[Zawgyi]

၂၀၁၈ ဇူလိုင္လမွာ ေပါက္ေနတဲ့ အေကာင္းဆံုး ႏုိင္ငံတကာ သီခ်င္း (၁၀) ပုဒ္

ဇူလိုင္လရဲ႕ မုိးေရစက္ေတြၾကား ေလွ်ာက္သြား ေလွ်ာက္စားေနမလား၊ အိမ္မွာေထြးျပီး ေကြးေနမလား။ ဘာပဲလုပ္လုပ္ ဂီတကေတာ့ ေလွ်ာက္သြားရင္း ကားေပၚမွာလည္း နားေထာင္လို႔ရ၊ အိမ္မွာလည္း ဖြင့္ထားလို႔ ရတဲ့ အေဖာ္စစ္ပါပဲ။ သီခ်င္းခ်စ္သူေတြအတြက္ အခု ဇူလိုင္လမွာ YouTube မွာ Hit ျဖစ္ေနတဲ့ သီခ်င္းေကာင္းေလးေတြကို အခုပဲ ေဒါင္းလိုက္ရေအာင္ မွ်ေဝေပးလိုက္ပါတယ္။

I’m A Mess – Bebe Rexha

အေမရိကန္အဆုိေတာ္မေလး Bebe Rexha ရဲ႕ ‘I’m A Mess’ ဆိုတဲ့ သီခ်င္းေလးနဲ႔ စရေအာင္ဗ်ာ။ ‘I’m a mess, I’m a loser..I’m a hater, I’m a user, he don’t love me , he don’t love me” ဆိုိတဲ့ အရႈံးသမားတစ္ေယာက္ရဲ႕ ဘဝ၊ သူခ်စ္တဲ့ ေကာင္ေလးက သူ႔ကို မခ်စ္ဘူးဆိုတဲ့ ခံစားခ်က္ေတြနဲ႔ တျပိဳင္တည္းမွာပဲ “Everything’s gonna be alright Everything’s gonna be okay” ဆိုျပီး ကုိယ့္ကိုယ္ကိုယ္ျပန္အားတင္းေနတဲ့ ဒြိဟခံစားခ်က္ေလးကို ျမင္ရပါတယ္။ ဒီသီခ်င္းဟာ ဒီလို ဝိေရာဓိခံစားခ်က္ေတြရွိတဲ့ မိန္းကေလးေတြၾကိဳက္ၾကတဲ့အတြက္ Hit Song ျဖစ္လာခဲ့တာပါ။

Dance To This – Troye Sivan ft. Ariana Grande

အခုတေလာ အရမ္း Hot ေနတဲ့ Troye Sivan နဲ႔ Ariana Grande တို႔ ပူးေပါင္းတင္ဆက္ထားတဲ့ သီခ်င္းေလး ျဖစ္ျပီး Bloom Album ထဲကပါ။ Pop နဲ႔ R&B ႏြယ္တဲ့ သီခ်င္းအမ်ိဳးအစားေလး ျဖစ္ျပီး “We can just dance to this” ဆိုျပီး လူငယ္ဆန္ဆန္ ေပါ့ေပါ့ပါးပါးေလး ဆုိထားတဲ့အတြက္ စာေတြလုပ္ေန၊ အလုပ္ေတြမ်ားေနတုန္း ဖြင့္ထားရင္း လုိက္ေမ်ာလို႔ ရပါတယ္။

Eastside – Benny Blanco, Halsey & Khalid

Halsey နဲ႔ Khalid တို႔ကို သီခ်င္းတစ္ပုဒ္ပူးတြဲဖန္တီးတာကို ျမင္ရတာ အေတာ္မိုက္ပါတယ္။ သီခ်င္းေလးကလည္း သူတို႔ ၾကီးျပင္းခဲ့ရတဲ့ပံုနဲ႔ သူတို႔ အခ်စ္ကို စတင္ေတြ႔ရွိခဲ့တဲ့ပံုေတြ၊ ငယ္ဘဝအိပ္မက္ေတြကို ဖြဲ႔ထားတာ ခ်စ္ဖို႔ ေကာင္းပါတယ္။ “He used to meet me on the Eastside” ဆိုျပီး ငယ္ဘဝကို ျပန္လြမ္းေမာၾကရေအာင္။

Almost Love – Sabrina Carpenter

အေမ်ာေလးေတြ သြားျပီးေတာ့ ျမဴးျမဴးၾကြၾကြေလးေတြဆီ ျပန္လွည့္ရေအာင္။ “Almost Love” ဟာ Electropop အမ်ိဳးအစားေလး ျဖစ္ျပီး ဒီသီခ်င္းေလးစျဖစ္ေပၚလာတာကေတာ့ Sabrina Carpenter တစ္ေယာက္ သူ႔ဖုန္းက Note မွာ ဒီ သီခ်င္းေခါင္းစဥ္ေလးကို ေတြ႔လိုက္တဲ့ခဏမွာ ေရးသားျဖစ္ခဲ့တယ္လို႔ ဆုိပါတယ္။

Knees – Bebe Rexha

Bebe Rexha ရဲ႕ ေနာက္ထပ္ Pop သီခ်င္းေကာင္းေလးတစ္ပုဒ္ပါပဲ။ “If I’m not all you need Then Just set me free” ဆိုျပီး တကယ္လို႔ ကုိယ့္ကို မလိုအပ္ေတာ့ဘူးဆိုရင္ ဒီလိုၾကီး မေနပါနဲ႔။ လႊတ္ေပးလိုက္ပါေတာ့ဆိုျပီး ညည္းဆုိထားတာပါ။ စာသားေလးေတြဟာ Relationship တစ္ခုမွာ ၾကံဳရတတ္တာေတြမို႔ အၾကိဳက္ေတြ႔ၾကမယ္ထင္ပါတယ္။

Bed – Nicki Minaj ft. Ariana Grande

ဒီသီခ်င္းကေတာ့ Nicki Minaj ရဲ႕ ‘Queen’ Album ထဲက သီခ်င္းျဖစ္ပါတယ္။ ဒါဟာ Nicki Minaj နဲ႔ Ariana Grande တို႔ရဲ႕ ၄ပုဒ္ေျမာက္တြဲဆုိတဲ့ သီခ်င္းျဖစ္ျပီး အထူးအေထြေျပာစရာမရွိဘဲ Nicki Minaj ဆိုေနက် သီခ်င္းပံုပဲ ျဖစ္ပါတယ္။

Just My Type – The Vamps

The Vamps အဖြဲ႔ရဲ႕ သီခ်င္းေကာင္းေလးတစ္ပုဒ္ပါ။ လွည့္စားျပဳစားတတ္တဲ့ မိန္းကေလးတစ္ေယာက္အေၾကာင္းကို သီခ်င္းလွလွေလး ဖြဲ႔ျပထားပါတယ္။

Noticed – Lil Mosey

Rapper ေလး Lil Mosey ရဲ႕ Noticed ကေတာ့ ၾကားေနၾက Rap သီခ်င္းေတြထဲကမွ အသစ္တစ္ပုဒ္ပါ။

God is a woman – Ariana Grande

‘God Is a Woman’ သီခ်င္းကေတာ့ Ariana Grande ရဲ႕ Album ‘Sweetener’ ထဲမွာ ပါတဲ့ သီခ်င္းပါ။ သီခ်င္းစာသားေတြကေတာ့ လိုက္နားေထာင္ျပီး ေမ်ာမွ ရပါလိမ့္မယ္။

Pops – THEY.

THEY. ဆိုတဲ့ အေမရိကန္ႏွစ္ေယာက္တြဲ R&B အဖြဲ႔ေလးကေတာ့ Pops ဆိုတဲ့ သီခ်င္းေလးနဲ႔ သူတို႔ကို ေကၽြးေမြးေစာင့္ေရွာက္ခဲ့တဲ့ သူတို႔ အေဖေတြရဲ႕ ေမတၱာနဲ႔ ပ်ိဳးေထာင္မႈကို ဆိုထားပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : YouTube
[Unicode]

၂၀၁၈ ဇူလိုင်လမှာ ပေါက်နေတဲ့ အကောင်းဆုံး နိုင်ငံတကာ သီချင်း (၁၀) ပုဒ်

ဇူလိုင်လရဲ့ မိုးရေစက်တွေကြား လျှောက်သွား လျှောက်စားနေမလား၊ အိမ်မှာထွေးပြီး ကွေးနေမလား။ ဘာပဲလုပ်လုပ် ဂီတကတော့ လျှောက်သွားရင်း ကားပေါ်မှာလည်း နားထောင်လို့ရ၊ အိမ်မှာလည်း ဖွင့်ထားလို့ ရတဲ့ အဖော်စစ်ပါပဲ။ သီချင်းချစ်သူတွေအတွက် အခု ဇူလိုင်လမှာ YouTube မှာ Hit ဖြစ်နေတဲ့ သီချင်းကောင်းလေးတွေကို အခုပဲ ဒေါင်းလိုက်ရအောင် မျှဝေပေးလိုက်ပါတယ်။

I’m A Mess – Bebe Rexha

အမေရိကန်အဆိုတော်မလေး Bebe Rexha ရဲ့ ‘I’m A Mess’ ဆိုတဲ့ သီချင်းလေးနဲ့ စရအောင်ဗျာ။ ‘I’m a mess, I’m a loser..I’m a hater, I’m a user, he don’t love me , he don’t love me” ဆိုတဲ့ အရှုံးသမားတစ်ယောက်ရဲ့ ဘဝ၊ သူချစ်တဲ့ ကောင်လေးက သူ့ကို မချစ်ဘူးဆိုတဲ့ ခံစားချက်တွေနဲ့ တပြိုင်တည်းမှာပဲ “Everything’s gonna be alright Everything’s gonna be okay” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်အားတင်းနေတဲ့ ဒွိဟခံစားချက်လေးကို မြင်ရပါတယ်။ ဒီသီချင်းဟာ ဒီလို ဝိရောဓိခံစားချက်တွေရှိတဲ့ မိန်းကလေးတွေကြိုက်ကြတဲ့အတွက် Hit Song ဖြစ်လာခဲ့တာပါ။

Dance To This – Troye Sivan ft. Ariana Grande

အခုတလော အရမ်း Hot နေတဲ့ Troye Sivan နဲ့ Ariana Grande တို့ ပူးပေါင်းတင်ဆက်ထားတဲ့ သီချင်းလေး ဖြစ်ပြီး Bloom Album ထဲကပါ။ Pop နဲ့ R&B နွယ်တဲ့ သီချင်းအမျိုးအစားလေး ဖြစ်ပြီး “We can just dance to this” ဆိုပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေး ဆိုထားတဲ့အတွက် စာတွေလုပ်နေ၊ အလုပ်တွေများနေတုန်း ဖွင့်ထားရင်း လိုက်မျောလို့ ရပါတယ်။

Eastside – Benny Blanco, Halsey & Khalid

Halsey နဲ့ Khalid တို့ကို သီချင်းတစ်ပုဒ်ပူးတွဲဖန်တီးတာကို မြင်ရတာ အတော်မိုက်ပါတယ်။ သီချင်းလေးကလည်း သူတို့ ကြီးပြင်းခဲ့ရတဲ့ပုံနဲ့ သူတို့ အချစ်ကို စတင်တွေ့ရှိခဲ့တဲ့ပုံတွေ၊ ငယ်ဘဝအိပ်မက်တွေကို ဖွဲ့ထားတာ ချစ်ဖို့ ကောင်းပါတယ်။ “He used to meet me on the Eastside” ဆိုပြီး ငယ်ဘဝကို ပြန်လွမ်းမောကြရအောင်။

Almost Love – Sabrina Carpenter

အမျောလေးတွေ သွားပြီးတော့ မြူးမြူးကြွကြွလေးတွေဆီ ပြန်လှည့်ရအောင်။ “Almost Love” ဟာ Electropop အမျိုးအစားလေး ဖြစ်ပြီး ဒီသီချင်းလေးစဖြစ်ပေါ်လာတာကတော့ Sabrina Carpenter တစ်ယောက် သူ့ဖုန်းက Note မှာ ဒီ သီချင်းခေါင်းစဉ်လေးကို တွေ့လိုက်တဲ့ခဏမှာ ရေးသားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Knees – Bebe Rexha

Bebe Rexha ရဲ့ နောက်ထပ် Pop သီချင်းကောင်းလေးတစ်ပုဒ်ပါပဲ။ “If I’m not all you need Then Just set me free” ဆိုပြီး တကယ်လို့ ကိုယ့်ကို မလိုအပ်တော့ဘူးဆိုရင် ဒီလိုကြီး မနေပါနဲ့။ လွှတ်ပေးလိုက်ပါတော့ဆိုပြီး ညည်းဆိုထားတာပါ။ စာသားလေးတွေဟာ Relationship တစ်ခုမှာ ကြုံရတတ်တာတွေမို့ အကြိုက်တွေ့ကြမယ်ထင်ပါတယ်။

Bed – Nicki Minaj ft. Ariana Grande

ဒီသီချင်းကတော့ Nicki Minaj ရဲ့ ‘Queen’ Album ထဲက သီချင်းဖြစ်ပါတယ်။ ဒါဟာ Nicki Minaj နဲ့ Ariana Grande တို့ရဲ့ ၄ပုဒ်မြောက်တွဲဆိုတဲ့ သီချင်းဖြစ်ပြီး အထူးအထွေပြောစရာမရှိဘဲ Nicki Minaj ဆိုနေကျ သီချင်းပုံပဲ ဖြစ်ပါတယ်။

Just My Type – The Vamps

The Vamps အဖွဲ့ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ လှည့်စားပြုစားတတ်တဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို သီချင်းလှလှလေး ဖွဲ့ပြထားပါတယ်။

Noticed – Lil Mosey

Rapper လေး Lil Mosey ရဲ့ Noticed ကတော့ ကြားနေကြ Rap သီချင်းတွေထဲကမှ အသစ်တစ်ပုဒ်ပါ။

God is a woman – Ariana Grande

‘God Is a Woman’ သီချင်းကတော့ Ariana Grande ရဲ့ Album ‘Sweetener’ ထဲမှာ ပါတဲ့ သီချင်းပါ။ သီချင်းစာသားတွေကတော့ လိုက်နားထောင်ပြီး မျောမှ ရပါလိမ့်မယ်။

Pops – THEY.

THEY. ဆိုတဲ့ အမေရိကန်နှစ်ယောက်တွဲ R&B အဖွဲ့လေးကတော့ Pops ဆိုတဲ့ သီချင်းလေးနဲ့ သူတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ သူတို့ အဖေတွေရဲ့ မေတ္တာနဲ့ ပျိုးထောင်မှုကို ဆိုထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : YouTube