[Zawgyi]

Halloween Night မွာ ၾကည့္သင့္တဲ့ရုပ္ရွင္ဇာတ္ကားေလးမ်ား

Halloween Day ဟာ လစာထုတ္ရက္ႀကီးဆိုေတာ့ အိမ္ထဲမွာေနမယ့္သူေတြေတာ့ ရွားလိမ့္မယ္ထင္တယ္ေနာ္။ ဒါေပမယ့္ တခ်ိဳ႕လည္း အိမ္ထဲမွာ ေနေကာင္းေနႏိုင္ပါတယ္ေလ။ အဲဒီလို အိမ္ထဲမွာေနၿပီး ေကြးေနတဲ့သူေတြကို ကူညီခ်င္လြန္းလို႔ပါ။ အဲဒါက ဘာလဲဆိုရင္ Halloween Night မွာ အိမ္ထဲမွာပဲေနမယ့္သူေတြအတြက္ အခ်ိန္ျဖဳန္းဖို႔အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကားအေၾကာင္းပါ။ ဘယ္လိုလဲ။ နည္းနည္းေတာ့ စိတ္၀င္စားသြားၿပီေတာ့ လုပ္လိုက္ေလ။ တစ္ေယာက္တည္းပဲၾကည့္ၾကည့္၊ မိသားစုနဲ႔ပဲၾကည့္ၾကည့္၊ သူငယ္ခ်င္းေတြနဲ႔ပဲစုၿပီးၾကည့္ၾကည့္၊ ခ်စ္သူနဲ႔ႏွစ္ေယာက္ထဲပဲၾကည့္ၾကည့္ ႀကိဳက္သလိုၾကည့္။ ၾကည့္လို႔ေကာင္းေစမယ့္ ရုပ္ရွင္ကားေလးေတြကို ေျပာျပေပးမယ္ေနာ္။

Harry Potter Series

ကေလးဘ၀ရဲ႕ အေဖာ္မြန္ “Harry Potter” ကေတာ့ ဒီညနဲ႔ အလိုက္ဖက္ဆံုးျဖစ္မယ္ထင္တယ္ေနာ္။ ကိုယ္ဆိုရင္ ၾကည့္ၿပီးသားကို ျပန္ၾကည့္ရင္ေတာင္ သေဘာက်ေနမိတယ္။ စုန္းေတြ၊ ေမွာ္ေတြ၊ ဂါထာမႏာၱန္ေတြ၊ ေနာက္ၿပီး မေကာင္းဆိုး၀ါးေတြနဲ႔ အံၾသဖြယ္ေလာကႀကီးတစ္ခုထဲကို စီးေမ်ာေနလိုက္တာက တကယ္ အခ်ိန္ကို စိတ္ေက်နပ္မႈနဲ႔အတူ ကုန္ဆံုးေစမွာပါ။

Amityville: The Awakening (2017)

ဒီကားက ထြက္ထားတာ အရမ္းမၾကာေသးပါဘူး။ ဒါေပမယ့္ ထိတ္လန္႔ေျခာက္ျခားဖြယ္ရုပ္ရွင္ကားေတြနဲ႔ သရဲကားႀကိဳက္သူေတြကေတာ့ ၾကည့္ဖူးၾကမွာပါ။ မိသားစုတစ္စုဟာ အိမ္အသစ္တစ္ခုကို ေျပာင္းေရႊ႕သြားခဲ့ၿပီးတဲ့ေနာက္မွာ ဘယ္လိုေတြႀကံဳေတြ႕ရမွာလဲ။ ေနာက္ၿပီး ထူးထူးဆန္းဆန္းအျဖစ္အပ်က္ေပါင္းမ်ားစြာထဲမွာ မိသားစုထဲက ကိုမာ၀င္ၿပီး သတိေမ့ေမ်ာေနတဲ့ေကာင္ေလးကေရာ ဘယ္ေတာ့မွ ျပန္မေကာင္းလာႏိုင္စရာကေန ထူးဆန္းစြာနဲ႔ ဘယ္လိုေတြျပန္ေကာင္းလာဦးမွာလဲ။ အရမ္းစိတ္၀င္စားဖို႔ေကာင္းၿပီး ေၾကာက္စရာလည္းေကာင္းပါတယ္။ နည္းနည္းလႈပ္လႈပ္ရွားရွားနဲ႔ ေၾကာက္စရာေကာင္းတာကိုလိုခ်င္တဲ့သူေတြအတြက္ေတာ့ ကြက္တိပါပဲ။

Casper (1995)

Halloween Night ဆိုတာ Casper မပါရင္ မျပည့္စံုႏုိင္ပါဘူး။ ငယ္ငယ္ေလးထဲက စြဲလန္းခဲ့ရတဲ့ Casper ကို ျပန္ၾကည့္ဖို႔အခ်ိန္ေကာင္းကိုေတာ့ ေရာက္လာျပန္ပါၿပီေနာ္။ Casper ဇာတ္လမ္းကေတာ့ မၾကည့္ဖူးတဲ့သူေတြ ခပ္ရွားရွားပါပဲ။ ဒါဆို မေျပာျပေတာ့ဘူးေနာ္။ ဒီညမွာ အတူတူေနာက္တစ္ေခါက္ျပန္ၾကည့္ၾကမယ္ေလ အိုေခ။

Wish Upon (2017)

သားအဖႏွစ္ေယာက္ရွိေနရာကေန အေဖက သမီးျဖစ္သူကို Music Box အေဟာင္းေလးတစ္ခု လက္ေဆာင္ေပးလိုက္ပါတယ္။ အဲဒီကေနစတင္ၿပီး Box မွာေရးထားသလို ဆု (၇) ဆုေတာင္းတိုင္းျပည့္မယ္ဆိုတဲ့အတုိင္း သူမက ျဖစ္ခ်င္တာေလးေတြကိုေတာင္းရင္း သူမ မခံစားႏိုင္ေလာက္ေအာင္ တဖက္မွာလည္း ဆံုးရွံဳးပ်က္စီးမႈေတြကို ခံစားလာရပါတယ္။ ဘာေတြဆက္ျဖစ္ၾကမွာလဲ။ ဆုေတာင္းေတြနဲ႔ပတ္သက္ၿပီး ရိုက္ျပထားတာေလးက သိပ္ၿပီးအၾကမ္းစားႀကီးမဟုတ္ေပမယ့္လည္း စိတ္၀င္စားစရာေကာင္းလြန္းလို႔ ေမ်ာသြားႏိုင္ပါတယ္။

31st October (2015)

ဒီကားကေတာ့ သရဲတေစၦ ဒါမွမဟုတ္ ထူးျခားဆန္းျပားတဲ့ရုပ္ရွင္ကားမ်ိဳးေတာ့မဟုတ္ပါဘူး။ ေအာက္တိုဘာ ၃၁ရက္ေန႔မွာ အိႏၵိယႏိုင္ငံမွာ ျဖစ္ပ်က္သြားတဲ့အျဖစ္အပ်က္ေလးတစ္ခုကို ရိုက္ကူးထားတာပါ။ ျဖစ္ရပ္မွန္ကို အေျခခံထားၿပီး ဒီရုပ္ရွင္ထဲမွာကေတာ့ Indira Gandhi လုပ္ႀကံခံရတဲ့အခါ အိႏၵိယမွာျဖစ္ေပၚခဲ့တဲ့ ဟိႏၵဴနဲ႔ ဆစ္လူမ်ိဳးေတြရဲ႕ အထိကရုဏ္းထဲမွာ စိတ္သေဘာထားေကာင္းမြန္တဲ့ ဆစ္မိသားစုတစ္စုဟာ ဘာေတြျဖစ္ၾကဦးမွာလဲ။ ဒါဟာ ေအာက္တိုဘာလ ၃၁ရက္ေန႔မွာစတင္ျဖစ္ပြားခဲ့တာပါ။ ဒါေၾကာင့္ သရဲတေစၦေတြ၊ Halloween ေတြ သိပ္စိတ္မ၀င္စားဘူးဆိုတဲ့သူေတြအတြက္ အခ်ိန္ကုန္ခ်င္စရာ ရုပ္ရွင္ဇာတ္ကားေကာင္းေလးပါေနာ္။

လစာထုတ္ထားေပမယ့္ အေၾကြးဆပ္ရင္းကုန္သြားလို႔ပဲျဖစ္ျဖစ္၊ အေဖာ္ေတြက သြားခ်င္ရာသြားၿပီးဆြယ္မရလို႔ပဲျဖစ္ျဖစ္ အိမ္ထဲမွာအခ်ိန္ျဖဳန္းေတာ့မယ္ဆိုရင္ေတာ့ အခုေျပာျပေပးခဲ့တဲ့ကားေလးေတြ ၾကည့္သင့္တယ္ေနာ္။ အခရာပရိသတ္ႀကီးမ်ားအားလံုး Happy Halloween ပါ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

Halloween Night မှာ ကြည့်သင့်တဲ့ရုပ်ရှင်ဇာတ်ကားလေးများ

Halloween Day ဟာ လစာထုတ်ရက်ကြီးဆိုတော့ အိမ်ထဲမှာနေမယ့်သူတွေတော့ ရှားလိမ့်မယ်ထင်တယ်နော်။ ဒါပေမယ့် တချို့လည်း အိမ်ထဲမှာ နေကောင်းနေနိုင်ပါတယ်လေ။ အဲဒီလို အိမ်ထဲမှာနေပြီး ကွေးနေတဲ့သူတွေကို ကူညီချင်လွန်းလို့ပါ။ အဲဒါက ဘာလဲဆိုရင် Halloween Night မှာ အိမ်ထဲမှာပဲနေမယ့်သူတွေအတွက် အချိန်ဖြုန်းဖို့အကောင်းဆုံး ရုပ်ရှင်ကား (၅) ကားအကြောင်းပါ။ ဘယ်လိုလဲ။ နည်းနည်းတော့ စိတ်ဝင်စားသွားပြီတော့ လုပ်လိုက်လေ။ တစ်ယောက်တည်းပဲကြည့်ကြည့်၊ မိသားစုနဲ့ပဲကြည့်ကြည့်၊ သူငယ်ချင်းတွေနဲ့ပဲစုပြီးကြည့်ကြည့်၊ ချစ်သူနဲ့နှစ်ယောက်ထဲပဲကြည့်ကြည့် ကြိုက်သလိုကြည့်။ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ကားလေးတွေကို ပြောပြပေးမယ်နော်။

Harry Potter Series

ကလေးဘဝရဲ့ အဖော်မွန် “Harry Potter” ကတော့ ဒီညနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ်ထင်တယ်နော်။ ကိုယ်ဆိုရင် ကြည့်ပြီးသားကို ပြန်ကြည့်ရင်တောင် သဘောကျနေမိတယ်။ စုန်းတွေ၊ မှော်တွေ၊ ဂါထာမန္ဒန်တွေ၊ နောက်ပြီး မကောင်းဆိုးဝါးတွေနဲ့ အံသြဖွယ်လောကကြီးတစ်ခုထဲကို စီးမျောနေလိုက်တာက တကယ် အချိန်ကို စိတ်ကျေနပ်မှုနဲ့အတူ ကုန်ဆုံးစေမှာပါ။

Amityville: The Awakening (2017)

ဒီကားက ထွက်ထားတာ အရမ်းမကြာသေးပါဘူး။ ဒါပေမယ့် ထိတ်လန့်ခြောက်ခြားဖွယ်ရုပ်ရှင်ကားတွေနဲ့ သရဲကားကြိုက်သူတွေကတော့ ကြည့်ဖူးကြမှာပါ။ မိသားစုတစ်စုဟာ အိမ်အသစ်တစ်ခုကို ပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်မှာ ဘယ်လိုတွေကြုံတွေ့ရမှာလဲ။ နောက်ပြီး ထူးထူးဆန်းဆန်းအဖြစ်အပျက်ပေါင်းများစွာထဲမှာ မိသားစုထဲက ကိုမာဝင်ပြီး သတိမေ့မျောနေတဲ့ကောင်လေးကရော ဘယ်တော့မှ ပြန်မကောင်းလာနိုင်စရာကနေ ထူးဆန်းစွာနဲ့ ဘယ်လိုတွေပြန်ကောင်းလာဦးမှာလဲ။ အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ကြောက်စရာလည်းကောင်းပါတယ်။ နည်းနည်းလှုပ်လှုပ်ရှားရှားနဲ့ ကြောက်စရာကောင်းတာကိုလိုချင်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။

Casper (1995)

Halloween Night ဆိုတာ Casper မပါရင် မပြည့်စုံနိုင်ပါဘူး။ ငယ်ငယ်လေးထဲက စွဲလန်းခဲ့ရတဲ့ Casper ကို ပြန်ကြည့်ဖို့အချိန်ကောင်းကိုတော့ ရောက်လာပြန်ပါပြီနော်။ Casper ဇာတ်လမ်းကတော့ မကြည့်ဖူးတဲ့သူတွေ ခပ်ရှားရှားပါပဲ။ ဒါဆို မပြောပြတော့ဘူးနော်။ ဒီညမှာ အတူတူနောက်တစ်ခေါက်ပြန်ကြည့်ကြမယ်လေ အိုခေ။

Wish Upon (2017)

သားအဖနှစ်ယောက်ရှိနေရာကနေ အဖေက သမီးဖြစ်သူကို Music Box အဟောင်းလေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီကနေစတင်ပြီး Box မှာရေးထားသလို ဆု (၇) ဆုတောင်းတိုင်းပြည့်မယ်ဆိုတဲ့အတိုင်း သူမက ဖြစ်ချင်တာလေးတွေကိုတောင်းရင်း သူမ မခံစားနိုင်လောက်အောင် တဖက်မှာလည်း ဆုံးရှုံးပျက်စီးမှုတွေကို ခံစားလာရပါတယ်။ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ဆုတောင်းတွေနဲ့ပတ်သက်ပြီး ရိုက်ပြထားတာလေးက သိပ်ပြီးအကြမ်းစားကြီးမဟုတ်ပေမယ့်လည်း စိတ်ဝင်စားစရာကောင်းလွန်းလို့ မျောသွားနိုင်ပါတယ်။

31st October (2015)

ဒီကားကတော့ သရဲတစ္ဆေ ဒါမှမဟုတ် ထူးခြားဆန်းပြားတဲ့ရုပ်ရှင်ကားမျိုးတော့မဟုတ်ပါဘူး။ အောက်တိုဘာ ၃၁ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်လေးတစ်ခုကို ရိုက်ကူးထားတာပါ။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ဒီရုပ်ရှင်ထဲမှာကတော့ Indira Gandhi လုပ်ကြံခံရတဲ့အခါ အိန္ဒိယမှာဖြစ်ပေါ်ခဲ့တဲ့ ဟိန္ဒူနဲ့ ဆစ်လူမျိုးတွေရဲ့ အထိကရုဏ်းထဲမှာ စိတ်သဘောထားကောင်းမွန်တဲ့ ဆစ်မိသားစုတစ်စုဟာ ဘာတွေဖြစ်ကြဦးမှာလဲ။ ဒါဟာ အောက်တိုဘာလ ၃၁ရက်နေ့မှာစတင်ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် သရဲတစ္ဆေတွေ၊ Halloween တွေ သိပ်စိတ်မဝင်စားဘူးဆိုတဲ့သူတွေအတွက် အချိန်ကုန်ချင်စရာ ရုပ်ရှင်ဇာတ်ကားကောင်းလေးပါနော်။

လစာထုတ်ထားပေမယ့် အကြွေးဆပ်ရင်းကုန်သွားလို့ပဲဖြစ်ဖြစ်၊ အဖော်တွေက သွားချင်ရာသွားပြီးဆွယ်မရလို့ပဲဖြစ်ဖြစ် အိမ်ထဲမှာအချိန်ဖြုန်းတော့မယ်ဆိုရင်တော့ အခုပြောပြပေးခဲ့တဲ့ကားလေးတွေ ကြည့်သင့်တယ်နော်။ အခရာပရိသတ်ကြီးများအားလုံး Happy Halloween ပါ။

Moethaesay (Akhayar)

www.akhayar.com