[ZawGyi]
လစဉ်ကြေး – 300 USD
လစဉ်ကြေး – 200 USD
Novotel Hotel
၆ လစာ – 1500 USD (20% off)
၁ နှစ်စာ – 3000 USD (20%off)
လစဉ်ကြေး – 250 USD
Admin Fee – 50 USD
လစဉ်ကြေး – 150 USD
Power House
Real Fitness
You May Also Like :Diet ယဉ်ကျေးမှုနဲ့ ရန်ကုန် Salad ဆိုင်များ
Balance Fitness
ဖုန်း – ၀၁ ၆၅၆၉၁၆
ဖုန်း – ၀၁ ၅၃၉၆၀၉
အချိန် –   တနလာင်္ မှ သောကြာ ( မနက် ၆နာရီခွဲ မှ ည ၉ နာရီ)
ဂျူဂျူး (အခရာ)
www.akhayar.
[Unicode]
ရန်ကုန်ရဲ့အကောင်းဆုံး Gym များ
ခန္ဓာကိုယ်အလန်းစားလေး ပိုင်ဆိုင်ရမယ်လို့ New Year Resolution ချထားသူတွေကို အားပေးတဲ့အနေနဲ့ အခရာက Yangon မှာရှိတဲ့ Gym တွေအကြောင်းကိုတင်ဆက်လိုက်ပါတယ်။  Gym တွေကလည်း Service အလိုက် ဈေးနှုန်းအမျိုးမျိုးအစားစားရှိတာမို့ Premium Class လို့ပြောလို့ရမယ့် ရန်ကုန်မြို့ရဲ့ ထိပ်တန်း Gym တွေထဲက တချို့ကိုဖော်ပြလိုက်တာပါ။ နောက်တစ်ခေါက်ကျရင်တော့ ဈေးနှုန်းသင့်တင်ပြီး အဆင်ပြေနိုင်တဲ့ Gym တွေကို ထပ်မံဖော်ပြပါဦးမယ်။
Lotte Hotel(Gym + Swimming pol)
သန့်ရှင်းတဲ့လေ၊ အာရုံတွေလန်းသွားစေမယ့် ရှုခင်းနဲ့ Facilities ၊ စက်ပစ္စည်းအသစ်တွေကြောင့် အကောင်းဆုံး Gym အတွေ့အကြုံကိုရဖို့ဆိုရင်တော့ Lotte Hotel ကိုရွေးချယ်နိုင်ပါတယ်။ အင်းယားရေပြင်ရဲ့အလှကြောင့်စိတ်ရောကိုယ်ပါ လန်းဆန်းမှုကိုခံစားရစေပြီး ရေကူးကန်၊ Jacuzzi ၊Sauna ၊ Plunge Pools တွေပါသုံးနိုင်တာမို့ တကယ့်ကို Luxury Life ကိုရရှိမှာပါ။
လစဉ်ကြေး – 300 USD
နေရာ – အမှတ်(၈၂) ၊ ရှင်စောပုရိပ်သာ၊ ပြည်လမ်း ၊ ၆ မိုင်ခွဲ ၊ လှိုင်မြို့နယ်။
Chatrium Hotel (Gym + Swimming pol)
စိတ်ကြည်လင်လန်းဆန်းစေမယ့်မြင်ကွင်း၊  စက်ပစ္စည်းတွေ၊ ကျွမ်းကျင် Trainer တွေရဲ့ လမ်းညွှန်မှုတွေအောက်မှာ သီးသီးသန့်သန့်လေ့ကျင့်ခန်းလုပ်ချင်ပါတယ်ဆိုရင်တော့ Chatrium Hotel ကိုရွေးချယ်နိုင်ပါတယ်။ ရေကူးကန်လည်း ပါဝင်တာမို့ ရေကူးချင်သူတွေအတွက်လည်း အဆင်ပြေတဲ့ နေရာကောင်းတစ်ခုပါပဲ။
လစဉ်ကြေး – 200 USD
နေရာ – အမှတ်(၄၀) ၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်။
Micasa Hotel (Gym + Swimming pol)
သားနားသပ်ရပ်တဲ့ ဟိုတယ်မှာ ရေကူးကန်ပါပါဝင်တာမို့ အေးအေးနဲ့သီးသီးသန့်သန့် Gym ဆော့ချင်သူ၊ ရေကူးချင်သူတွေအတွက် အဆင်ပြေပါတယ်။
လစဉ်ကြေး –  250 USD ရှိပါတယ်။
နေရာ – Micasa Hotel ၊ အမှတ်(၁၇) ၊ ကမ္ဘာအေးဘုရားလမ်း ၊ ရန်ကင်းမြို့နယ်။
Novotel Hotel
ဟိုတယ်အသစ်ကြီးမှာ သန့်သန့်ရှင်းရှင်း Facilities ကောင်းကောင်းနဲ့ ကစားနိုင်ဖို့ Novotel Hotel ရဲ့ Gym ကိုရွေးချယ်နိုင်ပါတယ်။
၆ လစာ – 1500 USD (20% off)
၁ နှစ်စာ – 3000 USD (20%off)
လစဉ်ကြေး – 250 USD
Admin Fee – 50 USD
နေရာ – အမှတ်(၄၅၉) ၊ ပြည်လမ်း ၊ ကမာရွတ်မြို့နယ်။
Jasmine Palace Hotel(Gym + Swimming pol)
သွားလာရအဆင်ပြေတဲ့ နေရာမို့ မြေနီကုန်း၊စမ်းချောင်းတစ်ဝိုက်နေထိုင်သူတွေ အတွက်အဆင်ပြေပါတယ်။ ဘတ်စ်ကားနဲ့သွားသွား၊ တက်စီနဲ့သွားသွားအဆင်ပြေပြီး ဈေးနှုန်းလည်းသင့်တင့်တာမို့ Jasmine Palace ကလည်းရွေးချယ်စရာနေရာကောင်းပါပဲ။
လစဉ်ကြေး – 150 USD
နေရာ – အမှတ် (၃၄၁) ၊ ပြည်လမ်း ၊ စမ်းချောင်းမြို့နယ်။
Power House
စက်အသစ်စက်စက်တွေနဲ့ ကျယ်ဝန်းတဲ့နေရာမှာ Gym ဆော့ချင်သူတွေအနေနဲ့ Power House ကအဆင်ပြေမှာပါ။ Trainer ကလည်း ဆယ်ယောက်ကျော်ခန့်ရှိပါတယ်။ တခြား Gym တွေထက်အားသာချက်က  အချိန်နဲ့ အကျယ်အဝန်းလို့ ဆိုနိုင်ပါတယ်။ မနက် ၆ နာရီကနေ ည ၁၂ နာရီထိကစားနိုင်တဲ့အပြင် နေရာကျယ်ဝန်းပြီး ဘေးပတ်ပတ်လည် မြင်နေရတဲ့ ရှုခင်းတွေကလည်း ကစားသူကို Relax ဖြစ်စေတာတွေ့ရပါတယ်။  Martial Arts ၊ Kick Boxing ၊ Body Pump ၊ Zumba ၊ Aerobic ၊ Weight Gain/Loss ၊ Yoga ၊ Myanma Lethwei စသဖြင့် စိတ်ဝင်စားဖွယ်ရာ Group Class ၃၁ ခုရှိတာကိုတွေ့ ရပါတယ်။ Member ဝင်လိုက်ရင် ဒီသင်တန်းတွေကို Free တက်ခွင့်ရမှာပါ။  အထူး Special တစ်ဦးချင်းစီအလိုက် Customized လုပ်ပေးတဲ့ Nutrition & Meal Plan တွေအပြင် ချွေးထုတ်ခန်း ၊ Shower တွေရှိပါတယ်။
ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ –  ညည့်နက်မှအချိန်ရလို့ Gym ကစားလိုသူတွေ၊ (Fuse Bar ၊ Eclipse Bar တို့နဲ့ အနီးဆုံးရှိတဲ့အတွက်) Night Out မသွားခင် Gym ဆော့လိုသူတွေ ၊ မြန်မာပလာဇာမှာရှိတဲ့အတွက် ဈေးဝယ်ထွက်ရင်း Gym ဆော့လိုသူတွေ။
ဈေးနှုန်း – တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၁၂၀၀ ဖြစ်ပြီး ၆လစာအတွက် အမေရိကန်ဒေါ်လာ ၇၀၀ ကျသင့်မှာဖြစ်ပါတယ်။ နှစ်သစ်ပရိုမိုးရှင်းအနေနဲ့  Discount တွေရှိပါတယ်။ တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ  ၉၆၀ နဲ့ ၆လစာအတွက် အမေရိကန်ဒေါ်လာ ၅၉၅ သာကျသင့်မှာဖြစ်ပါတယ်။
နေရာ – ၄ လွှာ ၊ မြန်မာပလာဇာ
အချိန် – မနက် ၆ နာရီ မှ ည ၁၂ နာရီ
ဖုန်း –  ၀၉၉ ၆၆၆၆ ၃၁၈၉ ၊ ၀၉၉ ၆၆၆၆ ၁၃၈၉
Real Fitness
Real Fitness ကလည်း အမိုက်စား Gym တွေထဲက တစ်ခုပါပဲ။ နေရာကျယ်ဝန်းပြီး Service ကောင်းပါတယ်။ ကားရပ်နားဖို့လည်း အဆင်ပြေတဲ့အပြင် Gym ဆော့ရင်း မြင်နေကျ တိုက်တာ အဆောက်အဦတွေကနေ ခဏတာဖောက်ထွက်ခွင့်ရနိုင်ပါတယ်။ Aerobic ၊ Yoga ၊ Dance ၊ Zumba စတဲ့ Group Class တွေကိုလည်းတက်ရောက်နိုင်မှာပါ။ Sauna ၊ Shower Room ၊ Club Lounge တွေကလည်း အတော်အဆင်ပြေပါတယ်။ Real Fitness က နေရာ ၄ နေရာမှာရှိတာမို့ မြို့အနှံ့ကားမောင်းပြီး သွားလာနေရသူတွေအတွက် နီးစပ်ရာနေရာမှာ ဝင်ဆော့နိုင်တာက အားသာချက်ဖြစ်ပါတယ်။
ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ – တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ အေးအေးဆေးဆေး Gym ဆော့လိုသူတွေ ၊ ကားပါကင်အတွက် ခေါင်းမစားလိုသူတွေ၊ ရွှေတောင်ကြားတစ်ဝိုက်နေထိုင်သူတွေ၊ ၈ မိုင် ကိုးမိုင်နဲ့ မရမ်းကုန်း၊ ပြည်လမ်းတစ်ဝိုက်နေထိုင်သူတွေ။
ဈေးနှုန်း – တစ်လကို အမေရိကန်ဒေါ်လာ ၁၅၀ ၊ ၃ လကို ၃၆၀ ၊ ၆လ ကို ၆၀၀ ၊ တစ်နှစ်ကို ၁၀၈၀ ကျသင့်မှာဖြစ်ပါတယ်။ Admin Fees ၅၀ ရှိပါတယ်။
(၁) နေရာ – အမှတ် (၂၀)၊ ပုလဲလမ်း၊ ရွှေတောင်ကြား၊ ဗဟန်းမြို့နယ်။
ဖုန်း  – ၀၁ ၁၂၂၀၈၈၁ ၊ ၀၉ ၂၅၃ ၀၆၅၅၈၂
(၂) နေရာ – အမှတ်(၆၈)၊ တော်ဝင်လမ်း၊ ကိုးမိုင်၊ မရမ်းကုန်း။
ဖုန်း – ၀၉ ၅၀၉၇၀၅၇ ၊ ၀၉ ၂၅၄၈ ၇၇၅၃၄
အချိန် –  တနင်္လာ မှ သောကြာ (မနက် ၆နာရီ မှ ည ၁၀ နာရီ)
-ရုံးပိတ်ရက် (မနက် ၇ နာရီခွဲ မှ ၉ နာရီ)
(နောက်ထပ်သတင်းပေးချင်တာက Real Fitness Signature က Sedona Hotel နဲ့ Novotel Hotel မှာလည်းရှိပါတယ်။ ဟိုတယ်မှာကတော့ နေရာနဲ့ ဝန်ဆောင်မှုအလိုက် အထက်မှာဖော်ပြထားတဲ့ဈေးနှုန်းထက် ကြီးမြင့်မှာဖြစ်ပါတယ်။)
Balance Fitness
Balance Fitness ကတော့ ကျယ်ဝန်းတဲ့နေရာ၊ စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုကတော့ အတော်လေး ပြည့်စုံတယ်လို့ ဆိုရမှာပါ။ Aerobics ၊ Zumba ၊ Sizzle ၊ Pilates ၊ Kickboxing ၊ Yoga တို့ရှိပြီး Personal Trainer၊ ၊ Floor Instructor တွေအပြည့်အစုံ ရှိပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် ၊ Smoothies တွေ ၊ Personal Nutrition Plans တွေပါ ရနိုင်တယ်လို့သိရပါတယ်။ Jacuzzi ၊ Steam Room ၊ Sauna ပါဝင်ပါတယ်။ နေရာ ၂ နေရာ ရှိတာကြောင့် အဆင်ပြေရာကို သွားရောက်နိုင်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းဆိုင်မှာတော့ Cycling Class ရှိပါတယ်။
ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ – သွက်လက်တက်ကြွတဲ့ လူငယ်တွေ၊ အပေါင်းအဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် Gym ဆော့လိုသူတွေ၊ Cycling Class တက်လိုသူတွေ၊ သံလွင်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း တစ်ဝိုက်နေထိုင်သူတွေ ၊ မရမ်းကုန်းမြို့နယ်အတွင်းနေထိုင်သူတွေ။
ဈေးနှုန်း – ၆လစာအတွက် အမေရိကန်ဒေါ်လာ  ၅၈၀ နှင့်  Group Class အတွက်ပါဆိုရင် ၉၈၀ ရှိပါတယ်။ တစ်နှစ်စာအတွက်ဆိုရင် အမေရိကန်ဒေါ်လာ ၉၈၀ နဲ့ Group Class အတွက်ပါဆိုရင်  ၁၈၀၀ ရှိပါမယ်။ Admin Fees  ၅၀ ရှိပါတယ်။
(၁) နေရာ – အမှတ် (၆၄/ G) ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်။
ဖုန်း – ၀၁ ၆၅၆၉၁၆
(၂) နေရာ – အမှတ်(၁၀၃) ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် သံလွင်လမ်းထောင့် ၊ ဗဟန်းမြို့နယ်။
ဖုန်း – ၀၁ ၅၃၉၆၀၉
အချိန် – မနက် ၆ နာရီ မှ ၁၀ နာရီ
Body – Mind – Strength Fitness Centre
ဒီ Gym မှာအထူးအားသာတာကတော့ Spinning Studio ဖြစ်ပါတယ်။ အဆီပိုတွေကို အချိန်တိုအတွင်း ဖယ်ထုတ်ပစ်နိုင်တဲ့ Spinning Bikes တွေရှိပါတယ်။ Cardio Room ၊ Spinning Studio ၊ Weight Room ၊Yoga Room ၊ Aerobic Room ၊ Dance Studio တွေရှိပြီး Member ဝင်ပြီးရင် Aerobic ၊ Yoga ၊ Dance တွေ Free တက်လို့ရပါတယ်။ Services တွေအနေနဲ့ Juice Bar ၊ Wifi Free Zone ၊ Jacuzzi ၊ Sauna ၊ Steam Rooms တွေအပြင် အမျိုးသား အမျိုးသမီး သီးသန့် နားနေဖို့နေရာတွေရှိပါတယ်။
ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ – စက်အကောင်းစားတွေနဲ့ တစ်ကိုယ်တည်းဆော့ချင်သူတွေ ၊ လူလတ်ပိုင်း လူကြီးပိုင်းတွေ၊ စမ်းချောင်းတစ်ဝိုက်နေထိုင်သူတွေ၊ Spinning Bikes တွေနဲ့ သက်သက်သာသာ အဆီကျချင်သူတွေ။
ဈေးနှုန်း – ၁ လ တစ်သိန်းကျပ် ၊ ၃ လ အတွက် ၂သိန်းခွဲ ၊ ၆ လစာအတွက် ၄ သိန်း ၃ သောင်း ၊ တစ်နှစ်စာအတွက် ၈ သိန်းခွဲ ရှိပါမယ်။
နေရာ – အမှတ် (၁၃၁) ၊ စီ ၀၁၁ ၊ ရွှေပြည်အေးကွန်ဒို ၊ ဗားဂရာလမ်းနှင့် ရွှေပြည်အေးလမ်းထောင့်၊ စမ်းချောင်း။
အချိန် –   တနလာၤ မှ သောကြာ ( မနက် ၆နာရီခွဲ မှ ည ၉ နာရီ)
ရုံးပိတ်ရက် ( မနက် ၇ နာရီ မှ ည ၈ နာရီ)
ဖုန်း –  ၀၉ ၄၉၂၃၉၁၉၁ ၊ ၀၉ ၇၃၀၇၂၉၉၅ ၊ ၀၉ ၇၉၉၆ ၅၆၇၉၈ ။
ဂျူဂျူး (အခရာ)
www.akhayar.com