔  ဆိုတာမို႔ ၾကည့္လိုက္ပါဦး။

Girls – Rita Ora ft. Cardi B ၊ Bebe Rexha & Charli XCX

ဒီသီခ်င္းကေတာ့ Rita Ora ရဲ့ အသစ္ထြက္ရွိမယ့္ ဒုတိယေျမာက္ Album ထဲမွာ ပါဝင္တဲ့ သီခ်င္းျဖစ္ပါတယ္။ ဒီသီခ်င္းကို ေရးသားသူေတြထဲမွာ Camila Cabello လည္း ပါဝင္ျပီး ဒီသီခ်င္းဟာ Charli XCX ရဲ့ သီခ်င္း ‘Boys’ ရဲ့ ေနာက္ဆက္တြဲသီခ်င္းလို႔ ယူဆလို႔ ရပါတယ္။ သီခ်င္းစာသားေတြအရ လိင္ပုိင္းဆိုင္ရာ ဆြဲေဆာင္မႈနဲ႔ လိင္တူလိင္ကြဲ ႏွစ္မိ်ဳးလံုး ႏွစ္သက္သေဘာက်မႈကို ေဖာ္က်ဴးေနပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဒီလိုနာမည္ၾကီး အမ်ိဳးသမီးေလးေယာက္ရဲ့ သီခ်င္းကို နားေထာင္ခ်င္ရင္ေတာ့ ဒီမွာပါ။

Solo – Clean Bandit ft. Demi Lovato

Solo ကေတာ့ ထူးထူးျခားျခား Clean Bandit နဲ႔ Demi Lovato တို႔ တြဲဆုိထားတဲ့ သီခ်င္း ျဖစ္ပါတယ္။ EDM ႏြယ္တဲ့ သီခ်င္းအမ်ိဳးအစား ျဖစ္ျပီး အသည္းကြဲေနတာေတာင္မွ ကိုယ့္ဘာသာရုန္းကန္ရပ္တည္ေနတဲ့အေၾကာင္း ျဖစ္ပါတယ္။

Sudamericana – Andra ft. Pachanga

ဒီသီခ်င္းကေတာ့ လက္တင္အေမရိကပံုစံသီခ်င္းျဖစ္ျပီး ရုိေမးနီးယားအဆုိေတာ္ Andra က Pachanga နဲ႔ တြဲျပီး သီဆိုထားပါတယ္။ ဒီလို သီခ်င္းပံုစံေတြ ၾကိဳက္တဲ့သူေတြ အတြက္ ဒြန္႔လို႔ ရေအာင္ ၾကည့္လိုက္ပါဦး။

Beautiful – Bazzi

ဒီသီခ်င္းကေတာ့ အေမရိကန္အဆိုေတာ္ Bazzi ရဲ့ သီခ်င္းေလးပဲ ျဖစ္ပါတယ္။ ေကာင္မေလး ဘယ္ေလာက္မိုက္ေၾကာင္းကို ေရးဖြဲ႔ထားတဲ့ ဒီသီခ်င္းေလးကိုလည္း ျမည္းစမ္းၾကည့္ပါဦး။

Start again – OneRepublic ft. Logic

OneRepublic ရဲ႕ သီခ်င္းသစ္ဟာ နံပါတ္ (၇) ေနရာမွာ ရပ္တည္ေနျပီး 13 Reasons Why Season 2 ရဲ႕ Soundtrack လည္း ျဖစ္တဲ့အတြက္ တစ္ခ်က္ေလာက္ ၾကည့္လိုက္ပါဦး။

ESSKEETIT – Lil Pump

Lil Pump ရဲ႕ ဒီသီခ်င္းကေတာ့ သူရဲ႕ ေနာက္ထြက္ရွိလာမယ့္ Mixtape ‘Harvard Dropout’ ထဲက သီခ်င္းျဖစ္ပါတယ္။ သီခ်င္းစာသားေတြကေတာ့ Rapper ေတြ ဆုိေနၾက ပံုစံမ်ိဳးပဲ ျဖစ္ျပီး ေငြအျပည့္သယ္ထားတဲ့ Truck Car နဲ႔ Bling Bling ေတြနဲ႔ ရိုက္ျပထားပါတယ္။

Bloom – Troye Sivan

အခုတေလာ ေရလည္ေတြ ပြင့္ျပေနတဲ့ Troye Sivan ေလးရဲ႕ ‘Bloom’ ျဖစ္ပါတယ္။ I bloom just for you ဆိုတဲ့ စာသားတင္ ျပံဳးခ်င္စရာပါ။  ဒီသီခ်င္းဟာ သူ႔ရဲ့ ထြက္ရွိမယ့္ ဒုတိယအေခြမွာ ပါဝင္မွာ ျဖစ္ျပီး Troye Sivan တစ္ေယာက္ေရလည္ႏုျပတဲ့ သီခ်ငး္ျဖစ္ပါတယ္။

Don’t say you love me – Fifth Harmony

Don’t say you love me ကေတာ့ နားစြဲလြယ္ျပီး တကယ္မခ်စ္ပဲနဲ႔ ခ်စ္တယ္မေျပာပါနဲ႔ဆုိတဲ့ သေဘာမ်ိဳး ေရးဖြဲ႔ထားပါတယ္။ Fifth Harmony ရဲ့ တတိယအေခြထဲမွာ ပါဝင္ခဲ့ျပီး Pop နဲ႔ Tropical House အမ်ိဳးအစားသီခ်င္းေလးလည္း ျဖစ္ပါတယ္။

အဆင္ေျပနားစြဲႏုိင္တဲ့ သီခ်င္းမ်ားကို စုစည္းေဖာ္ျပေပးထားလို႔ ခံစားေပ်ာ္ရႊင္ႏုိင္ၾကမယ္ထင္ပါတယ္။ Have a nice weekend!

Yoe Lu (Akhayar)

www.akhayar.com

Ref : YouTube
[Unicode]

၂၀၁၈ ဇွန်လမှာပေါက်နေတဲ့ အကောင်းဆုံး နိုင်ငံတကာ သီချင်း (၁၀) ပုဒ်

ဒီလိုနေ့ဟာ သာယာသော ပိတ်ရက်လေးဆိုတော့ အားလုံးပဲ အပြင်သွားစရာရှိတာသွား၊ မရှိတဲ့သူကလည်း အိမ်မှာပဲ သီချင်းလေးနားထောင်လိုက်၊ အခွေလေးကြည့်လိုက်လုပ်နေကြမှာပါပဲ။ ဒီလို လူတွေထဲကမှ ဂီတကို ရွေးချယ်တဲ့သူတွေအတွက် အသစ်စက်စက် နိုင်ငံတာကာသီချင်းကောင်းလေးတွေကို ညွှန်းချင်ပါတယ်။ ဒီသီချင်းတွေဟာ ထွက်ရှိတာ သိပ်မကြာသေးဘဲ YouTube မှာလည်း Hit ဖြစ်နေတဲ့ သီချင်းလေးတွေမို့ နားဆင်ကြည့်လိုက်ကြပါဦး။

Girls Like You – Maroon 5 ft. Cardi B

ဒီသီချင်းကတော့ Maroon 5 ရဲ့ ဆဌမမြောက် Album ဖြစ်တဲ့ Red Pill Blues ထဲက သီချင်းဖြစ်ပြီး Cardi B က Rap အပိုဒ်ကို ပါဝင်ရေးသားသီဆိုထားပါတယ်။ “မင်းလို မိန်းကလေးတစ်ယောက်ကို လိုအပ်တယ်” ဆိုတာကို Melody ပြေပြေပြစ်ပြစ်နဲ့ ရိုးရိုးရှင်းရှင်းလေး ဖွဲ့ပြထားပြီး နားစွဲလွယ်စေပါတယ်။ သီချင်းထက် Music Video က ပိုစိတ်ဝင်စားဖို့ ကောင်းပြီး Gal Gadot ၊ Jennifer Lopez ၊ Camila Cabello တို့ကအစ Ellen DeGeneres အဆုံး နာမည်ကျော်အမျိုးသမီးတွေ အများကြီးပါဝင်ထားပါတယ်။

Back to You – Selena Gomez

Back to You သီချင်းကတော့ သိပြီးကြတဲ့ အတိုင်း 13 Reasons Why Season 2 ရဲ့ Soundtrack ဖြစ်ပြီး နိုင်ငံအတော်များများရဲ့ Top 20 စာရင်းထဲ ဝင်ခဲ့ပါတယ်။ US မှာလည်း Billboard Hot 100 ထဲ ဝင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ “You could break my heart in two
But when it heals, it beats for you” ဆိုတဲ့ လှပတဲ့ စာသားနဲ့ I’d go back to you ဆိုတဲ့ အဖွဲ့လေးကို ကြိုက်ကြမယ် ထင်ပါတယ်။ Music Video ကို ခပ်ဆန်းဆန်းလေးရိုက်ကူးတင်ဆက်ထားပြီး ၁၉၆၅ ခုနှစ်က ပြင်သစ်ရုပ်ရှင် ‘Pierrot le Fou’ ကနေ Inspiration ရယူထားတယ်လို့  ဆိုတာမို့ ကြည့်လိုက်ပါဦး။

Girls – Rita Ora ft. Cardi B ၊ Bebe Rexha & Charli XCX

ဒီသီချင်းကတော့ Rita Ora ရဲ့ အသစ်ထွက်ရှိမယ့် ဒုတိယမြောက် Album ထဲမှာ ပါဝင်တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို ရေးသားသူတွေထဲမှာ Camila Cabello လည်း ပါဝင်ပြီး ဒီသီချင်းဟာ Charli XCX ရဲ့ သီချင်း ‘Boys’ ရဲ့ နောက်ဆက်တွဲသီချင်းလို့ ယူဆလို့ ရပါတယ်။ သီချင်းစာသားတွေအရ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုနဲ့ လိင်တူလိင်ကွဲ နှစ်မျိုးလုံး နှစ်သက်သဘောကျမှုကို ဖော်ကျူးနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုနာမည်ကြီး အမျိုးသမီးလေးယောက်ရဲ့ သီချင်းကို နားထောင်ချင်ရင်တော့ ဒီမှာပါ။

Solo – Clean Bandit ft. Demi Lovato

Solo ကတော့ ထူးထူးခြားခြား Clean Bandit နဲ့ Demi Lovato တို့ တွဲဆိုထားတဲ့ သီချင်း ဖြစ်ပါတယ်။ EDM နွယ်တဲ့ သီချင်းအမျိုးအစား ဖြစ်ပြီး အသည်းကွဲနေတာတောင်မှ ကိုယ့်ဘာသာရုန်းကန်ရပ်တည်နေတဲ့အကြောင်း ဖြစ်ပါတယ်။

Sudamericana – Andra ft. Pachanga

ဒီသီချင်းကတော့ လက်တင်အမေရိကပုံစံသီချင်းဖြစ်ပြီး ရိုမေးနီးယားအဆိုတော် Andra က Pachanga နဲ့ တွဲပြီး သီဆိုထားပါတယ်။ ဒီလို သီချင်းပုံစံတွေ ကြိုက်တဲ့သူတွေ အတွက် ဒွန့်လို့ ရအောင် ကြည့်လိုက်ပါဦး။

Beautiful – Bazzi

ဒီသီချင်းကတော့ အမေရိကန်အဆိုတော် Bazzi ရဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ကောင်မလေး ဘယ်လောက်မိုက်ကြောင်းကို ရေးဖွဲ့ထားတဲ့ ဒီသီချင်းလေးကိုလည်း မြည်းစမ်းကြည့်ပါဦး။

Start again – OneRepublic ft. Logic

OneRepublic ရဲ့ သီချင်းသစ်ဟာ နံပါတ် (၇) နေရာမှာ ရပ်တည်နေပြီး 13 Reasons Why Season 2 ရဲ့ Soundtrack လည်း ဖြစ်တဲ့အတွက် တစ်ချက်လောက် ကြည့်လိုက်ပါဦး။

ESSKEETIT – Lil Pump

Lil Pump ရဲ့ ဒီသီချင်းကတော့ သူရဲ့ နောက်ထွက်ရှိလာမယ့် Mixtape ‘Harvard Dropout’ ထဲက သီချင်းဖြစ်ပါတယ်။ သီချင်းစာသားတွေကတော့ Rapper တွေ ဆိုနေကြ ပုံစံမျိုးပဲ ဖြစ်ပြီး ငွေအပြည့်သယ်ထားတဲ့ Truck Car နဲ့ Bling Bling တွေနဲ့ ရိုက်ပြထားပါတယ်။

Bloom – Troye Sivan

အခုတလော ရေလည်တွေ ပွင့်ပြနေတဲ့ Troye Sivan လေးရဲ့ ‘Bloom’ ဖြစ်ပါတယ်။ I bloom just for you ဆိုတဲ့ စာသားတင် ပြုံးချင်စရာပါ။  ဒီသီချင်းဟာ သူ့ရဲ့ ထွက်ရှိမယ့် ဒုတိယအခွေမှာ ပါဝင်မှာ ဖြစ်ပြီး Troye Sivan တစ်ယောက်ရေလည်နုပြတဲ့ သီချင်းဖြစ်ပါတယ်။

Don’t say you love me – Fifth Harmony

Don’t say you love me ကတော့ နားစွဲလွယ်ပြီး တကယ်မချစ်ပဲနဲ့ ချစ်တယ်မပြောပါနဲ့ဆိုတဲ့ သဘောမျိုး ရေးဖွဲ့ထားပါတယ်။ Fifth Harmony ရဲ့ တတိယအခွေထဲမှာ ပါဝင်ခဲ့ပြီး Pop နဲ့ Tropical House အမျိုးအစားသီချင်းလေးလည်း ဖြစ်ပါတယ်။

အဆင်ပြေနားစွဲနိုင်တဲ့ သီချင်းများကို စုစည်းဖော်ပြပေးထားလို့ ခံစားပျော်ရွှင်နိုင်ကြမယ်ထင်ပါတယ်။ Have a nice weekend!

Yoe Lu (Akhayar)

www.akhayar.com

Ref : YouTube