နွေရာသီလည်းရောက်လာပြီဆိုတော့ စားသင့်တာတွေ မစားသင့်တာတွေကို လေ့လာဖို့လိုပါပြီ။ ရန်ကုန်နွေရဲ့အပူချိန်ကမြင့်လွန်းလို့ လူတွေကို အားပြတ်စေပြီး ပင်ပန်းနွယ်မောစေတယ်။ ကျန်းမာရေးကအဓိကဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်ဖို့ သွားတာလာတာစားတာသောက်တာတွေကို အရမ်းသတိထားရမှာပါ။ နွေရဲ့အပူဒဏ်က အခန့်မသင့်ရင် သေဆုံးတဲ့အထိဖြစ်တတ်တယ်။ ဒီတော့နွေရာသီမှာစားသင့်တဲ့ အစားအစာတွေကို ဒီဆောင်းပါလေးမှာ ဖော်ပြပေးသွားပါမယ်။

ဖရဲသီး

လူကိုလန်းဆန်းစေပြီး အရည်ရွှမ်းလွန်းတဲ့ ဖရဲသီးက နွေရာသီအတွက် အကောင်းဆုံး အသီးပါပဲ။ နွေဆိုတဲ့အတိုင်း ပူလွန်းတာကြောင့် ရေဓာတ်တွေလည်း အရမ်းခန်းခြောက်ပါတယ်။ ဖရဲသီးကိုစားလိုက်ရင် ရေဓာတ်ကိုပြန်လည်ရရှိစေနိုင်တယ်။ ပြီးရင်ခရမ်းချဉ်သီးမှာတွေ့ရတဲ့ နှလုံးကိုကာကွယ်ပေးတဲ့ lycopene ဓာတ်လည်း ဖရဲသီးမှာပါဝင်ပါတယ်။

Ice Tea

သောက်လိုက်တာနဲ့ရင်ထဲကိုအေးမြသွားစေမယ့် Ice Tea ကလည်းနွေရာသီအတွက် အရမ်းကိုသင့်တော်ပါတယ်။ ရေခဲရေလိုမဟုတ်ဘဲ ကျန်းမာရေးနဲ့လည်းကိုက်ညီတာကြောင့် စိတ်ချလက်ချသောက်လို့ရတယ်။ Ice Tea မှာကရောဂါတွေကိုတိုက်ထုတ်နိုင်တဲ့ Antioxidant ပါဝင်ပြီး နေရောင်ခြည်ကိုလည်းကာကွယ်ပေးနိုင်တဲ့ဓာတ်ကပါ အစစ်ပါပါသေးတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေလို့ပြောလိုက်တာနဲ့ စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ ၊ ဘယ်ရီမှန်သမျှအကုန်ပါပါတယ်။ ဘယ်ရီတွေက အမျှင်ဓာတ်လည်းအများကြီးပါတယ်။ ဒါ့အပြင်သူတို့မှာ သကြားနဲ့ကယ်လိုရီလည်း အရမ်းနည်းတာကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ရေခဲသေတ္တာထဲထည့်ထားတဲ့ ဘယ်ရီတွေကို ပူလောင်လွန်းနေတဲ့ နေ့တစ်နေ့မှာ အရသာလေးခံပြီး စားလိုက်ရတာက ဘယ်လောက်တောင်မိုက်လိုက်မလဲ။

Salad

ဟင်းရွက်သုပ်ကတော့ နွေမှမဟုတ်ဘူး ရာသီတိုင်းကို စားလို့ကောင်းတာပါ။ ဒါပေမယ့်နွေမှာစားတော့ပိုမိုက်တာပေါ့။ ကိုယ်ကြိုက်တဲ့အရွက်တွေကို စိတ်ကြိုက်ရော။ ရေခဲသေတ္တာထဲထည့်ထားတဲ့ အသီးလေးတွေကိုထုတ်ပြီး လှီးသင့်တာလှီး ကြိတ်သင့်တာကြိတ်ပြီး Salad ထဲထည့် ၊ ပြီးရင် Mayonnaise လေးထည့်ပြီးသုပ်လိုက်။ ဓာတ်ဖမ်းချင်ရင်လည်းဓာတ်ဖမ်း ၊ နောက်ဆုံးတော့အေးအေးလေးဇိမ်နဲ့စားလိုက်ပေါ့။

ပြောရင်းနဲ့တောင်စားချင်လာပြီ။ ရုံးမှာကအရမ်းပူနေလို့  အိမ်ပြန်ပြီး လုပ်စားတော့မယ်။ အကြံတူရင် ပရိသတ်ကြီးတို့လည်း လုပ်စားကြပေါ့နော်။

Piki (Akhayar)

www.akhayar.com