ဒီတခါမှာတော့ ရေပန်းစားနေတဲ့ Action Game ၁၀ မျိုးကို iOS နဲ့ Android အတွက် ဖော်ပြပေးသွားပါမယ်။ တချို့ဂိမ်းတွေက Region အလိုက် Availability ကွာသွားနိုင်သလို ဂိမ်းကောင်းကောင်း ဝယ်ကစားလိုသူတွေအတွက်ပါ 2019 Update ကို ဖော်ပြလိုက်ပါတယ်။

PUBG Mobile

Action Game ထဲမှာ Realistic အကျဆုံးနဲ့ ကစားလို့အကောင်းဆုံး PUBG ကိုတော့ မပစ်ပယ်သင့်ဘူးထင်ပါတယ်။ Fortnite ထက်တောင် ကစားသူဦးရေများပြားလာတဲ့ ဒီဂိမ်းလေးဟာ အခုဆိုရင် Capcom နဲ့ ပေါင်းပြီး Zombie Event ထည့်ပေးထားတယ်။

လက်ရည်အစွမ်းထက်တဲ့ Player တွေအဖို့ဆိုရင်လည်း Global Event မှာ ဝင်ပြိုင်ဖို့ Invitation လုပ်တော့မယ်၊ ဒိမတိုင်ခင် Qualifier ပွဲစဉ်တွေ အရင်ကစားကြည့်ဖို့ Registration ကာလကို မတ် ၈ ရက်ကနေ ၁၈ ရက်နေ့ထိ သတ်မှတ်ထားပြီမလို့ စိတ်ပါဝင်စားသူ ဂိမ်မာအပေါင်းတို့ ဒီ Link လေးမှာ လေ့လာကြည့်လိုက်ပါ။

Brawl Stars

ဒီဂိမ်းလေးရဲ့ Publisher က Supercell ဆိုတော့ ရင်းနှီးပြီးသားထင်ပါတယ်။ ထုံးစံအတိုင်း Region စကားပြောနေတော့ အောက်က Link ကလေးမှာပဲ Download ဆွဲ မြည်းစမ်းကြည့်ပါ။ Gameplay ပိုင်းပြောရမယ်ဆိုရင် Clash of Clan ပုံစံနဲ့ကွဲထွက်သွားပြီး ကစားနိုင်မယ့် Game Mode ၆ မျိုးအထိပါဝင်လာမယ်။

ဒီ Game Mode တွေက Log in ဝင်တာနဲ့ အလိုလျောက် ပြောင်းလဲသွားမှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ တွဲဆော့နိုင်မယ်။ Fast-paced Action ဖြစ်တဲ့အတွက် အလှည့်ကျ Game Mode အလိုက် ပျော်ပျော်ပါးပါး ကစားနိုင်မယ်။ ဥပမာ Gem Grab ကျတယ်ဆိုရင် မြေပုံအလယ်က Gem ကို တဖက်အသင်းနဲ့ လုယူရမှာဖြစ်ပြီး Team Fight အသားပေးတဲ့အတွက် တနည်းတဖုံ ကစားလို့ကောင်းတဲ့ ဂိမ်းလေးပါ။

Brawl Stars: Android LinkiOS Link

Stranger Things: The Game

Netflix ရဲ့ နာမည်ကျော် Stranger Things ဂိမ်းကို ကျွန်တော်တို့ Play Store ၊ Apple Store မှာ ကစားနိုင်ပါပြီ။ ဇာတ်လမ်းတွဲပါကြည့်ဖူးရင် နှစ်သက်မှာဖြစ်ပြီး Character အားလုံးနဲ့ Stranger Things Theme တွေကို Action Game အဖြစ်ပြောင်းလဲထားလို့ မြည်းစမ်းကြည့်သင့်တဲ့ ဂိမ်းကောင်းလို့ ညွန်းလိုပါတယ်။

Gameplay ပိုင်းပြောရရင် ကလေးငယ်တွေ ရုတ်တရက် ပျောက်ဆုံးရာကနေစတင်ပြီး Hawkins Police “Jim Hopper “အဖြစ် Investigation လုပ်ရမယ်၊ 2D ပုံစံ ကစားရမယ်ဆိုမယ့် One Tap Feature နဲ့ ဂိမ်း Quest အားလုံးနဲ့ အဆင်ပြေအောင် လုပ်ပေးထားတယ်။ Control Scheme ရှုပ်မနေဘူး ပြောရမယ်ပေါ့။ စုံထောက်ဂိမ်းဆိုတော့ ဖြေရှင်းရမယ့် Puzzle တွေက လွယ်မှာမဟုတ်ပါဘူး၊ နောက်ပြီး Adventure နဲ့ပါ Mix လုပ်ထားတယ်ဆိုတော့ ဝါသနာပါသူတွေ ဆော့ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းလေးပါပဲ။

Ancestor

ငယ်ငယ်တုန်းက ရေလည်စွဲလမ်းခဲ့ဖူးတဲ့ Contra (ရမ်ဘို) လို ဘေးတိုက်သွားပြီး Action ဆန်ဆန် ရန်သူတွေကို လက်နက် သို့ Ability နဲ့ လိုက်ပစ်မယ်၊ ကိုယ့်မှာရှိတဲ့ Spell သို့ Super Power တခုခု ထုတ်သုံးမယ်၊ လမ်းမှာရှိတဲ့ ထောင်ချောက်၊ အပေါက်တွေနဲ့ ခလုတ်ကသင်းတွေကို ခုန်ရှောင်မယ်၊ ကျော်မယ် စသဖြင့် Adventure ဆန်ဆန် ကစားချင်သူတွေအတွက် 2019 Version Ancestor ရှိပါတယ်။

ထုံးစံအတိုင်း Region စကားပြောတော့ အောက်က Link မှာ Download ဆွဲပြီး ကစားရမှာပါ။ 2D Action ပဲဆိုတော့ ကိုယ့်ဖုန်းနဲ့ မနိုင်မှာ စိတ်မပူရပါဘူး။ Gameplay အရ Cloak Hero နေရာကဆွဲရမယ်၊ ရမ်ဘိုလို Fast Pace မဟုတ်ဘဲ Puzzle လေးတွေပါလာမယ်၊ ပစ်လို့ရတဲ့ လက်နက်နဲ့ Ability တွေ ထည့်မပြောတော့ဘူးနော်၊ ဂိမ်းဆော့ရင်းနဲ့ပဲ မြည်းစမ်းကြည့်ပါ။ Boss Fight ပါမပါ မသိရသေးလို့ ဝါသနာပါသူတွေ ဒီ Link တွေမှာ ဆော့ကြည့်ကြည့်ပါ။

Ancestor: Android Link ၊ Not available on iOS

Vainglory

နောက်ဆုံး ဖော်ပြပေးချင်တဲ့ ဂိမ်းလေးကတော့ Vainglory ပါပဲ။ ခေတ်စားနေတဲ့ DOTA 2 ၊ League of Legends နဲ့ Mobile Legends တို့နဲ့ ခပ်ဆင်ဆင် ကစားရမှာဆိုတော့ Gameplay ပိုင်းမခက်ဘူးဆိုရပါမယ်။

Vainglory မှာ Hero Class ၃ မျိုးရှိမှာဖြစ်ပြီး စုစုပေါင်း ၄၈ ကောင် ရွေးလို့ရပါမယ်။ ဒီဂိမ်းလေး ကစားဖို့ ညွန်းရတာက WEGS မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ တခုထဲသော Mobile Game ဖြစ်နေလို့ပါ။ Quick Match ထဲဝင်ပြီး Random Teammates တွေနဲ့ ဆွဲနိုင်သလို Party ဖွဲ့ပြီး သူငယ်ချင်းတွေနဲ့ ကစားနိုင်မယ်၊ ဂိမ်းရဲ့ Mechanism နဲ့ Skill ပိုင်းမကျွမ်းသေးဘူးဆိုရင် Offline လုပ်ပြီး Bot နဲ့ ကစားနိုင်မှာဖြစ်လို့ MOBA ဂိမ်းသစ်ကို မြည်းစမ်းချင်တယ်ဆိုရင် အခက်ခဲရှမယ် မထင်ပါဘူး။


Vainglory: Android LinkiOS Link

နောက်အပတ်တွေမှာ iOS နဲ့ Android မှာ ဆော့ကစားနိုင်မယ့် Strategy ၊ Horror ဂိမ်းတွေတင်ဆက်ပေးသွားမှာမို့ စောင့်ကြည့်ဖို့ မမေ့ပါနဲ့ဦး