သရဲကား၊ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်ကားဆိုတာနဲ့ သွေးသံရဲရဲတွေ၊ ခုတ်ထစ်သတ်ဖြတ်မှုတွေ၊ စိတ်နယ်လွန်ဖြစ်ရပ်တွေကိုပဲ ပြေးမြင်မိမှာပါ။ ဒီလို သရဲကားတွေထဲမှ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း၊ ဇာတ်ဝင်ခန်းအလှည့်အပြောင်းနဲ့ ပညာသားပါတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာဇာတ်ကားတွေလည်း ရှိပါတယ်။

ဒီလို ပိတ်ရက်မှာ အခုလို တန်းမြင့် ထိတ်လန့်ဖွယ်ဇာတ်ကားတွေကို ရှာပြီး ကြည့်နိုင်ဖို့ စာရင်းလေးလုပ်ပေးလိုက်ပါတယ်။ ဇာတ်ကား ၁၀ ကားမှာ ၅ ကားလောက်ကတော့ အကြိုက်ချင်းတူကြမယ်ဆိုတာ သေချာပါတယ်။

၁) The Sixth Sense  (1999)

The Sixth Sense (1999)

The Sixth Sense (1999)

ဒါရိုက်တာ M.Night Shyamalan ရိုက်ကူးတင်ဆက်ပြီး Bruce Willis ပါဝင်သရုပ်ဆောင်ထားကာ အံ့သြဖွယ်ဇာတ်သိမ်းနဲ့ တွေ့မြင်ရမှာပါ။ Cole Sear ဆိုတဲ့ ကလေးလေးရဲ့ သေဆုံးပြီးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ အကယ်ဒမီဆု ၆ ဆုတောင် ဆန်ခါတင်ဝင်ခဲ့တဲ့အတွက် ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။

၂) Split (2016)

Split (2016)

Split (2016)

ဒီဇာတ်ကားလည်း ဒါရို်က်တာ M.Night Shyamalan ရဲ့ လက်ရာပါပဲ။ James McAvoy ၊ Anya Taylor-Joy နဲ့ Betty Buckley တို့ပါဝင်ထားပြီး Psychological Horror Film အမျိုးအစားဖြစ်ပါတယ်။ ဘတ်ဂျတ် ဒေါ်လာ ၉ သန်းနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဒေါ်လာ ၂၇၈.၅ သန်းတောင် ပြန်ရတယ်ဆိုတော့ ကောင်းမကောင်း ပြောစရာတောင် မလိုဘူးထင်ပါတယ်။

၃) The Shining (1980)

The Shining (1980)

The Shining (1980)

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Stanley Kubrick ရဲ့ လက်ရာ ဖြစ်ပြီး တကယ့် ဂန္တဝင်ဇာတ်ကားဖြစ်ပါတယ်။ Jack Nicholson ကြီးပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ IMDB Rating 8.4/10 မို့ ကြည့်ကြည့်လိုက်ပါဦး။

၎) A Quiet Place (2018)

A Quiet Place (2018)

A Quiet Place (2018)

ဒီဇာတ်ကားကတော့ လောလောလတ်လတ်ကြီးကို နာမည်ကြီးထားတဲ့ ဇာတ်ကားပါ။ John Krasinski တစ်ယောက် ဒါရိုက်တာအနေနဲ့ရော၊ မင်းသားအနေနဲ့ပါ အစွမ်းပြထားပါတယ်။ ရုပ်ရှင်ကို ကြည့်နေရင်း ကိုယ်ပါလိုက်တိတ်ဆိတ်သွားပြီး အသက်မရှုမိလောက်အောင် ဖြစ်ရမှာပါ။ ၂၀၁၈ ရဲ့ အကောင်းဆုံးဇာတ်ကားထဲမှာ တစ်ကားအဖြစ် ပါဝင်ပါတယ်။

၅) Misery (1990)

Misery (1990)

Misery (1990)

ဒီဇာတ်ကားကတော့ နာမည်ကြီးစာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာ ဖြစ်ပြီး James Cann ၊ Kathy Bates ၊ Lauren Bacall တို့ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Rob Reiner ရိုက်ကူးထားပြီး မင်းသမီး Kathy Bates ဟာ ဒီဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆု အကယ်ဒမီဆွတ်ခူးနိုင်ခဲ့ပါတယ်။

၆) Get Out (2017)

Get Out (2017)

Get Out (2017)

တန်းမြင့် ထိတ်လန့်သည်းဖိုဇာတ်ကားဆိုရင်တော့ Get Out ပါပဲ။ ခင်ဗျားတို့ မထင်ထားတဲ့ ဇာတ်လမ်းပုံစံ၊ အလှည့်အပြောင်းနဲ့ Plot Twist Plot Twist ဆိုတာလေ ပါးစပ်အဟောင်းသားဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားဟာ American Film Institute ၊ Time နဲ့ National Board of Review တို့ရဲ့ ၂၀၁၇ ခုနှစ် အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Jordan Peele က သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

၇) The Exorcist (1973)

The Exorcist (1973)

The Exorcist (1973)

ဘဝမှာ သရဲကားကောင်းကောင်းဆိုတာကို The Exorcist နဲ့ စတင်သိခဲ့တာပါ။ အခုခေတ်လို CGI တွေ အထူးပြုလုပ်ချက်တွေ သိပ်မကောင်းသေးတဲ့အချိန်မှာတောင် ကျောထဲစိမ့်အောင် ကြောက်လန့်ဖွယ် ရိုက်ပြနိုင်ပါတယ်။ ဒါရိုက်တာကတော့ William Friedkin ဖြစ်ပြီး မကောင်းဆိုးဝါးမိစ္ဆာကြီး ဝင်ပူးခံရတဲ့ ကောင်မလေးကို ဘယ်လို ကယ်ဆယ်ကြမလဲဆိုတာ ကြည့်ရမှာပါ။ တကယ့်ကို ဂန္တဝင်ရုပ်ရှင်တစ်ကားလို့ ပြောလို့ ရပါတယ်။

၈) The Conjuring (2013)

The Conjuring (2013)

The Conjuring (2013)

The Conjuring ဇာတ်ကားကတော့ သရဲကားကြိုက်သူတိုင်း သိပြီးသားဖြစ်မှာပါ။ နာမည်ကြီး ဒါရိုက်တာ James Wan လက်စွမ်းပြထားပြီး The Conjuring Series ဇာတ်ကားတွေရဲ့ မူလပထမဇာတ်ကားလည်း ဖြစ်ပါတယ်။ Ed Warren နဲ့ Lorraine Warren တို့ ဇနီးမောင်နှံရဲ့ သရဲဖမ်းတဲ့ ဇာတ်ကွက်တွေဟာ လူကို ဒုန်းခနဲ ဒိုင်းခနဲ နှလုံးခုန်သံမြန်စေမှာပါ။

၉) The Others (2001)

The Others (2001)

The Others (2001)

ဒီဇာတ်ကားကတော့ Nicole Kidman ကြိုက်တဲ့ ကျွန်တော့်အတွက် အကြိုက်တွေ့တဲ့ ဇာတ်ကားထဲမှာ ပါပါတယ်။ ဒရာမာလား ဘာလား ပထမတုန်းက ဒီတိုင်းကြီး မျောနေတာနော်၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ခြောက်ခြားမှုတွေနဲ့ ဖွဲ့တည်ထားပေမယ့် ဇာတ်လမ်းအလှည့်အပြောင်းကြီးက လုံးဝမထင်ထားအောင် ချိုးတာဗျာ။ အရမ်းမိုက်တယ်။ ဒါရိုက်တာ Alejandro Amenabar ရိုက်ကူးပြီး ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားလို့ အာမခံပါရစေ။

၁၀) It (2017)

It (2017)

It (2017)

Stephen King ရဲ့ ၁၉၈၆ က It ဝတ္ထုကို ဒါရိုက်တာ Andy Muschietti က အသက်သွင်းထားပါတယ်။ The Losers Club က ကလေး ၇ ယောက်နဲ့ သူတို့ ကြုံရတဲ့ ကြောက်လန့်စရာတွေကို အကောင်းဆုံး ရိုက်ကူးတင်ဆက်ပြသထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : ranker.com