[Zawgyi]
HP Spectre 13
HP Spectre 13
Acer Nitro 5
Acer Nitro 5
(1) Evernote (iOS | Android)
Evernote
Evernote
(2) Notability
Notability
Notability
Redrose (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[Unicode]
အမှတ်တရတွေ သိမ်းထားဖို့ အကောင်းဆုံး iOS Notes App လေးတွေ
ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဘယ်သူမဆိုပါ နေ့စဉ်နေထိုင်တဲ့ ဒီဘဝထဲမှာ အမှတ်တရတွေ၊ ထူးထူးခြားခြား သိမ်းထားချင်မိတဲ့ အခိုက်အတန့်၊ ခံစားချက်တွေရှိကြမှာပါ။ အဲ့ဒီလိုအချိန်တွေမှာ လူတိုင်းနီးပါး လုပ်ဖြစ်တဲ့အရာတစ်ခုက ကိုယ့်စိတ်ထဲမှာ ခံစားရသမျှကို ခဲတံနဲ့ ကိုယ့်ရဲ့ မှတ်စုစာအုပ် Notebook ထဲမှာ ချရေးမိတာပါ။
ဒါပေမယ့် အခုနောက်ပိုင်းမှာ သီးသန့် မှတ်စုစာအုပ်တွေကို ဝယ်ပြီးတော့ ချရေးဖြစ်တာက တဖြည်းဖြည်းနဲ့ ရှားပါးလာကြပါပြီ။ ဒါကလည်း အလုပ်တွေပင်ပန်းလာတာရယ်၊ အလုပ်က အပြန်အပန်းဖြေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ အမှတ်တရတွေကို ချမရေးဖြစ်တော့ပဲ Facebook လိုမျိုး Social Media ပေါ်ကိုပဲ တင်ပြီး Update လုပ်ဖြစ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။
HP Spectre 13
HP Spectre 13
HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်
အဲ့ဒီတော့ ကိုယ့်ရဲ့ အမှတ်တရတွေကို Social Media ပေါ်ကို ဓါတ်ပုံတွေ၊ Status တွေတင်မယ့်အစား သီးခြား Notebook Apps လေးတွေမှာပဲ ချရေးပြီး သိမ်းထားလိုက်ရင်မကောင်းဘူးလား? ဘာပဲဖြစ်ဖြစ် ကိုယ့်ခံစားချက်တွေ၊ အမှတ်တရတွေက မှတ်စုစာအုပ်တစ်အုပ်ထဲမှာ ချရေးသလိုပဲ ကိုယ်တစ်ယောက်ထဲ ဖွင့်ဖတ်ကြည့်လို့ရတယ်လေ။
Acer Nitro 5
Acer Nitro 5
Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်
ကဲ… စိတ်ဝင်စားတယ်ဆိုရင် အခုပြောပြပေးသွားမယ့် Notes Taking Application တွေက စာရေးသူကိုယ်တိုင် အသုံးပြုကြည့်ပြီး ကြိုက်နှစ်သက်သလို Reviews တွေလည်း အရမ်းကောင်းတဲ့ Feedback တွေရထားတဲ့ Apps လေးတွေပါ။ အခု App တွေက iOS မှာပဲ ရပြီးတော့ တချို့ App တွေပဲ Android မှာပါ အသုံးပြုနိုင်မှာပါ။
(1) Evernote (iOS | Android)
Evernote
Evernote
အခု Evernote ဆိုတဲ့ Notes App ကတော့ ထွက်ထားတာလည်း အချိန်နှစ်နဲ့ချီပြီ ကြာသွားပြီဆိုပေမယ့် အခုအချိန်အထိ Features ပိုင်းတွေ၊ App Design ပိုင်းတွေနဲ့ အသုံးပြုရတာလွယ်ကူတဲ့အပိုင်းတွေမှာ အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ အားသာချက်တစ်ခုက Account ဖွင့်ပြီး ကွန်ပျူတာပဲဖြစ်ဖြစ်၊ Android နဲ့ iOS Devices တွေမှာလည်း အလွယ်တကူဝင်ရောက်ပြီး ကိုယ်မှတ်ထားတဲ့ Notes တွေကို ပြန်ပြီး ကြည့်နိုင်မှာပါ။ အားနည်းချက်ဆိုပြီး ပြောလို့ရလောက်တဲ့ Features ဆိုပြီး မရှိဘူးလို့ ပြောလို့ရတယ်၊ သာမန် Notes အနေနဲ့ စာရိုက်တာတွေအပြင် ဓါတ်ပုံတွေ၊ Handwriting Notes တွေ နဲ့ Document Scan လိုမျိုး Features တွေက အကောင်းဆုံး Notes App တစ်ခုလို့ ပြောရမှာပါ။
(2) Notability
Notability
Notability
အခု App ကတော့ iOS Devices တွေအတွက် သီးသန့်ဖြစ်သလို $9.99 နဲ့ ဝယ်ယူအသုံးပြုရမှာပဲဖြစ်ပါတယ်။ ဝယ်ယူပြီး အသုံးပြုရပေမယ့် မတန်ဘူးလို့ ပြောလို့ မရတဲ့ Notes App တစ်ခုဖြစ်ပါတယ်။ Notes App တစ်ခုအနေနဲ့ ကိုယ်ပိုင် ဒိုင်ယာရီတစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင်တောင် အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Paint Tool တွေလည်းပါဝင်ပါတယ်။
(3) Notebook – Take Notes, Sync
Notebook - Take Notes, Sync
Notebook – Take Notes, Sync
အခု Notebook App ကတော့ အသုံးပြုရတာ ရိုးရှင်းတဲ့ Interface နဲ့ အခမဲ့ရယူနိုင်တာတွေကြောင့် နာမည်ကြီးတဲ့ App တစ်ခုဖြစ်ပါတယ်။ Google Keep လိုမျိုး Notes App နဲ့ ဆင်တူပြီးတော့ List ပြုလုပ်နိုင်တဲ့အပြင် Notes တစ်ခုချင်းစီကိုလည်း အရောင်နဲ့ ခွဲခြားနိုင်ပါသေးတယ်။ ဓါတ်ပုံတွေထည့်သွင်းနိုင်တာကတော့ ပြောနေဖို့တောင်မလိုတော့ပါဘူး။
ဘာပဲဖြစ်ဖြစ် အခုကစပြီးတော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေပဲဖြစ်ဖြစ်၊ အမှတ်တရတွေပဲဖြစ်ဖြစ် Social Media တွေမှာ တင်နေတာထက် ကိုယ်ပိုင် Notes App တစ်ခုထဲမှာပဲ မှတ်သားထားတဲ့အကျင့်လုပ်ကြည့်ရအောင်လား?
Redrose (Akhayar)
www.akhayar.com
Photo Credit: https://itunes.apple.com