[Zawgyi]

ေယာက္်ားေလးေတြကိုေပးဖို႔ လက္ေဆာင္ေရြးခ်ယ္ၾကမယ္

မိန္းကေလးတစ္ေယာက္ကို လက္ေဆာင္ေပးရတာဟာ အရမ္းလြယ္ကူတယ္လို႔ ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မိန္းကေလးေတြဟာ အသံုးအေဆာင္ပစၥည္းေလးေတြမ်ားတယ္။ လိုခ်င္တာေတြ၊ လိုအပ္တာေတြလည္း မ်ားလို႔ပါပဲ။ ဒါေပမယ့္ ေယာက္်ားေလးေတြက်ေတာ့ အဲဒီလိုမဟုတ္ပါဘူး။ တစ္ကိုယ္ရည္သံုးပစၥည္းေတြ မိန္းကေလးေတြေလာက္မမ်ားသလို ေယာက္်ားေလးပစၥည္းေတြက ေစ်းလည္းႀကီးပါတယ္။ ဒီေတာ့ မိန္းကေလးတစ္ေယာက္ကို လက္ေဆာင္ေပးဖို႔ ေရြးခ်ယ္ရတာထက္ ေယာက္်ားေလးေတြအတြက္ ေရြးခ်ယ္ရတာက ပိုခက္ခဲ့လိမ့္မယ္ထင္ပါတယ္။ ဒီေတာ့ Smart က်ၿပီး ခန္႔ျငားတဲ့ေယာက္်ားေလးေတြကို ဘယ္လိုလက္ေဆာင္မ်ိဳးေတြ ေပးလို႔ရလဲဆိုတာကို ေျပာျပခ်င္ပါတယ္။

ခါးပတ္

ေယာက္်ားေလးအမ်ားစုက ေဘာင္းဘီေတြ၀တ္တဲ့အခါ ခါးပတ္ကို မျဖစ္မေနသံုးစြဲေလ့ရွိၾကပါတယ္။ တခ်ိဳ႕ေယာက္်ားေလးေတြဆိုရင္ အက်ႌကို ေဘာင္းဘီထဲထည့္ၿပီး အၿမဲတေစ၀တ္ေလ့ရွိၾကတာေၾကာင့္ ခါးပတ္ဟာ သူတို႔ရဲ႕ ေန႔စဥ္သံုးပစၥည္းတစ္ခုပါပဲ။ ဒါေၾကာင့္ ခါးပတ္ကိုလက္ေဆာင္ေပးမယ္ဆိုရင္ေတာ့ သူတို႔ အၿမဲတမ္းအသံုး၀င္ေနမယ့္ ပစၥည္းေလးျဖစ္တာေၾကာင့္ သင့္ကိုေန႔စဥ္သတိရေနႏုိင္မွာပါ။

ပိုက္ဆံအိတ္

ေယာက္်ားေလးတစ္ေယာက္ဟာ ပိုက္ဆံအိတ္ေတြ ထည္လဲသံုးစြဲေလ့မရွိတာေၾကာင့္ သူတို႔အတြက္ အမ်ိဳးအစားေကာင္းၿပီး ခန္႔ညားတဲ့ ပိုက္ဆံအိတ္ေလးေတြက သူတို႔ကို သေဘာက်ႏွစ္သက္ေစပါတယ္။ တန္ဖိုးရွိတဲ့ပိုက္ဆံေလးေတြကို ထည့္သြင္းတဲ့အိတ္ေလးတစ္အိတ္ျဖစ္မွာဆိုေတာ့ သင္ ေပးလိုက္တဲ့လက္ေဆာင္ပစၥည္းေလးကို သူအၿမဲတမ္း တန္ဖိုးထားသံုးစြဲေနမွာပါ။

ရွဴးဖိနပ္

မိန္းကေလးေတြလို ေယာက္်ားေလးေတြက ဖိနပ္ဒီဇိုင္းမ်ိဳးစံု စီးေလ့မရွိပါဘူး။ ရံုးျပင္ကနားနဲ႔ အျပင္ထြက္သြားလာတဲ့အခါ အခုေနာက္ပိုင္း ရွဴးဖိနပ္ေလးေတြပဲ စီးေလ့ရွိၾကတာေၾကာင့္ ဒီရွဴးဖိနပ္ေလးေတြဟာလည္း သူတို႔ သေဘာက်တဲ့ပစၥည္းေလးေတြပါပဲ။ ရွဴးဖိနပ္ပံုစံမ်ိဳးစံုရွိတာေၾကာင့္ ကိုယ္လက္ေဆာင္ေပးမယ့္သူရဲ႕ ဖက္ရွင္နဲ႔ ဒီဇုိင္းကိုလိုက္ၿပီး ဘယ္လိုပံုစံရွဴးဖိနပ္ေပးမွလဲ။ စိတ္ႀကိဳက္ေရြးခ်ယ္လိုက္ပါ။ သူတို႔ရဲ႕ ေျခလွမ္းတုိင္းကို သက္ေတာင့္သက္သာျဖစ္ၿပီး ခရီးတြင္ေစတဲ့ သင့္ကို သူတို႔ ေမ့ႏိုင္မွာမဟုတ္ပါဘူး။

ေနကာမ်က္မွန္

ေနကာမ်က္မွန္က ေယာက္်ားေလးေတြကို စတိုင္က်ေစတဲ့ပစၥည္းတစ္ခုေပါ့။ အဲဒါေၾကာင့္ သူတို႔တစ္ေတြ ပဲထုတ္ခ်င္တဲ့အခါမ်ိဳးမွာ သင့္ကို ေက်းဇူးတင္ေနမွာပါ။ ခရီးသြားတိုင္း သင့္ရဲ႕ လက္ေဆာင္ပစၥည္းေလးက ပါသြားမွာျဖစ္ၿပီး သူ႔ရဲ႕ မ်က္ႏွာေပၚမွာ ေနကာမ်က္မွန္ေလးက အၿမဲတမ္းေနရာယူေနမွာေနာ္။

နာရီ

နာရီကေတာ့ အလုပ္လုပ္ေနတဲ့ေယာက္်ားေလးတိုင္း လိုအပ္ပါတယ္။ ေနာက္ၿပီး ေယာက္်ားေလးတစ္ေယာက္ရဲ႕ ဂုဏ္က သူဘာနာရီပတ္ထားလဲဆိုတဲ့အေပၚမွာလည္း မူတည္ေနပါတယ္ေနာ္။ အဲဒါေၾကာင့္ပဲ နာရီေလးေတြကို ေရြးခ်ယ္သင့္တဲ့ အဓိကအေၾကာင္းျပခ်က္ပဲျဖစ္ပါတယ္။ နာရီ၀ယ္ေပးမယ္ဆိုရင္ေတာ့ ခပ္ေပါေပါထက္ အသင့္အတင့္ေကာင္းမြန္တဲ့နာရီေတြကို အဓိကထားေရြးခ်ယ္ဖို႔ အႀကံေပးပါရေစေနာ္။

ဒစ္ဂ်စ္တယ္ပစၥည္း

ဒစ္ဂ်စ္တယ္ပစၥည္းေတြျဖစ္တဲ့ ဖုန္းေတြ၊ ဂိမ္းစက္ေတြ၊ Laptop ေတြကေတာ့ ေယာက္်ားေလးေတြရဲ႕ သည္းေျခႀကိဳက္ပစၥည္းေတြပါပဲ။ သင္သာ ဒါမ်ိဳးေတြ လက္ေဆာင္ေပးလိုက္မယ္ဆိုရင္ေတာ့ သူတို႔ ေက်းဇူးတင္လုိ႔ ဆံုးမွာေတာင္ မဟုတ္ပါဘူး။ ေယာက္်ားေလးတစ္ေယာက္ကို လက္ေဆာင္ေပးဖို႔ ပိုက္ဆံသံုးေတာ့မယ္လို႔ ဆံုးျဖတ္ၿပီးရင္ေတာ့ ဒစ္ဂ်စ္တယ္ပစၥည္းေတြကိုပဲ ေရြးခ်ယ္လိုက္ပါ။

ေယာက္်ားေလးေတြကို လက္ေဆာင္ေပးဖို႔စဥ္းစားေနၿပီဆိုရင္ေတာ့ ေငြသံုးဖို႔လိုပါတယ္ေနာ္။ ဘာျဖစ္လို႔လဲဆိုရင္ သူတို႔ရဲ႕ အသံုးအေဆာင္ပစၥည္းေတြက မိန္းကေလးေတြလို မ်ားမ်ားစားစားမရွိတဲ့အတြက္ေၾကာင့္မို႔လို႔လည္း ပါပါတယ္။ ဒီေတာ့ အခုေဖာ္ျပေပးလိုက္တဲ့လက္ေဆာင္ပစၥည္းေလးေတြကိုေတာ့ စိတ္ခ်လက္ခ်ေပးလိုက္ပါ။ သူတို႔ သင့္ကို ဒီပစၥည္းေလးေတြသံုးတိုင္း သတိရေနမွာ အေသအခ်ာပါပဲ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ယောက်ျားလေးတွေကိုပေးဖို့ လက်ဆောင်ရွေးချယ်ကြမယ်

မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးရတာဟာ အရမ်းလွယ်ကူတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေဟာ အသုံးအဆောင်ပစ္စည်းလေးတွေများတယ်။ လိုချင်တာတွေ၊ လိုအပ်တာတွေလည်း များလို့ပါပဲ။ ဒါပေမယ့် ယောက်ျားလေးတွေကျတော့ အဲဒီလိုမဟုတ်ပါဘူး။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ မိန်းကလေးတွေလောက်မများသလို ယောက်ျားလေးပစ္စည်းတွေက ဈေးလည်းကြီးပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးဖို့ ရွေးချယ်ရတာထက် ယောက်ျားလေးတွေအတွက် ရွေးချယ်ရတာက ပိုခက်ခဲ့လိမ့်မယ်ထင်ပါတယ်။ ဒီတော့ Smart ကျပြီး ခန့်ငြားတဲ့ယောက်ျားလေးတွေကို ဘယ်လိုလက်ဆောင်မျိုးတွေ ပေးလို့ရလဲဆိုတာကို ပြောပြချင်ပါတယ်။

ခါးပတ်

ယောက်ျားလေးအများစုက ဘောင်းဘီတွေဝတ်တဲ့အခါ ခါးပတ်ကို မဖြစ်မနေသုံးစွဲလေ့ရှိကြပါတယ်။ တချို့ယောက်ျားလေးတွေဆိုရင် အင်္ကျီကို ဘောင်းဘီထဲထည့်ပြီး အမြဲတစေဝတ်လေ့ရှိကြတာကြောင့် ခါးပတ်ဟာ သူတို့ရဲ့ နေ့စဉ်သုံးပစ္စည်းတစ်ခုပါပဲ။ ဒါကြောင့် ခါးပတ်ကိုလက်ဆောင်ပေးမယ်ဆိုရင်တော့ သူတို့ အမြဲတမ်းအသုံးဝင်နေမယ့် ပစ္စည်းလေးဖြစ်တာကြောင့် သင့်ကိုနေ့စဉ်သတိရနေနိုင်မှာပါ။

ပိုက်ဆံအိတ်

ယောက်ျားလေးတစ်ယောက်ဟာ ပိုက်ဆံအိတ်တွေ ထည်လဲသုံးစွဲလေ့မရှိတာကြောင့် သူတို့အတွက် အမျိုးအစားကောင်းပြီး ခန့်ညားတဲ့ ပိုက်ဆံအိတ်လေးတွေက သူတို့ကို သဘောကျနှစ်သက်စေပါတယ်။ တန်ဖိုးရှိတဲ့ပိုက်ဆံလေးတွေကို ထည့်သွင်းတဲ့အိတ်လေးတစ်အိတ်ဖြစ်မှာဆိုတော့ သင် ပေးလိုက်တဲ့လက်ဆောင်ပစ္စည်းလေးကို သူအမြဲတမ်း တန်ဖိုးထားသုံးစွဲနေမှာပါ။

ရှူးဖိနပ်

မိန်းကလေးတွေလို ယောက်ျားလေးတွေက ဖိနပ်ဒီဇိုင်းမျိုးစုံ စီးလေ့မရှိပါဘူး။ ရုံးပြင်ကနားနဲ့ အပြင်ထွက်သွားလာတဲ့အခါ အခုနောက်ပိုင်း ရှူးဖိနပ်လေးတွေပဲ စီးလေ့ရှိကြတာကြောင့် ဒီရှူးဖိနပ်လေးတွေဟာလည်း သူတို့ သဘောကျတဲ့ပစ္စည်းလေးတွေပါပဲ။ ရှူးဖိနပ်ပုံစံမျိုးစုံရှိတာကြောင့် ကိုယ်လက်ဆောင်ပေးမယ့်သူရဲ့ ဖက်ရှင်နဲ့ ဒီဇိုင်းကိုလိုက်ပြီး ဘယ်လိုပုံစံရှူးဖိနပ်ပေးမှလဲ။ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ သူတို့ရဲ့ ခြေလှမ်းတိုင်းကို သက်တောင့်သက်သာဖြစ်ပြီး ခရီးတွင်စေတဲ့ သင့်ကို သူတို့ မေ့နိုင်မှာမဟုတ်ပါဘူး။

နေကာမျက်မှန်

နေကာမျက်မှန်က ယောက်ျားလေးတွေကို စတိုင်ကျစေတဲ့ပစ္စည်းတစ်ခုပေါ့။ အဲဒါကြောင့် သူတို့တစ်တွေ ပဲထုတ်ချင်တဲ့အခါမျိုးမှာ သင့်ကို ကျေးဇူးတင်နေမှာပါ။ ခရီးသွားတိုင်း သင့်ရဲ့ လက်ဆောင်ပစ္စည်းလေးက ပါသွားမှာဖြစ်ပြီး သူ့ရဲ့ မျက်နှာပေါ်မှာ နေကာမျက်မှန်လေးက အမြဲတမ်းနေရာယူနေမှာနော်။

နာရီ

နာရီကတော့ အလုပ်လုပ်နေတဲ့ယောက်ျားလေးတိုင်း လိုအပ်ပါတယ်။ နောက်ပြီး ယောက်ျားလေးတစ်ယောက်ရဲ့ ဂုဏ်က သူဘာနာရီပတ်ထားလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်နော်။ အဲဒါကြောင့်ပဲ နာရီလေးတွေကို ရွေးချယ်သင့်တဲ့ အဓိကအကြောင်းပြချက်ပဲဖြစ်ပါတယ်။ နာရီဝယ်ပေးမယ်ဆိုရင်တော့ ခပ်ပေါပေါထက် အသင့်အတင့်ကောင်းမွန်တဲ့နာရီတွေကို အဓိကထားရွေးချယ်ဖို့ အကြံပေးပါရစေနော်။

ဒစ်ဂျစ်တယ်ပစ္စည်း

ဒစ်ဂျစ်တယ်ပစ္စည်းတွေဖြစ်တဲ့ ဖုန်းတွေ၊ ဂိမ်းစက်တွေ၊ Laptop တွေကတော့ ယောက်ျားလေးတွေရဲ့ သည်းခြေကြိုက်ပစ္စည်းတွေပါပဲ။ သင်သာ ဒါမျိုးတွေ လက်ဆောင်ပေးလိုက်မယ်ဆိုရင်တော့ သူတို့ ကျေးဇူးတင်လို့ ဆုံးမှာတောင် မဟုတ်ပါဘူး။ ယောက်ျားလေးတစ်ယောက်ကို လက်ဆောင်ပေးဖို့ ပိုက်ဆံသုံးတော့မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကိုပဲ ရွေးချယ်လိုက်ပါ။

ယောက်ျားလေးတွေကို လက်ဆောင်ပေးဖို့စဉ်းစားနေပြီဆိုရင်တော့ ငွေသုံးဖို့လိုပါတယ်နော်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေက မိန်းကလေးတွေလို များများစားစားမရှိတဲ့အတွက်ကြောင့်မို့လို့လည်း ပါပါတယ်။ ဒီတော့ အခုဖော်ပြပေးလိုက်တဲ့လက်ဆောင်ပစ္စည်းလေးတွေကိုတော့ စိတ်ချလက်ချပေးလိုက်ပါ။ သူတို့ သင့်ကို ဒီပစ္စည်းလေးတွေသုံးတိုင်း သတိရနေမှာ အသေအချာပါပဲ။

Moethaesay (Akhayar)

www.akhayar.com