[Zawgyi]




HP Spectre 13

HP Spectre 13


















Acer Nitro 5

Acer Nitro 5







Redrose (Akhayar)

www.akhayar.com



[Unicode]
[Zawgyi]

မျက်တောင်လေးကို ကျော့ညွတ်ပြီး ဖြာထွက်စေမယ့် Mascara လေးများ

ပျိုမေလေးတွေအားလုံးရဲ့ အလှအနက်အဓိပ္ပါယ်ကို အရင်ဆုံးဖော်ဆိုနိုင်တဲ့နေရာလေးကတော့ မျက်ဝန်းအိမ်လေးပဲဖြစ်ပါတယ်။ ဒီမျက်ဝန်းလေးတွေကို ပိုပြီးအဓိပ္ပါယ်ရှိစေဖို့အတွက် ပံ့ပိုးကူညီပေးတာကတော့ မျက်တောင်လေးတွေပဲဖြစ်ပါတယ်။ မျက်တောင်လေးတွေ နက်မှောင်နေပြီး ကော့ညွတ်နေရင် တကယ့်ကို ကဗျာဆန်ပြီး ဆွဲဆောင်မှုရှိပြီး ဘယ်လိုမှ မလွတ်ရုန်းနိုင်တဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလို မျက်တောင်လေးတွေကို ကော့ညွတ်နေစေဖို့အတွက် Mascara ကောင်းကောင်းလေးတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။ ဒီအတွက် ပျိုမေလေးတွေအတွက် နိုင်ငံတကာက Beauty Blogger တွေ၊ Makeup Artist တွေကိုယ်တိုင် ရွေးချယ်ပြီး Recommend ပေးထားတဲ့ Mascara လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

Benefit They’re Real! Mascara

Benefit They're Real! Mascara

Benefit They’re Real! Mascara

Benefit Mascara ဟာ မျက်တောင်အောက်တွေမှာ ပြန့်နေတာမျိုးလည်း မရှိဘူး။ မျက်တောင်လေးကို ပင့်တင်ပေးပြီး ကော့ညွတ်နေအောင်ပြုလုပ်ပေးတယ်။ နဂိုရှိရင်းစွဲအရှည်ထက်ပိုရှည်စေတဲ့အတွက် UK မှာ နံပါတ်တစ်ရောင်းရအကောင်းဆုံးနေရာမှာ ရပ်တည်နေလို့နေပါတယ်တဲ့။

Nars Audacious Mascara

Nars Audacious Mascara

Nars Audacious Mascara

Nars ရဲ့ Audacious Mascara ရဲ့ Mascara Wand ဟာ အခြား Wand တွေထက်ပိုစိပ်တယ်။ ကော့လိုက်တိုင်းမှာ ထူထူခဲခဲကြီး ဖြစ်ခြင်း မရှိဘူး။ တစ်နေကုန်လည်းတာရှည်ခံစေတယ်။ Mascara ရဲ့ Texture ကို Lightweight Formula နဲ့ ထုတ်လုပ်ထားတဲ့အတွက် Mascara ကော့ထားတဲ့မျက်တောင်လေးတောင်ဟာ သဘာဝအတိုင်းလေးကို မည်းနက်ပြီး ကော့ညွတ်နေမှာပဲဖြစ်ပါတယ်။

Charlotte Tilbury Full Fat Lashes Mascara

Charlotte Tilbury Full Fat Lashes Mascara

Charlotte Tilbury Full Fat Lashes Mascara

သူလေးကတော့ Volume Mascara လေးပဲဖြစ်ပါတယ်။ မျက်တောင်တစ်မျှင်ချင်းဆီကို ဖြာထွက်စေတဲ့အပြင် ကိုယ့်ရဲ့မျက်တောင်လေးကိုလည်း ထူထူထည်ထည်လေးလည်းဖြစ်စေပါတယ်။ မျက်တောင်တုတက်စရာမလိုတော့လောက်အောင်ကို လက်တွေ့ သက်သေမြင်တွေ့ခဲ့ပါတယ်။ Makeup Artist တွေတော်တော်များများတောင် မျက်တောင်တုအစား Charlotte Tilbury Mascara ကိုသာ သုံးကြတယ်လို့ပြောကြားခဲ့ပါတယ်။

Dior Diorshow High Definition Lash Curler Mascara

Dior Diorshow High Definition Lash Curler Mascara

Dior Diorshow High Definition Lash Curler Mascara

သူဟာ ပျိုမေလေးတွေအားလုံးလိုလားတောင့်တနေတဲ့ Mascara လေးပဲဖြစ်ပါတယ်။ Dior Diorshow High Definition Lash Curler Mascara ဟာ ရေစိုခံပြီး မျက်တောင်ကို နှစ်ဆကိုရှည်စေတယ်။ ထူလည်း ထူစေတဲ့အပြင် အချိန်အကြာကြီး မပြန့်သွားပဲ တစ်နေကုန်တာရှည်ခံနေပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Clinique High Impact Mascara

Clinique High Impact Mascara

Clinique High Impact Mascara

သူကတော့ ပျိုမေလေးတွေရဲ့ မျက်တောင်လေးကို ထူထဲပြီး ဖြာထွက်နေစေပါတယ်။ Clinique ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ Rating အကောင်းဆုံးရရှိထားတဲ့ Brand ဖြစ်တဲ့အတွက် အားနည်းချက်မရှိခဲ့ပါဘူး။

Mascara Brand လေးတွေ ပြောပြပေးပြီးသွားပြီဆိုတော့ မျက်တောင်လေးတွေတစ်နေကုန်ကော့ညွတ်နေစေဖို့အတွက် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ မျက်တောင်လေးတွေကို Mascara မဆိုးခင်မှာ Eyelashes Curler လေးနဲ့ သုံးချက်ကော့ပေးရပါမယ်။ ပထမတစ်ချက်အနေနဲ့ မျက်တောင်အရင်းစပ်ကနေ တစ်ချက် ဖိပြီး ကော့ပေးပါ။ အားပါစရာမလိုပါဘူးနော်။ နောက်တစ်ချက်အနေနဲ့ မျက်တောင်ရဲ့ အလည်နားလောက်ကို တစ်ချက်ထပ်ကော့ပေးပါ။ နောက်ဆုံးတစ်ချက်ကိုတော့ အဖျားထိပ်နားလေးကို ကော့ပေးပါ။ အဲဒါဆိုရင်တော့ Mascara ဆိုးတဲ့အခါ ပိုပြီး လှပတဲ့မျက်တောင်လေးကို ရရှိစေမှာပါ။

Redrose (Akhayar)

www.akhayar.com

Article Reference : Vogue.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။